အင်္ဂလန် လက်ရွေးစင် အသင်း ကြီးရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဆမ် အလာဒွိုက်စ် က ဆု ဖလား သုံးလုံး အောင်မြင် မှု ရယူ နိုင် ခဲ့တဲ့ 1999 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ လက်ရှိ မန်စီးတီး အသင်း တို့ အနက် ဘယ် အသင်း ပိုကောင်း သလဲ ဆိုတာ ရွေးချယ် ပေး သွားခဲ့ လိုက် ပါတယ် ။

1999 ခုနှစ် တုန်း ကတော့ ဆာ အဲလပ်စ် ဖာဂူဆန် ဦးဆောင် ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ချန်ပီယံ လိဂ် ၊ ပရီးမီးယား လိဂ် နဲ့ FA ဖလား ဆုတွေ ကို ရယူ သိမ်းပိုက် နိုင်ခဲ့ ပြီး တစ် ရာသီ အတွင်း ဆု ဖလား သုံးလုံး ဆွတ်ခူး နိုင် ခဲ့တဲ့ အင်္ဂလန် ကလပ် ဖြစ်လာ ခဲ့ ပါတယ် ။

အခုတော့ ပက် ဂွာဒီယိုလာ ဦးဆောင် နေတဲ့ မန်စီးတီး အသင်း ဟာ လိဂ် ဖလား နဲ့ ပရီးမီးယား လိဂ် ဆုဖလား တွေကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ပြီး FA ဖလား ဖိုင်နယ် ပွဲစဉ် ကစား ရဖို့ ကျန်ရှိ နေပါ သေးတယ် ။ ဒါ့ကြောင့် ဂွာဒီယိုလာ ရဲ့ အသင်း က ပြည်တွင်း ဖလား သုံးလုံး ဆွတ်ခူး နိုင်ရေး လမ်းကြောင်း မှာ ရှိနေ ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဒီ ရာသီ အတွင်း မှာတော့ 1999 ခုနှစ် က ဖလား သုံးလုံး ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ လက်ရှိ မန်ချက်စတာ စီးတီး အသင်း တို့ အနက် ဘယ် အသင်း ပိုမို ကောင်းမွန် သလဲ ဆိုတဲ့ စကား နိုင် လုပွဲ လေးတွေ ရှိလာ ခဲ့ပါ သေးတယ် ။

အခုတော့ အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဖြစ်သူ ဆမ် အလာဒွိုက်စ် က 1999 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ မန်စီးတီး အသင်း ထက် ပိုမို သာလွန် ကောင်းမွန် တယ်လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

” သူတို့ ( လက်ရှိ မန်စီတီး အသင်း ) ဟာ ဖာဂီ ရဲ့ အသင်း ကို အနိုင်ယူ ကျော်ဖြတ် နိုင် လိမ့်မယ် လို့တော့ ကျွန်တော် သေချာ ပေါက် မပြော နိုင် ပါဘူး ။ ဖာဂီ ဟာ အသင်း နဲ့ အတူ အမှတ်ပေး ဖလား သုံး ရာသီ ဆက် 2 ကြိမ် အထိ ဆွတ်ခူး ထားနိုင် ခဲ့ သလို ဆု ဖလား သုံးလုံး ဆွတ်ခူး နိုင်တဲ့ ရာသီ လည်း ပိုင်ဆိုင် ထားခဲ့ ပါ သေးတယ် ”

” အချက်အလက် တွေ အရ ပြောကြ မယ် ဆိုရင် တော့ လက်ရှိ မန်စီးတီး အသင်း ဟာ အတော် လေးကို နီးစပ် နေ ပါတယ် ။ ကျွန်တော် ဒါကို တော့ လက်ခံ ပါတယ် ။ ဒါပေမဲ့ သူတို့ တွေက မန်ချက်စတာ ယူနိုက်တက် ထက် သာလွန် တယ်လို့ တော့ ကျွန်တော် မထင်မိ ပါဘူး ”

” သူတို့ တွေ အတိတ် တုန်းက ဘယ်လောက် အထိ သာလွန် ကောင်းမွန် ခဲ့ကြ သလဲ ၊ အဲ့ဒီ တုန်းက ပြိုင်ပွဲ စုံမှာ စိန်ခေါ် မှုတွေ ဘယ်လောက် အထိ ရှိခဲ့ သလဲ ၊ သူတို့ ရဲ့ ကစားသမား တွေဟာ ဘယ်လောက် အထိ ကောင်းမွန် ခဲ့ကြ သလဲ ဆိုတာ ခင်ဗျား တို့ မေ့သွား ကြပြီ လား ? ”

” အခု ရှိနေ ကြတဲ့ ပရီးမီးယား လိဂ် အောက် အသင်း လေးတွေ ဟာ 2000 ခုနှစ် မတိုင်ခင် တုန်းက ရှိလနေခဲ့ ကြတဲ့ အသင်း တွေလောက် ကောင်းမွန် ကြ သလား ဆိုတာ လည်း ကျွန်တော် သေချာ မပြော တက် ပါဘူး ”

” ဒါပေမဲ့ ကျွန်တော့် တစ်ဦး တည်း အမြင် အရ ပြော ရမယ် ဆိုရင် လက်ရှိ ပရီးမီးယား လိဂ် ဇယား တစ်ဝက် အောက်မှာ ရှိနေ ကြတဲ့ အသင်း တွေထက် အဲ့ဒီ တုန်းက အောက် အသင်း တွေဟာ အရမ်း ကို အင်အား ရှိ တောင့်တင်း ခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ” လို့ ဆမ် အလာဒွိုက်စ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar