မန်ချက်စတာ ယူနိုက်တက် အသင်း တို့ ကာဒစ်ဖ် နဲ့ ကစား ရမဲ့ ပွဲစဉ် မတိုင်မီ ရာသီ အကုန် အသင်း မှ ထွက်ခွာ တော့မယ် လို့ အတည်ပြု ခဲ့တဲ့ ကွင်းလယ်လူ အန်ဒါ ဟာရဲရား ဟာ အသင်း မှ မထွက်ခွာ မီ လက်ရှိ အသင်း ရဲ့ အနေ အထား ၊ ရာသီ သစ်နဲ့ ပတ်သက် လို့ နည်းပြ ဆိုးလ်ရှား ကို သတိ ပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း ကို 3 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် ခဲ့ပြီး အမှတ် ပေး ဇယား အဆင့် 4 နေရာ နဲ့ 11 မှတ် အကွာ ကို ရောက်ရှိ သွားတဲ့ အချိန် ယူနိုက်တက် မှ နည်းပြ ဟိုဆေး မော်ရင်ဟို ထုတ်ပယ် ခံခဲ့ ရပြီး ဆိုးလ်ရှား က ယာယီ နည်းပြ အဖြစ် ဝင်ရောက် လာခဲ့ သူပဲ ဖြစ် ပါတယ် ။

ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို ယာယီ နည်းပြ အဖြစ် ကိုင်တွယ် ခဲ့တဲ့ ပွဲစဉ် 17 ပွဲမှာ 14 ပွဲ အထိ အနိုင် ရလဒ် ရယူ ပေးနိုင် ခဲ့ခြင်း ၊ အသင်း ကို ထိပ်သီး လေးသင်း စာရင်း ဝင်ခွင့် နဲ့ နီးစပ် အောင် လုပ်ဆောင် ပေးခဲ့ ခြင်းတွေ ကြောင့် ပရိသတ် တွေရဲ့ နှစ်ခြိုက် အားပေး မှုကို ရရှိ ခဲ့သူ ပဲ ဖြစ် ပါတယ် ။

အထူးသဖြင့် ချန်ပီယံ လိဂ် ပြိုင်ပွဲ ရဲ့ 16 သင်း ရှုံးထွက် အဆင့် ရဲ့ ဒုတိယ အကျော့ မှာ PSG အသင်း ကို ကျော်ဖြတ် နိုင် ခဲ့တဲ့ နောက် ဆိုးလ်ရှား ကို အမြဲတမ်း နည်းပြ အဖြစ် ထောက်ခံ သူ များလာ ခဲ့ခြင်း နဲ့ အတူ သူဟာ ယူနိုက်တက် ရဲ့ နည်းပြ သစ် ဖြစ်လာ ခဲ့ ပါတယ် ။

ဒါပေမဲ့ များ မကြာမီ မှာပဲ ယူနိုက်တက် ရဲ့ ကံကြမ္မာဟာ လုံးဝ ပြောင်းလဲ သွားခဲ့ ပါတယ် ။ ယူနိုက်တက်တို့ နောက်ဆုံး ကစား ခဲ့ ကြတဲ့ ပွဲစဉ် 12 ပွဲမှာ 2 ပွဲနိုင် ၊ 2 ပွဲ သရေ ရလဒ် သာ ရယူ ထားနိုင် ခဲ့ခြင်း နဲ့ အတူ ရှုံးပွဲ 8 ပွဲ အထိ ကြုံတွေ့ ခဲ့ရ ပါတယ် ။

ထို့အတူ ဆိုးလ်ရှား ဟာလည်း ရာသီ သစ် အတွက် ဖိအား တွေအောက် ကျရောက် ခဲ့ ပါတယ် ။ ဒါပေမဲ့ ဟာရဲရား ကတော့ နည်းပြ ဖြစ်သူ အပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း ထောက်ခံ ရင်း ရာသီ သစ် အတွက် သတိပေး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် အိုလီ အပေါ် အမှန်တကယ် ယုံကြည် ပါတယ် ။ ဒါပေမဲ့ သူ ရှေ့ဆက် လုပ်ရ မဲ့ အရာ တွေက တစ်ကယ့် ကို ခက်ခဲ နေပါ လိမ့်မယ် ။ ဒါဟာ ပရိသတ် တစ်ဦး အနေ နဲ့ ၊ အသင်း အကြောင်း ကောင်းမွန်စွာ သိရှိ ထားသူ အနေ နဲ့ ကျွန်တော့် ရဲ့ အမြင် တွေပါ ။ အသင်း ဟာ အချိန် ၊ ယုံကြည်မှု နဲ့ ထောက်ခံ အားပေး မှု တွေကို လိုအပ် လာပါ လိမ့်မယ် ”

” သူတို့ အဲ့တာ ကို လုပ်ဆောင် ပြနိုင် လိမ့်မယ် ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည် ပါတယ် ။ ဒါပေမဲ့ ကျွန်တော် တောင်းဆို ချင်တာ တစ်ခု က သူတို့ ကို အချိန် ပေးဖို့ ပါပဲ ။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီ အလုပ် က ထင်မှတ် ထား သလောက် မလွယ်ကူ ဘူးလေ ”

” ကျွန်တော် အသင်း ကနေ ထွက်ခွာ တော့မှာ ပါ ။ ဒါပေမဲ့ ပြီး ခဲ့တဲ့ 5 ရာသီ တာ အချိန် ကာလ ကို ပြန်ကြည့် လိုက်မယ် ဆိုရင် ကျွန်တော် ရှိနေ ခဲ့တဲ့ အချိန် အသင်း ဟာ အမှတ်ပေး ဖလား နဲ့ ဝေးကွာ ခဲ့တာ ကို တွေ့ရ ပါ လိမ့်မယ် ။ ဒါပေမဲ့ မှန်ကန် တဲ့ သူ တစ်ဦး အသင်း မှာ ရှိနေ ပါပြီ ”

” ကျွန်တော် ဘောလုံး အားကစား မှာ တွေ့မြင် ဖူးသမျှ တွေထဲ အိုလီ ဟာ အကောင်းဆုံး လူသား တစ်ဦး ပါပဲ ။ အဝတ် လဲခန်း ထဲက အသင်းသား တိုင်းဟာ သူ့ကို ချစ်ခင် ကြ ပါတယ် ။ အသင်းသား တိုင်းက သူ့အတွက် တိုက်ပွဲ ဝင်လို ကြ ပါတယ် ။ အကယ်လို့ ခင်ဗျား ရဲ့ နောက်ကွယ် မှာ တိုက်ပွဲ ဝင်ပေး ကြမဲ့ ကစားသမား တွေ ရှိနေ ကြပြီ ဆိုရင် အလုပ် တစ်ဝက် က ပြီး ပါပြီ ”

” ကျွန်တော် ဟာ ကံ ကို ယုံကြည် ပါတယ် ။ အကယ်လို့ ခင်ဗျား ဟာ လူကောင်း တစ်ဦး ဖြစ်မယ် ၊ ရိုးသားမယ် ၊ အသင်း ရဲ့ ကစားသမား တွေနဲ့ ပရိသတ် တွေ အပေါ် လေးစား သမှု ရှိနေ မယ် ဆိုရင် သိပ် မကြာခင် ( သို့ ) အချိန် အတိုင်းအတာ တစ်ခု အတွင်း အကျိုး ပြန်လည် ခံစား ရမှာ ပါ ”

” ကျွန်တော် ကတော့ အိုလီဟာ ဒီ ရာထူး အတွက် တစ်ကယ့် ကို မှန်ကန် သင့်တော် သူ ဖြစ်တယ် လို့ ယုံကြည် ပါတယ် ။ သူ့ ဆီမှာ အရည်အသွေး နဲ့ ဗဟုသုတ ကောင်းတွေ များစွာ ရှိ နေတယ် လေ ။ အခြား တစ်ဖက် မှာတော့ သူဟာ ကြီးကျယ် တဲ့ လူသား တစ်ဦး ဖြစ် သလို ခမ်းနား တဲ့ ပုဂ္ဂိုလ် တစ်ဦး လည်း ဖြစ် ပါတယ် ” လို့ ဟာရဲရား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar