Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂိုးသမား ဟောင်း ဖြစ်သူ အဒ်ဝင် ဗန်ဒါဆား က သူဟာ အနာဂတ် တစ်ခု မှာ အသင်း ဟောင်း ဆီကို ပြန်လည် လာရောက် ဖို့ အတွက် စိတ်အား ထက်သန် နေကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အသင်း ကို ပြန်လည် တည်ဆောက် ဖို့ အတွက် အလုပ် များ နေတဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှား ကို အထောက် အပံ့ ကောင်းတွေ ပေးနိုင် ဖို့ အတွက် အား ကစား ဒါရိုက်တာ တစ်ဦး ကို ခေါ်ယူ လိုနေ ကြောင်း သတင်း တွေ များစွာ ထွက်ပေါ် ခဲ့ပါ သေးတယ် ။

ဒါ့အပြင် အဆိုပါ ရာထူး ကို ပေးအပ် ဖို့ အတွက် ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း အများစု က ပဏာမ စာရင်း ထဲမှာ ပါဝင် ခဲ့ကြ ပါ သေးတယ် ။ အဲ့ဒီ ထဲမှာ တော့ အေဂျက် အသင်း အတွက် ကစားသမား ကောင်းတွေ များစွာ ရှာဖွေ ပေးနိုင် ခဲ့တဲ့ ဗန်ဒါဆား ဟာ ယူနိုက်တက် ပရိသတ် တွေ ဖက်မှ အထူး ခေါ်ယူ စေလို သူ တစ်ဦး ဖြစ်ခဲ့ ပါတယ် ။

အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြန်လည် သွားရောက် လို သလား ဆိုတာ ကို အမေး ခံလိုက် ရတဲ့ အချိန် မှာ ဗန်ဒါဆား က ဒီ အတွက် သူ့ဖက် က တံခါး ဖွင့် ထားကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါပေမယ့် လက်ရှိ ယူနိုက်တက် အသင်း ဖက်က ခေါ်ယူ လို နေတဲ့ ရာထူး မျိုးဟာ သူ လက်ရှိ အေဂျက် မှာ လုပ်ကိုင် နေတဲ့ ရာထူး နဲ့ ခြားနား တဲ့ အလုပ် တစ်ခု သာ ဖြစ်ကြောင်း ဗန်ဒါဆား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော့် မိသားစု ၊ ဇနီးသည် ၊ ကလေး တွေနဲ့ သူငယ်ချင်း တွေကို ဘေးဖယ် ထား လိုက်မယ် ဆိုရင် ကျွန်တော့် ဘဝ မှာ ချစ်မိ တဲ့ အရာ နှစ်ခု ပဲ ရှိ ပါတယ် ။ အေဂျက် ၊ သူဟာ ကျွန်တော့် ကို ကင်းထောက် ခဲ့ပြီး ကမ႓ာ့ ဘောလုံး စင်မြင့် အထက် မှာ တောင်ပ နိုင်မယ့် အခွင့် အရေး ပေး ခဲ့တဲ့ အသင်း ပေါ့ ”

” နောက် တစ်ခု ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ပါပဲ ။ ဒီ အသင်း ဟာ ကျွန်တော့် ရဲ့ ကစားသမား ဘဝ နောက်ဆုံး အချိန် အထိ တောင် ကျွန်တော့် ကို ဆက်လက် တောက်ပ နိုင်အောင် လုပ်ဆောင် ပေး သွားခဲ့ ပါတယ် ”

” ကျွန်တော် ဟာ မတူညီ တဲ့ အလုပ် တွေကို စိတ်ဝင်စား တာ အသေ အချာ ပါပဲ ။ ဒါပေမယ့် အဲ့တာ တွေ မတိုင်ခင် မှာ ကျွန်တော် ဒီ အေဂျက် အသင်း မှာ သင်ယူ စရာ တွေ များစွာ ရှိနေ သေးပြီး မိမိ ကိုယ်ကို ဒီထက် ပိုကောင်း စေအောင် လုပ်ဆောင် ရပါ ဦးမယ် ”

