Unicode

MMA သမိုင်းကြောင်း တစ်လျှောက်မှာ အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲ အဖြစ် One Century ပြိုင်ပွဲကြီးကို One Championship က အောင်အောင်မြင်မြင် ကျင်းပပြသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မီးနစ် 90 သာ ယှဉ်ပြိုင် ကစားရတဲ့ ဘောလုံး ပြိုင်ပွဲမျိုးတောင် တိုက်ရိုတ်ထုတ်လွှင့်ပြသဖို့ မလွယ်ကူတာတောင် ၊ One Championship ကတော့ တစ်နေကုန် ပွဲတွေ ဖန်တီးရင်း တစ်ကမ္ဘာလုံးကို တိုက်ရိုတ်ပြသသွားနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးတဲ့ ဖိုက်တာပေါင်း 28 ယောက် အထိ ပါဝင်ထိုးသတ်ခဲ့ပြီး ၊ ချန်ပီယံလုပွဲကလဲ 7 ပွဲ အထိ ပါဝင်ခဲ့တာကြောင့် ၊ MMA သမိုင်းမှာ အခုလို ပွဲအရေအတွက် နဲ့ ချန်ပီယံလုပွဲမျိုးတွေ တစ်ဆက်တည်း ကျင်းပဖူးခြင်း မရှိတာကြောင့် One Century လို့ နာမည်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်း အတွင်း ဖီလစ်ပိုင် တစ်နိုင်ငံတည်းကနေ ကမ္ဘာ့ချန်ပီယံ 5 ယောက် အထိ ထွက်ပေါ်ခဲ့ဖူးပေမယ့် ၊ မနေ့ည ကတော့ ဖီလစ်ပိုင် က နာမည်ကြီး ဖိုက်တာတွေ အားလုံး အရှုံးတွေ နဲ့ ရင်ဆိုင် သွားခဲ့ပြီး ၊ စင်္ကာပူ က လီ မောင်နှမ နဲ့ မြန်မာပြည် က အောင်လ အန်ဆန်း တို့ပဲ အောင်ပွဲ ခံသွားခဲ့ပါတယ်။

ဖလိုင်းဝိတ် တန်းရဲ့ Grand Prix ချန်ပီယံ လုပွဲမှာတော့ ဖီလစ်ပိုင် က နာမည်ကြီး ဒန်နီ ကင်ဂတ်ဟာ UFC ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒီမက်ထရီးယပ် ဂျွန်ဆင် နဲ့ ဗိုလ်လုပွဲ ထိုးသတ်ခဲ့ပါတယ်။ သို့သော် ပွဲအစပိုင်း ကတည်းက ယှဉ်နိုင်ခြင်း မရှိပဲ ၊ ဂျွန်ဆင် ဟာ သူ အသားသာတဲ့ မြေပြင် သတ်ပုတ်ချက်တွေ နဲ့ အသာစီး ထိုးသတ် သွားခဲ့ပြီး နောက်ဆုံးမှာတော့ ဒိုင် အဆုံးအဖြတ် နဲ့ အနိုင်ယူကာ ချန်ပီယံ ဂုဏ်ပုဒ်ကို သိမ်းပိုက် သွားခဲ့ပါတယ်။

သီတင်းကျွတ် လပြည့်နေရဲ့ နံနက်ခင်းပိုင်း ကိုတော့ အလှပဆုံး ဖြတ်သန်းသွားနိုင်ခဲ့သူက စင်္ကာပူက လီ မောင်နှမ နှစ်ယောက် ဖြစ်ပါတယ်။ ခရစ်ရှန် လီ ဟာ လိုက်ဝိတ်တန်း ရဲ့ Grand Prix ဗိုလ်လုပွဲမှာ တူရကီ က အာစလန်နာလိဖ် နဲ့ ကစားခဲ့ပြီး ၊ ရုပ်ပိုင်း ဆိုင်ရာတည်ဆောက်မှု နဲ့ Stand Fight တွေမှာ ဥရောပ ဖိုက်တာ က အနည်းငယ် အသားစီး ရခဲ့သည့်တိုင်အောင် လီ ရဲ့ နပန်း သတ်ပုတ်ချက်တွေ က ကောင်းမွန်လွန်းခဲ့တာပါ။

နောက်ဆုံးမှာတော့ သူဟာ ဒိုင် အဆုံးအဖြတ် ရယူပြီး ၊ ချန်ပီယံဆု ကို ဆွတ်ခူးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Part 1 ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် အန်ဂျလာ လီ နဲ့ ဂျောင်ဂျင်နနန် တို့က ထိုးသတ်ပြသွားခဲ့ပြီး ၊ ကမ္ဘာကျော် ဇာတ်ကား တစ်ကား ကြည့်နေရသည့် အလား ရင်ခုန်စရာ ကောင်းလွန်းသလို ၊ အလှည့်အပြောင်းတွေ ကလဲ များလွန်းခဲ့ပါတယ်။

Stand Fight မှာ ဂျောင်ဂျင်နန် က သာခဲ့ပေမယ့် ၊ Ground Fight မှာတော့ အန်ဂျလာက အပြတ်အသတ် သာလွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်က အန်ဂျလာ ဟာ ဂျောင်ဂျင်နန် ကို အနိုင်ရလုနီးပါး အထိ ချုပ်ခဲ့ပြီးမှ အရှုံးပေးခဲ့ရတာကြောင့် ၊ ဒီပွဲမှာ အလားတူ အဖြစ်မျိုး ထပ်မံ မကြုံတွေ့ရဖို့ သေချာ ပြင်ဆင်လာခဲ့ပါတယ်။

နောက်ဆုံးအချီ ၊ နောက်ဆုံး စက္ကန့် အရောက်မှာတော့ ဂျောင်ဂျင်နန်ဟာ ပွဲပြီးဖို့ အချိန်ဆွဲပြီး ခုခံနေတဲ့ အကြားက အန်ဂျလာ ရဲ့ ချုပ်ကွက်ကို ခံလိုက်ရပြီး အရှုံးပေးသွားခဲ့ရပါတယ်။ ဒါကြောင့် လီ မောင်နှမ အတွက်တော့ ချန်ပီယံ ဆု တစ်ယောက် တစ်ခုစီ ဆွတ်ခူးကာ တိုကျိုက နံနက်ခင်းပိုင်းဟာ မုန်တိုင်း တည်ငြိမ်သွားခြင်း နဲ့ အတူ လှပနေသွားခဲ့ပါတယ်။

နေ့ခင်းပိုင်း Part 2 အစီအစဉ်တွေ ကျင်းပခဲ့ရမှာတော့ ဖီလစ်ပိုင် က နာမည်ကြီး ဖိုက်တာတွေ ဆက်ပြီး ကံမကောင်းခဲ့ပြန်ပါဘူး။ ဘန်တန်ဝိတ်တန်း မှာ ရွှေခါးပတ် အတွက် သူ တစ်ပြန် ကိုယ်တစ်လှည့် လုယူနေတဲ့ ဘီဘီယာနို ဖာနန်ဒက် နဲ့ ဘယ်လီဂွန်တို့ ပွဲစဉ်ဟာ ထုံးစံအတိုင်း ကြည့်ကောင်းခဲ့မယ် ထင်ရပေမယ့် ၊ ဒီတစ်ကြိမ်မှာတော့ ဘရာဇီးသား ဖာနန်ဒက် က ဖီလစ်ပိုင်သား ဘယ်လီဂွန် က အစောပိုင်း ချုပ်ကွက်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့ပါတယ်။

One Century ရဲ့ အဓိက ပွဲစဉ် ဖြစ်တဲ့ အောင်လ အန်ဆန်း နဲ့ ဗီရာ တို့ ထိုးသတ်တဲ့ ပွဲစဉ်ဟာ အရမ်းကို ကြည့်ကောင်းခဲ့သလို ၊ အမေရိကား ပရိသတ်တွေ လဲ ဒီပွဲကို ကြည့်ရင်း One Championship က ဖိုက်တာတွေ ရဲ့ အဆင့်အတန်း နဲ့ အရည်အသွေးတွေကို အသိအမှတ်ပြုသွားကြမယ် ထင်ပါတယ်။

နှစ်ယောက် စလုံးဟာ ဖျော်ဖြေမှု ရသ အပြည့်ပေးနိုင်တဲ့ ပုံစံတွေ နဲ့ ထိုးသတ်သွားခဲ့ပြီး ၊ အောင်လ အန်ဆန်း ကတော့ မြန်မာ ဆိုတဲ့ ဝေါဟာရ အတိုင်း သူလဲ ခံနေရသည့်တိုင်အောင် မာမာထန်ထန် တုန့်ပြန်သွားခဲ့ပါတယ်။ ဒါ့အပြင် ပွဲဟာ ဒုတိယ အချီမှာပဲ ပြီးဆုံးသွားခဲ့တာကြောင့် ဗီရာဟာ အောင်လ ကို အဘက်ဘက်က ယှဉ်နိုင်ခြင်း မရှိပဲ အရှုံးကို ကျေကျေနပ်နပ် လက်ခံသွားခဲ့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လဲ ပွဲအပြီးမှာ သူကိုယ်တိုင် လာရောက်ကာ အောင်လ အန်ဆန်း ကို ဂုဏ်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် အောင်လ အန်ဆန်း ဆိုတာ အာရှ ရဲ့ အတော်ဆုံး နဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဖိုက်တာ တစ်ယောက်ဆိုတာ တစ်ကမ္ဘာလုံးက တစ်ညီတစ်ညွတ်ထဲ သတ်မှတ်သွားခဲ့ပြီဗျာ။ သူ့ရဲ့ နိုင်ပွဲအကြောင်းကို အင်္ဂလန် က မီဒီယာကြီးတွေ ကတော့ အကျယ်တဝင့် ဖော်ပြ ပေးသွားခဲ့ကြပါတယ်။

SPORTS MYANMAR

Zawgyi

ဖီလစ္ပီနိုေတြ က်ရွုံးၿပီး ၊ လီ ေမာင္ႏွစ္မ နဲ႔ ေအာင္လ အန္ဆန္း တို႔ ေအာင္ပြဲခံခဲ့တဲ့ One Century ပြဲ

MMA သမိုင္းေၾကာင္း တစ္ေလၽွာက္မွာ အႀကီးက်ယ္ အခမ္းနားဆုံး ၿပိဳင္ပြဲ အျဖစ္ One Century ၿပိဳင္ပြဲႀကီးကို One Championship က ေအာင္ေအာင္ျမင္ျမင္ က်င္းပျပသြားနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

မီးနစ္ 90 သာ ယွဥ္ၿပိဳင္ ကစားရတဲ့ ေဘာလုံး ၿပိဳင္ပြဲမ်ိဳးေတာင္ တိုက္ရိုတ္ထုတ္လႊင့္ျပသဖို႔ မလြယ္ကူတာေတာင္ ၊ One Championship ကေတာ့ တစ္ေနကုန္ ပြဲေတြ ဖန္တီးရင္း တစ္ကမၻာလုံးကို တိုက္ရိုတ္ျပသသြားနိုင္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲမွာ ကမၻာ့ခ်န္ပီယံ ျဖစ္ဖူးတဲ့ ဖိုက္တာေပါင္း 28 ေယာက္ အထိ ပါဝင္ထိုးသတ္ခဲ့ၿပီး ၊ ခ်န္ပီယံလုပြဲကလဲ 7 ပြဲ အထိ ပါဝင္ခဲ့တာေၾကာင့္ ၊ MMA သမိုင္းမွာ အခုလို ပြဲအေရအတြက္ နဲ႔ ခ်န္ပီယံလုပြဲမ်ိဳးေတြ တစ္ဆက္တည္း က်င္းပဖူးျခင္း မရွိတာေၾကာင့္ One Century လို႔ နာမည္ေပးသြားခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္း အတြင္း ဖီလစ္ပိုင္ တစ္နိုင္ငံတည္းကေန ကမၻာ့ခ်န္ပီယံ 5 ေယာက္ အထိ ထြက္ေပၚခဲ့ဖူးေပမယ့္ ၊ မေန႔ည ကေတာ့ ဖီလစ္ပိုင္ က နာမည္ႀကီး ဖိုက္တာေတြ အားလုံး အရွုံးေတြ နဲ႔ ရင္ဆိုင္ သြားခဲ့ၿပီး ၊ စကၤာပူ က လီ ေမာင္ႏွမ နဲ႔ ျမန္မာျပည္ က ေအာင္လ အန္ဆန္း တို႔ပဲ ေအာင္ပြဲ ခံသြားခဲ့ပါတယ္။

ဖလိုင္းဝိတ္ တန္းရဲ့ Grand Prix ခ်န္ပီယံ လုပြဲမွာေတာ့ ဖီလစ္ပိုင္ က နာမည္ႀကီး ဒန္နီ ကင္ဂတ္ဟာ UFC ကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ဒီမက္ထရီးယပ္ ဂၽြန္ဆင္ နဲ႔ ဗိုလ္လုပြဲ ထိုးသတ္ခဲ့ပါတယ္။ သို႔ေသာ္ ပြဲအစပိုင္း ကတည္းက ယွဥ္နိုင္ျခင္း မရွိပဲ ၊ ဂၽြန္ဆင္ ဟာ သူ အသားသာတဲ့ ေျမျပင္ သတ္ပုတ္ခ်က္ေတြ နဲ႔ အသာစီး ထိုးသတ္ သြားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဒိုင္ အဆုံးအျဖတ္ နဲ႔ အနိုင္ယူကာ ခ်န္ပီယံ ဂုဏ္ပုဒ္ကို သိမ္းပိုက္ သြားခဲ့ပါတယ္။

သီတင္းကၽြတ္ လျပည့္ေနရဲ့ နံနက္ခင္းပိုင္း ကိုေတာ့ အလွပဆုံး ျဖတ္သန္းသြားနိုင္ခဲ့သူက စကၤာပူက လီ ေမာင္ႏွမ ႏွစ္ေယာက္ ျဖစ္ပါတယ္။ ခရစ္ရွန္ လီ ဟာ လိုက္ဝိတ္တန္း ရဲ့ Grand Prix ဗိုလ္လုပြဲမွာ တူရကီ က အာစလန္နာလိဖ္ နဲ႔ ကစားခဲ့ၿပီး ၊ ႐ုပ္ပိုင္း ဆိုင္ရာတည္ေဆာက္မွု နဲ႔ Stand Fight ေတြမွာ ဥေရာပ ဖိုက္တာ က အနည္းငယ္ အသားစီး ရခဲ့သည့္တိုင္ေအာင္ လီ ရဲ့ နပန္း သတ္ပုတ္ခ်က္ေတြ က ေကာင္းမြန္လြန္းခဲ့တာပါ။

 

ေနာက္ဆုံးမွာေတာ့ သူဟာ ဒိုင္ အဆုံးအျဖတ္ ရယူၿပီး ၊ ခ်န္ပီယံဆု ကို ဆြတ္ခူးသြားနိုင္ခဲ့တာ ျဖစ္ပါတယ္။

Part 1 ရဲ့ အေကာင္းဆုံး ပြဲစဥ္ အျဖစ္ အန္ဂ်လာ လီ နဲ႔ ေဂ်ာင္ဂ်င္နနန္ တို႔က ထိုးသတ္ျပသြားခဲ့ၿပီး ၊ ကမၻာေက်ာ္ ဇာတ္ကား တစ္ကား ၾကည့္ေနရသည့္ အလား ရင္ခုန္စရာ ေကာင္းလြန္းသလို ၊ အလွည့္အေျပာင္းေတြ ကလဲ မ်ားလြန္းခဲ့ပါတယ္။

Stand Fight မွာ ေဂ်ာင္ဂ်င္နန္ က သာခဲ့ေပမယ့္ ၊ Ground Fight မွာေတာ့ အန္ဂ်လာက အျပတ္အသတ္ သာလြန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပြဲစဥ္က အန္ဂ်လာ ဟာ ေဂ်ာင္ဂ်င္နန္ ကို အနိုင္ရလုနီးပါး အထိ ခ်ဳပ္ခဲ့ၿပီးမွ အရွုံးေပးခဲ့ရတာေၾကာင့္ ၊ ဒီပြဲမွာ အလားတူ အျဖစ္မ်ိဳး ထပ္မံ မၾကဳံေတြ႕ရဖို႔ ေသခ်ာ ျပင္ဆင္လာခဲ့ပါတယ္။

ေနာက္ဆုံးအခ်ီ ၊ ေနာက္ဆုံး စကၠန႔္ အေရာက္မွာေတာ့ ေဂ်ာင္ဂ်င္နန္ဟာ ပြဲၿပီးဖို႔ အခ်ိန္ဆြဲၿပီး ခုခံေနတဲ့ အၾကားက အန္ဂ်လာ ရဲ့ ခ်ဳပ္ကြက္ကို ခံလိုက္ရၿပီး အရွုံးေပးသြားခဲ့ရပါတယ္။ ဒါေၾကာင့္ လီ ေမာင္ႏွမ အတြက္ေတာ့ ခ်န္ပီယံ ဆု တစ္ေယာက္ တစ္ခုစီ ဆြတ္ခူးကာ တိုက်ိဳက နံနက္ခင္းပိုင္းဟာ မုန္တိုင္း တည္ၿငိမ္သြားျခင္း နဲ႔ အတူ လွပေနသြားခဲ့ပါတယ္။

