Unicode
ဂလင်းဂျွန်ဆင်က လီဗာပူးရဲ့ ကန့်လန့်ကာ နောက်ကွယ်က ဖြစ်ရပ်များကို ရိုက်ကူး ပြသခဲ့တဲ့ documentary ပေါ်ထွက် လာခဲ့ ပြီးနောက် သူတို့ရဲ့ အဆိုပါ documentary ထဲမှာ ပါ၀င် ခဲ့တဲ့ ဘရန်ဒန်ရော်ဂျာရဲ့ နာမည်ကျော် စာအိတ်တွေကို လီဗာပူး အသင်းသားတွေ ထပ်မံ မမြင်တွေ့ ရတော့ဘူးလို့ ဆိုလိုက်ပါတယ်။
ရော်ဂျာရဲ့ အန်ဖီး မန်နေဂျာ ဘဝ အစဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က fly-on-the-wall documentary ‘Being Liverpool’ ကြောင့် ရာဇဝင် တွင်သွား ခဲ့ပြီး လူတော်တော်များများ ကတော့ ဒီ စာအိတ်များ မှတ်တမ်းဟာ လီဗာပူး အသင်းသား တွေကို ဂုဏ်သိက္ခာ ညှိုးနွမ်း နေတယ်လို့ ခံစား နေကြပြီး ဒီ documentary ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ တာဝန် အကြီးဆုံး အလုပ်တွေ ထဲက အလုပ်တစ်ခုကို လက်ခံ ခဲ့ပြီးနောက် ရော်ဂျာရဲ့ လီဗာပူး မန်နေဂျာ ဘဝ ပထမဦးဆုံး ရက်သတ္တပတ်တွေမှာ မှတ်တမ်း တင်ခဲ့တာ ဖြစ်ပါတယ်။
ဆွမ်ဆီး နည်းပြဟောင်းဟာ အဆိုပါ အချိန်က အသက် ၃၉ နှစ်သာ ရှိသေးပြီး နည်းပြ အတွေ့အကြုံ နည်းပါး သေးပေမယ့် ဂျွန်ဆင် ကတော့ ရော်ဂျာဟာ သူ့ရဲ့ မန်နေဂျာ အရည်အသွေးကို ပြသ နို်င်ခဲ့တယ််လို့ ဆိုခဲ့ပါတယ်။
လီဗာပူး အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစား ပေးခဲ့တဲ့ အင်္ဂလန် ညာနောက်ခံလူဟောင်းက “ဘရန်ဒန် ရဲ့ အိုင်ဒီယာ အချို့ဟာ ဟိုဆေး မော်ရင်ညို နဲ့ တစ်ထပ်တည်း ဖြစ်နေ ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အကောင်းဆုံး နည်းပြ ဆီက အရာ တော်တော်များများကို အထူး လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ ဒါကို လီဗာပူးမှာ ပြသ ခဲ့ပါတယ်။ လေ့ကျင့်ရေး အစီအစဉ် ကလည်း အတူတူပဲ ဖြစ်ပြီး အရမ်းကို အလုပ် ဖြစ်ခဲ့ကာ အသင်းလေးတွေ ခွဲကန် ရတာလည်း တူညီ ပါတယ်။ သူဟာ မော်ရင်ညို လိုမျိုး သြဇာ အာဏာ နဲ့ ယုံကြည်မှုကို သွပ်သွင်းဖို့ ကြိုးစား ခဲ့ပါတယ်။’ လို့ ဆိုသွား ပါတယ်။
‘Being Liverpool’ ရဲ့ ပြကွက် တစ်ခု မှာတော့ အထူးခြားဆုံး scene တစ်ခု ကတော့ လက်ရှိ လက်စတာ စီးတီး မန်နေဂျာ ဖြစ်နေတဲ့ ဘရန်ဒန်ရော်ဂျာဟာ လီဗာပူး အသင်းသား တွေရဲ့ ရှေ့မှာ မတ်တပ်ရပ်ကာ စာအိတ် ၃ ခု ကို ထုတ်ပြ နေတဲ့ ပုံ ဖြစ်ပါတယ်။
ဒါနဲ့ ပက်သက်ပြီး အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၅၄ ပွဲ ကစား ပေးခဲ့တဲ့ ဂျွန်ဆင် က “ဒါဟာ စိတ်ဓာတ် စစ်ဆင်ရေး ဂိမ်းတွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ဘရန်ဒန် ပြောခဲ့ တာကတော့ ‘ ဒီစာအိတ် ၃ ခု ထဲမှာ နာမည် ၃ ခု ရေးထားတယ်။ ဒီစာအိတ် တွေထဲမှာ ပါ၀င်တဲ့ သူတွေ ထဲက တစ်ဦးဟာ ငါတို့ကို ဒီရာသီမှာ ဒုက္ခရောက်စေ လိမ့်မယ်။ ဒီထဲမှာ ကိုယ်မပါ၀င်အောင် လုပ်ကြပါ’
အမှန်ပါပဲ။ ကျွန်တော်တို့ ဒီစာအိတ် တွေကို နောက်တစ်ခါ ထပ်ပြီး မမြင်တွေ့ တော့ပါဘူး။ ဒီစကား ကိုလည်း ဘယ်တော့မှ ထပ်မပြော တော့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့် အမြင် ကတော့ ဒါဟာ ကစားသမား အားလုံးကို ပိုမို ကြိုးစား အားထုတ်ဖို့ စိတ်ဓာတ် စစ်ဆင်ရေး လုပ်တယ်လို့ပဲ ထင်ပါတယ်။ ဘယ်သူမှ ဒီစာအိတ် ထဲမှာ ပါချင်မှာ မဟုတ်ပါဘူး။ ဒီစာအိတ် ထဲမှာ ဘယ်နာမည်မှလည်း ပါမယ်လို့ ကျွန်တော် မထင် ပါဘူး။ ဒါပေမယ့် ဒါဟာ အလုပ်တော့ ဖြစ်ခဲ့တဲ့ပုံ ရှိပါတယ်။” လို့ ဆိုသွား ပါတယ်။
လီဗာပူးဟာ ဘရန်ဒန် ရော်ဂျာ ရဲ့ ပထမဦးဆုံး ရာသီမှာ ပရီးမီးယားလိဂ် မှာ အဆင့် ရ နေရာ ရခဲ့ပြီး နောက်တစ်ရာသီ မှာတော့ အန်ဖီး ကလပ်ဟာ ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက် နို်င်ရန် နီးစပ် ခဲ့ပေမ့ယ်လည်း ရာသီ ကုန်ခါနီး ပွဲစဉ် အချို့မှာ ခြေချော် ခဲ့တာကြောင့် ဒုတိယ နေရာနဲ့သာ ကျေနပ် ခဲ့ရပါတယ်။
SM
Zawgyi
လီဗာပူးမှာတုန်းက ဘရန်ဒန်ရော်ဂျာ ရဲ့ စာအိတ်များ နောက်ကွယ်က အမှန်တရားကို ထုတ်ဖော်လိုက်တဲ့ ဂလင်းဂျွန်ဆင်
ဆွမ်ဆီး နည်းပြဟောင်းဟာ အဆိုပါ အချိန်က အသက် ၃၉ နှစ်သာ ရှိသေးပြီး နည်းပြ အတွေ့အကြုံ နည်းပါး သေးပေမယ့် ဂျွန်ဆင် ကတော့ ရော်ဂျာဟာ သူ့ရဲ့ မန်နေဂျာ အရည်အသွေးကို ပြသ နိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
လီဗာပူးဟာ ဘရန်ဒန် ရော်ဂျာ ရဲ့ ပထမဦးဆုံး ရာသီမှာ ပရီးမီးယားလိဂ် မှာ အဆင့် ၇ နေရာ ရခဲ့ပြီး နောက်တစ်ရာသီ မှာတော့ အန်ဖီး ကလပ်ဟာ ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက် နိုင်ရန် နီးစပ် ခဲ့ပေမ့ယ်လည်း ရာသီ ကုန်ခါနီး ပွဲစဉ် အချို့မှာ ခြေချော် ခဲ့တာကြောင့် ဒုတိယ နေရာနဲ့သာ ကျေနပ် ခဲ့ရပါတယ်။
SM