Unicode

ချယ်လ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ၊ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ဒီနှစ် ဘောလုံး ရာသီ နည်းပြသစ် ဖရန့် လမ်းပတ် လက်အောက် မှာလည်း ဒုတိယ ဦးစားပေး တိုက်စစ်မှူး အနေနဲ့ သာ ရပ်တည် နေခဲ့ရပါတယ် ။ အထူးသဖြင့် အကယ်ဒမီ ထွက် လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဂိုးမြူးနေခြင်း နဲ့ တောက်လျှောက် ခြေစွမ်း ပြနေခြင်း ဟာ ၄င်းရဲ့ ပွဲထွက်ခွင့် တွေကို ပိုမို ဆုံးရှုံး စေခဲ့ပါတယ် ။

 

 

ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ပွဲထွက်ခွင့် တွေ ပျောက်ဆုံး နေခဲ့တာ ဖြစ်ကာ နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ လက်အောက် မှာလည်း ယူရိုပါလိဂ် ပြိုင်ပွဲ မှာသာ အများစု ပွဲထွက်ခွင့် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ နဲ့ ရာသီကုန်ခါနီး မှာ ဂျရူး တယောက် ချယ်လ်ဆီး ကနေ ပြင်သစ် လီဂူး သို့ ပြန်လည် ပြောင်းရွှေ့ ဖို့ အတော်လေး သတင်း တွေ ထွက်ပေါ် ခဲ့ပါတယ် ။

အဆုံးမှာတော့ ဂျရူး ဟာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း တနှစ် ထပ်တိုးကာ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ဒီနှစ် ရာသီ အစောပိုင်း က ဥရောပ စူပါဖလား ဗိုလ်လုပွဲ နဲ့ လက်စတာ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာ ဂျရူး ဟာ ပွဲထွက်ခွင့် ရခဲ့ပြီးနောက်ပိုင်း အေဘရာဟမ် ဟာ အတော်လေး ခြေစွာ ခဲ့တာကြောင့် ဂျရူး အဖို့ ပိုပြီး ရုန်းကန် ရမယ့် အနေအထား ကို ရောက်ရှိ လာပါတယ် ။

သို့ပေမယ့် လည်း လက်ရွေးစင် အသင်း မှာတော့ ဂျရူး ဟာ နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ရဲ့ စိတ်ကြိုက် ဦးစားပေး တိုက်စစ်မှူး အဖြစ် ရပ်တည် နေဆဲ ဖြစ်ကာ မနေ့ည က ကစား သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် ဖြစ်တဲ့ တူရကီ အသင်း နဲ့ ပွဲမှာ လူစားဝင်ကာ ဂရဇ်မန်း ရဲ့ ဖန်တီး ပေးပို့မှု ကနေ တဆင့် သွင်းဂိုး တဂိုး ရယူ နိုင်ခဲ့ပါတယ် ။ ထိုဂိုးကြောင့် ဂျရူး ဟာ ပြင်သစ် အသင်း အတွက် ဒုတိယ ဂိုးအများဆုံး သွင်းယူ ထားတဲ့ ပလာတီနီ နဲ့ ၃ဂိုး အကွာ ကို ရောက်လာခဲ့ပါတယ် ။

ထို ပွဲစဉ် အပြီး အင်တာဗျူး မှာတော့ ဂျရူး က ချယ်လ်ဆီး အသင်း မှာ ပွဲထွက်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ၊ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ မဖြစ်မနေ လိုအပ် နေတာမျိုး မဟုတ်ပေမယ့် အနာဂတ် အတွက် စဉ်းစား သွားချင်ကြောင်း ၊ နိုင်ငံ အသင်း နဲ့ သူ ခြေစွမ်း ပြနေတာတွေကို ဖရန့် လမ်းပတ် မြင်တွေ့ လိမ့်မယ် လို့လည်း ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

ဂျရူး က ” ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ ပွဲထွက်ခွင့် တနေရာ ရဖို့ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ ။ ဒါကို နည်းပြ လည်း သိထားပါတယ် ။ အနာဂတ် အကြောင်း ကိုတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကျွန်တော် တို့ စဉ်းစား သွားမှာပါ ။ အကယ်၍ ကျွန်တော် ချယ်လ်ဆီး ကနေ ထွက်ခွာချင်ခဲ့ရင် ? တကယ်တမ်း တော့ ဒါက လောလောဆယ် မှာ မလိုအပ်သေးပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော့ အနေနဲ့ ရွေးချယ်မှု တခု လုပ်ရမယ် ဆိုရင် ကျွန်တော် ဟာ ရှေ့လျှောက် နှစ် အနည်းငယ် လောက် ဘောလုံး ကောင်းကောင်း ကစားလို့ ရနိုင်ပါသေးတယ် ။ အသက် ၃၃ နှစ် ရှိပြီ ဆိုပေမယ့် ကျွန်တော့ မှာ သန်စွမ်းတဲ့ ခြေထောက် တွေ ရှိသေးတယ် ၊ ကျန်းမာတဲ့ ဘဝ ကို ပိုင်ဆိုင် ထားပြီး ကြံ့ခိုင်မှု အပိုင်း အရလည်း အကောင်းဆုံး အနေအထား မှာ ရှိနေပါတယ် ။ ဆက်လက်ပြီး ဘောလုံး ဆက်ကစားဖို့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ချင်ပါသေးတယ် ။ ”

giroud

” ချယ်လ်ဆီး အသင်း ကတော့ ကျွန်တော့ ရဲ့ ဦးစားပေး ရွေးချယ်မှု ထဲမှာ ပါဝင်ပါတယ် ။ ဒါပေမယ့် အဆုံးမှာ စိတ်ပိုင်းဖြတ်ပြီး ရွေးချယ်ရရင် တော့ အာဆင်နယ် ကနေ ထွက်ခွာ လာတုန်းက ဆုံးဖြတ်ချက် အတိုင်း ထပ်ပြီး လုပ်ဆောင် သွားဦးမှာပါ ။ မန်နေဂျာ ဟာလည်း ကျွန်တော့ ရဲ့ လက်ရွေးစင် အသင်း က ခြေစွမ်း တွေကို ကြည့်ရှု နေမယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ချယ်လ်ဆီး ကို ပြန်ပြီး ကျွန်တော် ဘာတွေ လုပ်ပြ နိုင်သလဲ ဆိုတာ ဆက်လက် ပြသ သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ခ်ယ္လ္ဆီး မွာ ေနရာ ရဖို႕ ဆက္လက္ တိုက္ပြဲဝင္မွာ ျဖစ္ေပမယ့္ လာမယ့္ ဇန္နဝါရီ မွာ အသင္းေျပာင္းေရႊ႕ႏိုင္ေျခ လည္း ရွိတယ္ လို႕ အရိပ္အျမြက္ ဆိုလာတဲ့ #ဂ်ရူး

ခ်ယ္လ္ဆီး အသင္း ရဲ႕ ျပင္သစ္ လက္ေရြးစင္ ၊ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ဟာ ဒီႏွစ္ ေဘာလံုး ရာသီ နည္းျပသစ္ ဖရန္႕ လမ္းပတ္ လက္ေအာက္ မွာလည္း ဒုတိယ ဦးစားေပး တိုက္စစ္မွဴး အေနနဲ႕ သာ ရပ္တည္ ေနခဲ့ရပါတယ္ ။ အထူးသျဖင့္ အကယ္ဒမီ ထြက္ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဂိုးျမဴးေနျခင္း နဲ႕ ေတာက္ေလွ်ာက္ ေျခစြမ္း ျပေနျခင္း ဟာ ၄င္းရဲ႕ ပြဲထြက္ခြင့္ ေတြကို ပိုမို ဆံုးရႈံး ေစခဲ့ပါတယ္ ။

ဂ်ရူး ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကတည္းက ပြဲထြက္ခြင့္ ေတြ ေပ်ာက္ဆံုး ေနခဲ့တာ ျဖစ္ကာ နည္းျပေဟာင္း ေမာ္ရစ္ဇီယို ဆာရီ လက္ေအာက္ မွာလည္း ယူရိုပါလိဂ္ ျပိဳင္ပြဲ မွာသာ အမ်ားစု ပြဲထြက္ခြင့္ ရရွိ ခဲ့တာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ နဲ႕ ရာသီကုန္ခါနီး မွာ ဂ်ရူး တေယာက္ ခ်ယ္လ္ဆီး ကေန ျပင္သစ္ လီဂူး သို႕ ျပန္လည္ ေျပာင္းေရႊ႕ ဖို႕ အေတာ္ေလး သတင္း ေတြ ထြက္ေပၚ ခဲ့ပါတယ္ ။

အဆံုးမွာေတာ့ ဂ်ရူး ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း တႏွစ္ ထပ္တိုးကာ ပြဲထြက္ခြင့္ အတြက္ တိုက္ပြဲဝင္ဖို႕ ၾကိဳးစား ခဲ့ပါတယ္ ။ ဒီႏွစ္ ရာသီ အေစာပိုင္း က ဥေရာပ စူပါဖလား ဗိုလ္လုပြဲ နဲ႕ လက္စတာ နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြမွာ ဂ်ရူး ဟာ ပြဲထြက္ခြင့္ ရခဲ့ျပီးေနာက္ပိုင္း ေအဘရာဟမ္ ဟာ အေတာ္ေလး ေျခစြာ ခဲ့တာေၾကာင့္ ဂ်ရူး အဖို႕ ပိုျပီး ရုန္းကန္ ရမယ့္ အေနအထား ကို ေရာက္ရွိ လာပါတယ္ ။

သို႕ေပမယ့္ လည္း လက္ေရြးစင္ အသင္း မွာေတာ့ ဂ်ရူး ဟာ နည္းျပ ဒီဒီယာ ဒက္စ္ခ်မ့္စ္ ရဲ႕ စိတ္ၾကိဳက္ ဦးစားေပး တိုက္စစ္မွဴး အျဖစ္ ရပ္တည္ ေနဆဲ ျဖစ္ကာ မေန႕ည က ကစား သြားခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ျဖစ္တဲ့ တူရကီ အသင္း နဲ႕ ပြဲမွာ လူစားဝင္ကာ ဂရဇ္မန္း ရဲ႕ ဖန္တီး ေပးပို႕မႈ ကေန တဆင့္ သြင္းဂိုး တဂိုး ရယူ ႏိုင္ခဲ့ပါတယ္ ။ ထိုဂိုးေၾကာင့္ ဂ်ရူး ဟာ ျပင္သစ္ အသင္း အတြက္ ဒုတိယ ဂိုးအမ်ားဆံုး သြင္းယူ ထားတဲ့ ပလာတီနီ နဲ႕ ၃ဂိုး အကြာ ကို ေရာက္လာခဲ့ပါတယ္ ။

ထို ပြဲစဥ္ အျပီး အင္တာဗ်ဴး မွာေတာ့ ဂ်ရူး က ခ်ယ္လ္ဆီး အသင္း မွာ ပြဲထြက္ခြင့္ အတြက္ ဆက္လက္ တိုက္ပြဲဝင္သြားမွာ ျဖစ္ေၾကာင္း ၊ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ခ်ယ္လ္ဆီး ကေန ထြက္ခြာဖို႕ မျဖစ္မေန လိုအပ္ ေနတာမ်ိဳး မဟုတ္ေပမယ့္ အနာဂတ္ အတြက္ စဥ္းစား သြားခ်င္ေၾကာင္း ၊ ႏိုင္ငံ အသင္း နဲ႕ သူ ေျခစြမ္း ျပေနတာေတြကို ဖရန္႕ လမ္းပတ္ ျမင္ေတြ႕ လိမ့္မယ္ လို႕လည္း ယုံၾကည္ေၾကာင္း ဆိုခဲ့ပါတယ္ ။

ဂ်ရူး က ” ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ပြဲထြက္ခြင့္ တေနရာ ရဖို႕ အတြက္ ဆက္လက္ တိုက္ပြဲဝင္သြားမွာပါ ။ ဒါကို နည္းျပ လည္း သိထားပါတယ္ ။ အနာဂတ္ အေၾကာင္း ကိုေတာ့ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ကြ်န္ေတာ္ တို႕ စဥ္းစား သြားမွာပါ ။ အကယ္၍ ကြ်န္ေတာ္ ခ်ယ္လ္ဆီး ကေန ထြက္ခြာခ်င္ခဲ့ရင္ ? တကယ္တမ္း ေတာ့ ဒါက ေလာေလာဆယ္ မွာ မလိုအပ္ေသးပါဘူး ။ ”

” ဒါေပမယ့္ ကြ်န္ေတာ့ အေနနဲ႕ ေရြးခ်ယ္မႈ တခု လုပ္ရမယ္ ဆိုရင္ ကြ်န္ေတာ္ ဟာ ေရွ႕ေလွ်ာက္ ႏွစ္ အနည္းငယ္ ေလာက္ ေဘာလံုး ေကာင္းေကာင္း ကစားလို႕ ရႏိုင္ပါေသးတယ္ ။ အသက္ ၃၃ ႏွစ္ ရွိျပီ ဆိုေပမယ့္ ကြ်န္ေတာ့ မွာ သန္စြမ္းတဲ့ ေျခေထာက္ ေတြ ရွိေသးတယ္ ၊ က်န္းမာတဲ့ ဘဝ ကို ပိုင္ဆိုင္ ထားျပီး ၾကံ့ခိုင္မႈ အပိုင္း အရလည္း အေကာင္းဆံုး အေနအထား မွာ ရွိေနပါတယ္ ။ ဆက္လက္ျပီး ေဘာလံုး ဆက္ကစားဖို႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္း ခ်င္ပါေသးတယ္ ။ ”

 

” ခ်ယ္လ္ဆီး အသင္း ကေတာ့ ကြ်န္ေတာ့ ရဲ႕ ဦးစားေပး ေရြးခ်ယ္မႈ ထဲမွာ ပါဝင္ပါတယ္ ။ ဒါေပမယ့္ အဆံုးမွာ စိတ္ပိုင္းျဖတ္ျပီး ေရြးခ်ယ္ရရင္ ေတာ့ အာဆင္နယ္ ကေန ထြက္ခြာ လာတုန္းက ဆံုးျဖတ္ခ်က္ အတိုင္း ထပ္ျပီး လုပ္ေဆာင္ သြားဦးမွာပါ ။ မန္ေနဂ်ာ ဟာလည္း ကြ်န္ေတာ့ ရဲ႕ လက္ေရြးစင္ အသင္း က ေျခစြမ္း ေတြကို ၾကည့္ရႈ ေနမယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ၊ ခ်ယ္လ္ဆီး ကို ျပန္ျပီး ကြ်န္ေတာ္ ဘာေတြ လုပ္ျပ ႏိုင္သလဲ ဆိုတာ ဆက္လက္ ျပသ သြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR