Unicode

* အာဆင်နယ် အသင်း တိုက်စစ်မှူး နီကိုလပ်စ် ပေပေ ဟာ မနေ့ညက ကွန်ဂို အသင်းကို သုံးဂိုး တစ်ဂိုးနဲ့ ဂိုးပြတ် အနိုင် ရတဲ့ ပွဲမှာ အိုင်ဗရီကိုစ့် လက်ရွေးစင် အသင်း အတွက် ဒုတိယမြောက်ဂိုးကို ဇာဟာ ရဲ့ ဖန်တီး ပေးပို့မှု ကနေ နောက်ပေါက် နဲ့ လှလှပပ သွင်းယူ ပေးခဲ့ပါတယ် ။

* အာဆင်နယ် အမျိုးသမီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အမျိုးသမီး စူပါလိဂ် ပွဲစဉ်မှာ လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အမျိုးသမီး အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ သွားခဲ့ ရပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်းအတွက် ဂိုးကိုတော့ ဗန်ဒီဒွန့် က သွင်းယူ ပေးခဲ့တာပါ ။

 

* အီတလီ သတင်းထောက် နီကိုလို စခီရာ ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်း ကို ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးဖို့ ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သိရပါတယ် ။

* ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် အသင်းမှာ တစ်ရာသီ အငှားသွားရောက် ကစားပြီး ခြေစွမ်းပြ ဂိုးသွင်းယူ နေပေမယ့် ပုံမှန် ပွဲထွက်ခွင့် မရတဲ့ အန်ခီတီးယား ကို အသင်းထံ ပြန်လည် ခေါ်ဆောင်ဖို့ အာဆင်နယ် အသင်းဘက်က စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဘက်က အငှားစာချုပ် ဖျက်သိမ်း ဖြစ်ပါက အန်ခီတီးယားကို အငှား ခေါ်ယူဖို့ ဘရစ္စတိုးလ်စီးတီး အသင်းက စိတ်ဝင်စားနေပါတယ် ။

* အာဆင်နယ် အသင်း နောက်ခံလူ ဒေးဗစ်လူးဝဇ် ဟာ ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားထားတဲ့ အချိန်မှာ အသင်း ရဲ့ တရားဝင် ခရီးသွား ပါတနာ ဖြစ်တဲ့ Visit Rwanda နဲ့ အတူ ရဝမ်ဒါ နိုင်ငံ ကို သွားရောက် လေ့လာ လည်ပတ် ခဲ့ပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ခံစစ် အတွင်းလူ နေရာ အတွက် ဗီလာရီးရဲလ် အသင်း နဲ့ စပိန် နောက်ခံလူ ပေါ်တောရက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တောရက်စ် ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို သန်း ၅၀ အထိ ရှိနေပါတယ် ။

* Daily Mail ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ လိဂ်တူး ကလပ် စကမ်တော်ပီ အသင်းရဲ့ ကွင်းလယ်လူ ဂျိုဝီ ဒေါ်ဆင် ကို ခေါ်ယူဖို့ စိတ်ဝင် စားနေတယ်လို့ သိရပါတယ် ။ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျိုဝီ ဒေါ်ဆင် ဟာ တော့တင်ဟမ် နောက်ခံလူဟောင်း မိုက်ကယ် ဒေါ်ဆင် ရဲ့တူ လည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်း ဂိုးသမားဟောင်း ပီတာဆက်ချ် ဟာ မနေ့ညက ဗြိတန် ရေခဲပြင် ဟော်ကီကလပ် Guiltfird Pheonix အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခဲ့ပြီး Swindon Wildcat အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။ ပီတာဆက်ချ် ဟာ Guiltfird Pheonix အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီ နှစ်လုံးကို ကာကွယ် ပေးနိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိ သွားခဲ့ပါတယ် ။

 

* အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၂ နှစ်တာ ကာလ အတွင်းမှာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဗိုလ်စွဲခဲ့တဲ့ အသင်းဟာ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါး ရဲ့ ပထမဆုံး ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ဖြစ်တဲ့ ” My Life in Red and White ” စာအုပ် ကို လာမယ့်နှစ် ၂၀၂၀ ၊ ဆောင်းဦးရာသီလောက်မှာ ပြင်သစ် နဲ့ ဗြိတိန် မှာ စတင် ထုတ်ဝေ ရောင်းချ သွားမယ်လို့ သိရပါတယ် ။

SPORTS MYANMAR

Zawgyi

အာဆင်နယ် သတင်းတိုများ
==================








* အာဆင်နယ် အသင်း ဂိုးသမားဟောင်း ပီတာဆက်ခ်ျ ဟာ မနေ့ညက ဗြိတန် ရေခဲပြင် ဟော်ကီကလပ် Guiltfird Pheonix အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခဲ့ပြီး Swindon Wildcat အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။ ပီတာဆက်ခ်ျ ဟာ Guiltfird Pheonix အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီ နှစ်လုံးကို ကာကွယ် ပေးနိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိ သွားခဲ့ပါတယ် ။



SPORTS MYANMAR