Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ ခေါင်းဆောင် စိတ်ဓါတ် တွေ ကင်းမဲ့ နေပြီ ဆိုတဲ့ ဝေဖန် မှုတွေ များပြား လာတဲ့ နောက် မှာတော့ ဆွီဒင် လက်ရွေးစင် ဗဟို နောက်ခံလူ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် က သူဟာ အသင်း ကို ဦးဆောင် နိုင်စွမ်း ရှိသူ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂိုးသမား ဟောင်း ဖြစ်သူ အဒ်ဝင် ဗန်ဒါဆား ဟာ မကြာ သေးခင် ကပဲ အသင်း ရဲ့ အဝတ်လဲ ခန်းမှာ ခေါင်းဆောင် စိတ်ဓါတ် ရှိသူ တွေ ၊ စိတ်ဓါတ် ပြင်းထန် သူတွေ နည်းပါး နေပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါ သေးတယ် ။

လက်ရှှိ ရာသီ မှာတော့ ဆိုးလ်ရှား ဦးဆောင် နည်းပြ နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် ရာထူး ကို ဝါရင့် နောက်ခံလူ အက်ရှ်လေယန်း က ရယူ ထားခဲ့ ပေမယ့် သူဟာ ပွဲစဉ် တိုင်းကို ပွဲထွက် ကစား ခွင့်တွေ မရရှိ ခဲ့တာကြောင့် ဂိုးသမား ဒီဂီယာ ကပါ အသင်း ခေါင်းဆောင် လက်ပတ် ကို ဆင်မြန်း ခွင့် ပိုင်ဆိုင် နေခဲ့ ပါတယ် ။

 

အခုတော့ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ် က သူ့ဆီ မှာ အသင်း ကို ဦးဆောင် နိုင်ဖို့ အတွက် ထိုက်သင့် တဲ့ အရည် အသွေး ကောင်းတွေ အပြည့် အဝ ရှိနေ တယ်လို့ ယုံကြည် ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

” ကျွန်တော့် ဆီမှာ ကောင်းမွန် တဲ့ အသင်း ခေါင်းဆောင် အရည် အသွေး တွေ အမြဲလို ရှိနေ ခဲ့တယ် လို့ ထင်မှတ် ထားခဲ့ ပါတယ် ။ ကျွန်တော့် ကို အသင်း ခေါင်းဆောင် တာဝန် ပေးအပ် ခဲ့တဲ့ အသင်း တိုင်း ဟာလည်း ထိုက်သင့် သလောက် ပျော်ရွှင် မှုတွေ ရရှိ ထားခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ”

” ကျွန်တော် ဟာ အဲ့ဒီ ထက် ပိုတဲ့ တာဝန် တွေကို ယူနိုင်စွမ်း ရှိကောင်း ရှိနေ သလို အဲ့ဒီ တာဝန် နဲ့ သင့်တော် တဲ့ စကား တွေကိုလည်း ကွင်းထဲ ပိုပြော နိုင်စွမ်း ရှိနေ ပါတယ် ။ ကျွန်တော် အရင် တုန်းက ပြောထား ခဲ့ဖူး သလို ပါပဲ ၊ ကျွန်တော် ဒီထက် အနည်းငယ် ပိုပြီး လုပ်ဆောင် နိုင်ပါ သေးတယ် ”

” ကျွန်တော့် အတွက် ကတော့ အသင်း ခေါင်းဆောင် တစ်ဦး ဆိုတာ အသင်း အဖွဲ့ ကို ပိုမို စောင့်ရှောက် နိုင်သူ ၊ အသင်း ကို လိုအပ် တာတွေ မှာကြား နိုင်သူ ၊ အပေါင်း လက္ခဏာ ဆောင်နိုင် စေသူ လို့ သတ်မှတ် ထား ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း အတွက် ဘယ် အချိန် တွေမှာ လိုအပ်ချက် တွေ ရှိနေ မလဲ ၊ ဘယ် အချိန် တွေမှာ မသိ ချင်ယောင် ဆောင်ရ မလဲ ဆိုတာ တွေကို ဖတ်ရှု သိရှိ နိုင်သူ လည်း ဖြစ်ရ ပါ့မယ် ”

” ကွင်း အတွင်း အနေ အထား တွေကို သာ ဖတ်ရှု နားလည် နိုင်မယ် ဆိုရင် လူတွေ ကို ဘယ်လို စကား တွေ ပြောကြား ရ မလဲ ဆိုတာ ကိုပါ သိရှိ နိုင်ပါ လိမ့်မယ် ။ ဒါ့အပြင် ကိုယ့်ရဲ့ ပြော စကား တွေ ၊ ဦးဆောင် နိုင်မှု တွေနဲ့ အသင်းဖော် တွေရဲ့ ယုံကြည် မှုကို မြှင့်တင် ပေးနိုင် ရ ပါ့မယ် ”

” ကျွန်တော် သာ ခေါင်းဆောင် တစ်ယောက် ဖြစ်နေ ခဲ့မယ် ဆိုရင် အချို့ အရာ တွေ အတွက် အကောင်းဆုံး ကြိုးစား ပြ နိုင်ဖို့ လိုအပ် ပါ လိမ့်မယ် ။ အဲ့တာ မှသာ ကျွန်တော့် ကို သူတို့ တွေဟာ ပိုမို ယုံကြည် စိတ်ချ နိုင်မှာ ဖြစ်ပြီး ပြောစရာ ရှိတာ တွေကို အလုံးစုံ ဖွင့်ပြော ကြပါ လိမ့်မယ် ။ အဲ့တာ ဆိုရင် ကျွန်တော် အသင်း ကို ကောင်းကောင်း ဦးဆောင် လို့ ရပြီ လေ ” လို့ လင်ဒီလော့ဖ် က အသင်း ခေါင်းဆောင် တာဝန် နဲ့ ပတ်သက် လို့ သူ့ရဲ့ အတွေးအမြင် တွေကို ချပြ သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ယူနုိက္တက္မွာ ေခါင္းေဆာင္စိတ္ဓါတ္ ကင္းမဲ့ေနတယ္ ဆုိတဲ့ ေဝဖန္မွဳကို တုန့္ျပန္ရင္း သူဟာ အသင္းကို ဦးေဆာင္နုိင္ေၾကာင္း ေျပာၾကားလိုက္တဲ့ #လင္ဒီေလာ့ဖ္

=============

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အဝတ္ လဲခန္း ထဲမွာ ေခါင္းေဆာင္ စိတ္ဓါတ္ ေတြ ကင္းမဲ့ ေနျပီ ဆုိတဲ့ ေဝဖန္ မွဳေတြ မ်ားျပား လာတဲ့ ေနာက္ မွာေတာ့ ဆြီဒင္ လက္ေရြးစင္ ဗဟို ေနာက္ခံလူ နယ္လ္ဆင္ ဗစ္တာ လင္ဒီေလာ့ဖ္ က သူဟာ အသင္း ကို ဦးေဆာင္ နုိင္စြမ္း ရွိသူ ျဖစ္ေၾကာင္း ျပန္လည္ တုန့္ျပန္ သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂိုးသမား ေဟာင္း ျဖစ္သူ အဒ္ဝင္ ဗန္ဒါဆား ဟာ မၾကာ ေသးခင္ ကပဲ အသင္း ရဲ့ အဝတ္လဲ ခန္းမွာ ေခါင္းေဆာင္ စိတ္ဓါတ္ ရွိသူ ေတြ ၊ စိတ္ဓါတ္ ျပင္းထန္ သူေတြ နည္းပါး ေနျပီ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါ ေသးတယ္ ။

 

လက္ရွွိ ရာသီ မွာေတာ့ ဆုိးလ္ရွား ဦးေဆာင္ နည္းျပ ေနတဲ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အသင္း ေခါင္းေဆာင္ ရာထူး ကို ဝါရင့္ ေနာက္ခံလူ အက္ရွ္ေလယန္း က ရယူ ထားခဲ့ ေပမယ့္ သူဟာ ပြဲစဥ္ တုိင္းကို ပြဲထြက္ ကစား ခြင့္ေတြ မရရွိ ခဲ့တာေၾကာင့္ ဂိုးသမား ဒီဂီယာ ကပါ အသင္း ေခါင္းေဆာင္ လက္ပတ္ ကို ဆင္ျမန္း ခြင့္ ပိုင္ဆုိင္ ေနခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ ေနာက္ခံလူ လင္ဒီေလာ့ဖ္ က သူ့ဆီ မွာ အသင္း ကို ဦးေဆာင္ နုိင္ဖုိ႔ အတြက္ ထိုက္သင့္ တဲ့ အရည္ အေသြး ေကာင္းေတြ အျပည့္ အဝ ရွိေန တယ္လို႔ ယံုၾကည္ ထားေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ့္ ဆီမွာ ေကာင္းမြန္ တဲ့ အသင္း ေခါင္းေဆာင္ အရည္ အေသြး ေတြ အျမဲလို ရွိေန ခဲ့တယ္ လို႔ ထင္မွတ္ ထားခဲ့ ပါတယ္ ။ က်ြန္ေတာ့္ ကို အသင္း ေခါင္းေဆာင္ တာဝန္ ေပးအပ္ ခဲ့တဲ့ အသင္း တုိင္း ဟာလည္း ထုိက္သင့္ သေလာက္ ေပ်ာ္ရႊင္ မွဳေတြ ရရွိ ထားခဲ့ ၾကတယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ”

” က်ြန္ေတာ္ ဟာ အဲ့ဒီ ထက္ ပိုတဲ့ တာဝန္ ေတြကို ယူနုိင္စြမ္း ရွိေကာင္း ရွိေန သလို အဲ့ဒီ တာဝန္ နဲ့ သင့္ေတာ္ တဲ့ စကား ေတြကိုလည္း ကြင္းထဲ ပိုေျပာ နုိင္စြမ္း ရွိေန ပါတယ္ ။ က်ြန္ေတာ္ အရင္ တုန္းက ေျပာထား ခဲ့ဖူး သလို ပါပဲ ၊ က်ြန္ေတာ္ ဒီထက္ အနည္းငယ္ ပိုျပီး လုပ္ေဆာင္ နုိင္ပါ ေသးတယ္ ”

” က်ြန္ေတာ့္ အတြက္ ကေတာ့ အသင္း ေခါင္းေဆာင္ တစ္ဦး ဆုိတာ အသင္း အဖြဲ့ ကို ပိုမို ေစာင့္ေရွာက္ နုိင္သူ ၊ အသင္း ကို လိုအပ္ တာေတြ မွာၾကား နုိင္သူ ၊ အေပါင္း လကၡဏာ ေဆာင္နုိင္ ေစသူ လို့ သတ္မွတ္ ထား ပါတယ္ ။ ဒါ့အျပင္ သူဟာ အသင္း အတြက္ ဘယ္ အခ်ိန္ ေတြမွာ လိုအပ္ခ်က္ ေတြ ရွိေန မလဲ ၊ ဘယ္ အခ်ိန္ ေတြမွာ မသိ ခ်င္ေယာင္ ေဆာင္ရ မလဲ ဆုိတာ ေတြကို ဖတ္ရွဳ သိရွိ နုိင္သူ လည္း ျဖစ္ရ ပါ့မယ္ ”

” ကြင္း အတြင္း အေန အထား ေတြကို သာ ဖတ္ရွဳ နားလည္ နုိင္မယ္ ဆုိရင္ လူေတြ ကုိ ဘယ္လို စကား ေတြ ေျပာၾကား ရ မလဲ ဆုိတာ ကိုပါ သိရွိ နုိင္ပါ လိမ့္မယ္ ။ ဒါ့အျပင္ ကိုယ့္ရဲ့ ေျပာ စကား ေတြ ၊ ဦးေဆာင္ နုိင္မွဳ ေတြနဲ့ အသင္းေဖာ္ ေတြရဲ့ ယံုၾကည္ မွဳကို ျမွင့္တင္ ေပးနိုင္ ရ ပါ့မယ္ ”

” က်ြန္ေတာ္ သာ ေခါင္းေဆာင္ တစ္ေယာက္ ျဖစ္ေန ခဲ့မယ္ ဆုိရင္ အခ်ိဳ့ အရာ ေတြ အတြက္ အေကာင္းဆံုး ၾကိဳးစား ျပ နုိင္ဖုိ့ လိုအပ္ ပါ လိမ့္မယ္ ။ အဲ့တာ မွသာ က်ြန္ေတာ့္ ကို သူတုိ့ ေတြဟာ ပိုမို ယံုၾကည္ စိတ္ခ် နုိင္မွာ ျဖစ္ျပီး ေျပာစရာ ရွိတာ ေတြကို အလံုးစံု ဖြင့္ေျပာ ၾကပါ လိမ့္မယ္ ။ အဲ့တာ ဆုိရင္ က်ြန္ေတာ္ အသင္း ကို ေကာင္းေကာင္း ဦးေဆာင္ လို့ ရျပီ ေလ ” လို့ လင္ဒီေလာ့ဖ္ က အသင္း ေခါင္းေဆာင္ တာဝန္ နဲ့ ပတ္သက္ လို့ သူ့ရဲ့ အေတြးအျမင္ ေတြကို ခ်ျပ သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar