Unicode

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င် က လီဗာပူး ရဲ့ နောက်ကျ အနိုင်ဂိုးတွေ သွင်းယူ နိုင်တဲ့ အရည်အသွေးဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အရင်က ရှိခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် အရေးပါတဲ့ လက်နက် တွေထဲက တစ်ခု ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲ ကစား အပြီးမှာ ၈ ပွဲစလုံး အနိုင် ရရှိ ထားခဲ့ပြီး အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင် နေကာ ဒုတိယနေရာက ချန်ပီယံ မန်စီးတီး အသင်းကို ၈ မှတ် ဖြတ်ထား ခဲ့ပါတယ်။ လက်စတာ နဲ့ ပွဲစဉ် မှာ ဆိုရင်လည်း လီဗာပူး အသင်းဟာ ဂျိမ်းစ်မီနာ ရဲ့ နောက်ကျ ပင်နယ်တီ သွင်းဂိုး အပေါ် မှီခို ခဲ့ရပြီး နိုင်ပွဲဆက် မှတ်တမ်းကို ဆက်လက် ထိိန်းထား နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ် ခဲဲ့တဲ့ ကာလ အတွင်း နောက်ကျ အနိုင်ဂိုးတွေ သွင်းယူတဲ့ အပိုင်းမှာ ကျော်ကြားတဲ့ အသင်း ဖြစ်ပါတယ်။ အို၀င် ကတော့ အကယ်၍ လီဗာပူး အနေနဲ့ ဒီအမူအကျင့်ကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့မယ် ဆိုရင် ယာဂန်ကလော့ ရဲ့ အသင်း အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရယူ နိုင်လိမ့်မယ်လို့ ဆိုလိုက် ပါတယ်။

အို၀င်က “ကျွန်တော်တို့ ဒါမျိုးကို ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အကြိမ်ပေါင်း များစွာ မြင်တွေ့ ခဲ့ပြီးပြီလို့ ကျွန်တော် ထင်ပါတယ်။ အသင်း တော်တော် များများ အတွက် ဒါဟာ အရမ်းကို ကောင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ခင်ဗျားတို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရွှေခေတ်တွေကို ပြန်ကြည့် လိုက်မယ် ဆိုရင် သူတို့ နောက်ကျဂိုးတွေ သွင်းယူ ခဲ့တဲ့ ပမာဏ အရ လူတိုင်း လူတိုင်းဟာ ဒါကို ‘Fergie time’ ဆိုပြီး စောဒက တက်ကြပါတယ်။

ဒါပေမယ့် ဒါမျိုးကို တစ်ကြိမ် နှစ်ကြိမ်လောက် စတင် လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီလိုမျိုး လုပ်ပြ နိုင်အုံးမယ် ဆိုတဲ့ ယုံကြည်ချက်တွေ အသင်းမှာ ရှိလာ ခဲ့ပြီး အဲဒီနောက် ဒါဟာ အလေ့အကျင့် တစ်ခုလို ဖြစ်သွား ခဲ့ပါတယ်။ ဒါမျိုး အသင်းမှာ ရှိပြီ ဆိုရင် ဒါဟာ နောက်ထပ် အပို လက်နက် တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ နောက်ဆုံး အချိန်ထိ ကိုယ့်ဘက်က ဂိုးသွင်း နိုင်စွမ်း ရှိတယ် ဆိုတဲ့ ယုံကြည်မှု ရှိနေခြင်းဟာ ကြီးမားတဲ့ အင်အား တစ်ခု ပါပဲ။ အမှန်ပါပဲ။ လီဗာပူးဟာ ဒီလိုမျိုး လုပ်ပြ ထားခဲ့ ပါတယ်။ ဒါဟာ အနာဂတ်မှာ ချန်ပီယံ ဖြစ်လာမယ့် အသင်းရဲ့ လက္ခဏာ ဖြစ်လာ မလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။” လို့ ဆိုသွား ပါတယ်။

ယူနိုက်တက် နဲ့ လီဗာပူး တို့ဟာ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးဆုံး ပြီးနောက် လာမည့် တနင်္ဂနွေနေ့ အိုးထရပ်ဖို့ဒ် မှာ ယှဉ်ပြိုင် သွားကြမှာ ဖြစ်ပြီး လီဗာပူး အနေနဲ့ ဒီပွဲကိုသာ အနိုင် ရရှိ ခဲ့မယ် ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မန်ချက်စတာစီးတီး အသင်း တင်ထား ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၈ ပွဲဆက် နိုင်ပွဲ စံချိန်ကို လိုက်မှီ သွားမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် လက်ရှိမှာ ဖိအားတွေ အတော် များနေတဲ့ နည်းပြ အိုလီဂန်နာ ဆိုးရှား အတွက်လည်း ဒီပွဲမှာ ရလဒ်ကောင်း ခဲ့မယ် ဆိုပါက သူ့အပေါ် ကျရောက် နေတဲ့ ဖိအား တစ်ချိို့ကို ဖယ်ထုတ် ပစ်နိုင် မှာလည်း ဖြစ်ပါတယ်။

SM

Zawgyi

ဖာဂူဆန္ရဲဲ႕ မန္ယူႏုိက္တက္နဲ႕ လက္ရွိ လီဗာပူး အသင္း တူညီေနတဲ့ အခ်က္တစ္ခ်က္ကို ေျပာျပလိုက္တဲ့ မုိက္ကယ္အုိ၀င္

ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေဟာင္း မုိက္ကယ္အုိ၀င္ က လီဗာပူး ရဲ႕ ေနာက္က် အႏုိင္ဂိုးေတြ သြင္းယူ ႏုိင္တဲ့ အရည္အေသြးဟာ မန္ခ်က္စတာယူႏုိက္တက္ အသင္းမွာ အရင္က ရွိခဲ့ဖူးတဲ့ ပရီးမီးယားလိဂ္ အမွတ္ေပးဖလား အတြက္ အေရးပါတ့ဲ လက္နက္ ေတြထဲက တစ္ခု ျဖစ္တယ္လို႕ ဆုိလိုက္ ပါတယ္။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၈ ပြဲ ကစား အျပီးမွာ ၈ ပြဲစလံုး အႏုိင္ ရရွိ ထားခဲ့ျပီး အမွတ္ေပးဇယား ထိပ္မွာ ဦးေဆာင္ ေနကာ ဒုတိယေနရာက ခ်န္ပီယံ မန္စီးတီး အသင္းကို ၈ မွတ္ ျဖတ္ထား ခဲ့ပါတယ္။ လက္စတာ နဲ႕ ပြဲစဥ္ မွာ ဆုိရင္လည္း လီဗာပူး အသင္းဟာ ဂ်ိမ္းစ္မီနာ ရဲ႕ ေနာက္က် ပင္နယ္တီ သြင္းဂိုး အေပၚ မွီခုိ ခဲ့ရျပီး ႏုိင္ပြဲဆက္ မွတ္တမ္းကို ဆက္လက္ ထိိန္းထား ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ဂႏၱ၀င္ နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္ ကုိင္တြယ္ ခဲ့ဲတဲ့ ကာလ အတြင္း ေနာက္က် အႏုိင္ဂုိးေတြ သြင္းယူတဲ့ အပိုင္းမွာ ေက်ာ္ၾကားတဲ့ အသင္း ျဖစ္ပါတယ္။ အုိ၀င္ ကေတာ့ အကယ္၍ လီဗာပူး အေနနဲ႕ ဒီအမူအက်င့္ကို ဆက္လက္ ထိန္းသိမ္း ထားႏုိင္ ခဲ့မယ္ ဆုိရင္ ယာဂန္ကေလာ့ ရဲ႕ အသင္း အေနနဲ႕ သူတုိ႕ရဲ႕ ပထမဦးဆံုး ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆုကို ရယူ ႏုိင္လိမ့္မယ္လို႕ ဆုိလိုက္ ပါတယ္။

အုိ၀င္က “ကၽြန္ေတာ္တုိ႕ ဒါမ်ိဳးကို ျပီးခဲ့တဲ့ ႏွစ္ေတြ အတြင္း အၾကိမ္ေပါင္း မ်ားစြာ ျမင္ေတြ႕ ခဲ့ျပီးျပီလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ အသင္း ေတာ္ေတာ္ မ်ားမ်ား အတြက္ ဒါဟာ အရမ္းကို ေကာင္းတဲ့ အမူအက်င့္ ျဖစ္ပါတယ္။ ခင္ဗ်ားတုိ႕ မန္ခ်က္စတာ ယူႏုိက္တက္ရဲ႕ ေရႊေခတ္ေတြကို ျပန္ၾကည့္ လိုက္မယ္ ဆိုရင္ သူတုိ႕ ေနာက္က်ဂုိးေတြ သြင္းယူ ခဲ့တဲ့ ပမာဏ အရ လူတုိင္း လူတုိင္းဟာ ဒါကို ‘Fergie time’ ဆုိျပီး ေစာဒက တက္ၾကပါတယ္။

ဒါေပမယ့္ ဒါမ်ိဳးကို တစ္ၾကိမ္ ႏွစ္ၾကိမ္ေလာက္ စတင္ လုပ္လိုက္တာနဲ႕ တစ္ျပိဳင္နက္ ဒီလိုမ်ိဳး လုပ္ျပ ႏုိင္အံုးမယ္ ဆုိတဲ့ ယံုၾကည္ခ်က္ေတြ အသင္းမွာ ရွိလာ ခဲ့ျပီး အဲဒီေနာက္ ဒါဟာ အေလ့အက်င့္ တစ္ခုလို ျဖစ္သြား ခဲ့ပါတယ္။ ဒါမ်ိဳး အသင္းမွာ ရွိျပီ ဆုိရင္ ဒါဟာ ေနာက္ထပ္ အပို လက္နက္ တစ္ခုလို႕ ကၽြန္ေတာ္ ျမင္ပါတယ္။ ေနာက္ဆံုး အခ်ိန္ထိ ကုိယ့္ဘက္က ဂိုးသြင္း ႏုိင္စြမ္း ရွိတယ္ ဆုိတဲ့ ယံုၾကည္မွဳ ရွိေနျခင္းဟာ ၾကီးမားတဲ့ အင္အား တစ္ခု ပါပဲ။ အမွန္ပါပဲ။ လီဗာပူးဟာ ဒီလိုမ်ိဳး လုပ္ျပ ထားခဲ့ ပါတယ္။ ဒါဟာ အနာဂတ္မွာ ခ်န္ပီယံ ျဖစ္လာမယ့္ အသင္းရဲ႕ လကၡဏာ ျဖစ္လာ မလား ဆုိတာ ဘယ္သူ သိႏုိင္မွာလဲ။” လို႕ ဆုိသြား ပါတယ္။

ယူႏုိက္တက္ နဲ႕ လီဗာပူး တုိ႕ဟာ ႏုိင္ငံတကာ ပြဲစဥ္ေတြ ျပီးဆံုး ျပီးေနာက္ လာမည့္ တနဂၤေႏြေန႕ အိုးထရပ္ဖို႕ဒ္ မွာ ယွဥ္ျပိဳင္ သြားၾကမွာ ျဖစ္ျပီး လီဗာပူး အေနနဲ႕ ဒီပြဲကိုသာ အႏုိင္ ရရွိ ခဲ့မယ္ ဆုိရင္ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္က မန္ခ်က္စတာစီးတီး အသင္း တင္ထား ခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၈ ပြဲဆက္ ႏုိင္ပြဲ စံခ်ိန္ကို လိုက္မီွ သြားမွာ ျဖစ္ပါတယ္။ ဒ့ါအျပင္ လက္ရွိမွာ ဖိအားေတြ အေတာ္ မ်ားေနတဲ့ နည္းျပ အုိလီဂန္နာ ဆုိးရွား အတြက္လည္း ဒီပြဲမွာ ရလဒ္ေကာင္း ခဲ့မယ္ ဆုိပါက သူ႕အေပၚ က်ေရာက္ ေနတဲ့ ဖိအား တစ္ခ်ိိဳ႕ကို ဖယ္ထုတ္ ပစ္ႏုိင္ မွာလည္း ျဖစ္ပါတယ္။

SM