Unicode

ချစ်လှစွာသော အသက် 17 နှစ်သာ ရှိသေးတဲ့ ဘူဖွန်လေးရေ……

ဒီစာကို အသက် 41 နှစ် ရှိပြီ ဖြစ်တဲ့ ၊ ဘ၀ အတွေ့အကြုံတွေ အများကြီး အများကြီးရှိနေတဲ့ 41 နှစ် အရွယ် ဘူဖွန်ကြီးက ရေးသားလိုက်ပါတယ်။ ဒီအထဲမှာ သတင်းကောင်းတွေလဲ ပါမယ် ၊ သတင်းဆိုးတွေ လဲ ပါမယ် ။ သေချာတာ တစ်ခုက ဒီစာဟာ မင်းရဲ့ ဝိညဏ် အကြောင်းကို အမှန်တရားတွေနဲ့ ပြောပြသွားမှာပါ။

မင်းမှာ ဝိညဏ် တစ်ခုရှိနေတယ် ဆိုတာတော့ ယုံထားတယ် မဟုတ်လား….

ဒါဆိုရင် သတင်းဆိုး တစ်ခုနဲ့ စလိုက်ကြရအောင်အောင်ကွာ ။ မင်းဟာ အခုမှ အသက် က 17 နှစ်ပဲ ရှိသေးတယ် ၊ မကြာခင်မှာ မင်းအိပ်မက်ထဲက ဘောလုံးသမား တစ်ယောက် ဖြစ်လာတော့မယ် ၊ မင်းကိုယ်မင်း လဲ အကုန်လုံး သိထားနေပြီလို့ ယူဆနေမှာပါ။ ဒါပေမယ့် တကယ့် အမှန်တရားကတော့ မင်းဟာ ဘာမှကို မသိနားမလည်သေးပါဘူးကွာ။

လာမယ့် ရက်ပိုင်းအတွင်းမှာ မင်းဟာ ပါးမား အသင်းရဲ့ စီးရီးအေး ပွဲထွက်ခွင့်ကို ပထမဆုံး အကြိမ် ရရှိတော့မယ် ၊ ဒါကို ကြောက်ရ လန့်ရကောင်းမှန်းလဲ မသိဘူး။ အမှန်ဆိုရင် အဲဒီ အတွက် ပြင်ဆင်တဲ့ အနေနဲ့ နွားနို့ပူပူလေး သောက်ရင်း အိပ်ရေး၀၀ ဖြစ်အောင် အိပ်ပြီး အားမွေးထားသင့်တာကွ။ အခုတော့ မင်းက သူငယ်ချင်း တစ်ယောက်နဲ့ နိုက်ကလပ်သွားဖို့ ပြင်နေတယ်ပေါ့။

ပြီးရင် ဘီယာလေးလဲ သောက်လိုက်ဦးမယ်ပေါ့…ဟုတ်လား။

ပြီးရင် စကားလုံးတွေက ရှုပ်လာဦးမယ် ။ ကိုယ့်ကိုကိုယ် စိတ်ဓါတ်ကြံ့ခိုင်သူကြီးလို့ မှတ်ယူထားတဲ့ လူငယ်တစ်ယောက်က ရင်ဆိုင်လာရမယ့် ဖိအားတွေကို ဒီလို ပုံစံမျိုးနဲ့ ဖြေရှင်းကြည့်တယ်ပေါ့။ မကြာခင် ကလပ် အပြင်ဘက်နားကို ရောက်လာတော့မယ် ၊ ရဲတွေ နဲ့လဲ အငြင်းအခုန်လဲ ဖြစ်ချင် ဖြစ်ဦးမယ်။

အိမ်ပဲ တန်းပြန်ပါကွာ……..ပြီးရင် အိပ်ယာထဲမှာ အိပ်ပစ်လိုက်စမ်းပါ။

ကျေးဇူးပြုပြီးတော့ ငါ ကြိုပြီး မေတ္တာရပ်ခံထားပါရစေ……ရဲကားကိုတော့ သွားပြီး သေးနဲ့ မပန်းလိုက်ပါနဲ့။ သူတို့က မင်းကို ခွင့်လွှတ်မှာ မဟုတ်သလို ၊ ကလပ်ကလဲ မင်းကို ညှာတာမှာ မဟုတ်ပါဘူး။ ဒီလို အပြုအမူမျိုးကြောင့် ၊ မင်းကြိုးစားခဲ့သမျှတွေ အားလုံး သဲထဲရေသွန် သလို ဖြစ်သွားနိုင်တယ်နော်။

ဒီလို ပရမ်းပတာတွေက တကယ်တော့ ဘာအကြောင်းပြချက်မှလဲ တိတိကျကျ မရှိပဲနဲ့ ဖြစ်နေတာ။ မင်း ရင်ထဲမှာ ခံစားရတာတွေက မှားယွင်းတဲ့ဘက်ကို ဦးတည်နေတာကွ။ မင်းကိုမင်းတော့ အသင်းက ကစားဖော်တွေ အကြားမှာ စိတ်ဓါတ် ကြံ့ခိုင်တယ် ၊ လွတ်လပ်မှု အပြည့်နဲ့ နေတယ်လို့ ပြောနေပေမယ့် ၊ တကယ်တော့ ကိုယ့်ကိုကိုယ် ညာနေတာ မင်းသိပါတယ်။

မကြာခင်လဲ ထူးဆန်းတဲ့ အရာကြီး 3 ခုကိုလဲ မင်းလက်ဆောင်ရလာဦးမှာကွ။ အဲဒီ အရာတွေက အရမ်းကို အန္တရာယ်များသလို ၊ အဆိပ်တွေလို့တောင် ပြောလို့ရတယ်နော်။

ဘာတွေလဲ ဆိုတော့ ငွေရယ် ၊ ကျော်ကြားမှု ရယ် နဲ့ မင်းရဲ့ အိပ်မက် ပရို ဘောလုံးသမား တစ်ယောက် ဖြစ်လာခွင့် ပါပဲ။

ဒါတွေက ဘာလို့ အန္တရာယ် များတာလဲလို့ မင်းလဲ အခုချိန်မှာ လေးလေးနက်နက် စဉ်းစားနေလောက်တယ် ထင်ပါတယ်။ စဉ်းစားမယ်ဆိုလဲ စဉ်းစားချင်စရာလေ……ဒါတွေက ဘ၀ အတွက် မကောင်းဘူးလား၊ ဘာဖြစ်လို့ ဝိရောဒိ ဖြစ်နေရတာလဲ။

အခြား တစ်ဖက်ကနေ ကြည့်ရင် ဂိုးသမား တစ်ယောက်အတွက် မှန်တကယ်လိုအပ်တာက ယုံကြည်မှုပါ။ သူဟာ ကြောက်ရွံ့မှု လုံးဝကို ကင်းမဲ့နေရပါမယ်။ မန်နေဂျာ တစ်ယောက်ကို နည်းစနစ် ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဂိုးသမား နဲ့ ကြောက်ရွံ့မှု ကင်းတဲ့ ဂိုးသမား ဘယ်သူ့ကို ရွေးချယ်မလဲ လို့ မေးလိုက်ရင် ၊ အားလုံးက အကြောက်တရား လုံး၀ မရှိတဲ့ ဂိုးသမားကိုပဲ အမြဲတမ်း ပွဲထွက်ခွင့် ပေးပါလိမ့်မယ်။

ဒါပေမယ့် နောက်တစ်ဖက် ကနေ ပြန်ကြည့်လိုက်ရင်တော့ ကြောက်ရွံ့မှု ကင်းတယ် ဆိုတဲ့ လူတိုင်းကလဲ သူတို့မှာ ခံစားတတ်တဲ့ စိတ်လေး ရှိနေတယ် ဆိုတာ မေ့နေကြတယ်လေ။ မင်းသာ တစ်ချိန်လုံး ဘောလုံးအပေါ်ပဲ စဉ်းစားရင်း အသက်ရှင်နေမယ် ဆိုရင်တော့ ၊ သေချာပါတယ် မကြာခင်မှာ စိတ်ဓါတ်ကျမှုတွေ ခဏလေးနဲ့ ဝင်လာတော့မှာပါ။ ဘယ်လောက်အထိ ဆိုးသလဲ ဆိုရင် အိပ်ယာထဲကနေတောင် ထချင် မှာ မဟုတ်ပါဘူး။

မင်းဖာသာမင်း ၊ ဘယ်လောက်အထိ ကြိုးစားပြီး ပြုံးရယ်နေပါစေ ၊ ဒါတွေက ကြုံကို ကြုံရမှာပါ။ အထူးသဖြင့် ကစားသမားဘ၀ အမြင့်ဆုံး ရောက်လာလေလေ ၊ ပိုပြီးတော့ ရင်ဆိုင်ရလေလေ ပါပဲ။ မင်းအသက် 26 နှစ်မှာ ဂျူဗင်တပ် အသင်းရဲ့ ဂိုးသမား ဖြစ်လာမယ် ၊ အီတလီ လက်ရွေးစင် အသင်းရဲ့ ဂိုးသမား ဖြစ်လာမယ် ၊ ငွေကြေး ချမ်းသာလာမယ် ၊ လူတွေရဲ့ လေးစားမှုတွေ ရရှိလာမယ် ၊ ကုန်ကုန်ပြောရရင် လူတွေက မင်းကို Superman လို့တောင် ခေါ်လာကြမှာပါ။

ဒါပေမယ့် မင်းဟာ Superman လုံး၀ မဟုတ်ပါဘူး ။ မင်းဟာ လူသားတွေထဲက လူသား တစ်ယောက်သာ ဖြစ်ပါတယ်။ ဘောလုံး နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ပြီ ဆိုတာ နဲ့ မင်းဟာ လူစင်စစ်ကနေ စက်ရုပ်တစ်ခုလို ရုပ်ချည်းပြောင်းသွားရတော့မှာပါ။ လေ့ကျင့်ရေးကွင်း သွားတယ် ၊ အိမ်ပြန်တယ် ၊ တီဗွီကြည့်တယ် ၊ အိပ်တယ် ၊ နောက်တစ်နေ့ ပွဲ ကစားတယ် ၊ နိုင်လိုက် / ရှုံးလိုက် နဲ့ သံသရာ လည်နေတာပါပဲ။ တွေးကြည့်ရင် မကုန်ဆုံးနိုင်တဲ့ သံသရာကြီးကို လည်ပတ်နေရသလိုပါကွာ။

မနက်ခင်းရောက်တော့ အိပ်ယာထပြီး ၊ လေ့ကျင့်ရေးကွင်းသွားတဲ့ အချိန် ဒူးတွေ တုန်ချင် တုန်နေဦးမှာ ။ တစ်ခါတလေ ကားမောင်းဖို့တောင် အင်အားမရှိတာမျိုးတွေ ကြုံရဦးမှာပါကွာ။ မင်ထင်တာ အားနည်းလို့လား ၊ ဗိုင်းရပ် ကူးခံရလို့လား ဆိုပြီး စဉ်းစားကောင်း စဉ်းစားနေမှာဖြစ်ပေမယ့် ၊ ပိုဆိုးလာရင်တော့ အိပ်ယာထဲမှာပဲ ခွေခွေလေး နေချင်မှာပဲလေ။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာတော့ ဂိုးပေါင်းကာကွယ်မှုတိုင်းက အရမ်းကို ပြင်းထန်လွန်းပါတယ်။

7 လ လောက်အထိတော့ မင်းကိုယ်မင်း ဘောလုံးလောကမှာ အတည်တကျ ဖြစ်ဖို့ ရုန်းကန်ရဥိးမှာပါ။ အဲဒီ အခိုက်အတန့် ရောက်လာပြီ ဆိုရင် ခဏလေးတော့ အနားယူလိုက်ကွာ။

ဘာလို့လဲ ဆိုတော့ မင်းဟာ အခုမှ 17 နှစ်ပဲ ရှိသေးတယ်လေ။ အဲဒီတော့ ငါ့ရဲ့ အတွေ့အကြုံတွေကို အခု ဆက်ခံရရှိနေတာပေါ့။

မင်းစိတ်ထဲမှာ ကျနော်တော့ ဒါမျိုးတွေ ကြုံမှာ မဟုတ်ဘူး ၊ ကျနော်က ခေါင်းဆောင် တစ်ယောက်ဖြစ်လာဖို့ မွေးဖွားလာတဲ့သူ ၊ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ ဆိုပြီး မာန်တက်ချင် တက်နေပါလိမ့်မယ်။ ငါလဲ ဂျူဗီ ဂိုးသမား ဖြစ်လာပြီး ၊ ဝင်ငွေ သန်းချီ ရလာတော့ ပျော်တာပေါ့ ၊ စိတ်ဓါတ်ကျမှု ဆိုတာ ဘာမှန်းတောင် မသိဘူးကွာလို့တောင် ရေရွတ်ခဲ့ဖူးတယ်ဟ။

