Unicode

လီဗာပူး နဲ့ ရင်ဆိုင် ကစား ရမယ့် မန်ချက် စတာ ယူနိုက်တက် မှာ ဒဏ်ရာ ကစား သမား တွေ များပြား နေခဲ့ ပါတယ် ။ ဒါ ပေမယ့် ယမန်နေ့ ညက နိုင်ငံ ပွဲစဉ် တွေ အပြီး မှာတော့ ဒီ အပူ ဟာ ပိုလို့ တိုးပွား လာခဲ့ ပါတယ် ။ ဘာဖြစ် လို့ လည်း ဆိုတော့ ဒီရာသီ မှာ အသင်း အတွက် ၃ ဂိုး သွင်းထား ပြီး ပုံစံ ကောင်းတွေ ပြသ ထားတဲ့ တောင်ပံ ကစား သမားလေး ဒန်နီရယ် ဂျိမ်းစ် တစ်ယောက် ဒဏ် ရာ ရသွား ခဲ့လို့ ပါပဲ ။

ဂျိမ်းစ် ဟာ ဝေးလ် လက်ရွေးစင် အသင်း ရဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲ ပွဲစဉ် အဖြစ် ခရိုအေးရှား အသင်း နဲ့ ယှဉ်ပြိုင် ကစား တဲ့ ပွဲ မှာ ပါ၀င် ခဲ့ ပါတယ် ။ ဂျိမ်းစ် ဟာ ခရိုအေးရှား နောက်ခံလူ ဗီဒါ နဲ့ ရင်ဆိုင် တွေ့ ခဲ့ ကြပြီး ဗီဒါ ရဲ့ ခြေထောက် ဟာ ဂျိမ်းစ် ရဲ့ ဦးခေါင်း ကို ကန်မိ ခဲ့ ပါတယ် ။

 

ဒီ ကန်ချက် ကြောင့် ဂျိမ်းစ် ဟာ ကွင်းထဲ မှာ သတိလစ် မေ့မြော သွားခဲ့ ရပြီး ဆေးအဖွဲ့ က ၃ မိနစ် ခန့် ကုသ ပေး အပြီး မှာတော့ ပြန်လည် သက်သာ လာကာ ကွင်းထဲ ကို ပြန်ဝင် လာနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ဂျိမ်းစ် ဟာ ဒဏ်ရာ မရခင် ကလို မျိုး အာရုံ စူးစိုက်နိုင်မှု အပြည့် မရှိ တော့ဘူး လို့ ထင်မြင် မှု တွေ ရှိလာခဲ့ ကြပါတယ်

ယူနိုက်တက် မှာ အဓိက ကစား သမား တွေဖြစ်တဲ့ ပေါ့ဘာ နဲ့ မာရှယ် တို့ ဟာ ဒဏ်ရာ တွေ ကြောင့် နား နေရ သလို တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့် ဟာလည်း ဒဏ်ရာ ကြောင့် နောက်ဆုံး ပွဲစဉ် ကို မပါ၀င် နိုင် ခဲ့ ပါဘူး ။ ဒီလို အချိန် မှာ ဂျိမ်းစ် ရဲ့ ဒဏ်ရာ ရရှိမှု ဟာ အသင်း အတွက် စိုးရိမ် စရာ ဖြစ်လာ စေခဲ့ ပါတယ် ။

ဒန်နီရယ် ဂျိမ်းစ် ကတော့ ပွဲ အပြီး မှာ သူ အဆင် ပြေ ပါတယ် လို့ ဆိုရှယ် မီဒီယာ ပေါ် ကနေ ရေးသား ပြောဆို ခဲ့ ပါတယ် ။ ဒါ့ အပြင် အများ ထင်မြင် ခဲ့ သလို သတိလုံးဝ လွတ်ပြီး မေ့မြော သွားတာမျိုး လည်း မရှိ ခဲ့ ပါဘူး လို့ ဂျိမ်းစ် က ဆိုသွား ခဲ့ ပါတယ် ။

ပြီး ခဲ့တဲ့ ၂၀၁၇ ခုနှစ် တုန်းက ဟူးစီးတီး ကစား သမား ရိုင်ယန် မေဆင် ဟာ ချဲလ်ဆီး အသင်းနဲ့ ကစား ခဲ့တဲ့ ပွဲ မှာ ဦးခေါင်း ခွံ အက်ကွဲ ခဲ့ပြီး ကစား သမား ဘဝ ဆုံးရှုံး သည် အထိ ဖြစ်သွား ခဲ့တာ ကြောင့် ဂျိမ်းစ် ရဲ့ ဒဏ်ရာ အပေါ် စိုးရိမ်သူ တွေ ရှိ ခဲ့ ကာ လာမယ့် လီဗာပူး နဲ့ ပွဲ ကို လည်း ပါ၀င် နိုင် ဖို့ အလား အလာ နည်းပါး လာပြီ လို့ ထင်မြင် မှုတွေ ရှိ လာခဲ့ ပါတယ် ။

ဝေးလ် လက်ရွေးစင် အသင်း ကတော့ ခရိုအေးရှား ကို ၁ ဂိုးစီ သရေ ကစားခဲ့ ကာ ရီးရဲ တောင်ပံ ကစား သမား ဘေးလ် က ဂိုး သွင်းယူ ပေးခဲ့တာပဲ ဖြစ် ပါတယ် ။ ဒီ သရေ ရလဒ် ကြောင့် ဝေးလ် ရဲ့ ခြေစစ် ပွဲ အောင်မြင်နိုင်ချေ ဟာ ဆက်လက် အသက် ၀င် နေခဲ့ ပြီး လာမယ့် နိုဝင်ဘာလ ထဲမှာ ကစား ကြ ဦးမယ့် ခြေစစ် ပွဲတွေ အတွက် ရလဒ် ကောင်းတွေ ယူဆောင် ဖို့ အရေး ပါလာခဲ့ ပြီ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

ခရိုေအးရွား နဲ႔ ပြဲမွာ သတိလစ္သြားခဲ့တဲ့ ယူႏုိက္တက္ ေတာင္ပံ ကစားသမား ဂ်ိမ္းစ္

=========================================

လီဗာပူး နဲ႔ ရင္ဆုိင္ ကစား ရမယ့္ မန္ခ်က္ စတာ ယူႏုိက္တက္ မွာ ဒဏ္ရာ ကစား သမား ေတြ မ်ားျပား ေနခဲ့ ပါတယ္ ။ ဒါ ေပမယ့္ ယမန္ေန႔ ညက ႏုိင္ငံ ပြဲစဥ္ ေတြ အၿပီး မွာေတာ့ ဒီ အပူ ဟာ ပိုလို႔ တိုးပြား လာခဲ့ ပါတယ္ ။ ဘာျဖစ္ လို႔ လည္း ဆုိေတာ့ ဒီရာသီ မွာ အသင္း အတြက္ ၃ ဂုိး သြင္းထား ၿပီး ပံုစံ ေကာင္းေတြ ျပသ ထားတဲ့ ေတာင္ပံ ကစား သမားေလး ဒန္နီရယ္ ဂ်ိမ္းစ္ တစ္ေယာက္ ဒဏ္ ရာ ရသြား ခဲ့လို႔ ပါပဲ ။

ဂ်ိမ္းစ္ ဟာ ေ၀းလ္ လက္ေရြးစင္ အသင္း ရဲ႕ ယူရို ၂၀၂၀ ေျခစစ္ ပြဲ ပြဲစဥ္ အျဖစ္ ခရိုေအးရွား အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား တဲ့ ပြဲ မွာ ပါ၀င္ ခဲ့ ပါတယ္ ။ ဂ်ိမ္းစ္ ဟာ ခရိုေအးရွား ေနာက္ခံလူ ဗီဒါ နဲ႔ ရင္ဆုိင္ ေတြ႕ ခဲ့ ၾကၿပီး ဗီဒါ ရဲ႕ ေျခေထာက္ ဟာ ဂ်ိမ္းစ္ ရဲ႕ ဦးေခါင္း ကို ကန္မိ ခဲ့ ပါတယ္ ။

