Unicode

အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ နာပိုလီ အသင်း ကနေ ချယ်လ်ဆီး အသင်း ကို ပေါင် ၅၇ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ကာ ၅နှစ် စာချုပ် ချုပ်ဆို ခဲ့ပါတယ် ။ မနှစ် က မန်နေဂျာ မော်ရစ်ဇီယို ဆာရီ ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်ခဲ့တာနဲ့ အညီ ဂျော်ဂျင်ဟို ဟာ ၄င်းရဲ့ ကစားကွက် မှာ မရှိမဖြစ် ကစားသမား တယောက် အဖြစ် ရပ်တည် ခဲ့ပါတယ် ။

ဆာရီ ဟာ ချယ်လ်ဆီး အသင်း ကို ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ယူရိုပါလိဂ် ချန်ပီယံဆု ကို ရယူ ပေးခဲ့သလို ၊ ချန်ပီယံလိဂ် ဝင်ခွင့် ကိုပါ စွမ်းဆောင် ပေးခဲ့ပါတယ် ။ ဒါပေမယ့် လည်း ယခုနှစ် ဘောလုံး ရာသီ မတိုင်မီ မှာ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်း သို့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဂျော်ဂျင်ဟို ကတော့ ဆရာ ဖြစ်သူ ဆာရီ ရဲ့ အနောက်သို့ မလိုက်ခဲ့ပဲ ချယ်လ်ဆီး အသင်း မှာ ၄င်းရဲ့ ခြေစွမ်း ကို သက်သေ ပြဖို့ ဆက်လက် ကျန်ရစ် ခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ဟာ ငယ်ငယ်လေး ကတည်းက ဘရာဇီး ကနေ အီတလီ ကို ပြောင်းရွှေ့ လာခဲ့သလို ၊ အကယ်ဒမီ ဘောလုံးသမား ဘဝ ကိုလည်း အီတလီ မှာ စတင် ခဲ့တာကြောင့် သူ့ရဲ့ နောက်ထပ် နေအိမ် လို ဖြစ်နေပါတယ် ။

ဒါကြောင့်မို့ ချယ်လ်ဆီး အသင်း ကို ပြောင်းရွှေ့ လာတာ အီတလီ နိုင်ငံ ကနေ တခြား ရေမြေ တခု ကို ပထမဆုံး ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်တယ် လို့ ဆိုနိုင်ပါတယ် ။ ပထမ ရာသီ မှာ ချယ်လ်ဆီး အသင်း မှာ အသားကျဖို့ ၊ ခြေစွမ်း ပြနိုင်ဖို့ ရုန်းကန် ခဲ့ရတဲ့ ဂျော်ဂျင်ဟို ဟာ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ချယ်လ်ဆီး အသင်း အတွက် ခြေစွမ်းပြ ကစား ပေးနိုင်တဲ့ ကစားသမား တဦး ဖြစ်လာပါတယ် ။

မနေ့က Radio Sportiva နဲဲ့ တွေ့ဆုံခန်း မှာတော့ ဂျော်ဂျင်ဟို ရဲ့ အေးဂျင့် ဖြစ်သူ ယာအို ဆန်းတို့စ် က ၄င်းရဲ့ ကစားသမား ဟာ တချိ်န်ချိန် မှာ စီးရီးအေ သို့ ပြန်သွား နိုင်ကြောင်း အရိပ်အမြွက် ဆိုခဲ့သလို ၊ တဖက် မှာ ဒီနှစ် ဘောလုံး ရာသီ အတွင်း ကလပ် အတွက်ရော ၊ နိုင်ငံ လက်ရွေးစင် အသင်း အတွက်ပါ ခြေစွမ်း ပြထား နိုင်တာက ဂျော်ဂျင်ဟို အတွက် အပေါင်း လက္ခဏာ ဆောင်နေကြောင်း ဆိုခဲ့ပါတယ် ။

ဆန်းတို့စ် က ” ဘောလုံး မှာ အရာ အားလုံး ဖြစ်နိုင်ပါတယ် ။ အီတလီ ကို ပြန်ဖို့ စိတ်ဆန္ဒ ကလည်း ဂျော်ဂျင်ဟို ဆီမှာ အမြဲ ရှိနေနိုင်ပါတယ် ။ အခု အထိ ပရီးမီးယားလိဂ် မှာ ရထားတဲ့ အတွေ့အကြုံ အားလုံး ကို သူ စီးရီးအေ မှာ ပြန်ပြီး အသုံးချ လို့ ရမှာပါ ။ သူဟာ စကူဒက်တို ဆုဖလား အတွက် ၂ ကြိမ် ၊ ၃ ကြိမ်လောက် တိုက်ပွဲ ဝင်ခဲ့ဖူးပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ ဟာ သူ့ အတွက်တော့ အပေါင်း လက္ခဏာ ဆောင်တယ် လို့ ပြောရမှာပါ ။ နိုင်ငံ လက်ရွေးစင် အသင်း အတွက်လည်း သူ ခြေစွမ်း ပြနေတယ် ။ ပင်နယ်တီ ကနေလည်း ဂိုးတွေ အမြဲ သွင်းလို့ ရနေတယ် ။ ကျွန်တော် ကတော့ ဂျော်ဂျင်ဟို ဟာ လာမယ့် ယူရို ၂၀၂၀ မှာလည်း ခြေစွမ်း ဆက်လက် ပြသ နိုင်ဦးမယ် လို့ ထင်ပါတယ် ။ အဲ့လို ဆိုရင် သူ လာမယ့် ကမ္ဘာ့ ဖလား မှာရော ဘာကြောင့် ခြေစွမ်း မပြနိုင်ရမှာလဲ ? ”

” တဖက် မှာ ပြန်ကြည့်ရင် နိုင်ငံ လက်ရွေးစင် အသင်း အတွက် ပွဲကစားခွင့် တွေက အများကြီး မရနိုင်ပါဘူး ။ ဒါကြောင့်မို့ ကျွန်တော် တို့ဟာ ကစားခွင့် ရမယ့် ပွဲစဉ်တိုင်း အတွက် အသင့် ဖြစ်နေအောင် ပြင်ဆင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

စီးရီးေအ သို႕ ေဂ်ာ္ဂ်င္ဟုိ ျပန္သြားႏိုင္တယ္ ဆိုတဲ့ ေကာလဟလ ေတြ အေပၚ တုန္႕ျပန္ ေျပာဆိုလိုက္တဲ့ ေအးဂ်င့္ ျဖစ္သူ #ဆန္းတို႕စ္

အီတလီ လက္ေရြးစင္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ နာပိုလီ အသင္း ကေန ခ်ယ္လ္ဆီး အသင္း ကို ေပါင္ ၅၇ သန္း နဲ႕ ေျပာင္းေရႊ႕ လာခဲ့ကာ ၅ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆို ခဲ့ပါတယ္ ။ မႏွစ္ က မန္ေနဂ်ာ ေမာ္ရစ္ဇီယို ဆာရီ ရဲ႕ ပထမဆံုး ေခၚယူမႈ ျဖစ္ခဲ့တာနဲ႕ အညီ ေဂ်ာ္ဂ်င္ဟို ဟာ ၄င္းရဲ႕ ကစားကြက္ မွာ မရွိမျဖစ္ ကစားသမား တေယာက္ အျဖစ္ ရပ္တည္ ခဲ့ပါတယ္ ။

ဆာရီ ဟာ ခ်ယ္လ္ဆီး အသင္း ကို ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ယူရိုပါလိဂ္ ခ်န္ပီယံဆု ကို ရယူ ေပးခဲ့သလို ၊ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ကိုပါ စြမ္းေဆာင္ ေပးခဲ့ပါတယ္ ။ ဒါေပမယ့္ လည္း ယခုႏွစ္ ေဘာလံုး ရာသီ မတိုင္မီ မွာ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္ အသင္း သို႕ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။

ေဂ်ာ္ဂ်င္ဟို ကေတာ့ ဆရာ ျဖစ္သူ ဆာရီ ရဲ႕ အေနာက္သို႕ မလိုက္ခဲ့ပဲ ခ်ယ္လ္ဆီး အသင္း မွာ ၄င္းရဲ႕ ေျခစြမ္း ကို သက္ေသ ျပဖို႕ ဆက္လက္ က်န္ရစ္ ခဲ့ပါတယ္ ။ ေဂ်ာ္ဂ်င္ဟို ဟာ ငယ္ငယ္ေလး ကတည္းက ဘရာဇီး ကေန အီတလီ ကို ေျပာင္းေရႊ႕ လာခဲ့သလို ၊ အကယ္ဒမီ ေဘာလံုးသမား ဘဝ ကိုလည္း အီတလီ မွာ စတင္ ခဲ့တာေၾကာင့္ သူ႕ရဲ႕ ေနာက္ထပ္ ေနအိမ္ လို ျဖစ္ေနပါတယ္ ။

