Unicode

ချဲလ်ဆီး အသင်း တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနိုက ဂန်းနား ကွင်းလယ် ကြယ်ပွင့် အိုဇေးလ်ဟာ တိုက်ပွဲဝင် စိတ်ဓတ် ပျောက်ဆုံးနေတာကြောင့်သာ ပွဲထွက် လူစာရင်းကနေ ချန်လှပ် ခံနေရတာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အမ်မရီ ဟာ ဒီရာသီ ကွင်းလယ်မှာ အိုဇေးလ် ထက်စာရင် စီဘယ်လောစ့် နဲ့ ဝီးလော့ခ် တို့ကို ပွဲထွက် အသုံးပြု နေတာလည်း ဖြစ်ပါတယ်။အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၂ ပွဲသာ ပါဝင် ကစားပေးထားရပြီး ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းကမှ အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ နဲ့ အသင်းမှာ လစာ အများဆုံး ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

အသက် ၃၁ အရွယ်ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး သုံးပွဲဆက်တိုက် လူစာရင်း ကနေ ချန်လှပ် ခံခဲ့ရပြီး နည်းပြ အမ်မရီ ကတော့ အိုဇေးလ် ထက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ချန်လှပ်ခဲ့ရတာ ဖြစ်တယ်လို့ ဖြေရှင်း ထားပါတယ်။

ပရိသတ်တွေကတော့ အသင်းငယ်လေးတွေနဲ့ ပွဲမှာတောင် အိုဇေးလ် ကို လူစာရင်း ကနေ ချန်လှပ် နေတဲ့ အမ်မရီ ကို လုပ်ရပ်ကို ဝေဖန် နေကြပြီး ကက်စ်ကာရီနိုက ကစားသမား ကိုယ်တိုင်က ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံး နေကြောင်း ဝေဖန် သုံးသပ် လိုက်ပါတယ် ။

ကက်စ်ကာရီနိုက talkSPORTS မှာ ” အိုဇေးလ် အကြောင်းကို လူတွေ အတော်များများက ဝေဖန် သုံးသပ် နေကြတော့ ကျနော်တောင် စိတ်အနှောင့်အယှက် ဖြစ်မိပါတယါ ။ ”

” ကမ္ဘာ့ဖလား ရဖူးတဲ့ ကစားသမား ၊ အတွေ့အကြုံလည်း အများကြီး ရှိသလို လက်ရှိ အသင်း ခေါင်းဆောင်လည်း ဖြစ်တဲ့ အိုဇေးလ် အနေနဲ့ ပွဲထွက် လူစာရင်းကနေ ချန်လှပ် ခံနေရတာကို ဘာမှ မပြောပုံ ထောက်ရင်တော့ သူကိုယ်တိုင် နေသားကျနေတဲ့ပုံပါပဲ ။ ”

” ကျနော် ပြောချင်တာက နည်းပြ နဲ့ သူ နဲ့ အပြန်အလှန် စကားစစ်ထိုးတာကို မြင်ချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော် ၊ ဒါပေမယ့် အိုဇေးလ် အနေနဲ့ အသင်းမှာ နေရာ ပြန်ရဖို့ အတွက် တိုက်ပွဲဝင် ကြိုးစားဖို့တော့ လိုအပ်ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရသလောက် တိုက်ပွဲဝင် စိတ်ဓတ် ပျောက်ဆုံးနေပါတယ် ။ ” လို့ သုံးသပ် သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အိုေဇးလ္ ဘာေၾကာင့္ အာဆင္နယ္ အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတာလဲဆိုတာ သုံးသပ္လိုက္တဲ့ ကက္စ္ကာရီနို
==================================

ခ်ဲလ္ဆီး အသင္း တိုက္စစ္မွူးေဟာင္း ကက္စ္ကာရီနိုက ဂန္းနား ကြင္းလယ္ ၾကယ္ပြင့္ အိုေဇးလ္ဟာ တိုက္ပြဲဝင္ စိတ္ဓတ္ ေပ်ာက္ဆုံးေနတာေၾကာင့္သာ ပြဲထြက္ လူစာရင္းကေန ခ်န္လွပ္ ခံေနရတာ ျဖစ္နိုင္ေၾကာင္း သုံးသပ္ ေျပာၾကား လိုက္ပါတယ္ ။

အာဆင္နယ္ အသင္း နည္းၿပ အမ္မရီ ဟာ ဒီရာသီ ကြင္းလယ္မွာ အိုေဇးလ္ ထက္စာရင္ စီဘယ္ေလာစ့္ နဲ႔ ဝီးေလာ့ခ္ တို႔ကို ပြဲထြက္ အသုံးျပဳ ေနတာလည္း ျဖစ္ပါတယ္။အိုေဇးလ္ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ၂ ပြဲသာ ပါဝင္ ကစားေပးထားရၿပီး ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။

အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းကမွ အာဆင္နယ္ အသင္းနဲ႔ သုံးႏွစ္ခြဲ စာခ်ဳပ္ သက္တမ္း တိုးထားၿပီး တစ္ပတ္ လစာ ေပါင္ ၃၅၀၀၀၀ နဲ႔ အသင္းမွာ လစာ အမ်ားဆုံး ရရွိေနတဲ့ ကစားသမားလည္း ျဖစ္ပါတယ္ ။

အသက္  ၃၁အရြယ္ရွိၿပီ ျဖစ္တဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းရဲ့ ေနာက္ဆုံး သုံးပြဲဆက္တိုက္ လူစာရင္း ကေန ခ်န္လွပ္ ခံခဲ့ရၿပီး နည္းၿပ အမ္မရီ ကေတာ့ အိုေဇးလ္ ထက္ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ ကစားသမားေတြ ရွိေနတာေၾကာင့္ ခ်န္လွပ္ခဲ့ရတာ ျဖစ္တယ္လို႔ ေျဖရွင္း ထားပါတယ္။

ပရိသတ္ေတြကေတာ့ အသင္းငယ္ေလးေတြနဲ႔ ပြဲမွာေတာင္ အိုေဇးလ္ ကို လူစာရင္း ကေန ခ်န္လွပ္ ေနတဲ့ အမ္မရီ ကို လုပ္ရပ္ကို ေဝဖန္ ေနၾကၿပီး ကက္စ္ကာရီနိုက ကစားသမား ကိုယ္တိုင္က ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္လိုစိတ္ ေပ်ာက္ဆုံး ေနေၾကာင္း ေဝဖန္ သုံးသပ္ လိုက္ပါတယ္ ။

ကက္စ္ကာရီနိုက talkSPORTS မွာ ” အိုေဇးလ္ အေၾကာင္းကို လူေတြ အေတာ္မ်ားမ်ားက ေဝဖန္ သုံးသပ္ ေနၾကေတာ့ က်ေနာ္ေတာင္ စိတ္အေႏွာင့္အယွက္ ျဖစ္မိပါတယါ ။ ”

” ကမၻာ့ဖလား ရဖူးတဲ့ ကစားသမား ၊ အေတြ႕အၾကဳံလည္း အမ်ားႀကီး ရွိသလို လက္ရွိ အသင္း ေခါင္းေဆာင္လည္း ျဖစ္တဲ့ အိုေဇးလ္ အေနနဲ႔ ပြဲထြက္ လူစာရင္းကေန ခ်န္လွပ္ ခံေနရတာကို ဘာမွ မေျပာပုံ ေထာက္ရင္ေတာ့ သူကိုယ္တိုင္ ေနသားက်ေနတဲ့ပုံပါပဲ ။ ”

” က်ေနာ္ ေျပာခ်င္တာက နည္းၿပ နဲ႔ သူ နဲ႔ အျပန္အလွန္ စကားစစ္ထိုးတာကို ျမင္ခ်င္တယ္လို႔ ဆိုလိုတာ မဟုတ္ဘူးေနာ္ ၊ ဒါေပမယ့္ အိုေဇးလ္ အေနနဲ႔ အသင္းမွာ ေနရာ ျပန္ရဖို႔ အတြက္ တိုက္ပြဲဝင္ ႀကိဳးစားဖို႔ေတာ့ လိုအပ္ပါတယ္ ။ သူ႔ရဲ့ စြမ္းေဆာင္ရည္ကို ၾကည့္ရသေလာက္ တိုက္ပြဲဝင္ စိတ္ဓတ္ ေပ်ာက္ဆုံးေနပါတယ္ ။ ” လို႔ သုံးသပ္ သြားခဲ့ပါတယ္ ။

SPORTS MYANMAR