Unicode

ဘောလုံး အားကစား ရဲ့ နည်းပြ တွေ အကြောင်း ကို ပြောဆို တိုင်းမှာ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ အမည် က မပါ မဖြစ် ရှိနေ ခဲ့ ပါတယ် ။ စကော့တလန် သားကြီး ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း ကို အင်္ဂလန် ပြည်တွင်း မှာ သာမက ဥရောပ မှာပါ အင်အားကြီး ကလပ် အသင်း တစ်သင်း ဖြစ်အောင် ဦးဆောင် လမ်းပြ ပေးနိုင် ခဲ့ ပါတယ် ။ ယူနိုက်တက် ကို ၂၆ နှစ် ကြာ ကိုင်တွယ် ခဲ့ပြီး အမှတ်ပေး ဖလား ၁၃ လုံး ကို ရယူ ပေးခဲ့ တာ ဖြစ် ပါတယ် ။

ဒီလိုမျိုး အောင်မြင်မှု ကို နှစ်ပေါင်း များစွာ ကြာအောင် ရယူ နိုင်ခဲ့ တဲ့ ဖာဂူဆန် ဟာ အင်္ဂလိပ် ဘောလုံး လောက အပေါ် လည်း သက်ရောက်မှု ကြီးမား ခဲ့ ပါတယ် ။ ၂၀၀၀ ခုနှစ် က နေ ၂၀၁၀ ခုနှစ် အတွင်း အင်္ဂလန် လက်ရွေးစင် အသင်း ဟာ မန်ချက် စတာ ယူနိုက်တက် ကစား သမားတွေ အများ အပြား ပါ၀င် ခဲ့ ပြီး ဘောလုံး အဖွဲ့ ချုပ် နဲ့ လက်ရွေးစင် အဖွဲ့ ၀င်တွေ အပေါ် ဖာဂူဆန် ရဲ့ လွှမ်းမိုးမှု တွေ ရှိ ခဲ့ ပါတယ် ။

 

ဒါကြောင့် ကလပ် အသင်း ဖြစ်တဲ့ မန်ချက် စတာ ယူနိုက်တက် အတွက် အရေးပါတဲ့ ပွဲစဉ် တွေ ကစားဖို့ ရှိ လာချိန် မှာ အသင်း သား တွေ ကို လက်ရွေးစင် အသင်း တွေ အတွက် မရွေးချယ် စေဖို့ ဖာဂူဆန် လုပ်ဆောင် ကြံစည် တာတွေ ရှိလာခဲ့ ပါတယ် ။ အထင်ရှားဆုံး သော သက်သေ ကတော့ ကွင်းလယ်လူ ပေါလ် စခိုး ကို လက်ရွေးစင် အသင်း ကနေ အစောကြီး အနားယူ စေခဲ့ တာပါပဲ ။

ဖာဂူဆန် ရဲ့ နောက်ထပ် ထင်ရှား တဲ့ ဖြစ်ရပ် ကတော့ ဆဗင် ဂိုရန် အဲရစ်ဆင် ကို ခြိမ်းခြောက် ခဲ့တာပါ ။ ဆွီဒင် သားကြီး ဟာ အင်္ဂလန် လက်ရွေးစင် အသင်း သမိုင်း တစ်လျောက် ဗြိတိန် ပြင်ပ ကနေ ရောက်လာတဲ့ ပထမဆုံး သော နည်းပြ ဖြစ်လာ ခဲ့ ပါတယ် ။ အင်္ဂလန် အသင်း ကို ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ ခေါ်ဆောင် ပေးခဲ့ သလို ကွာတား ဖိုင်နယ် အထိ လည်း တက်ရောက်ပေး နိုင် ခဲ့ ပါတယ် ။

ဒီလို မျိုး စွမ်းဆောင်မှု တွေ ရှိခဲ့တဲ့ အဲရစ်ဆင် ရဲ့ အင်္ဂလန် နည်းပြ ဘဝ မှာ အခက်ခဲဆုံး သော ရင်ဆိုင်ရမှု က ဘောလုံး အသင်းတွေ မဟုတ်ခဲ့ ပါဘူး ။ ဆာအဲလက်စ် ရဲ့ အသင်း က လူတွေ ကို နိုင်ငံ့ အသင်း အတွက် ရွေးဖို့ ဆုံးဖြတ် တိုင်းမှာ စကော့သားကြီး ရဲ့ အမျက် ဒေါသ ကို ရင်ဆိုင် ခဲ့ရတယ် လို့ အဲရစ်ဆင် က ပြန်ပြောင်း ပြောပြ ခဲ့ ပါတယ် ။

“သူ ကျွန်တော့ဆီ ဖုန်းဆက် တိုင်း Hello Sven, how are you? လို့ တစ်ခါ မှ မပြောပါဘူး ။ အော်ဟစ် သံ နဲ့ ပဲ စတာပါ ။ ကျွန်တော့ ကို သတ်တော့ မယ့် အတိုင်း ပါပဲ ။ ဒါပေမယ့် ကျွန်တော် က အင်္ဂလန် နိုင်ငံ ရဲ့ လက်ရွေးစင် နည်းပြပါ ။ ဒါကို တွန့်ဆုတ် နေလို့ မရ ပါဘူး”

“မှန် နေတဲ့ အရာ ကို မှန်တဲ့ အတိုင်း လုပ်ရမှာ ဖြစ်ပြီး မှား နေတာ ကို မှားတဲ့ အတိုင်း တုန့်ပြန် ရမှာ ပါပဲ ။ ရွန်းနီ ကို ရွေးမယ့် ကိစ္စ နဲ့ ပတ်သက် ပြီး ဖာဂူဆန် နဲ့ အကြီး အကျယ် စကားများ ခဲ့ ဖူး ပါတယ် ။ ၀ိန်း ကို ခေါ်ရင် ကျွန်တော့ ကို သတ်ပစ်မယ် လို့ တောင် သူ က ပြောခဲ့ တာပါ ။ ကျွန်တော် ကလည်း -ီးလား ၊ ခင်ဗျား ဘာဖြစ် နေတာလဲ လို့ တုန့်ပြန် ခဲ့ ပါတယ်”

“အဲ့ဒီ နောက် ကြားရတာ တွေ ကတော့ အော်ဟစ် သံတွေ ပါပဲ ။ သူ နဲ့ ပြောလိုက်တိုင်း ဒီလို မရေ မရာ တွေ နဲ့ ပြီးသွားခဲ့ တာပါ ။ နောက်ပိုင်း မှာတော့ ကျွန်တော် တိုတို နဲ့ လိုရင်း ကို မြန်မြန် ပဲ ပြောပါတော့ တယ် ။ ဟဲလို အဲလက်စ် ၊ ကျွန်တော် ရွန်းနီ ကို ရွေးမယ် ၊ ကောင်းသော နေ့ လေး ဖြစ်ပါစေ ၊ ဘိုင့်ဘိုင် လို့ ပြောပြီး ဖုန်းချ လိုက် ပါတော့တယ်” လို့ အဲရစ်ဆင် က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

 

ဖာဂူဆန် ဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း က စပြီး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် နဲ့ ပွဲကြီးကြပ် သူတွေ အထိ သြဇာ လွှမ်းမိုး သက်ရောက်မှု ရှိခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ဘောလုံး ကိစ္စ တွေ ကနေ အနားယူကာ ကျန်းမာ ရေး ကို တည်ဆောက်လျက်ရှိ ပေမယ့် မန်ချက် စတာ ယူနိုက်တက် ရဲ့ ပွဲစဉ် အချို့ ကိုတော့ လာရောက် ကြည့်ရှု နေဆဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

“ရြန္းနီ ကို ေရြးရင္ သတ္ပစ္မယ္” – အဂၤလန္ လက္ေရြးစင္ နည္းျပကို ၿခိမ္းေျခာက္ရဲခဲ့တဲ့ ဖာဂူဆန္

=========================================

ေဘာလံုး အားကစား ရဲ႕ နည္းျပ ေတြ အေၾကာင္း ကို ေျပာဆို တုိင္းမွာ ဆာအဲလက္စ္ ဖာဂူဆန္ ရဲ႕ အမည္ က မပါ မျဖစ္ ရွိေန ခဲ့ ပါတယ္ ။ စေကာ့တလန္ သားႀကီး ဟာ မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ကို အဂၤလန္ ျပည္တြင္း မွာ သာမက ဥေရာပ မွာပါ အင္အားႀကီး ကလပ္ အသင္း တစ္သင္း ျဖစ္ေအာင္ ဦးေဆာင္ လမ္းျပ ေပးႏုိင္ ခဲ့ ပါတယ္ ။ ယူႏုိက္တက္ ကို ၂၆ ႏွစ္ ၾကာ ကိုင္တြယ္ ခဲ့ၿပီး အမွတ္ေပး ဖလား ၁၃ လံုး ကို ရယူ ေပးခဲ့ တာ ျဖစ္ ပါတယ္ ။

ဒီလိုမ်ဳိး ေအာင္ျမင္မႈ ကို ႏွစ္ေပါင္း မ်ားစြာ ၾကာေအာင္ ရယူ ႏုိင္ခဲ့ တဲ့ ဖာဂူဆန္ ဟာ အဂၤလိပ္ ေဘာလံုး ေလာက အေပၚ လည္း သက္ေရာက္မႈ ႀကီးမား ခဲ့ ပါတယ္ ။ ၂၀၀၀ ခုႏွစ္ က ေန ၂၀၁၀ ခုႏွစ္ အတြင္း အဂၤလန္ လက္ေရြးစင္ အသင္း ဟာ မန္ခ်က္ စတာ ယူႏုိက္တက္ ကစား သမားေတြ အမ်ား အျပား ပါ၀င္ ခဲ့ ၿပီး ေဘာလံုး အဖြဲ႕ ခ်ဳပ္ နဲ႔ လက္ေရြးစင္ အဖြဲ႕ ၀င္ေတြ အေပၚ ဖာဂူဆန္ ရဲ႕ လႊမ္းမိုးမႈ ေတြ ရွိ ခဲ့ ပါတယ္ ။

ဒါေၾကာင့္ ကလပ္ အသင္း ျဖစ္တဲ့ မန္ခ်က္ စတာ ယူႏုိက္တက္ အတြက္ အေရးပါတဲ့ ပြဲစဥ္ ေတြ ကစားဖို႔ ရွိ လာခ်ိန္ မွာ အသင္း သား ေတြ ကို လက္ေရြးစင္ အသင္း ေတြ အတြက္ မေရြးခ်ယ္ ေစဖို႔ ဖာဂူဆန္ လုပ္ေဆာင္ ႀကံစည္ တာေတြ ရွိလာခဲ့ ပါတယ္ ။ အထင္ရွားဆံုး ေသာ သက္ေသ ကေတာ့ ကြင္းလယ္လူ ေပါလ္ စခိုး ကို လက္ေရြးစင္ အသင္း ကေန အေစာႀကီး အနားယူ ေစခဲ့ တာပါပဲ ။

ဖာဂူဆန္ ရဲ႕ ေနာက္ထပ္ ထင္ရွား တဲ့ ျဖစ္ရပ္ ကေတာ့ ဆဗင္ ဂုိရန္ အဲရစ္ဆင္ ကို ၿခိမ္းေျခာက္ ခဲ့တာပါ ။ ဆြီဒင္ သားႀကီး ဟာ အဂၤလန္ လက္ေရြးစင္ အသင္း သမိုင္း တစ္ေလ်ာက္ ၿဗိတိန္ ျပင္ပ ကေန ေရာက္လာတဲ့ ပထမဆံုး ေသာ နည္းျပ ျဖစ္လာ ခဲ့ ပါတယ္ ။ အဂၤလန္ အသင္း ကို ၂၀၀၂ ကမၻာ့ဖလား ၿပဳိင္ပြဲဆီ ေခၚေဆာင္ ေပးခဲ့ သလို ကြာတား ဖုိင္နယ္ အထိ လည္း တက္ေရာက္ေပး ႏုိင္ ခဲ့ ပါတယ္ ။

ဒီလို မ်ဳိး စြမ္းေဆာင္မႈ ေတြ ရွိခဲ့တဲ့ အဲရစ္ဆင္ ရဲ႕ အဂၤလန္ နည္းျပ ဘ၀ မွာ အခက္ခဲဆံုး ေသာ ရင္ဆုိင္ရမႈ က ေဘာလံုး အသင္းေတြ မဟုတ္ခဲ့ ပါဘူး ။ ဆာအဲလက္စ္ ရဲ႕ အသင္း က လူေတြ ကို ႏုိင္ငံ့ အသင္း အတြက္ ေရြးဖို႔ ဆံုးျဖတ္ တိုင္းမွာ စေကာ့သားႀကီး ရဲ႕ အမ်က္ ေဒါသ ကို ရင္ဆုိင္ ခဲ့ရတယ္ လို႔ အဲရစ္ဆင္ က ျပန္ေျပာင္း ေျပာျပ ခဲ့ ပါတယ္ ။