ဒါေၾကာင့္မို႕ ခ်ယ္လ္ဆီး အသင္း ကို ေျပာင္းေရႊ႕ လာတာ အီတလီ ႏိုင္ငံ ကေန တျခား ေရေျမ တခု ကို ပထမဆံုး ေရႊ႕ေျပာင္းခဲ့ျခင္း ျဖစ္တယ္ လို႕ ဆိုႏိုင္ပါတယ္ ။ ပထမ ရာသီ မွာ ခ်ယ္လ္ဆီး အသင္း မွာ အသားက်ဖို႕ ၊ ေျခစြမ္း ျပႏိုင္ဖို႕ ရုန္းကန္ ခဲ့ရတဲ့ ေဂ်ာ္ဂ်င္ဟို ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ခ်ယ္လ္ဆီး အသင္း အတြက္ ေျခစြမ္းျပ ကစား ေပးႏိုင္တဲ့ ကစားသမား တဦး ျဖစ္လာပါတယ္ ။

မေန႕က Radio Sportiva နဲဲ႕ ေတြ႕ဆံုခန္း မွာေတာ့ ေဂ်ာ္ဂ်င္ဟို ရဲ႕ ေအးဂ်င့္ ျဖစ္သူ ယာအို ဆန္းတို႕စ္ က ၄င္းရဲ႕ ကစားသမား ဟာ တခ်ိ္န္ခ်ိန္ မွာ စီးရီးေအ သို႕ ျပန္သြား ႏိုင္ေၾကာင္း အရိပ္အျမြက္ ဆိုခဲ့သလို ၊ တဖက္ မွာ ဒီႏွစ္ ေဘာလံုး ရာသီ အတြင္း ကလပ္ အတြက္ေရာ ၊ ႏိုင္ငံ လက္ေရြးစင္ အသင္း အတြက္ပါ ေျခစြမ္း ျပထား ႏိုင္တာက ေဂ်ာ္ဂ်င္ဟို အတြက္ အေပါင္း လကၡဏာ ေဆာင္ေနေၾကာင္း ဆိုခဲ့ပါတယ္ ။

ဆန္းတို႕စ္ က ” ေဘာလံုး မွာ အရာ အားလံုး ျဖစ္ႏိုင္ပါတယ္ ။ အီတလီ ကို ျပန္ဖို႕ စိတ္ဆႏၵ ကလည္း ေဂ်ာ္ဂ်င္ဟို ဆီမွာ အျမဲ ရွိေနႏိုင္ပါတယ္ ။ အခု အထိ ပရီးမီးယားလိဂ္ မွာ ရထားတဲ့ အေတြ႕အၾကံဳ အားလံုး ကို သူ စီးရီးေအ မွာ ျပန္ျပီး အသံုးခ် လို႕ ရမွာပါ ။ သူဟာ စကူဒက္တို ဆုဖလား အတြက္ ၂ ၾကိမ္ ၊ ၃ ၾကိမ္ေလာက္ တိုက္ပြဲ ဝင္ခဲ့ဖူးပါတယ္ ။ ”

” ဒီႏွစ္ ေဘာလံုး ရာသီ ဟာ သူ႕ အတြက္ေတာ့ အေပါင္း လကၡဏာ ေဆာင္တယ္ လို႕ ေျပာရမွာပါ ။ ႏိုင္ငံ လက္ေရြးစင္ အသင္း အတြက္လည္း သူ ေျခစြမ္း ျပေနတယ္ ။ ပင္နယ္တီ ကေနလည္း ဂိုးေတြ အျမဲ သြင္းလို႔ ရေနတယ္ ။ ကြ်န္ေတာ္ ကေတာ့ ေဂ်ာ္ဂ်င္ဟို ဟာ လာမယ့္ ယူရို ၂၀၂၀ မွာလည္း ေျခစြမ္း ဆက္လက္ ျပသ ႏိုင္ဦးမယ္ လို႕ ထင္ပါတယ္ ။ အဲ့လို ဆိုရင္ သူ လာမယ့္ ကမၻာ့ ဖလား မွာေရာ ဘာေၾကာင့္ ေျခစြမ္း မျပႏိုင္ရမွာလဲ ? ”

 

” တဖက္ မွာ ျပန္ၾကည့္ရင္ ႏိုင္ငံ လက္ေရြးစင္ အသင္း အတြက္ ပြဲကစားခြင့္ ေတြက အမ်ားၾကီး မရႏိုင္ပါဘူး ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တို႕ဟာ ကစားခြင့္ ရမယ့္ ပြဲစဥ္တိုင္း အတြက္ အသင့္ ျဖစ္ေနေအာင္ ျပင္ဆင္ဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR