Unicode

ပေါ်တူဂီ လက်ရွေးစင် အသင်း ဟာ ဒီနေ့ နံနက် ကိဗ် မြေမှာ ယူကရိန်း လက်ရွေးစင် အသင်း ကို ယူရို 2020 ခြေစစ်ပွဲ အဖြစ် ရင်ဆိုင် ကစား ခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ အဆိုပါ ရလဒ် ကြောင့် ပေါ်တူဂီ တို့ ခြေစစ်ပွဲ အောင်မြင် နိုင်ဖို့ ဆက်လက် ကြိုးစား အားထုတ် ရပါ ဦးမယ် ။

ဒါပေမယ့် အဆိုပါ ပွဲစဉ် အတွင်း ပေါ်တူဂီ သားတွေ အတွက် အမှတ် တရ ဖြစ်သွား စေခဲ့တာ ကတော့ အဓိက တိုက်စစ်မှူး စီ ရော်နယ်ဒို ရဲ့ သွင်းဂိုး ပဲ ဖြစ်ခဲ့ ပါတယ် ။ ပွဲချိန် 72 မိနစ် မှာ ပြိုင်ဖက် အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ စတီပနန်ကို ဟာ ဂိုး ဧရိယာ ထဲ ပစ်ဒဏ်ဘော ကျူးလွန် ခဲ့တဲ့ အတွက် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ ရ ပါတယ် ။

ဒါ့အပြင် အသင်း အတွက် ရရှိ ခဲ့တဲ့ ပင်နယ်တီ ကို အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ စီ ရော်နယ်ဒို က အမှား အယွင်း မရှိ ဂိုး အဖြစ် ကန်သွင်း ပြောင်းလဲ နိုင် ခဲ့တဲ့ အတွက် ဒါဟာ စီ ရော်နယ်ဒို ရဲ့ ကစားသမား ဘဝ 700 မြောက် သွင်းဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ စီ ရော်နယ်ဒို က သူဟာ စံချိန် တွေကို ရိုက်ချိုး ရမယ် ဆိုတဲ့ အစွဲ တွေကို စိတ်ထဲ ထည့်သွင်း ပြီး ကစား နေ တက်သူ မဟုတ်ကြောင်း ၊ စံချိန် မှတ်တမ်း တွေက သာ သူ့ကို လိုက်နေ ကြခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွာခဲ့ လိုက် ပါတယ် ။

” လူတိုင်း ဟာ ဒီလို ကိန်းဂဏန်း တွေကို မပိုင်ဆိုင် နိုင်ကြ ပါဘူး ။ ဒီ အတွက် ကျွန်တော့် ကို အခုလို ဖြစ်စေ နိုင်ခဲ့ ကြတဲ့ ကျွန်တော် ရဲ့ အသင်းဖော် တွေ ၊ သူငယ်ချင်း တွေနဲ့ နည်းပြ တွေကို ကျေးဇူး တင်ရှိ ပါတယ် ”

” ကျွန်တော် တို့ အနိုင် ရလဒ် မရယူ နိုင် ခဲ့တဲ့ အတွက် တော့ တစ်ကယ် ပဲ မကျေ မနပ် ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် အသင်း အတွက် တော့ ကျွန်တော် ဂုဏ်ယူ ပါတယ် ” လို့ ရော်နယ်ဒို က ပြောကြားရင်း တစ်ကိုယ်တော် မှတ်တမ်း ကောင်း တစ်ခု ပိုင်ဆိုင် နိုင် ခဲ့တဲ့ အပေါ် …

” ကျွန်တော့် ဆီမှာ စံချိန် မှတ်တမ်း တွေ ဘယ်လောက် အထိ ရှိနေ သလဲ ? ကျွန်တော် မသိ ပါဘူး ။ ဒီ အခိုက်အတန့် တွေကို ကျွန်တော် ပျော်ရွှင် ခံစား ရ ပါ့မယ် ။ ကျွန်တော့် ကို အခုလို အထင်ကြီး ဖွယ်ရာ ကောင်းတဲ့ မှတ်တမ်း ပိုင်ဆိုင် နိုင်အောင် ကူညီပေး ခဲ့ ကြတဲ့ သူတွေ ကို ကျေးဇူး တင် ပါတယ် ”

” ကျွန်တော် နောက်ဆုံး အကြိမ် အဖြစ် ဒီကွင်း ( ကိဗ် ) မှာ ကစား ခဲ့စဉ် တုန်းက ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ ဒါဟာ အတိတ် တုန်းက ရှိနေ ခဲ့တဲ့ လှပတဲ့ အခိုက်အတန့် တွေပါ ။ ဒီနေ့ ကျွန်တော် တို့ ကောင်းကောင်း ကစား နိုင်ခဲ့ ကြ ပေမယ့် မနိုင် နိုင်ခဲ့ ကြ ပါဘူး ”

” စံချိန် မှတ်တမ်း တွေဟာ သဘာဝ အတိုင်း ပဲ ရောက်ရှိ လာ ကြတာ ပါ ။ ကျွန်တော် က အဲ့တာ တွေကို ကြည့်ပြီး ရှေ့ဆက် နေတာ မဟုတ် ပါဘူး ။ သူတို့ တွေ ကသာ ကျွန်တော့် ကို စောင့်ကြည့် နေခဲ့ ကြတာ ပါ ။ စိတ်ထဲ စွဲမှတ် ထားတာ ဘာမှ မရှိ ပဲနဲ့ သူတို့ တွေက သဘာဝ အတိုင်း ရောက်ရှိ လာခဲ့ ကြတာပါ ” လို့ စီ ရော်နယ်ဒို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ကစားသမား ဘဝ 700 ေျမာက္ သြင္းဂိုး သြင္းယူ ခဲ့တဲ့ ေနာက္ စံခ်ိန္ မွတ္တမ္းေတြအေပၚ အလန္းစားမွတ္ခ်က္ ေပးသြားလိုက္တဲ့ #စီေရာ္နယ္ဒို

================

ေပၚတူဂီ လက္ေရြးစင္ အသင္း ဟာ ဒီေန့ နံနက္ ကိဗ္ ေျမမွာ ယူကရိန္း လက္ေရြးစင္ အသင္း ကို ယူရုိ 2020 ေျခစစ္ပြဲ အျဖစ္ ရင္ဆုိင္ ကစား ခဲ့ျပီး 2 – 1 ဆုိတဲ့ ရလဒ္ နဲ့ ရွံဳးနိမ့္ သြားခဲ့ရ ပါတယ္ ။ အဆုိပါ ရလဒ္ ေၾကာင့္ ေပၚတူဂီ တုိ့ ေျခစစ္ပြဲ ေအာင္ျမင္ နုိင္ဖုိ႔ ဆက္လက္ ၾကိဳးစား အားထုတ္ ရပါ ဦးမယ္ ။

ဒါေပမယ့္ အဆုိပါ ပြဲစဥ္ အတြင္း ေပၚတူဂီ သားေတြ အတြက္ အမွတ္ တရ ျဖစ္သြား ေစခဲ့တာ ကေတာ့ အဓိက တုိက္စစ္မွဴး စီ ေရာ္နယ္ဒို ရဲ့ သြင္းဂိုး ပဲ ျဖစ္ခဲ့ ပါတယ္ ။ ပြဲခ်ိန္ 72 မိနစ္ မွာ ျပိဳင္ဖက္ အသင္း ရဲ့ ကြင္းလယ္ ခံစစ္ ကစားသမား ျဖစ္သူ စတီပနန္ကို ဟာ ဂိုး ဧရိယာ ထဲ ပစ္ဒဏ္ေဘာ က်ဴးလြန္ ခ့ဲတဲ့ အတြက္ ႏွစ္ဝါ တစ္နီ နဲ့ ထုတ္ပယ္ ခံခဲ့ ရ ပါတယ္ ။

ဒါ့အျပင္ အသင္း အတြက္ ရရွိ ခဲ့တဲ့ ပင္နယ္တီ ကို အသင္း ရဲ့ အဓိက တုိက္စစ္ ကစားသမား ျဖစ္သူ စီ ေရာ္နယ္ဒို က အမွား အယြင္း မရွိ ဂိုး အျဖစ္ ကန္သြင္း ေျပာင္းလဲ နုိင္ ခဲ့တဲ့ အတြက္ ဒါဟာ စီ ေရာ္နယ္ဒို ရဲ့ ကစားသမား ဘဝ 700 ေျမာက္ သြင္းဂိုး ျဖစ္သြား ခဲ့ရ ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ စီ ေရာ္နယ္ဒို က သူဟာ စံခ်ိန္ ေတြကို ရိုက္ခ်ဳိး ရမယ္ ဆုိတဲ့ အစြဲ ေတြကို စိတ္ထဲ ထည့္သြင္း ျပီး ကစား ေန တက္သူ မဟုတ္ေၾကာင္း ၊ စံခ်ိန္ မွတ္တမ္း ေတြက သာ သူ့ကို လိုက္ေန ၾကျခင္း ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြာခဲ့ လိုက္ ပါတယ္ ။

” လူတိုင္း ဟာ ဒီလို ကိန္းဂဏန္း ေတြကို မပိုင္ဆုိင္ နုိင္ၾက ပါဘူး ။ ဒီ အတြက္ က်ြန္ေတာ့္ ကို အခုလို ျဖစ္ေစ နုိင္ခဲ့ ၾကတဲ့ က်ြန္ေတာ္ ရဲ့ အသင္းေဖာ္ ေတြ ၊ သူငယ္ခ်င္း ေတြနဲ့ နည္းျပ ေတြကို ေက်းဇူး တင္ရွိ ပါတယ္ ”

” က်ြန္ေတာ္ တုိ့ အနုိင္ ရလဒ္ မရယူ နုိင္ ခဲ့တဲ့ အတြက္ ေတာ့ တစ္ကယ္ ပဲ မေက် မနပ္ ျဖစ္ခဲ့ ရ ပါတယ္ ။ ဒါေပမယ့္ အသင္း အတြက္ ေတာ့ က်ြန္ေတာ္ ဂုဏ္ယူ ပါတယ္ ” လို႔ ေရာ္နယ္ဒို က ေျပာၾကားရင္း တစ္ကိုယ္ေတာ္ မွတ္တမ္း ေကာင္း တစ္ခု ပိုင္ဆုိင္ နုိင္ ခဲ့တဲ့ အေပၚ …

” က်ြန္ေတာ့္ ဆီမွာ စံခ်ိန္ မွတ္တမ္း ေတြ ဘယ္ေလာက္ အထိ ရွိေန သလဲ ? က်ြန္ေတာ္ မသိ ပါဘူး ။ ဒီ အခိုက္အတန့္ ေတြကို က်ြန္ေတာ္ ေပ်ာ္ရႊင္ ခံစား ရ ပါ့မယ္ ။ က်ြန္ေတာ့္ ကို အခုလို အထင္ၾကီး ဖြယ္ရာ ေကာင္းတဲ့ မွတ္တမ္း ပိုင္ဆုိင္ နုိင္ေအာင္ ကူညီေပး ခဲ့ ၾကတဲ့ သူေတြ ကို ေက်းဇူး တင္ ပါတယ္ ”

” က်ြန္ေတာ္ ေနာက္ဆံုး အၾကိမ္ အျဖစ္ ဒီကြင္း ( ကိဗ္ ) မွာ ကစား ခဲ့စဥ္ တုန္းက ခ်န္ပီယံလိဂ္ ဖလား ကို ဆြတ္ခူး နုိင္ခဲ့ ပါတယ္ ။ ဒါဟာ အတိတ္ တုန္းက ရွိေန ခဲ့တဲ့ လွပတဲ့ အခိုက္အတန့္ ေတြပါ ။ ဒီေန့ က်ြန္ေတာ္ တုိ့ ေကာင္းေကာင္း ကစား နုိင္ခဲ့ ၾက ေပမယ့္ မနုိင္ နုိင္ခဲ့ ၾက ပါဘူး ”

” စံခ်ိန္ မွတ္တမ္း ေတြဟာ သဘာဝ အတုိင္း ပဲ ေရာက္ရွိ လာ ၾကတာ ပါ ။ က်ြန္ေတာ္ က အဲ့တာ ေတြကို ၾကည့္ျပီး ေရွ့ဆက္ ေနတာ မဟုတ္ ပါဘူး ။ သူတုိ႔ ေတြ ကသာ က်ြန္ေတာ့္ ကို ေစာင့္ၾကည့္ ေနခဲ့ ၾကတာ ပါ ။ စိတ္ထဲ စြဲမွတ္ ထားတာ ဘာမွ မရွိ ပဲနဲ့ သူတုိ႔ ေတြက သဘာဝ အတုိင္း ေရာက္ရွိ လာခဲ့ ၾကတာပါ ” လို့ စီ ေရာ္နယ္ဒို က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar