alison

လီဗာပူး ဂိုးသမား အလီဆွန်က ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူတို့ အသင်းရဲ့ မယုံကြည် နိုင်စရာ comeback မတို်င်မီ မန်နေဂျာ ယာဂန်ကလော့ ဘာပြော ခဲ့သလဲ ဆိုတာကို ထုတ်ဖော် သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ လူးဝစ် ဆွာရက် ၊ လီယွန်နယ် မက်ဆီ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ဘာစီလိုနာကို နူးကမ့်မှာ ၃ – ၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ အန်ဖီးမှာ ကစား ခဲ့တဲ့ ဒုတိယအကျော့ မှာတော့ ဒီဗို့အိုရီဂီ ၊ ဂျီနီ ၀ိုင်နယ်ဒန် တို့ရဲ့ ဂိုးတွေနဲ့ အတူ ဘာစီလိုနာကို မယုံကြည် နိုင်ဖွယ် ၄ – ၀ နဲ့ ပြန်လည် အနိုင် ယူပြ ခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို ၂ ရာသီ ဆက် တက်ရောက် နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ဇွန်လ ၁ ရက်နေ့က မက်ဒရစ်မှာ ကျင်းပခဲ့တဲ ဖိုင်နယ်မှာ တော့တင်ဟမ်ကို ၂ – ၀ နဲ့ အနိုင်ယူကာ ၆ ကြိမ်မြောက် ဥရောပ ဖလားကို သိမ်းပိုက် နိုင်ခဲ့ ပါတယ်။

ဘရာဇီး လက်ရွေးစင် ဂိုးသမား အလီဆွန်က ဘာစီလိုနာ အသင်းကို ပြိုင်ပွဲ ကနေ မထုတ်ပယ် နိုင်ပြီ ကလော့ဟာ သူ့ရဲ့ ကြယ်ပွင့် တွေကို ဘယ်လို တွန်းအား ပေးခဲ့သလဲ ဆိုတာ ရှင်းပြ ခဲ့ပါတယ်။

အလီဆွန်က “ဒါဟာ အရမ်းကို ကြီးကြယ် ခမ်းနား လွန်းတဲ့ ပွဲဖြစ်ခဲ့ ပါတယ်။ ပထမပွဲ ပြီးနောက် ဘယ်သူမှ ကျွန်တော်တို့ ပြန်လာ နိုင်မယ်လို့ မထင် ခဲ့ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကို ယုံကြည်မှု ရှိနေ ခဲ့ပါတယ်။ ဘာစီလိုနာကို နို်င်ခဲ့တဲ့ ပွဲစဉ်ဟာ ကျွန်တော် တစ်သက် မေ့မှာ မဟုတ်တဲ့ ပွဲစဉ်တွေ ထဲက တစ်ပွဲ ဖြစ်ပါတယ်။

ဒါဟာ ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ နောက်ထပ် မမေ့ နိုင်စရာ အခိုက်အတန့် ပါပဲ။ ဘာစီလိုနာ မှာ သွားကစားတဲ့ ပွဲစဉ် တုန်းက ကျွန်တော်တို့ဟာ ကောင်းကောင်း ကစား နိုင်ခဲ့ပြီး အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ ပေမယ့်လည်း ၃ ဂိုးပြတ်နဲ့ ရှံုးနိမ့် ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ကို အရမ်း ၀မ်းနည်း ပက်လက် ဖြစ်စေ ခဲ့ပါတယ်။

ကျွန်တော်တို့ ဘာကာကို လေးစားမှု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာ နိုင်မယ် ဆိုတာ ကျွန်တော်တို့ သိနေ ခဲ့ပါတယ် ။ အင်္ဂလန် မှာ ကစားခဲ့တဲ့ ပွဲမှာ ကျွန်တော်တို့ဟာ ရှိသမျှ အစွမ်း အကုန်သုံး ကစား သွားခဲ့ပြီး အရမ်းကို မယုံကြည် နိုင်စရာ ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ပထမ အကျော့မှာ တုန်းက ကျွန်တော်တို့ ဒီထက် အများကြီး ကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်မှု ရှိပါတယ်။ အဲဒီနောက် ကလော့က ကျွန်တော်တို့ကို လာမည့် ပွဲမှာ ကစားအား မချ သွားဖို့ နဲ့ အမြင့်ဆုံး ကစားရှိန် နဲ့ ဆက်ကစား သွားဖို့ ပြောခဲ့ပါတယ်။ ဒီလို လုပ်နိုင် ခဲ့တာကြောင့်လည်း ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အိမ်မက်ကို ဆက်လက် အကောင်အထည် ဖော်နိုင် ခဲ့တာပါ။” လို့ ဆိုသွား ပါတယ်။

အလီဆွန်ဟာ ကစားသမား ဘဝမှာ မက်ဆီ ကို ၃ ကြိမ် တိုင်တိုင် ကျော်ဖြတ် ခဲ့ဖူးတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင် ထားခဲ့ပြီး အန်ဖီးရဲ့ နာမည်ကျော် ညကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ အလီဆွန်ဟာ ပြီးခဲ့တဲ့ နွေရာသီက ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားကို အနိုင်ယူ ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်ခဲ့သလို ရိုးမား မှာ တုန်းကလည်း ဘာကာကို နာမည်ကျော် comeback နဲ့ ကျော်ဖြတ် နိုင်ခဲ့ ပါတယ်။

အလီဆွန်က ‘အမှန်တရား ကတော့ မက်ဆီဟာ ဘာစီလိုနာမှာ လီဗာပူး နဲ့ တွေ့ခဲ့တဲ့ ပထမ အကျော့ ပွဲစဉ်မှာ အကောင်းဆုံး ကစား ခဲ့ပြီး ၂ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကျော့ မှာတော့ ကျွန်တော်ဟာ သူ့ကို အရေးပါတဲ့ အခိုက်အတန့် အချို့မှာ တားဆီး နိုင်ခဲ့ ပါတယ်။

မက်ဆီဟာ ကမ္ဘာ့ ဘောလုံး သမိုင်းမှာ အကောင်းဆုံး ကစား သမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူနဲ့ တစ်ဦးချင်း မှတ်တမ်းတွေ အကြောင်း မတွေး ပါဘူး။ ဘာစီလိုနာ နဲ့ အာဂျင်တီးနား တို့ဟာ အရမ်းကို အရည်အသွေး မြင့်မားတဲ့ ကစားသမားတွေကို ပို်င်ဆိုင် ထားတဲ့ အသင်းကောင်း နှစ်သင်း ဖြစ်ပါတယ်။

Soccer Football – Champions League Semi Final Second Leg – Liverpool v FC Barcelona – Anfield, Liverpool, Britain – May 7, 2019 Liverpool’s Mohamed Salah, manager Juergen Klopp and Virgil van Dijk celebrate in front of their fans after the match REUTERS/Phil Noble

ကံကောင်း စွာနဲ့ပဲ နောက်ဆုံး ပွဲစဉ် ၃ ပွဲမှာ ကျွန်တော်ဟာ သူ့ကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ စွမ်းဆောင်မှုဟာ တစ်သင်းလုံး နဲ့သာ သက်ဆို်င်ပြီး – ရိုးမား ၊ လီဗာပူး နဲ့ ဘရာဇီး တို့ပါ။” လို့ ပြောခဲ့ပါတယ်။

SM