မန်စီးတီး ရဲ့ ငွေကြေး ဆိုင်ရာ လည်ပတ်မှုတွေကို စုံးစမ်း စစ်ဆေးနေတဲ့ Club Financial Control Body ရဲ့ စုံစမ်းရေးမှုး ကတော့ ၊ သူတို့ ရဲ့ တွေ့ရှိချက်တွေ အားလုံးကို အကဲဖြတ်အဖွဲ့ထံ တင်ပြလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ် ရဲ့ ဒီညနေ တရားဝင် ထုတ်ပြန် ကြေငြာချက်မှာတော့ ” Club Financial Control Body ရဲ့ စုံစမ်းရေးမှုး အကြီးအကဲဟာ ၊ အခြား အဖွဲ့ဝင်တွေ အားလုံး နဲ့ တိုင်ပင်ပြီး ၊ လေ့လာတွေ့ရှိချက် အားလုံးကို အကဲဖြတ် အကြီးအကဲများ အဖွဲ့ထံ တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

ဒီစုံစမ်း စစ်ဆေးမှုတွေကို 2019 ခုနှစ် မတ်လ 7 ရက်နေ့မှာ စတင်ခဲ့တာပါ။ အဓိက အကြောင်းအရာတွေ ကတော့ လတ်တလောမှာ သတင်းစာတွေ ဖော်ပြနေတဲ့ အကြောင်းတွေချည်းပါပဲ။

အကဲဖြတ် အဖွဲ့က တရားဝင် ဆုံးဖြတ်ချက် မချမှတ် သေးသ၍ ဥရောပ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ မည်သည့် မှတ်ချက်မျိုးမှ ထပ်မံ ပြောဆိုမှာ မဟုတ်ပါဘူး” လို့ ဖော်ပြ သွားခဲ့ပါတယ်။

တစ်ဆက်ထဲမှာပဲ မန်စီးတီး ကလဲ အဲဒီ ကြေငြာချက် အပေါ် တုန့်ပြန်မှု အနေနဲ့ ကလပ်အသင်းရဲ့ ရပ်တည်မှု သဘောထားကို ကြေငြာချက် ထပ်မံ ထုတ်ပြန်ခဲ့ ပါတယ်။

” အခုလို သတင်းမျိုး ကြားရတဲ့ အတွက် အရမ်းကို စိတ်ပျက်မိပါတယ်။ ဒါပေမယ့် Club Financial Control Body ရဲ့ စုံစမ်းရေးမှုး Yves Leterme ရဲ့ လုပ်ဆောင်ချက် အပေါ်ကိုတော့ အံ့အားသင့် နေစရာ အကြောင်း မရှိပါဘူး။

ဒီရက်ပိုင်း အတွင်း ထွက်ပေါ်လာတဲံ သတင်းတွေ အားလုံးကလဲ သူ့ဆီ ကနေ ပျံ့နှံ့ လာခဲ့တာ ဖြစ်မှာပါ။ ဒါပေမယ့် အကဲဖြတ်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ဟာ မန်စီးတီး အတွက် အပေါင်း လက္ခဏာ ဆောင်နေမယ် ဆိုတာ လုံးဝကို ယုံကြည်ချက် အပြည့် ရှိပြီးသားပါ။

စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ကတော့ မန်စီးတီး ကနေ ပေးပို့ထားတဲ့ ငွေကြေး လည်ပတ်မှု ဆိုင်ရာ စာရွက်စာတမ်းတွေကို လစ်လျူရှုထားခဲ့ပါတယ်။ ဒါကြောင့် ဆုံဖြတ်ချက် ချခဲ့ရင်တောင် နားလည်မှု လွဲမှားတာတွေ ၊ အမြင်မတူ တာတွေ နဲ့ ရှုပ်ထွေးဝေး၀ါးမှုတွေ ပါနေဦးမှာပါပဲ” လို့ မန်စီးတီးက တုန့်ပြန် သွားခဲ့ ပါတယ်။

အကယ်၍ ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိပါက မန်စီးတီး ဟာ အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ကနေ တစ်နှစ် ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။