Unicode

ချယ်လ်ဆီး အသင်း ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ် အတွင်း မှာ ရုရှား သူဋ္ဌေး ရိုမန် အေဘရာမိုဗစ်ချ် ဝယ်ယူ ခဲ့ခြင်း နဲဲ့ အတူ တဟုန်ထိုး တိုးတက် ကောင်းမွန်လာပြီး ဥရောပ ဘောလုံး လောက အလယ် မှာ အောင်မြင်မှု များစွာ ရယူ လာနိုင်တဲ့ ထိပ်တန်း အသင်းကြီး တသင်း အနေနဲ့ ဦးမော့ လာခဲ့ပါတယ် ။

အေဘရာမိုဗစ်ချ် ဟာ သူ့ရဲ့ ငွေကြေး အမြောက်အမြား ကို ထုတ်သုံးခဲ့ပြီး ချယ်လ်ဆီး အသင်း တိုးတက်ဖို့ အတွက် ထိပ်တန်း ကစားသမားကောင်း တွေကို ငွေကြေး အလုံးအရင်း နဲ့ ဝယ်ယူ ရာမှာ ၊ ထိပ်တန်း မန်နေဂျာ တွေကို ခန့်အပ်ရာမှာ အဓိက အသုံးပြု ခဲ့ပါတယ် ။

ဒီလို အသုံးပြုခဲ့မှုကြောင့်ပဲ ချယ်လ်ဆီး အသင်း ဟာ ၄င်း လက်ထက် မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ၅ ကြိမ် ၊ ချန်ပီယံလိဂ် ချန်ပီယံ တကြိမ် ၊ ယူရိုပါလိဂ် ဖလား ၂ကြိမ် ၊ အက်ဖ်အေ ဖလား ၅ကြိမ် အပြင် အခြား ဆုဖလား များစွာလည်း ရရှိ ခဲ့ပါတယ် ။

အခုလို ချယ်လ်ဆီး အသင်း ကို ကြီးမား အောင်မြင်တဲ့ သမိုင်းကြောင်း တခု ဆီသို့ မဦးတည်မီ အေဘရာမိုဗစ်ချ် ဟာ အခြား လန်ဒန် ကလပ် အသင်း တွေ ဖြစ်ကြတဲ့ တော့တင်ဟမ် ၊ ဖူလ်ဟမ် အသင်း တွေကို ဝယ်ယူဖို့ ကြံစည် ခဲ့ဖူးပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်း မန်နေဂျာဟောင်း ဆဗန်ဂိုရန် အဲရစ်ဆင် ဟာ အေဘရာမိုဗစ်ချ် ကို ချယ်လ်ဆီး အသင်းအား ဝယ်ယူဖို့ တိုက်တွန်းခဲ့သူ တယောက် လည်း ဖြစ်ပါတယ် ။ ထိုစဉ်က ချယ်လ်ဆီး အသင်း ဟာ ဥရောပ ထိပ်တန်း အသင်း တသင်း အသွင်သို့ စတင် ပြောင်းလဲဖို့ ချီတက် နေတဲ့ အသင်း ဖြစ်ပါတယ် ။

ထို အခိုက်အတန့် မှာ အေဘရာမိုဗစ်ချ် က အဲရစ်ဆင် ထံမှ အကြံဉာဏ် တောင်းခံ ခဲ့ပုံမှာ ” ကျွန်တော် တို့ ၂ယောက် ဟာ Les Ambassadeur ( လန်ဒန်မြို့ မှ ကာစီနို ကလပ် တခု ) မှာ တွေ့ဆုံ ခဲ့ကြပါတယ် ။ ကျွန်တော် က အရင် ရောက်နှင့် နေခဲ့တာပါ ။ အဲ့ဒီ အခါ မှာ လူ ၃ယောက် ကျွန်တော့ အရှေ့ မှာ မတ်တပ် လာရပ်ကြပါတယ် ။ တယောက် က ဝတ်ကောင်းစားကောင်း ဝတ်ထားပါတယ် ။ နောက်တယောက် လည်း ဒီ အတိုင်းပါပဲ ။ ”

” နောက်ဆုံး တယောက် ကို ကျွန်တော် ကြည့်ကြည့်တဲ့ အခါ သူ့ကို ကျွန်တော် အစောပိုင်း တွေးထင် မိတာက ကားဒရိုင်ဘာ လို့ ထင်ခဲ့မိပါတယ် ။ ဒါပေမယ့် အဲ့ဒီသူက ရိုမန် ဖြစ်ခဲ့ပါတယ် ။ သူဟာ မော်စကို က ကလပ် တခု ကို ဝယ်ချင်တဲ့ အတွက်ကြောင့် ကျွန်တော် တို့ အတူတူ မော်စကို ကို သွားခဲ့ ကြပါတယ် ။ ၃ရက်ကြာခဲ့ပါတယ် ။ ပင်နီ ၊ ကျွန်တော် နဲ့ ရိုမန် တို့ ၃ယောက် အတူတူ သွားခဲ့ပြီး ကလပ် အသင်း တွေ အကုန် လိုက်ကြည့် ဖြစ်ခဲ့ပါတယ် ။ ”

” အဲ့ဒီ မှာ ကျွန်တော် သူ့ကို ‘ ဒိုင်နမို မော်စကို ကို ဝယ် ၊ အဲ့ဒီ အသင်း က ဝန်ဆောင်မှု တွေက အစ ပြည့်စုံတယ် ‘ လို့ ပြောခဲ့ပါတယ် ။ အဲ့ဒီနောက် ကျွန်တော် အားလပ်ရက် ခရီးထွက် ခဲ့တယ် ။ ရိုမန် ရဲ့ ညာလက်ရုံး က ကျွန်တော့ ကို ဖုန်းဆက် လာခဲ့ပြီး သူ စိတ်ပြောင်းသွားတဲ့ အကြောင်း လာပြောပါတယ် ။ နောက်ပြီး ရိုမန် က လန်ဒန် က ကလပ် တသင်း ကို ဝယ်ချင်တယ် လို့ သူက ဆက်ပြောပါတယ် ။ ”

” အဲ့ဒီမှာ ကျွန်တော် က ‘ တော့တင်ဟမ် လား ။ ချယ်လ်ဆီး လား ‘ လို့ မေးခဲ့ပါတယ် ။ သူကတော့ ဆုဖလား အောင်မြင်မှု များစွာ ရချင်တယ် လို့ ပြန်ဖြေပါတယ် ။ အဲ့ဒီတော့ ကျွန်တော် က သူ့ကို ‘ ဒါဆို ချယ်လ်ဆီး ကို ဝယ်လိုက်ပါ ။ သူတို့ အသင်း က ပြောင်းလဲဖို့ တဝက်လောက်ပဲ လိုတယ် ။ တော့တင်ဟမ် ကို ဝယ်ရင် ခင်ဗျား တသင်းလုံး လိုက်ပြီး ပြောင်းလဲ ပေးနေရလိမ့်မယ် ။ ‘ လို့ ပြောခဲ့ပါတယ် ။ ” လို့ ပြန်ပြောင်း ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ခ်ယ္လ္ဆီး အသင္း ရဲ႕ သမိုင္းေၾကာင္း ကို ေျပာင္းလဲေစခဲ့တဲ့ အၾကံေပးမႈ တခု အေၾကာင္း ဖြင့္ဟလာတဲ့ #အဲရစ္ဆင္

