အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂါးရတ် ဆောက်ဂိတ် ဟာ လက်တလော အသင်း ရဲ့ ခံစစ် ကစား ပုံတွေ ကျဆင်း နေ ခဲ့တဲ့ အတွက် ဂိုးသမား နဲ့ ခံစစ် ကစားသမား တွေကို အလဲအလှယ် လုပ်ပြီး ကစား သွား လိုတဲ့ အရိပ် အယောင် တွေ ပြသ နေခဲ့ ပါတယ် ။

အခုတော့ အင်္ဂလန် လက်ရွေးစင် ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ အလန်ရှီးယား က လက်ရှိ အသင်း ရဲ့ ကစားသမား လေးဦး ကို အခု အတိုင်း ဆက်လက် ကစား ကြ ပါက နေရာ ပျောက်သွား နိုင်ကြောင်း သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သောကြာ နေ့ တုန်းက ကစားသမား ခဲ့ ကြတဲ့ အင်္ဂလန် ခံစစ် ကစား သမား ငါးဦး ထဲက လေးဦး ဟာ အခက် အခဲ တွေကို ရင်ဆိုင် ခဲ့မှု နဲ့ အတူ ကျွန်တော် တို့ အတွက် အံ့အား သင့်ဖွယ် တွေကို လုပ်ဆောင် သွားခဲ့ ကြ ပါတယ် ”

” အဲဗာတန် က ပစ်ဖို့ဒ် နဲ့ မိုက်ကယ် ကိန်း ၊ ယူနိုက်တက် က မက်ဂွားယား နဲ့ တော့တင်ဟမ် က ဒန်နီ ရို့စ် တို့ပေါ့ ။ ခင်ဗျား အနေ နဲ့ သူတို့ တွေရဲ့ ခြေစွမ်း နဲ့ ကလပ် အသင်း ရဲ့ အနေအထား တွေကို ကြည့်ရှု လိုက်ပါ ။ သူတို့ တွေဟာ နိုင်ငံ့ အသင်း အတွက် ဘယ်လို မှ ကောင်းမွန် တဲ့ ခြေစွမ်း ကို မပြသ နိုင်ခဲ့ ကြ ပါဘူး ”

” ခင်ဗျား တို့ ကတော့ သူတို့ တွေကို လန်းဆန်း တက်ကြွ မှု တွေနဲ့ အတူ အခွင့် အရေး ကောင်းတွေ ကို ရယူ နိုင်ဖို့ မျှော်လင့် ကောင်း မျှော်လင့် ထားခဲ့ ကြမှာ ပါပဲ ။ ဒါပေမယ့် သူတို့ တွေက အဲ့တာ ကို မလုပ်ဆောင် နိုင်ခဲ့ ကြတာ သိသာ ထင်ရှား လွန်းခဲ့ ပါတယ် ”

” ကျွန်တော် ကတော့ ခံစစ်ပိုင်း မှာ အပြောင်း အလဲ အချို့ ဖြစ်ပေါ် လာဖို့ နဲ့ ကစား ကွက်မှာ အပြောင်း အလဲ တွေ ဖြစ်ပေါ် လာဖို့ တောင် မျှော်လင့် နေ ပါပြီ ။ ဂါးရတ် ဟာ 4 – 2 – 3 – 1 ကစား ကွက်ကို ခင်းကျင်း ခဲ့ ပါတယ် ။ ဒါပေမယ့် အလုပ် မဖြစ် ခဲ့တဲ့ အခါ မှာ သူဟာ အပြောင်း အလဲ လုပ်ဆောင် သွားခဲ့ ပါတယ် ”

” ဒါပေမယ့် ဘယ်ဟာ က မှန်ကန် တဲ့ နည်း စနစ် တစ်ခု လဲ ဆိုတာ ကို သူဟာ ရှာဖွေ နေဆဲ ဖြစ်ပြီး ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ လုပ်ဆောင် နေတယ် လို့ပဲ ကျွန်တော် ထင်မိ ပါတယ် ” လို့ အလန်ရှီးယား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်း ဟာ 2018 ကမ႓ာ့ ဖလား ပြိုင်ပွဲ နဲ့ နေးရှင်းလိဂ် ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ချက် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာတော့ သူတို့ ရဲ့ ခြေစွမ်း ဟာ ဘယ်လို မှ အားရ ကျေနပ် စရာ မရှိ ခဲ့ ပါဘူး ။ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် လို့ …

” ဘယ်သူ ကမှ လက်ရှိ အင်္ဂလန် အသင်း သစ်ကို ခမ်းနားတယ် လို့ ခေါ်ဝေါ် ခြင်း မရှိ ခဲ့ ပါဘူး ။ ဒါပေမယ့် ဒီ အသင်း ဟာ သောကြာ နေ့က ကစား ခဲ့တာ ထက် ပိုကောင်းတဲ့ အသင်း တစ်သင်း ဆိုတာ တော့ သေချာ ပါတယ် ။ ဘူလ်ဂေးရီးယား နဲ့ ပွဲစဉ် မှာတော့ သူတို့ တွေ အကောင်းဆုံး လုပ်ဆောင် ပြရင်း ယူရို ခြေစစ်ပွဲ အောင်နိုင် ဖို့ မျှော်လင့် နေ ပါတယ် ”

” အကယ်လို့ ခင်ဗျား ဟာ ကစားပုံ ဆိုးရွား ခဲ့ပြီး ရှုံးနိမ့် ခဲ့မယ် ဆိုရင် နောက် တစ်ပွဲ ကို အမြန်ဆုံး ကစား ချင် နေမှာ ပါပဲ ။ သူတို့ အခု အဲ့ဒီ အခွင့် အရေး ကို ရရှိ ထားကြ ပါတယ် ။ လူတိုင်း က ခြေစွမ်း ကျဆင်း ခွင့် ရှိ ပါတယ် ။ ဒါပေမယ့် အဲ့တာ ပြီးရင် တော့ နောက် တစ်ပွဲ မှာ ဘယ်လို တုန့်ပြန် မလဲ ဆိုတာ အရေး ပါလှ ပါတယ် ”

” သောကြာ နေ့က ပုံစံ အတိုင်း ကစားမယ် ဆိုရင် ဖေဖန် ခံနေ ရမှာ ပါပဲ ။ ခင်ဗျား ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစားပေး နေတာ ပါ ။ ဒီ အတွက် ခင်ဗျား ဒါတွေ ဖြစ်လာ လိမ့်မယ် ဆိုတာ ကြိုတင် မျှော်လင့် ထားရ ပါ့မယ် ”

” ပြီးတော့ ဆောက်ဂိတ် ဆီက အပြောင်း အလဲ တွေ များစွာ ရောက်ရှိ လာနိုင်တယ် ဆိုတာ ကိုလည်း သူတို့ တွေ မျှော်လင့် ထားကြ ရ ပါ့မယ် ။ အကယ်လို့ ခင်ဗျား တို့ တွေဟာ ဒီ အတိုင်း ဆက်လက် ကစား နေကြမယ် ဆိုရင် နောက် တစ်ပွဲ မှာ ပွဲထွက် ကစားသမား စာရင်း ကတောင် ချန်လှပ် ထားခံ ရပါ လိမ့်မယ် ” လို့ အလန်ရှီးယား က သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar