Unicode

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေး ကော်မတီဟာ ရာသီတခု ပြီးဆုံး တိုင်း မှာ တရာသီအတွင်း အကောင်းဆုံး ကစားသမားဆု၊ တရာသီအတွင်း အကောင်းဆုံးနည်းပြဆု ၊ တရာသီအတွင်း အကောင်းဆုံး သွင်းဂိုးဆု တွေကို ချီးမြှင့် လေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုရာသီမှာ တော့ တရာသီအတွင်းအကောင်းဆုံး လူငယ်ကစားသမားဆုကို ပါစတင်ပေးအပ် ချီးမြှင့်သွားတော့မှာလည်းဖြစ်ပါတယ်။

အဆိုပါ လူငယ်အကောင်းဆုံး အတွက် အကျုံးဝင်တဲ့ ကစားသမား တွေကတော့ အသက် ၂၃ နှစ် နဲ့ အောက် လူငယ်ကြယ်ပွင့်လေးတွေဖြစ်ကြတယ်လို့သိရပါတယ်။ ဆုရွေးချယ်ရာမှာတော့ ပြင်ပလူထုရဲ့ မဲပေး ရွေးချယ်မှုနဲ့အတူ ပရီးမီးယားလိဂ်ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဆုံးဖြတ်ချက်ကိုပေါင်းပြီး ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် အရွယ်ပိုင်းအရ ခွဲခြားကန့်သတ် ချက်တွေ ကြောင့် လူငယ် တွေကို နေရာသိပ်မပေးတတ်တဲ့ အသင်းတွေအတွက် သူတို့ရဲ့ အသင်းသားတဦးဦး ဒီဆုကို ဆွတ်ခူး နိုင်ဖို့ မျှော်လင့်ချက် အတော်လေးကို နည်းပါတာဖြစ်ပါတယ်။ဒါပေမယ့် အာဆင်နယ် အသင်းလို လူငယ်တွေ ကို ယုံယုံကြည်ကြည်သုံးစွဲ တတ်တဲ့အသင်းမျိုးအတွက်တော့ ဒီဆုအတွက် အကျံုးဝင်နိုင်မယ့်လူငယ်တွေ အများအပြားရှိနေတာဖြစ်ပါတယ်။

ဒီရာသီ အာဆင်နယ်အသင်းရဲ့ ပြိုင်ပွဲစုံမှာ နေရာ ရရှိနေပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ဆီဘယ်လော့စ်၊တီယာနေး၊ မိတ်လန်းနိုင်းစ်၊ ဂွမ်ဒူဇီ၊ ဝီလော့ခ်၊ စမစ် ရိုဝီ၊ ရိုင်းစ်နယ်ဆင်၊ မာတီနယ်လီ၊ ဆာကာ အစရှိတဲ့ လူငယ်ကြယ်ပွင့် လေးတွေရဲ့ အသက် အရွယ် အပိုင်းအခြားက ဒီဆုအတွက် မျှော်လင့််ခွင့်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ ခြွင်းချက်ပေးထားမှု အရ အခုရာသီအစပိုင်းမှာ အသက် ၂၃ အရွယ်သာရှိနေသေးတဲ့ ကစားသမားတွေအနေနဲ့ လည်းဒီဆုအတွက် အကျံုးဝင်တယ်လို့သိရပါတယ်။အာဆင်နယ်အသင်းမှာတော့ ဒီစည်းမျဉ်းကြောင့် တော်ရဲယားနဲ့ ဟိုးဒင်းတို့ပါ ဒီဆုကို မျှော်လင့်နိုင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ တော်ရဲယားက အသက် ၂၃နှစ်အရွယ်သာရှိနေသေးတာဖြစ်ပြီး ရာသီကုန်မှာတော့ အသက် ၂၄နှစ်ရှိနေမှာဖြစ်ပါတယ်။ဟိုးဒင်းကလည်း လက်ရှိမှာ အသက် ၂၄နှစ်အရွယ် ဖြစ်ပေမယ့် ရာသီအစတုန်းက အသက် ၂၃နှစ်သာရှိသေးတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းသားတွေကြားမှာ ဒီဆုကို အမျှော်လင့်နိုင်ဆုံး ကစားသမား အဖြစ်တော့ ကွင်းလယ်ကြယ်ပွင့်လေး ဂွမ်ဒူဇီက ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပါတယ်။ဒီပြင်သစ်သားလေးဟာ ဒီရာသီအာဆင်နယ်အသင်းမှာခြေစွမ်းအပြဆုံုးကစားသမားတွေထဲကတဦးဖြစ်ပြီး စက်တင်ဘာလအတွက် အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

အာဆင်နယ်အတွက်သွင်းဂိုး လေးဂိုးနဲ့ ဖန်တီးမှု တကြိမ်စွမ်းဆောင်ထားတဲ့ မာတီနယ်လီ ကလည်း ဒီဆုအတွက် မျှော်လင့်လို့ရနေတာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ သွင်းဂိုး တဂိုးမှ မရထားသေးတာဖြစ်ပါတယ်။ဆာကာကလည်း ခြေစွမ်းပြနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုးတဂိုးသာပါဝင်ပတ်သက်ထားနိုင်နေသေးတာဖြစ်ပါတယ်။

ဝီလော့ခ်ကလည်း အလားတူ အခြေအနေမျိုးဖြစ်ပြီး သူသွင်းယူထားခဲ့တဲ့ ၃ဂိုးဟာ ယူရိုပါလိဂ်နဲ့ ကရာဘောင်ဖလားတွေမှာ သွင်းယူထားတာဖြစ်ပါတယ်။တီယာနေး အနေနဲ့ လည်းဖလားပြိုင်ပွဲတွေက ခြေစွမ်းကို လိဂ်ပြိုင်ပွဲအထိ သယ်လာနိုင်ရင် ဒီဆုကို မျှော်လင့်နိုင်တာဖြစ်ပါတယ်။

လက်ရှိအနေအထားတွေကြောင့်လည်း ဒီရာသီမှာစတင်ချီးမြှင့်မယ်လူငယ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ အာဆင်နယ် အသင်းသားအချို့ကို မြင်တွေ့ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

SPORTS MYANMAR

Zawgyi

ပရီးမီးယားလိဂ္ရဲ႕ တရာသီအတြင္းအေကာင္းဆံုးလူငယ္ကစားသမားဆုအတြက္အာဆင္နယ္အသင္းရဲ႕ဘယ္ကစားသမားေတြကေမွ်ာ္လင့္ခြင့္ရွိေနလဲ ?

===================================

ပရီးမီးယားလိဂ္ျပိဳင္ပြဲက်င္းပေရး ေကာ္မတီဟာ ရာသီတခု ျပီးဆံုး တိုင္း မွာ တရာသီအတြင္း အေကာင္းဆံုး ကစားသမားဆု၊ တရာသီအတြင္း အေကာင္းဆံုးနည္းျပဆု ၊ တရာသီအတြင္း အေကာင္းဆံုး သြင္းဂိုးဆု ေတြကို ခ်ီးျမွင့္ ေလ့ရွိခဲ႔တာျဖစ္ပါတယ္။ အခုရာသီမွာ ေတာ့ တရာသီအတြင္းအေကာင္းဆံုး လူငယ္ကစားသမားဆုကို ပါစတင္ေပးအပ္ ခ်ီးျမွင့္သြားေတာ့မွာလည္းျဖစ္ပါတယ္။

အဆိုပါ လူငယ္အေကာင္းဆံုး အတြက္ အက်ံဳးဝင္တဲ႕ ကစားသမား ေတြကေတာ့ အသက္ ၂၃ ႏွစ္ နဲ႔ ေအာက္ လူငယ္ျကယ္ပြင့္ေလးေတြျဖစ္ျကတယ္လို႔သိရပါတယ္။ ဆုေရြးခ်ယ္ရာမွာေတာ့ ျပင္ပလူထုရဲ႕ မဲေပး ေရြးခ်ယ္မွဳနဲ႔အတူ ပရီးမီးယားလိဂ္ေဘာလံုးက်ြမ္းက်င္သူေတြရဲ႕ ဆံုးျဖတ္ခ်က္ကိုေပါင္းျပီး ေပးအပ္မွာျဖစ္တယ္လို႕ သိရပါတယ္။

အသက္ အရြယ္ပိုင္းအရ ခြဲျခားကန္႔သတ္ ခ်က္ေတြ ေျကာင့္ လူငယ္ ေတြကို ေနရာသိပ္မေပးတတ္တဲ႔ အသင္းေတြအတြက္ သူတို႔ရဲ႕ အသင္းသားတဦးဦး ဒီဆုကို ဆြတ္ခူး ႏိုင္ဖို႔ ေမ်ွာ္လင့္ခ်က္ အေတာ္ေလးကို နည္းပါတာျဖစ္ပါတယ္။ဒါေပမယ့္ အာဆင္နယ္ အသင္းလို လူငယ္ေတြ ကို ယံုယံုျကည္ျကည္သံုးစြဲ တတ္တဲ႕အသင္းမ်ိဳးအတြက္ေတာ့ ဒီဆုအတြက္ အက်ံဳးဝင္ႏိုင္မယ့္လူငယ္ေတြ အမ်ားအျပားရွိေနတာျဖစ္ပါတယ္။

ဒီရာသီ အာဆင္နယ္အသင္းရဲ႕ ျပိဳင္ပြဲစံုမွာ ေနရာ ရရွိေနျပီး စြမ္းေဆာင္ရည္ေကာင္းေတြျပသေနတဲ႔ ဆီဘယ္ေလာ့စ္၊တီယာေနး၊ မိတ္လန္းႏိုင္းစ္၊ ဂြမ္ဒူဇီ၊ ဝီေလာ့ခ္၊ စမစ္ ရိုဝီ၊ ရိုင္းစ္နယ္ဆင္၊ မာတီနယ္လီ၊ ဆာကာ အစရွိတဲ႔ လူငယ္ျကယ္ပြင့္ ေလးေတြရဲ႕ အသက္ အရြယ္ အပိုင္းအျခားက ဒီဆုအတြက္ ေမွ်ာ္လင့္္ခြင့္ရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ ျခြင္းခ်က္ေပးထားမွဳ အရ အခုရာသီအစပိုင္းမွာ အသက္ ၂၃ အရြယ္သာရွိေနေသးတဲ႔ ကစားသမားေတြအေနနဲ႔ လည္းဒီဆုအတြက္ အက်ံဳးဝင္တယ္လုိ႔သိရပါတယ္။အာဆင္နယ္အသင္းမွာေတာ့ ဒီစည္းမ်ဥ္းေျကာင့္ ေတာ္ရဲယားနဲ႔ ဟိုးဒင္းတု႔ိပါ ဒီဆုကို ေမ်ွာ္လင့္ႏိုင္ေနတာျဖစ္ပါတယ္။

လက္ရွိမွာ ေတာ္ရဲယားက အသက္ ၂၃ႏွစ္အရြယ္သာရွိေနေသးတာျဖစ္ျပီး ရာသီကုန္မွာေတာ့ အသက္ ၂၄ႏွစ္ရွိေနမွာျဖစ္ပါတယ္။ဟိုးဒင္းကလည္း လက္ရွိမွာ အသက္ ၂၄ႏွစ္အရြယ္ ျဖစ္ေပမယ့္ ရာသီအစတုန္းက အသက္ ၂၃ႏွစ္သာရွိေသးတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းသားေတြျကားမွာ ဒီဆုကို အေမွ်ာ္လင့္ႏိုင္ဆုံး ကစားသမား အျဖစ္ေတာ့ ကြင္းလယ္ျကယ္ပြင့္ေလး ဂြမ္ဒူဇီက ထိပ္ဆံုးမွာ ရွိေနတာျဖစ္ပါတယ္။ဒီျပင္သစ္သားေလးဟာ ဒီရာသီအာဆင္နယ္အသင္းမွာေျခစြမ္းအျပဆုံုးကစားသမားေတြထဲကတဦးျဖစ္ျပီး စက္တင္ဘာလအတြက္ အသင္းရဲ႕ အေကာင္းဆံုးကစားသမားဆုကိုဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။

အာဆင္နယ္အတြက္သြင္းဂိုး ေလးဂိုးနဲ႔ ဖန္တီးမွဳ တျကိမ္စြမ္းေဆာင္ထားတဲ႔ မာတီနယ္လီ ကလည္း ဒီဆုအတြက္ ေမ်ွာ္လင့္လို႕ရေနတာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ သြင္းဂိုး တဂိုးမွ မရထားေသးတာျဖစ္ပါတယ္။ဆာကာကလည္း ေျခစြမ္းျပေနေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ သြင္းဂိုးတဂိုးသာပါဝင္ပတ္သက္ထားႏိုင္ေနေသးတာျဖစ္ပါတယ္။

ဝီေလာ့ခ္ကလည္း အလားတူ အေျခအေနမ်ိဳးျဖစ္ျပီး သူသြင္းယူထားခဲ႔တဲ႔ ၃ဂိုးဟာ ယူရုိပါလိဂ္နဲ႔ ကရာေဘာင္ဖလားေတြမွာ သြင္းယူထားတာျဖစ္ပါတယ္။တီယာေနး အေနန႔ဲ လည္းဖလားျပိဳင္ပြဲေတြက ေျခစြမ္းကို လိဂ္ျပိဳင္ပြဲအထိ သယ္လာႏိုင္ရင္ ဒီဆုကို ေမ်ွာ္လင့္ႏိုင္တာျဖစ္ပါတယ္။

လက္ရွိအေနအထားေတြေျကာင့္လည္း ဒီရာသီမွာစတင္ခ်ီးျမွင့္မယ္လူငယ္အေကာင္းဆံုးကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းမွာ အာဆင္နယ္ အသင္းသားအခ်ိဳ႔ကို ျမင္ေတြ႔ရဖြယ္ရွိေနတာ ျဖစ္ပါတယ္။

SPORTS MYANMAR