ခ်ယ္လ္ဆီး အသင္း ဟာ လြန္ခဲ့တဲ့ ၁၀ စုႏွစ္ အတြင္း မွာ ရုရွား သူေ႒း ရိုမန္ ေအဘရာမိုဗစ္ခ်္ ဝယ္ယူ ခဲ့ျခင္း နဲဲ႕ အတူ တဟုန္ထိုး တိုးတက္ ေကာင္းမြန္လာျပီး ဥေရာပ ေဘာလံုး ေလာက အလယ္ မွာ ေအာင္ျမင္မႈ မ်ားစြာ ရယူ လာႏိုင္တဲ့ ထိပ္တန္း အသင္းၾကီး တသင္း အေနနဲ႕ ဦးေမာ့ လာခဲ့ပါတယ္ ။

ေအဘရာမိုဗစ္ခ်္ ဟာ သူ႕ရဲ႕ ေငြေၾကး အေျမာက္အျမား ကို ထုတ္သံုးခဲ့ျပီး ခ်ယ္လ္ဆီး အသင္း တိုးတက္ဖို႕ အတြက္ ထိပ္တန္း ကစားသမားေကာင္း ေတြကို ေငြေၾကး အလံုးအရင္း နဲ႕ ဝယ္ယူ ရာမွာ ၊ ထိပ္တန္း မန္ေနဂ်ာ ေတြကို ခန္႕အပ္ရာမွာ အဓိက အသံုးျပဳ ခဲ့ပါတယ္ ။

ဒီလို အသံုးျပဳခဲ့မႈေၾကာင့္ပဲ ခ်ယ္လ္ဆီး အသင္း ဟာ ၄င္း လက္ထက္ မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ၅ ၾကိမ္ ၊ ခ်န္ပီယံလိဂ္ ခ်န္ပီယံ တၾကိမ္ ၊ ယူရိုပါလိဂ္ ဖလား ၂ၾကိမ္ ၊ အက္ဖ္ေအ ဖလား ၅ၾကိမ္ အျပင္ အျခား ဆုဖလား မ်ားစြာလည္း ရရွိ ခဲ့ပါတယ္ ။

အခုလို ခ်ယ္လ္ဆီး အသင္း ကို ၾကီးမား ေအာင္ျမင္တဲ့ သမိုင္းေၾကာင္း တခု ဆီသို႕ မဦးတည္မီ ေအဘရာမိုဗစ္ခ်္ ဟာ အျခား လန္ဒန္ ကလပ္ အသင္း ေတြ ျဖစ္ၾကတဲ့ ေတာ့တင္ဟမ္ ၊ ဖူလ္ဟမ္ အသင္း ေတြကို ဝယ္ယူဖို႕ ၾကံစည္ ခဲ့ဖူးပါတယ္ ။

အဂၤလန္ လက္ေရြးစင္ အသင္း မန္ေနဂ်ာေဟာင္း ဆဗန္ဂိုရန္ အဲရစ္ဆင္ ဟာ ေအဘရာမိုဗစ္ခ်္ ကို ခ်ယ္လ္ဆီး အသင္းအား ဝယ္ယူဖို႕ တိုက္တြန္းခဲ့သူ တေယာက္ လည္း ျဖစ္ပါတယ္ ။ ထိုစဥ္က ခ်ယ္လ္ဆီး အသင္း ဟာ ဥေရာပ ထိပ္တန္း အသင္း တသင္း အသြင္သို႕ စတင္ ေျပာင္းလဲဖို႕ ခ်ီတက္ ေနတဲ့ အသင္း ျဖစ္ပါတယ္ ။

ထို အခိုက္အတန္႕ မွာ ေအဘရာမိုဗစ္ခ်္ က အဲရစ္ဆင္ ထံမွ အၾကံဉာဏ္ ေတာင္းခံ ခဲ့ပံုမွာ ” ကြ်န္ေတာ္ တို႕ ၂ေယာက္ ဟာ Les Ambassadeur ( လန္ဒန္ျမိဳ႕ မွ ကာစီႏို ကလပ္ တခု ) မွာ ေတြ႕ဆံု ခဲ့ၾကပါတယ္ ။ ကြ်န္ေတာ္ က အရင္ ေရာက္ႏွင့္ ေနခဲ့တာပါ ။ အဲ့ဒီ အခါ မွာ လူ ၃ေယာက္ ကြ်န္ေတာ့ အေရွ႕ မွာ မတ္တပ္ လာရပ္ၾကပါတယ္ ။ တေယာက္ က ဝတ္ေကာင္းစားေကာင္း ဝတ္ထားပါတယ္ ။ ေနာက္တေယာက္ လည္း ဒီ အတိုင္းပါပဲ ။ ”

” ေနာက္ဆံုး တေယာက္ ကို ကြ်န္ေတာ္ ၾကည့္ၾကည့္တဲ့ အခါ သူ႕ကို ကြ်န္ေတာ္ အေစာပိုင္း ေတြးထင္ မိတာက ကားဒရိုင္ဘာ လို႕ ထင္ခဲ့မိပါတယ္ ။ ဒါေပမယ့္ အဲ့ဒီသူက ရိုမန္ ျဖစ္ခဲ့ပါတယ္ ။ သူဟာ ေမာ္စကို က ကလပ္ တခု ကို ဝယ္ခ်င္တဲ့ အတြက္ေၾကာင့္ ကြ်န္ေတာ္ တို႕ အတူတူ ေမာ္စကို ကို သြားခဲ့ ၾကပါတယ္ ။ ၃ရက္ၾကာခဲ့ပါတယ္ ။ ပင္နီ ၊ ကြ်န္ေတာ္ နဲ႕ ရိုမန္ တို႕ ၃ေယာက္ အတူတူ သြားခဲ့ျပီး ကလပ္ အသင္း ေတြ အကုန္ လိုက္ၾကည့္ ျဖစ္ခဲ့ပါတယ္ ။ ”

” အဲ့ဒီ မွာ ကြ်န္ေတာ္ သူ႕ကို ‘ ဒိုင္နမို ေမာ္စကို ကို ဝယ္ ၊ အဲ့ဒီ အသင္း က ဝန္ေဆာင္မႈ ေတြက အစ ျပည့္စံုတယ္ ‘ လို႕ ေျပာခဲ့ပါတယ္ ။ အဲ့ဒီေနာက္ ကြ်န္ေတာ္ အားလပ္ရက္ ခရီးထြက္ ခဲ့တယ္ ။ ရုိမန္ ရဲ႕ ညာလက္ရုံး က ကြ်န္ေတာ့ ကို ဖုန္းဆက္ လာခဲ့ျပီး သူ စိတ္ေျပာင္းသြားတဲ့ အေၾကာင္း လာေျပာပါတယ္ ။ ေနာက္ျပီး ရိုမန္ က လန္ဒန္ က ကလပ္ တသင္း ကို ဝယ္ခ်င္တယ္ လို႕ သူက ဆက္ေျပာပါတယ္ ။ ”

” အဲ့ဒီမွာ ကြ်န္ေတာ္ က ‘ ေတာ့တင္ဟမ္ လား ။ ခ်ယ္လ္ဆီး လား ‘ လို႕ ေမးခဲ့ပါတယ္ ။ သူကေတာ့ ဆုဖလား ေအာင္ျမင္မႈ မ်ားစြာ ရခ်င္တယ္ လို႕ ျပန္ေျဖပါတယ္ ။ အဲ့ဒီေတာ့ ကြ်န္ေတာ္ က သူ႕ကို ‘ ဒါဆို ခ်ယ္လ္ဆီး ကို ဝယ္လိုက္ပါ ။ သူတို႕ အသင္း က ေျပာင္းလဲဖို႕ တဝက္ေလာက္ပဲ လိုတယ္ ။ ေတာ့တင္ဟမ္ ကို ဝယ္ရင္ ခင္ဗ်ား တသင္းလံုး လိုက္ျပီး ေျပာင္းလဲ ေပးေနရလိမ့္မယ္ ။ ‘ လို႕ ေျပာခဲ့ပါတယ္ ။ ” လို႕ ျပန္ေျပာင္း ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR