Unicode

အောင်လ အန်ဆန်း နဲ့ ဗီရာ တို့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဖီလစ်ပိုင်သားတွေရဲ့ ဟီးရိုးကြီး ဖြစ်တဲ့ ဗီရာဟာ ဒီပွဲမှာ အောင်လ ကို အဘက်ဘက်က ယှဉ်ပြိုင်နိုင်ခြင်း မရှိပဲ ထိုက်ထိုက်တန်တန် အရှုံးပေးလိုက်ရတာ ဖြစ်တဲ့အပြင် ၊ အောင်လ ကို တကယ့် ချန်ပီယံ အစစ်အမှန် ဖြစ်ကြောင်း သူကိုယ်တိုင် ထောက်ခံ ချီးကျူးသွားခဲ့ပါတယ်။

ဖီလစ်ပိုင် နိုင်ငံဟာ ဒီပွဲအတွက် အောင်ပွဲခံဖို့ အကြီးအကျယ် ပြင်ဆင်ထားခဲ့တာ ဖြစ်ပြီး ရုပ်သံထုတ်လွှင့်ကိုတော့ လုပ်ငန်း နှစ်ခုက တစ်ပြိုင်နက် ၀ယ်ယူပြီး ၊ တစ်နိုင်ငံလုံး အားပေးနိုင်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ သို့သော် သူတို့ရဲ့ တွက်ကိန်းဟာ ထင်ထားသလို ဖြစ်မလာခဲ့ပဲ ၊ ဖီလစ်ပိုင် ဖိုက်တာတွေဟာ ချန်ပီယံလုပွဲတွေ အားလုံးမှာ အရှုံးတွေ နဲ့သာ ရင်ဆိုင်ရင်း အိမ်ပြန်သွားခဲ့ရပါတယ်။

မြန်မာ့ သူရဲကောင်းကြီး အောင်လ အန်ဆန်း ကတော့ ဗီရာ ကို အနိုင်ယူ ပြပြီးမို့ ၊ နောက်ထပ် သူ့ရဲ့ ပြင်ဆင်မှုက ဘာတွေ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရမှာတော့ မစ်ဒယ်ဝိတ် တန်းက သူ့ရဲ့ ရွှေခါးပတ်ဆု ကို စိန်ခေါ်ချင်တဲ့ သူတွေတိုင်းကို ရင်ဆိုင် ထိုးသတ်ဖို့ အသင့်ပဲလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ ပရိသတ်တွေ အနေနဲ့ နောက်ထပ် အောင်လ အန်ဆန်း ရဲ့ ချန်ပီယံလုပွဲဟာ မစ်ဒယ်ဝိတ်တန်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ကချင်သားကြီး ကတော့ ဒီပွဲမှာ ထိချက်က သိပ်ပြီး မရှိလိုက်တာကြောင့် ၊ အမေရိကားကို ပြန်ရောက်တဲ့ တစ်ပြိုင်နက် ၊ ဒဏ်ရာ အချို့ကို ကုသရင်း ချက်ခြင်း လေ့ကျင့်ခန်း ပြန်ဆင်းမယ်လို့ ဖွင့်ဟ သွားခဲ့သလို ၊ နောက်ထပ် ထိုးသတ်မယ့် ပွဲစဉ်တွေကိုလဲ ဒီဇင်ဘာ (သို့) ဇန်နဝါရီ လထဲမှာ ထိုးသတ်သွားချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

သူ့ရဲ့ ပြောဆိုမှုကြောင့် One Championship ဥက္ကဌကြီး ချက်ထရီ ကတောင် ပြုံးပြသွားခဲ့ပြီး ၊ ဒီလို ဖိုက်တာမျိုး နဲ့ လက်တွဲခွင့်ရတာ သူ့အတွက် အရမ်းကို ကံကောင်းတယ် ဆိုတဲ့ အကြည့်တွေ နဲ့ တုန့်ပြန်သွားခဲ့ပါတယ်။

သို့သော် စဉ်းစား စရာ ကောင်းတာ ဟဲဗီးဝိတ်တန်း က ချန်ပီယံ ဆင်းထိုးတာတောင် 2 ချီနဲ့ အပြတ် ဖြတ်ထားပြတဲ့ အောင်လ အန်ဆန်း လို ဖိုက်တာမျိုးကို ဘယ်သူက မစ်ဒယ်ဝိတ်တန်းမှာ စိန်ခေါ်ရဲမှာလဲ ဆိုတဲ့ မေးခွန်းက စိတ်ဝင် စားစရာပါ။

ယခင် စိန်ခေါ်ပွဲတွေ တုန်းကလဲ ဟာဆီဂါ၀ါ က နှစ်ကြိမ် ၊ အရှေ့အလယ်ပိုင်း မှာ မင်းမူနေတဲ့ ခရာကီ က တစ်ကြိမ် လာစမ်းကြပေမယ့် ၊ အောင်လ ကို အနိုင်ယူပြဖို့ က ဘယ်လိုမှကို နီးစပ်မှု မရှိသေးပါဘူး။ ဒါကြောင့် One Championship အနေနဲ့ ဒီတစ်ခါ အောင်လ ထိုးချင်တဲ့ မစ်ဒယ်ဝိတ်တန်း က ပြိုင်ဘက်ကို ရှာရတာ အခက်အခဲတွေ အနည်းငယ်တော့ ရှိမယ် ထင်ပါတယ်။

ဒါ့အပြင် အောင်လ ရဲ့ နေရာမရွေး ၊ ကွင်းမရွေးပဲ နိုင်ပွဲ ဆက်နေတဲ့ အရှိန်အဟုန်ကိုလဲ ပြိုင်ဘက်တိုင်းက စိုးရိမ်နေကြမှာပါ။ ဒါကြောင့်လဲ အောင်လ အန်ဆန်း ဟာ အာရှ ရဲ့ ပြိုင်ဘက်ကင်း ဖိုက်တာ တစ်ယောက် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

One Championship ဟာ ဒီဇင်ဘာလ ထဲမှာတော့ Mark of Greatness အမည် နဲ့ မလေးရှား နိုင်ငံက ဘူခစ်ဂျလီ မှာ နောက်ထပ် ပြိုင်ပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ထားပြီး ၊ အကယ်၍ ဖိုက်တာ ပြိုင်ဘက် ပေါ်လာခဲ့တယ် ဆိုရင် အောင်လကတော့ အဲဒီပွဲမှာလဲ ထိုးချင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဗီရာကို အနိုင်ယူတဲ့ ပွဲအပြီး အောင်လ အန်ဆန်း ရဲ့ အောင်မြင်မှု နဲ့ ကမ္ဘာကျော် သတင်းဌာနတွေ ဖြစ်တဲ့ ESPN , Yahoo Sports, The Sun တို့က ပြည့်ပြည့်စုံစုံ နဲ့ တစ်ခမ်းတနား ဖော်ပြခဲ့သလို ၊ MMA အသားပေး သတင်းဌာနတွေကလဲ ချီးကျူးဂုဏ်ပြုစကားပေါင်း များစွာ နဲ့ ဒီကနေ့မှာ ရေးသား ဖော်ပြလျှက် ရှိနေပါတယ်။

SPORTS MYANMAR

Zawgyi

ေအာင္လ အန္ဆန္း ရဲ႕ ေနာက္ထပ္ ေျခလွမ္းက ဘာျဖစ္မလဲ?

ေအာင္လ အန္ဆန္း နဲ႔ ဗီရာ တို႔ ထုိးသတ္ခဲ့တဲ့ ပြဲစဥ္ကေတာ့ ျပီးဆံုးသြားခဲ့ပါျပီ။ ဖီလစ္ပိုင္သားေတြရဲ႕ ဟီးရိုးၾကီး ျဖစ္တဲ့ ဗီရာဟာ ဒီပြဲမွာ ေအာင္လ ကို အဘက္ဘက္က ယွဥ္ျပိဳင္ႏိုင္ျခင္း မရွိပဲ ထိုက္ထုိက္တန္တန္ အရႈံးေပးလိုက္ရတာ ျဖစ္တဲ့အျပင္ ၊ ေအာင္လ ကုိ တကယ့္ ခ်န္ပီယံ အစစ္အမွန္ ျဖစ္ေၾကာင္း သူကိုယ္တိုင္ ေထာက္ခံ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဖီလစ္ပိုင္ ႏိုင္ငံဟာ ဒီပြဲအတြက္ ေအာင္ပြဲခံဖို႔ အၾကီးအက်ယ္ ျပင္ဆင္ထားခဲ့တာ ျဖစ္ျပီး ရုပ္သံထုတ္လႊင့္ကိုေတာ့ လုပ္ငန္း ႏွစ္ခုက တစ္ျပိဳင္နက္ ၀ယ္ယူျပီး ၊ တစ္ႏိုင္ငံလံုး အားေပးႏိုင္ေအာင္ ၾကိဳးစားခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္ သူတုိ႔ရဲ႕ တြက္ကိန္းဟာ ထင္ထားသလုိ ျဖစ္မလာခဲ့ပဲ ၊ ဖီလစ္ပိုင္ ဖိုက္တာေတြဟာ ခ်န္ပီယံလုပြဲေတြ အားလံုးမွာ အရႈံးေတြ နဲ႔သာ ရင္ဆုိင္ရင္း အိမ္ျပန္သြားခဲ့ရပါတယ္။

ျမန္မာ့ သူရဲေကာင္းၾကီး ေအာင္လ အန္ဆန္း ကေတာ့ ဗီရာ ကို အႏိုင္ယူ ျပျပီးမို႔ ၊ ေနာက္ထပ္ သူ႔ရဲ႕ ျပင္ဆင္မႈက ဘာေတြ ျဖစ္မလဲ ဆိုတဲ့ ေမးခြန္းကို ျပန္လည္ ေျဖၾကားရမွာေတာ့ မစ္ဒယ္၀ိတ္ တန္းက သူ႔ရဲ႕ ေရႊခါးပတ္ဆု ကို စိန္ေခၚခ်င္တဲ့ သူေတြတိုင္းကို ရင္ဆိုင္ ထိုးသတ္ဖို႔ အသင့္ပဲလို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

ဒါေၾကာင့္မို႔ က်ေနာ္တို႔ ပရိသတ္ေတြ အေနနဲ႔ ေနာက္ထပ္ ေအာင္လ အန္ဆန္း ရဲ႕ ခ်န္ပီယံလုပြဲဟာ မစ္ဒယ္၀ိတ္တန္းမွာ ျမင္ေတြ႔ရဖြယ္ ရွိေနပါတယ္။ ကခ်င္သားၾကီး ကေတာ့ ဒီပြဲမွာ ထိခ်က္က သိပ္ျပီး မရွိလိုက္တာေၾကာင့္ ၊ အေမရိကားကို ျပန္ေရာက္တဲ့ တစ္ျပိဳင္နက္ ၊ ဒဏ္ရာ အခ်ိဳ႕ကို ကုသရင္း ခ်က္ျခင္း ေလ့က်င့္ခန္း ျပန္ဆင္းမယ္လို႔ ဖြင့္ဟ သြားခဲ့သလုိ ၊ ေနာက္ထပ္ ထိုးသတ္မယ့္ ပြဲစဥ္ေတြကိုလဲ ဒီဇင္ဘာ (သို႔) ဇန္န၀ါရီ လထဲမွာ ထိုးသတ္သြားခ်င္တယ္လို႔ ေျပာဆုိသြားခဲ့ပါတယ္။

သူ႔ရဲ႕ ေျပာဆိုမႈေၾကာင့္ One Championship ဥကၠဌၾကီး ခ်က္ထရီ ကေတာင္ ျပံဳးျပသြားခဲ့ျပီး ၊ ဒီလို ဖိုက္တာမ်ိဳး နဲ႔ လက္တြဲခြင့္ရတာ သူ႔အတြက္ အရမ္းကို ကံေကာင္းတယ္ ဆိုတဲ့ အၾကည့္ေတြ နဲ႔ တုန္႔ျပန္သြားခဲ့ပါတယ္။

သို႔ေသာ္ စဥ္းစား စရာ ေကာင္းတာ ဟဲဗီး၀ိတ္တန္း က ခ်န္ပီယံ ဆင္းထိုးတာေတာင္ 2 ခ်ီနဲ႔ အျပတ္ ျဖတ္ထားျပတဲ့ ေအာင္လ အန္ဆန္း လို ဖိုက္တာမ်ိဳးကို ဘယ္သူက မစ္ဒယ္၀ိတ္တန္းမွာ စိန္ေခၚရဲမွာလဲ ဆုိတဲ့ ေမးခြန္းက စိတ္၀င္ စားစရာပါ။

ယခင္ စိန္ေခၚပြဲေတြ တုန္းကလဲ ဟာဆီဂါ၀ါ က ႏွစ္ၾကိမ္ ၊ အေရွ႕အလယ္ပိုင္း မွာ မင္းမူေနတဲ့ ခရာကီ က တစ္ၾကိမ္ လာစမ္းၾကေပမယ့္ ၊ ေအာင္လ ကို အႏုိင္ယူျပဖို႔ က ဘယ္လိုမွကို နီးစပ္မႈ မရွိေသးပါဘူး။ ဒါေၾကာင့္ One Championship အေနနဲ႔ ဒီတစ္ခါ ေအာင္လ ထိုးခ်င္တဲ့ မစ္ဒယ္၀ိတ္တန္း က ျပိဳင္ဘက္ကို ရွာရတာ အခက္အခဲေတြ အနည္းငယ္ေတာ့ ရွိမယ္ ထင္ပါတယ္။

ဒါ့အျပင္ ေအာင္လ ရဲ႕ ေနရာမေရြး ၊ ကြင္းမေရြးပဲ နိုင္ပြဲ ဆက္ေနတဲ့ အရွိန္အဟုန္ကိုလဲ ျပိဳင္ဘက္တိုင္းက စိုးရိမ္ေနၾကမွာပါ။ ဒါေၾကာင့္လဲ ေအာင္လ အန္ဆန္း ဟာ အာရွ ရဲ႕ ျပိဳင္ဘက္ကင္း ဖိုက္တာ တစ္ေယာက္ အျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

One Championship ဟာ ဒီဇင္ဘာလ ထဲမွာေတာ့ Mark of Greatness အမည္ နဲ႔ မေလးရွား ႏိုင္ငံက ဘူခစ္ဂ်လီ မွာ ေနာက္ထပ္ ျပိဳင္ပြဲ တစ္ခု က်င္းပဖို႔ စီစဥ္ထားျပီး ၊ အကယ္၍ ဖိုက္တာ ျပိဳင္ဘက္ ေပၚလာခဲ့တယ္ ဆိုရင္ ေအာင္လကေတာ့ အဲဒီပြဲမွာလဲ ထုိးခ်င္တယ္လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

ဗီရာကုိ အႏိုင္ယူတဲ့ ပြဲအျပီး ေအာင္လ အန္ဆန္း ရဲ႕ ေအာင္ျမင္မႈ နဲ႔ ကမၻာေက်ာ္ သတင္းဌာနေတြ ျဖစ္တဲ့ ESPN , Yahoo Sports, The Sun တို႔က ျပည့္ျပည့္စံုစံု နဲ႔ တစ္ခမ္းတနား ေဖာ္ျပခဲ့သလုိ ၊ MMA အသားေပး သတင္းဌာနေတြကလဲ ခ်ီးက်ဴးဂုဏ္ျပဳစကားေပါင္း မ်ားစြာ နဲ႔ ဒီကေန႔မွာ ေရးသား ေဖာ္ျပလွ်က္ ရွိေနပါတယ္။

SPORTS MYANMAR