ကဲ …….ဒါဆိုရင် မင်းကို ငါ မေးခွန်းတစ်ခု ပြန်မေးမယ် “ မင်းဟာ ဘယ်လို ရည်ရွယ်ချက်မျိုး နဲ့ ဘောလုံးသမား ဖြစ်ဖို့ ကြိုးစားလာခဲ့တာလဲ။ ပြန်စဉ်းစားကြည့်စမ်းပါကွာ”

မင်းဘောလုံးသမား ဖြစ်လာတာ သောမတ် အန်ကိုနို ကြောင့်လို့ ဆိုပြီး လွယ်လွယ်လေးနဲ့ အဖြေ မပေးပါနဲ့ ၊ ဒီထက် ပိုပြီး လေးလေးနက်နက် ပြန်တွေးကြည့်ရင်း အဖြေပေးပါ။ မင်းအနေနဲ့ အသက် 12 နှစ် အရွယ်မှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်ခဲ့တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်လေးတွေ က အစ မှတ်မိနေမယ် ဆိုတာ ငါသိပါတယ်။

SM

Zawgyi

ဘူဖြန္ေရးတဲ့ ဘူဖြန႔္ထံ ေပးစာ……..(အပိုင္း 1)

ခ်စ္လွစြာေသာ အသက္ 17 ႏွစ္သာ ရွိေသးတဲ့ ဘူဖြန္ေလးေရ……

ဒီစာကို အသက္ 41 ႏွစ္ ရွိၿပီ ျဖစ္တဲ့ ၊ ဘ၀ အေတြ႕အၾကဳံေတြ အမ်ားႀကီး အမ်ားႀကီးရွိေနတဲ့ 41 ႏွစ္ အရြယ္ ဘူဖြန္ႀကီးက ေရးသားလိုက္ပါတယ္။ ဒီအထဲမွာ သတင္းေကာင္းေတြလဲ ပါမယ္ ၊ သတင္းဆိုးေတြ လဲ ပါမယ္ ။ ေသခ်ာတာ တစ္ခုက ဒီစာဟာ မင္းရဲ့ ဝိညဏ္ အေၾကာင္းကို အမွန္တရားေတြနဲ႔ ေျပာျပသြားမွာပါ။

မင္းမွာ ဝိညဏ္ တစ္ခုရွိေနတယ္ ဆိုတာေတာ့ ယုံထားတယ္ မဟုတ္လား….

ဒါဆိုရင္ သတင္းဆိုး တစ္ခုနဲ႔ စလိုက္ၾကရေအာင္ေအာင္ကြာ ။ မင္းဟာ အခုမွ အသက္ က 17 ႏွစ္ပဲ ရွိေသးတယ္ ၊ မၾကာခင္မွာ မင္းအိပ္မက္ထဲက ေဘာလုံးသမား တစ္ေယာက္ ျဖစ္လာေတာ့မယ္ ၊ မင္းကိုယ္မင္း လဲ အကုန္လုံး သိထားေနၿပီလို႔ ယူဆေနမွာပါ။ ဒါေပမယ့္ တကယ့္ အမွန္တရားကေတာ့ မင္းဟာ ဘာမွကို မသိနားမလည္ေသးပါဘူးကြာ။

လာမယ့္ ရက္ပိုင္းအတြင္းမွာ မင္းဟာ ပါးမား အသင္းရဲ့ စီးရီးေအး ပြဲထြက္ခြင့္ကို ပထမဆုံး အႀကိမ္ ရရွိေတာ့မယ္ ၊ ဒါကို ေၾကာက္ရ လန႔္ရေကာင္းမွန္းလဲ မသိဘူး။ အမွန္ဆိုရင္ အဲဒီ အတြက္ ျပင္ဆင္တဲ့ အေနနဲ႔ ႏြားနို႔ပူပူေလး ေသာက္ရင္း အိပ္ေရး၀၀ ျဖစ္ေအာင္ အိပ္ၿပီး အားေမြးထားသင့္တာကြ။ အခုေတာ့ မင္းက သူငယ္ခ်င္း တစ္ေယာက္နဲ႔ နိုက္ကလပ္သြားဖို႔ ျပင္ေနတယ္ေပါ့။

ၿပီးရင္ ဘီယာေလးလဲ ေသာက္လိုက္ဦးမယ္ေပါ့…ဟုတ္လား။

ၿပီးရင္ စကားလုံးေတြက ရွုပ္လာဦးမယ္ ။ ကိုယ့္ကိုကိုယ္ စိတ္ဓါတ္ႀကံ့ခိုင္သူႀကီးလို႔ မွတ္ယူထားတဲ့ လူငယ္တစ္ေယာက္က ရင္ဆိုင္လာရမယ့္ ဖိအားေတြကို ဒီလို ပုံစံမ်ိဳးနဲ႔ ေျဖရွင္းၾကည့္တယ္ေပါ့။ မၾကာခင္ ကလပ္ အျပင္ဘက္နားကို ေရာက္လာေတာ့မယ္ ၊ ရဲေတြ နဲ႔လဲ အျငင္းအခုန္လဲ ျဖစ္ခ်င္ ျဖစ္ဦးမယ္။

အိမ္ပဲ တန္းျပန္ပါကြာ……..ၿပီးရင္ အိပ္ယာထဲမွာ အိပ္ပစ္လိုက္စမ္းပါ။

ေက်းဇူးျပဳၿပီးေတာ့ ငါ ႀကိဳၿပီး ေမတၱာရပ္ခံထားပါရေစ……ရဲကားကိုေတာ့ သြားၿပီး ေသးနဲ႔ မပန္းလိုက္ပါနဲ႔။ သူတို႔က မင္းကို ခြင့္လႊတ္မွာ မဟုတ္သလို ၊ ကလပ္ကလဲ မင္းကို ညႇာတာမွာ မဟုတ္ပါဘူး။ ဒီလို အျပဳအမူမ်ိဳးေၾကာင့္ ၊ မင္းႀကိဳးစားခဲ့သမၽွေတြ အားလုံး သဲထဲေရသြန္ သလို ျဖစ္သြားနိုင္တယ္ေနာ္။

ဒီလို ပရမ္းပတာေတြက တကယ္ေတာ့ ဘာအေၾကာင္းျပခ်က္မွလဲ တိတိက်က် မရွိပဲနဲ႔ ျဖစ္ေနတာ။ မင္း ရင္ထဲမွာ ခံစားရတာေတြက မွားယြင္းတဲ့ဘက္ကို ဦးတည္ေနတာကြ။ မင္းကိုမင္းေတာ့ အသင္းက ကစားေဖာ္ေတြ အၾကားမွာ စိတ္ဓါတ္ ႀကံ့ခိုင္တယ္ ၊ လြတ္လပ္မွု အျပည့္နဲ႔ ေနတယ္လို႔ ေျပာေနေပမယ့္ ၊ တကယ္ေတာ့ ကိုယ့္ကိုကိုယ္ ညာေနတာ မင္းသိပါတယ္။

မၾကာခင္လဲ ထူးဆန္းတဲ့ အရာႀကီး 3 ခုကိုလဲ မင္းလက္ေဆာင္ရလာဦးမွာကြ။ အဲဒီ အရာေတြက အရမ္းကို အႏၲရာယ္မ်ားသလို ၊ အဆိပ္ေတြလို႔ေတာင္ ေျပာလို႔ရတယ္ေနာ္။

ဘာေတြလဲ ဆိုေတာ့ ေငြရယ္ ၊ ေက်ာ္ၾကားမွု ရယ္ နဲ႔ မင္းရဲ့ အိပ္မက္ ပရို ေဘာလုံးသမား တစ္ေယာက္ ျဖစ္လာခြင့္ ပါပဲ။

ဒါေတြက ဘာလို႔ အႏၲရာယ္ မ်ားတာလဲလို႔ မင္းလဲ အခုခ်ိန္မွာ ေလးေလးနက္နက္ စဥ္းစားေနေလာက္တယ္ ထင္ပါတယ္။ စဥ္းစားမယ္ဆိုလဲ စဥ္းစားခ်င္စရာေလ……ဒါေတြက ဘ၀ အတြက္ မေကာင္းဘူးလား၊ ဘာျဖစ္လို႔ ဝိေရာဒိ ျဖစ္ေနရတာလဲ။

အျခား တစ္ဖက္ကေန ၾကည့္ရင္ ဂိုးသမား တစ္ေယာက္အတြက္ မွန္တကယ္လိုအပ္တာက ယုံၾကည္မွုပါ။ သူဟာ ေၾကာက္ရြံ့မွု လုံးဝကို ကင္းမဲ့ေနရပါမယ္။ မန္ေနဂ်ာ တစ္ေယာက္ကို နည္းစနစ္ ပိုင္းဆိုင္ရာ ကၽြမ္းက်င္တဲ့ ဂိုးသမား နဲ႔ ေၾကာက္ရြံ့မွု ကင္းတဲ့ ဂိုးသမား ဘယ္သူ႔ကို ေရြးခ်ယ္မလဲ လို႔ ေမးလိုက္ရင္ ၊ အားလုံးက အေၾကာက္တရား လုံး၀ မရွိတဲ့ ဂိုးသမားကိုပဲ အျမဲတမ္း ပြဲထြက္ခြင့္ ေပးပါလိမ့္မယ္။

ဒါေပမယ့္ ေနာက္တစ္ဖက္ ကေန ျပန္ၾကည့္လိုက္ရင္ေတာ့ ေၾကာက္ရြံ့မွု ကင္းတယ္ ဆိုတဲ့ လူတိုင္းကလဲ သူတို႔မွာ ခံစားတတ္တဲ့ စိတ္ေလး ရွိေနတယ္ ဆိုတာ ေမ့ေနၾကတယ္ေလ။ မင္းသာ တစ္ခ်ိန္လုံး ေဘာလုံးအေပၚပဲ စဥ္းစားရင္း အသက္ရွင္ေနမယ္ ဆိုရင္ေတာ့ ၊ ေသခ်ာပါတယ္ မၾကာခင္မွာ စိတ္ဓါတ္က်မွုေတြ ခဏေလးနဲ႔ ဝင္လာေတာ့မွာပါ။ ဘယ္ေလာက္အထိ ဆိုးသလဲ ဆိုရင္ အိပ္ယာထဲကေနေတာင္ ထခ်င္ မွာ မဟုတ္ပါဘူး။

မင္းဖာသာမင္း ၊ ဘယ္ေလာက္အထိ ႀကိဳးစားၿပီး ျပဳံးရယ္ေနပါေစ ၊ ဒါေတြက ၾကဳံကို ၾကဳံရမွာပါ။ အထူးသျဖင့္ ကစားသမားဘ၀ အျမင့္ဆုံး ေရာက္လာေလေလ ၊ ပိုၿပီးေတာ့ ရင္ဆိုင္ရေလေလ ပါပဲ။ မင္းအသက္ 26 ႏွစ္မွာ ဂ်ဴဗင္တပ္ အသင္းရဲ့ ဂိုးသမား ျဖစ္လာမယ္ ၊ အီတလီ လက္ေရြးစင္ အသင္းရဲ့ ဂိုးသမား ျဖစ္လာမယ္ ၊ ေငြေၾကး ခ်မ္းသာလာမယ္ ၊ လူေတြရဲ့ ေလးစားမွုေတြ ရရွိလာမယ္ ၊ ကုန္ကုန္ေျပာရရင္ လူေတြက မင္းကို Superman လို႔ေတာင္ ေခၚလာၾကမွာပါ။

ဒါေပမယ့္ မင္းဟာ Superman လုံး၀ မဟုတ္ပါဘူး ။ မင္းဟာ လူသားေတြထဲက လူသား တစ္ေယာက္သာ ျဖစ္ပါတယ္။ ေဘာလုံး နဲ႔ အသက္ေမြးဝမ္းေၾကာင္း လုပ္ၿပီ ဆိုတာ နဲ႔ မင္းဟာ လူစင္စစ္ကေန စက္႐ုပ္တစ္ခုလို ႐ုပ္ခ်ည္းေျပာင္းသြားရေတာ့မွာပါ။ ေလ့က်င့္ေရးကြင္း သြားတယ္ ၊ အိမ္ျပန္တယ္ ၊ တီဗြီၾကည့္တယ္ ၊ အိပ္တယ္ ၊ ေနာက္တစ္ေန႔ ပြဲ ကစားတယ္ ၊ နိုင္လိုက္ / ရွုံးလိုက္ နဲ႔ သံသရာ လည္ေနတာပါပဲ။ ေတြးၾကည့္ရင္ မကုန္ဆုံးနိုင္တဲ့ သံသရာႀကီးကို လည္ပတ္ေနရသလိုပါကြာ။

မနက္ခင္းေရာက္ေတာ့ အိပ္ယာထၿပီး ၊ ေလ့က်င့္ေရးကြင္းသြားတဲ့ အခ်ိန္ ဒူးေတြ တုန္ခ်င္ တုန္ေနဦးမွာ ။ တစ္ခါတေလ ကားေမာင္းဖို႔ေတာင္ အင္အားမရွိတာမ်ိဳးေတြ ၾကဳံရဦးမွာပါကြာ။ မင္ထင္တာ အားနည္းလို႔လား ၊ ဗိုင္းရပ္ ကူးခံရလို႔လား ဆိုၿပီး စဥ္းစားေကာင္း စဥ္းစားေနမွာျဖစ္ေပမယ့္ ၊ ပိုဆိုးလာရင္ေတာ့ အိပ္ယာထဲမွာပဲ ေခြေခြေလး ေနခ်င္မွာပဲေလ။ ဒါေပမယ့္ ေလ့က်င့္ေရးကြင္းမွာေတာ့ ဂိုးေပါင္းကာကြယ္မွုတိုင္းက အရမ္းကို ျပင္းထန္လြန္းပါတယ္။

7 လ ေလာက္အထိေတာ့ မင္းကိုယ္မင္း ေဘာလုံးေလာကမွာ အတည္တက် ျဖစ္ဖို႔ ႐ုန္းကန္ရဥိးမွာပါ။ အဲဒီ အခိုက္အတန႔္ ေရာက္လာၿပီ ဆိုရင္ ခဏေလးေတာ့ အနားယူလိုက္ကြာ။

ဘာလို႔လဲ ဆိုေတာ့ မင္းဟာ အခုမွ 17 ႏွစ္ပဲ ရွိေသးတယ္ေလ။ အဲဒီေတာ့ ငါ့ရဲ့ အေတြ႕အၾကဳံေတြကို အခု ဆက္ခံရရွိေနတာေပါ့။

မင္းစိတ္ထဲမွာ က်ေနာ္ေတာ့ ဒါမ်ိဳးေတြ ၾကဳံမွာ မဟုတ္ဘူး ၊ က်ေနာ္က ေခါင္းေဆာင္ တစ္ေယာက္ျဖစ္လာဖို႔ ေမြးဖြားလာတဲ့သူ ၊ အျမဲတမ္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္တဲ့သူ ဆိုၿပီး မာန္တက္ခ်င္ တက္ေနပါလိမ့္မယ္။ ငါလဲ ဂ်ဴဗီ ဂိုးသမား ျဖစ္လာၿပီး ၊ ဝင္ေငြ သန္းခ်ီ ရလာေတာ့ ေပ်ာ္တာေပါ့ ၊ စိတ္ဓါတ္က်မွု ဆိုတာ ဘာမွန္းေတာင္ မသိဘူးကြာလို႔ေတာင္ ေရရြတ္ခဲ့ဖူးတယ္ဟ။

ကဲ …….ဒါဆိုရင္ မင္းကို ငါ ေမးခြန္းတစ္ခု ျပန္ေမးမယ္ “ မင္းဟာ ဘယ္လို ရည္ရြယ္ခ်က္မ်ိဳး နဲ႔ ေဘာလုံးသမား ျဖစ္ဖို႔ ႀကိဳးစားလာခဲ့တာလဲ။ ျပန္စဥ္းစားၾကည့္စမ္းပါကြာ”

မင္းေဘာလုံးသမား ျဖစ္လာတာ ေသာမတ္ အန္ကိုနို ေၾကာင့္လို႔ ဆိုၿပီး လြယ္လြယ္ေလးနဲ႔ အေၿဖ မေပးပါနဲ႔ ၊ ဒီထက္ ပိုၿပီး ေလးေလးနက္နက္ ျပန္ေတြးၾကည့္ရင္း အေျဖေပးပါ။ မင္းအေနနဲ႔ အသက္ 12 ႏွစ္ အရြယ္မွာ ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာ ခ်မွတ္ခဲ့တဲ့ အေၾကာင္းအရာ တစ္ခုကို အေသးစိတ္ေလးေတြ က အစ မွတ္မိေနမယ္ ဆိုတာ ငါသိပါတယ္။

SM