 

” အနာဂတ် ဟာ ကျွန်တော့် အတွက် တော့ ဘာတွေ ကို သယ်ဆောင် လာနိုင် မလဲ ဆိုတာ ကို စောင့်ကြည့် ကြရ တာပေါ့ ဗျာ ။ ယူနိုက်တက် ဟာ ကမ႓ာ့ အနှံ့ အပြား မှာ ပရိသတ် တွေ များပြား လွန်း လှတဲ့ အံ့ချီးဖွယ် ရာ ကလပ် အသင်း တစ်ခု ပါ ”

” ကျွန်တော် ဟာ အေဂျက် မှာ အသင်း ရဲ့ အကြီး အကဲ တစ်ယောက် ပါ ။ ယူနိုက်တက် တို့ ရှာဖွေ နေကြ တာက ခြားနား တဲ့ ရာထူး တစ်ခု အတွက် ပါပဲ ၊ အား ကစား ဒါရိုက်တာ ရာထူး ပေါ့ ။ ဒါဟာ ခြားနား တဲ့ နေရာ တစ်ခု ပါ ။ ကျွန်တော် ဟာ အဲ့ဒီ ရာထူး အကြောင်း တော့ အနည်းငယ် သိရှိ ထား ပါတယ် ” လို့ ဗန်ဒါဆား က ဝန်ခံ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

#Sports_Myanmar

Zawgyi

ယူနုိက္တက္ဆီ ျပန္လာလိုေၾကာင္း ဝန္ခံဖြင့္ဟလိုက္တဲ့ #ဗန္ဒါဆား

=================

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ရဲ့ ဂိုးသမား ေဟာင္း ျဖစ္သူ အဒ္ဝင္ ဗန္ဒါဆား က သူဟာ အနာဂတ္ တစ္ခု မွာ အသင္း ေဟာင္း ဆီကို ျပန္လည္ လာေရာက္ ဖုိ့ အတြက္ စိတ္အား ထက္သန္ ေနေၾကာင္း ဝန္ခံ စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ အသင္း ကို ျပန္လည္ တည္ေဆာက္ ဖုိ႔ အတြက္ အလုပ္ မ်ား ေနတဲ့ နည္းျပ ျဖစ္သူ ဆုိးလ္ရွား ကို အေထာက္ အပံ့ ေကာင္းေတြ ေပးနုိင္ ဖုိ့ အတြက္ အား ကစား ဒါရိုက္တာ တစ္ဦး ကို ေခၚယူ လိုေန ေၾကာင္း သတင္း ေတြ မ်ားစြာ ထြက္ေပၚ ခဲ့ပါ ေသးတယ္ ။

ဒါ့အျပင္ အဆုိပါ ရာထူး ကို ေပးအပ္ ဖုိ႔ အတြက္ ယူနုိက္တက္ အသင္း ရဲ့ ကစားသမား ေဟာင္း အမ်ားစု က ပဏာမ စာရင္း ထဲမွာ ပါဝင္ ခဲ့ၾက ပါ ေသးတယ္ ။ အဲ့ဒီ ထဲမွာ ေတာ့ ေအဂ်က္ အသင္း အတြက္ ကစားသမား ေကာင္းေတြ မ်ားစြာ ရွာေဖြ ေပးနုိင္ ခဲ့တဲ့ ဗန္ဒါဆား ဟာ ယူနုိက္တက္ ပရိသတ္ ေတြ ဖက္မွ အထူး ေခၚယူ ေစလို သူ တစ္ဦး ျဖစ္ခဲ့ ပါတယ္ ။

အခုေတာ့ သူဟာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဆီကို ျပန္လည္ သြားေရာက္ လို သလား ဆုိတာ ကို အေမး ခံလိုက္ ရတဲ့ အခ်ိန္ မွာ ဗန္ဒါဆား က ဒီ အတြက္ သူ့ဖက္ က တံခါး ဖြင့္ ထားေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါေပမယ့္ လက္ရွိ ယူနုိက္တက္ အသင္း ဖက္က ေခၚယူ လို ေနတဲ့ ရာထူး မ်ိဳးဟာ သူ လက္ရွိ ေအဂ်က္ မွာ လုပ္ကိုင္ ေနတဲ့ ရာထူး နဲ့ ျခားနား တဲ့ အလုပ္ တစ္ခု သာ ျဖစ္ေၾကာင္း ဗန္ဒါဆား က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ့္ မိသားစု ၊ ဇနီးသည္ ၊ ကေလး ေတြနဲ့ သူငယ္ခ်င္း ေတြကို ေဘးဖယ္ ထား လိုက္မယ္ ဆုိရင္ က်ြန္ေတာ့္ ဘဝ မွာ ခ်စ္မိ တဲ့ အရာ ႏွစ္ခု ပဲ ရွိ ပါတယ္ ။ ေအဂ်က္ ၊ သူဟာ က်ြန္ေတာ့္ ကို ကင္းေထာက္ ခဲ့ျပီး ကမ႓ာ့ ေဘာလံုး စင္ျမင့္ အထက္ မွာ ေတာင္ပ နုိင္မယ့္ အခြင့္ အေရး ေပး ခဲ့တဲ့ အသင္း ေပါ့ ”

” ေနာက္ တစ္ခု ကေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ပါပဲ ။ ဒီ အသင္း ဟာ က်ြန္ေတာ့္ ရဲ့ ကစားသမား ဘဝ ေနာက္ဆံုး အခ်ိန္ အထိ ေတာင္ က်ြန္ေတာ့္ ကို ဆက္လက္ ေတာက္ပ နုိင္ေအာင္ လုပ္ေဆာင္ ေပး သြားခဲ့ ပါတယ္ ”

” က်ြန္ေတာ္ ဟာ မတူညီ တဲ့ အလုပ္ ေတြကုိ စိတ္ဝင္စား တာ အေသ အခ်ာ ပါပဲ ။ ဒါေပမယ့္ အဲ့တာ ေတြ မတုိင္ခင္ မွာ က်ြန္ေတာ္ ဒီ ေအဂ်က္ အသင္း မွာ သင္ယူ စရာ ေတြ မ်ားစြာ ရွိေန ေသးျပီး မိမိ ကိုယ္ကို ဒီထက္ ပိုေကာင္း ေစေအာင္ လုပ္ေဆာင္ ရပါ ဦးမယ္ ”

” အနာဂတ္ ဟာ က်ြန္ေတာ့္ အတြက္ ေတာ့ ဘာေတြ ကို သယ္ေဆာင္ လာနုိင္ မလဲ ဆုိတာ ကို ေစာင့္ၾကည့္ ၾကရ တာေပါ့ ဗ်ာ ။ ယူနုိက္တက္ ဟာ ကမ႓ာ့ အႏွံ့ အျပား မွာ ပရိသတ္ ေတြ မ်ားျပား လြန္း လွတဲ့ အံ့ခ်ီးဖြယ္ ရာ ကလပ္ အသင္း တစ္ခု ပါ ”

” က်ြန္ေတာ္ ဟာ ေအဂ်က္ မွာ အသင္း ရဲ့ အၾကီး အကဲ တစ္ေယာက္ ပါ ။ ယူနုိက္တက္ တုိ့ ရွာေဖြ ေနၾက တာက ျခားနား တဲ့ ရာထူး တစ္ခု အတြက္ ပါပဲ ၊ အား ကစား ဒါရိုက္တာ ရာထူး ေပါ့ ။ ဒါဟာ ျခားနား တဲ့ ေနရာ တစ္ခု ပါ ။ က်ြန္ေတာ္ ဟာ အဲ့ဒီ ရာထူး အေၾကာင္း ေတာ့ အနည္းငယ္ သိရွိ ထား ပါတယ္ ” လို့ ဗန္ဒါဆား က ဝန္ခံ သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

#Sports_Myanmar