Unicode
ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အောင်ပွဲ ခံနေ ပါပြီ ။ ဟုတ်ပါတယ် ၊ မနေ့ ညက ပေါ်တူဂီ တို့ ယူကရိန်း မြေမှာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ပေမယ့် အဓိက တိုက်စစ် ကစားသမား ဖြစ်သူ စီ ရော်နယ်ဒို ဟာ အသင်း အတွက် တစ်လုံး တည်းသော ခြေပ ဂိုးကို ပင်နယ်တီ မှ တစ်ဆင့် သွင်းယူ သွားနိုင် ခဲ့ ပါတယ် ။
အဆိုပါ သွင်းဂိုး က သူ့ရဲ့ ကစားသမား ဘဝ 700 ပြည့်မြောက် စေ ခဲ့တဲ့ သွင်းဂိုး ဖြစ်ခဲ့တဲ့ အတွက် ကြောင့် စီ ရော်နယ်ဒို ဟာ ထူးခြား ပြောင်မြောက် တဲ့ စံချိန်တင် မှတ်တမ်း ကောင်း အတွက် အောင်ပွဲ ခံသွား နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။ ဒါဟာ ဘောလုံး အားကစား သမား တစ်ဦး အတွက် ထူးခြား လွန်းတဲ့ မှတ်တမ်း တစ်ရပ် ပါပဲ ။
စီ ရော်နယ်ဒို ရဲ့ အဆိုပါ သွင်းဂိုး 700 ဟာ စုစုပေါင်း 974 ပွဲ ကစား အပြီး ရရှိ ခဲ့တာ ပဲ ဖြစ်ပါတယ် ။ စီ ရော်နယ်ဒို ဟာ ပါဝင် ယှဉ်ပြိုင် ခဲ့တဲ့ မတူညီ တဲ့ ပြိုင်ပွဲ 21 မျိုးမှာ 459 ပွဲ အထိ အနည်းဆုံး တစ်ဂိုး သွင်းယူ နိုင်ခဲ့ ပြီး အဆိုပါ မှတ်တမ်း ကို ပိုင်ဆိုင် နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။
အဆိုပါ မှတ်တမ်း ကို တွက်ချက် လိုက်မယ် ဆိုရင် တော့ စီ ရော်နယ်ဒို ဟာ ကစား ခဲ့တဲ့ ပွဲစဉ် တွေရဲ့ 47 ရာခိုင်နှုန်း သော ပွဲစဉ် တွေမှာ ဂိုး သွင်းယူ နိုင်ခဲ့ ခြင်းပဲ ဖြစ် ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ပွဲ ကစား ချိန် မိနစ် တွေကို တွက်ချက် လိုက်မယ် ဆိုရင်တော့ ရော်နယ်ဒို ဟာ 112 မိနစ် ကစား တိုင်း တစ်ဂိုး နှုန်း သွင်းယူ ထားနိုင် ခဲ့တာ ကို တွေ့ရှိ ရ ပါတယ် ။
စီ ရော်နယ်ဒို ဟာ ကစား ပေး ခဲ့တဲ့ ကလပ် အသင်း တွေ ထဲမှာ စပို့တင်း လစ္စဘွန်း အသင်း အတွက် 31 ပွဲ ကစား ပေးရင်း 5 ဂိုး ၊ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 292 ပွဲထိ ကစား ပေးရင်း 118 ဂိုး ၊ စပိန် မြေမှာ ရီးယဲ မက်ဒရစ် အသင်း အတွက် 438 ပွဲ ကစား ပေးရင်း 450 ဂိုး ၊ အီတလီ မြေမှာ ဂျူဗင်တပ် အသင်း အတွက် 51 ပွဲ ကစား ပေးရင်း 32 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။ ကျန်တဲ့ သွင်းဂိုး 95 ဂိုး ကိုတော့ သူဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် သွင်းယူ ပေးထား ခဲ့တာ ပဲ ဖြစ်ပါတယ် ။
ဒါ့အပြင် စီ ရော်နယ်ဒို ဟာ အဆိုပါ သွင်းဂိုး 700 ကို ညာခြေ ( 442 ဂိုး ) ၊ ဘယ်ခြေ ( 129 ဂိုး ) ၊ ခေါင်းတိုက် ( 127 ဂိုး ) ၊ အခြား ( 2 ဂိုး ) တို့နဲ့ သွင်းယူ ထားခဲ့ တာပဲ ဖြစ် ပါတယ် ။ ဒါ့အပြင် သူဟာ ဂိုး ဧရိယာ အတွင်း မှာ 595 ဂိုး ၊ ဂိုး ဧရိယာ ပြင်ပ မှ 105 ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ သူ့ရဲ့ သွင်းဂိုး 700 ထဲမှာ တော့ ပင်နယ်တီ ဂိုး 113 ဂိုး အထိ ပါဝင် ခဲ့ သလို ဖရီးကစ် ဂိုး 55 ဂိုး အထိ ပါဝင် ခဲ့ ပါတယ် ။
စီ ရော်နယ်ဒို ရဲ့ ကစားသမား ဘဝ အတွင်း ဂိုး အများဆုံး သွင်းယူ နိုင် ခဲ့တဲ့ ပြိုင်ဖက် ကလပ် အသင်း တွေ ကတော့ ဆီဗီလာ ( 27 ဂိုး ) ၊ အက်သလက်တီကို ဒီ မက်ဒရစ် ( 25 ဂိုး ) ၊ ဂီတာဖေး ( 23 ဂိုး ) ၊ ဆယ်လ်တာ ဒီ ဗီဂို ( 20 ဂိုး ) နဲ့ ဘာစီလိုနာ ( 18 ဂိုး ) တို့ပဲ ဖြစ်ကြ ပါတယ် ။
သွင်းဂိုး 700 ပြည့်မြောက် ခဲ့တဲ့ အချိန် မှာတော့ စီ ရော်နယ်ဒို ဟာ ဘောလုံး အားကစား သမိုင်း တစ်လျှောက် ဂိုး အများဆုံး သွင်းယူ နိုင်ခဲ့ ကြတဲ့ ကမ႓ာ့ တစ်ဝှမ်း ကစားသမား တွေ ထဲမှာ အဆင့် 6 နေရာ ရပ်တည် သွားနိုင် ခဲ့ ပါတယ် ။ သူ့ရဲ့ အထက် မှာ ဂိုးတွေ ပိုမို သွင်းယူ ထားနိုင် ခဲ့သူ ဆိုလို့ နောက်ထပ် 5 ဦး သာ ကျန်ရှိ နေကြ ပါ တော့တယ် ။
အဆိုပါ ဘောလုံး ဂန္ဓဝင် ကစားသမား ဟောင်း ငါးဦး ကတော့ သြစတြေးလျ နိုင်ငံသား ဖြစ်တဲ့ ဂျိုးဆပ် ဘစ္စကန် ( 805 ဂိုး ) ၊ ဘရာဇီး ဂန္ဓဝင် ရိုမာရီယို ( 772 ဂိုး ) ၊ ဘရာဇီး ဂန္ဓဝင် ပီလီ ( 767 ဂိုး ) ၊ ဟန်ဂေရီ နိုင်ငံသား ဖြစ်သူ ဖားရန့်စ် ပွတ်စ်ကပ် ( 746 ဂိုး ) နဲ့ ဂျာမနီ ဂန္ဓဝင် ဂတ် မူလာ ( 735 ဂိုး ) တို့ပဲ ဖြစ်ကြ ပါတယ် ။
အသက် 34 နှစ် ရှိပြီ ဖြစ်တဲ့ စီ ရော်နယ်ဒို ဟာ လက်ရှိ ဘောလုံး ကစား နေ ကြတဲ့ ကစားသမား တွေ ထဲမှာ တော့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည် နေ ပေမယ့် ဘစ္စကန် ကို လိုက်မီ ဖို့တော့ 105 ဂိုး လိုနေ ပါ သေးတယ် ။ ဒါဟာ လိုက်မီ ဖို့ ခက်ခဲ လွန်းတဲ့ အရာ တစ်ခု ဖြစ်ပေမယ့် စီ ရော်နယ်ဒို ဟာ အသက် ဘယ်လောက် အရွယ် အထိ ခြေစွမ်း ပြ ဘောလုံး ကစား နိုင် မလဲ ဆိုတာ က သူ့ကို နေရာ တစ်ခု အထိ ဆွဲတင် ပေးသွား နိုင်ပါ လိမ့်မယ် ။
စီ ရော်နယ်ဒို ရဲ့ လက်ရှိ မဟာ ပြိုင်ဖက် ဖြစ်သူ လီယွန်နယ် မက်ဆီ ကတော့ ပြိုင်ပွဲစုံ စုစုပေါင်း 823 ပွဲ ကစား ထားခဲ့ ပြီး သွင်းဂိုး 672 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ မက်ဆီ ဟာ စီ ရော်နယ်ဒို ထက် အသက် ပို ငယ်သူ ဖြစ်တာ ကြောင့် လက်ရှိ ခြေစွမ်း တွေ ကိုသာ ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့မယ် ဆိုရင် ကစားသမား ဘဝ မကုန်ခင် ဘစ္စကန် ရဲ့ စံချိန် ကို လိုက်မီ ဖို့ အခွင့်ကောင်း ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။
#Sports_Myanmar
Zawgyi
CR700 ရဲ့ သွင်းဂိုးတွေကို ခွဲခြမ်း စိတ်ဖြာခြင်းနဲ့ သူ့အထက်မှာ ရပ်တည်နေကြတဲ့ ဂိုးသွင်း ဂန္ဓဝင် 5 ဦး
====================
#Sports_Myanmar