 

ေန႔ခင္းပိုင္း Part 2 အစီအစဥ္ေတြ က်င္းပခဲ့ရမွာေတာ့ ဖီလစ္ပိုင္ က နာမည္ႀကီး ဖိုက္တာေတြ ဆက္ၿပီး ကံမေကာင္းခဲ့ျပန္ပါဘူး။ ဘန္တန္ဝိတ္တန္း မွာ ေရႊခါးပတ္ အတြက္ သူ တစ္ျပန္ ကိုယ္တစ္လွည့္ လုယူေနတဲ့ ဘီဘီယာနို ဖာနန္ဒက္ နဲ႔ ဘယ္လီဂြန္တို႔ ပြဲစဥ္ဟာ ထုံးစံအတိုင္း ၾကည့္ေကာင္းခဲ့မယ္ ထင္ရေပမယ့္ ၊ ဒီတစ္ႀကိမ္မွာေတာ့ ဘရာဇီးသား ဖာနန္ဒက္ က ဖီလစ္ပိုင္သား ဘယ္လီဂြန္ က အေစာပိုင္း ခ်ဳပ္ကြက္နဲ႔ သက္ေတာင့္သက္သာ အနိုင္ရရွိသြားခဲ့ပါတယ္။

One Century ရဲ့ အဓိက ပြဲစဥ္ ျဖစ္တဲ့ ေအာင္လ အန္ဆန္း နဲ႔ ဗီရာ တို႔ ထိုးသတ္တဲ့ ပြဲစဥ္ဟာ အရမ္းကို ၾကည့္ေကာင္းခဲ့သလို ၊ အေမရိကား ပရိသတ္ေတြ လဲ ဒီပြဲကို ၾကည့္ရင္း One Championship က ဖိုက္တာေတြ ရဲ့ အဆင့္အတန္း နဲ႔ အရည္အေသြးေတြကို အသိအမွတ္ျပဳသြားၾကမယ္ ထင္ပါတယ္။

ႏွစ္ေယာက္ စလုံးဟာ ေဖ်ာ္ေျဖမွု ရသ အျပည့္ေပးနိုင္တဲ့ ပုံစံေတြ နဲ႔ ထိုးသတ္သြားခဲ့ၿပီး ၊ ေအာင္လ အန္ဆန္း ကေတာ့ ျမန္မာ ဆိုတဲ့ ေဝါဟာရ အတိုင္း သူလဲ ခံေနရသည့္တိုင္ေအာင္ မာမာထန္ထန္ တုန႔္ျပန္သြားခဲ့ပါတယ္။ ဒါ့အျပင္ ပြဲဟာ ဒုတိယ အခ်ီမွာပဲ ၿပီးဆုံးသြားခဲ့တာေၾကာင့္ ဗီရာဟာ ေအာင္လ ကို အဘက္ဘက္က ယွဥ္နိုင္ျခင္း မရွိပဲ အရွုံးကို ေက်ေက်နပ္နပ္ လက္ခံသြားခဲ့တယ္လို႔ ဆိုရမွာပါ။ ဒါေၾကာင့္လဲ ပြဲအၿပီးမွာ သူကိုယ္တိုင္ လာေရာက္ကာ ေအာင္လ အန္ဆန္း ကို ဂုဏ္ျပဳသြားခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ ေအာင္လ အန္ဆန္း ဆိုတာ အာရွ ရဲ့ အေတာ္ဆုံး နဲ႔ ဂုဏ္သိကၡာ အႀကီးမားဆုံး ဖိုက္တာ တစ္ေယာက္ဆိုတာ တစ္ကမၻာလုံးက တစ္ညီတစ္ညြတ္ထဲ သတ္မွတ္သြားခဲ့ၿပီဗ်ာ။ သူ႔ရဲ့ နိုင္ပြဲအေၾကာင္းကို အဂၤလန္ က မီဒီယာႀကီးေတြ ကေတာ့ အက်ယ္တဝင့္ ေဖာ္ၿပ ေပးသြားခဲ့ၾကပါတယ္။