ဒီ ကန္ခ်က္ ေၾကာင့္ ဂ်ိမ္းစ္ ဟာ ကြင္းထဲ မွာ သတိလစ္ ေမ့ေျမာ သြားခဲ့ ရၿပီး ေဆးအဖြဲ႕ က ၃ မိနစ္ ခန္႔ ကုသ ေပး အၿပီး မွာေတာ့ ျပန္လည္ သက္သာ လာကာ ကြင္းထဲ ကို ျပန္၀င္ လာႏိုင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဂ်ိမ္းစ္ ဟာ ဒဏ္ရာ မရခင္ ကလို မ်ဳိး အာရံု စူးစိုက္ႏုိင္မႈ အျပည့္ မရွိ ေတာ့ဘူး လုိ႔ ထင္ျမင္ မႈ ေတြ ရွိလာခဲ့ ၾကပါတယ္

ယူႏုိက္တက္ မွာ အဓိက ကစား သမား ေတြျဖစ္တဲ့ ေပါ့ဘာ နဲ႔ မာရွယ္ တို႔ ဟာ ဒဏ္ရာ ေတြ ေၾကာင့္ နား ေနရ သလို တုိက္စစ္မႈး မားကပ္ ရက္ဖိုဒ့္ ဟာလည္း ဒဏ္ရာ ေၾကာင့္ ေနာက္ဆံုး ပြဲစဥ္ ကို မပါ၀င္ ႏုိင္ ခဲ့ ပါဘူး ။ ဒီလို အခ်ိန္ မွာ ဂ်ိမ္းစ္ ရဲ႕ ဒဏ္ရာ ရရွိမႈ ဟာ အသင္း အတြက္ စိုးရိမ္ စရာ ျဖစ္လာ ေစခဲ့ ပါတယ္ ။

ဒန္နီရယ္ ဂ်ိမ္းစ္ ကေတာ့ ပြဲ အၿပီး မွာ သူ အဆင္ ေျပ ပါတယ္ လို႔ ဆိုရွယ္ မီဒီယာ ေပၚ ကေန ေရးသား ေျပာဆို ခဲ့ ပါတယ္ ။ ဒါ့ အျပင္ အမ်ား ထင္ျမင္ ခဲ့ သလို သတိလံုး၀ လြတ္ၿပီး ေမ့ေျမာ သြားတာမ်ဳိး လည္း မရွိ ခဲ့ ပါဘူး လုိ႔ ဂ်ိမ္းစ္ က ဆိုသြား ခဲ့ ပါတယ္ ။

ၿပီး ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ တုန္းက ဟူးစီးတီး ကစား သမား ရုိင္ယန္ ေမဆင္ ဟာ ခ်ဲလ္ဆီး အသင္းနဲ႔ ကစား ခဲ့တဲ့ ပြဲ မွာ ဦးေခါင္း ခြံ အက္ကြဲ ခဲ့ၿပီး ကစား သမား ဘ၀ ဆံုးရွဳံး သည္ အထိ ျဖစ္သြား ခဲ့တာ ေၾကာင့္ ဂ်ိမ္းစ္ ရဲ႕ ဒဏ္ရာ အေပၚ စိုးရိမ္သူ ေတြ ရွိ ခဲ့ ကာ လာမယ့္ လီဗာပူး နဲ႔ ပြဲ ကို လည္း ပါ၀င္ ႏုိင္ ဖို႔ အလား အလာ နည္းပါး လာၿပီ လို႔ ထင္ျမင္ မႈေတြ ရွိ လာခဲ့ ပါတယ္ ။

ေ၀းလ္ လက္ေရြးစင္ အသင္း ကေတာ့ ခရိုေအးရွား ကို ၁ ဂုိးစီ သေရ ကစားခဲ့ ကာ ရီးရဲ ေတာင္ပံ ကစား သမား ေဘးလ္ က ဂုိး သြင္းယူ ေပးခဲ့တာပဲ ျဖစ္ ပါတယ္ ။ ဒီ သေရ ရလဒ္ ေၾကာင့္ ေ၀းလ္ ရဲ႕ ေျခစစ္ ပြဲ ေအာင္ျမင္ႏုိင္ေခ် ဟာ ဆက္လက္ အသက္ ၀င္ ေနခဲ့ ၿပီး လာမယ့္ ႏို၀င္ဘာလ ထဲမွာ ကစား ၾက ဦးမယ့္ ေျခစစ္ ပြဲေတြ အတြက္ ရလဒ္ ေကာင္းေတြ ယူေဆာင္ ဖို႔ အေရး ပါလာခဲ့ ၿပီ ျဖစ္ ပါတယ္ ။

SPORTS MYANMAR