“သူ ကြ်န္ေတာ့ဆီ ဖုန္းဆက္ တုိင္း Hello Sven, how are you? လို႔ တစ္ခါ မွ မေျပာပါဘူး ။ ေအာ္ဟစ္ သံ နဲ႔ ပဲ စတာပါ ။ ကြ်န္ေတာ့ ကို သတ္ေတာ့ မယ့္ အတုိင္း ပါပဲ ။ ဒါေပမယ့္ ကြ်န္ေတာ္ က အဂၤလန္ ႏုိင္ငံ ရဲ႕ လက္ေရြးစင္ နည္းျပပါ ။ ဒါကို တြန္႔ဆုတ္ ေနလို႔ မရ ပါဘူး”

“မွန္ ေနတဲ့ အရာ ကို မွန္တဲ့ အတုိင္း လုပ္ရမွာ ျဖစ္ၿပီး မွား ေနတာ ကို မွားတဲ့ အတုိင္း တုန္႔ျပန္ ရမွာ ပါပဲ ။ ရြန္းနီ ကို ေရြးမယ့္ ကိစၥ နဲ႔ ပတ္သက္ ၿပီး ဖာဂူဆန္ နဲ႔ အႀကီး အက်ယ္ စကားမ်ား ခဲ့ ဖူး ပါတယ္ ။ ၀ိန္း ကို ေခၚရင္ ကြ်န္ေတာ့ ကို သတ္ပစ္မယ္ လုိ႔ ေတာင္ သူ က ေျပာခဲ့ တာပါ ။ ကြ်န္ေတာ္ ကလည္း -ီးလား ၊ ခင္ဗ်ား ဘာျဖစ္ ေနတာလဲ လုိ႔ တုန္႔ျပန္ ခဲ့ ပါတယ္”

“အဲ့ဒီ ေနာက္ ၾကားရတာ ေတြ ကေတာ့ ေအာ္ဟစ္ သံေတြ ပါပဲ ။ သူ နဲ႔ ေျပာလုိက္တိုင္း ဒီလို မေရ မရာ ေတြ နဲ႔ ၿပီးသြားခဲ့ တာပါ ။ ေနာက္ပုိင္း မွာေတာ့ ကြ်န္ေတာ္ တိုတို နဲ႔ လုိရင္း ကို ျမန္ျမန္ ပဲ ေျပာပါေတာ့ တယ္ ။ ဟဲလို အဲလက္စ္ ၊ ကြ်န္ေတာ္ ရြန္းနီ ကို ေရြးမယ္ ၊ ေကာင္းေသာ ေန႔ ေလး ျဖစ္ပါေစ ၊ ဘုိင့္ဘိုင္ လို႔ ေျပာၿပီး ဖုန္းခ် လိုက္ ပါေတာ့တယ္” လုိ႔ အဲရစ္ဆင္ က ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။

ဖာဂူဆန္ ဟာ ၂၀၀၀ ျပည့္ႏွစ္ ေနာက္ပုိင္း က စၿပီး အဂၤလန္ ေဘာလံုး အဖြဲ႕ခ်ဳပ္ နဲ႔ ပြဲႀကီးၾကပ္ သူေတြ အထိ ၾသဇာ လႊမ္းမိုး သက္ေရာက္မႈ ရွိခဲ့ ပါတယ္ ။ လက္ရွိ မွာေတာ့ ေဘာလံုး ကိစၥ ေတြ ကေန အနားယူကာ က်န္းမာ ေရး ကို တည္ေဆာက္လ်က္ရွိ ေပမယ့္ မန္ခ်က္ စတာ ယူႏုိက္တက္ ရဲ႕ ပြဲစဥ္ အခ်ဳိ႕ ကိုေတာ့ လာေရာက္ ၾကည့္ရွဳ ေနဆဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR