Unicode

1990 ကမ္ဘာ့ဖလား က အီတလီ မှာ ကျင်းပခဲ့တာပါ။ ပထမဆုံး ပွဲဟာ အာဂျင်တီးနား နဲ့ ကင်မရွန်းတို့ ပွဲစဉ် ဖြစ်ပြီး ဆန်စီရို မှာ ကစားခဲ့ပါတယ်။

ကျနော်ဟာ အိမ်က အခန်းငယ်လေးထဲမှာ အဲဒီပွဲကို ကို တစ်ယောက်ထဲ ကြည့်နေခဲ့တာ ဖြစ်ပြီး ၊ ပုံမှန် ဘောလုံးပွဲကြည့်နေကြလို သူငယ်ချင်းတွေလဲ မပါခဲ့ပါဘူး။ အဲဒီအချိန်မှာ အဘွားကလဲ မီးဖိုခန်းထဲမှာ ဘာတွေ သဘောကျနေရင်း ရယ်နေမှန်း မသိပါဘူး။ အပြင်မှာ နေကလဲ ပူနေတော့ ၊ ပြတင်းပေါက်တွေ အားလုံး ပိတ်ထားတာမို့ ၊ အခန့်မှာ တီဗွီက မီးရောင်ကလွဲရင် ခပ်မှိုင်းမှိုင်း ဖြစ်နေတာ မှတ်မိနေဆဲပါ……

အဲဒီတုန်းက ကင်မရွန်း ဆိုတာ ဘယ်နေရာမှာ ရှိတဲ့ နိုင်ငံလဲ ဆိုတာတောင် မသိခဲ့သလို ၊ ကမ္ဘာပေါ်မှာဒီလို နိုင်ငံ ရှိသေးတာပါလား ဆိုပြီးတောင် ရေရွတ်မိခဲ့ပါသေးတယ်။ ကျနော်တို့ အများစု သိထားကြတာက အာဂျင်တီးနား နဲ့ မာရာဒိုနာပဲလေ။ ဒါပေမယ့် ကင်မရွန်းမှာလဲ ကစားသမားကောင်းတွေ ပါလာတယ်ဗျာ။ နွေရာသီ နေပူ ခေါင်ခေါင်ကြီးမှာတောင် သူတို့ရဲ့ ဂိုးသမားကတော့ လက်စီးဂျာစီကို အပြည့်အစုံ ဝတ်ဆင်ထားလို့ဗျ။

သူ့ရဲ့ ရွေ့လျားပုံတွေ ၊ မားမားမတ်မတ် နဲ့ ကာကွယ် ပြပုံတွေက အရမ်းကို အားကျဖို့ ကောင်းပါတယ်။ အသင်းရဲ့ ခံစစ်ကို ညွှန်ကြားနေလိုက်တာများ ၊ ရှင်းပြစရာ စကားလုံးတောင် မရှာတွေ့ခဲ့ပါဘူး။ ကျနော့် မျက်စိထဲမှာတော့ တွေ့ဖူးသမျှ လူတွေအားလုံးထဲမှာ အားအကျမိဆုံး ဘောလုံးသမား တစ်ဦပဲဗျာ…….

အစီစဉ် တင်ဆက်သူက သူ့ရဲ့ နာမည်ကို ကြေငြာလိုက်တာက သောမတ် အန်ကိုနို တဲ့…..

 

အဲဒီနောက် သူ့ရဲ့ စွမ်းဆောင်ရည်တွေက မှော်ဆန်လွန်းသွားခဲ့ပါပြီ။

အာဂျင်တီးနားဟာ ထောင့်ကန်ဘော ရလို့ ကန်လိုက်တဲ့ အချိန်မှာ ၊ သူက လူအုပ်ထဲကို ထိုးထွက်သွားပြီး ၊ ဘောလုံးကို ကိုက် 30 အကွာအဝေးလောက်အထိ ပုတ်ထုတ်လိုက်တဲ့ အခိုက်အတန့်က ကျနော့် ရဲ့ ဘဝကို ကိုင်လှုပ်ပစ်လိုက်တာပါ။ ကျနော် ဟာ သာမန် ဂိုးသမား တစ်ယောက် မဖြစ်ချင်တော့ပါဘူး။ သူ့လို ဂိုးသမားမျိုးကို ဖြစ်ချင်တာပါ။

သူ့လို မာအပြည့် နဲ့ ၊ သတ္တိရှိရှိ နဲ့ ကစားပြတဲ့ ဂိုးသမားမျိုး ဖြစ်ချင်တာပါ။ အဲဒီပွဲကြည့်ပြီး မကြာခင်မှာပဲ ကျနော်ဟာ ဘူဖွန် အစစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။

ကင်မရွန်းက ဂိုးသွင်းလိုက်တော့ ၊ သူတို့ အတွက် အားပေးရင်းနဲ့ ပိုပြီးတော့ စိတ်လှုပ်ရှားနေမိပါတယ်။ တံတွေးတွေ မြိုချလိုက် ၊ ဒုတိယ ပိုင်းမှာ တီဗွီဘေးမှာ ဟိုသွား ၊ ဒီသွားလုပ်ရင်းနဲ့ ဂနာကို မငြိမ်တော့ပါဘူး။ အဲဒီအချိန် ကင်မရွန်းဟာ ဒုတိယမြောက် လူထုတ်ခံလိုက်ရပြန်တော့ ဆက်တောင် မကြည့်ချင်တော့ဘူးလေ။

နောက်ဆုံးတော့ ကင်မရွန်း ဘောလုံးသမားတွေ နဲ့ အတူ အောင်ပွဲ ခံလိုက်ပါတယ်။ လမ်းထဲကို တစ်ခါတည်း ပြေးထွက်သွားပြီး အော်ဟစ် အောင်ပွဲခံနေချိန်မှာတော့ အခြား အိမ်နီးနားချင်းက ကလေး နှစ်ယောက်ကလဲ အတူတူ လာပြီး အောင်ပွဲခံကြပါတယ်။ အားလုံး တစ်ညီတစ်ညွတ်ထဲ ကျူးရင့်နေခဲ့တဲ့ စကားလုံးက “ ကင်မရွန်းဟာ ဘယ်လို စွမ်းဆောင်ပြသွားတယ် ဆိုတာ မြင်လိုက်ရတယ် မို့လား” တဲ့…

အဲဒီနေ့မှာပဲ မင်းရဲ့ နှလုံးသားထဲမှာ မီးတောက်တစ်ခု စတင် တောက်လာပါလိမ့်မယ်။ ကင်မရွန်း ဆိုတဲ့ နေရာတစ်ခုဟာ တကယ်ရှိခဲ့သလို ၊ သောမတ် အန်ကိုနို တည်ရှိတဲ့ နေရာ တစ်ခုပဲလေ။ မင်းလဲ ဘူဖွန် ဆိုတာ အီတလီမှာ ရှိတယ် ဆိုတာ ပြသနိုင်အောင် ကြိုးစားရမှာပါ။

ဒါဆိုရင် မင်း ဘောလုံးသမား ဖြစ်လာတာဟာ ငွေကြေး ဂုဏ်ဒြပ်တွေ ၊ ကျော်ကြားမှုတွေကြောင့် မဟုတ်ဘူး ဆိုတာ ပြန်ပြီး သတိရလောက်ပါပြီ။ မင်းသာ မင်းရဲ့ ဝိညဏ်ကို ဂရုမစိုက်ဘူး ၊ ဘောလုံး ပြင်ပ က အကြောင်းအရာတွေထဲက Inspiration တွေကို မရယူဘူး ဆိုရင် ၊ မကြာခင်မှာပဲ လမ်းကြောင်း လွဲချော်သွားပါလိမ့်မယ်။

ငါ့ အနေနဲ့ အကြံအညဏ်လေး တစ်ခုပေးရမယ် ဆိုရင် မင်း ငယ်ရွယ်တဲ့ အချိန်မျိုးမှာ ကမ္ဘာကြီးကို စူးစမ်းမှု အပြည့်နဲ့ မြင်ကြည့်လိုက်စမ်းပါ။ ဒါက မင်းဘဝကို မင်း ကယ်တင်ရာ ဖြစ်သွားနိုင်သလို ၊ မင်းရဲ့ မိသားစုအတွက် ၊ ခေါင်းခဲစရာ အကြောင်းအရာတွေ အတွက် ဖြေရှင်းချက်တွေတောင် ရရှိသွားနိုင်ပါတယ်။

ဂိုးသမား တစ်ယောက် ဖြစ်လာဖို့ ဆိုတာ ရဲရင့်ဖို့ လိုအပ်တာ မှန်ပေမယ့် ၊ အဲဒီ ရဲရင့်မှု ဆိုတာ မာနကြီးတာမျိုး မဟုတ်ဘူး ဘူဖွန်လေးရေ……..

G

စိတ်ဓါတ်တွေ အရမ်းကျလွန်းတဲ့ အချိန်မှာ ၊ ထူးထူးဆန်းဆန်းတွေလဲ ဖြစ်လာနိုင်သလို ၊ အလှတရားတွေလဲ ပေါ်လာနိုင်သေးတယ်ကွ။ တစ်မနက်မှာတော့ မင်းဟာ ပုံမှန် လုပ်ရိုးလုပ်စဉ်ကနေ ခွဲထွက်ပြီး ၊ မတူညီတဲ့ လမ်းကြောင်းတစ်ခုကို စတင်ကြည့်ဖို့ ရွေးချယ်လိုက်တယ်လေ။

မနက်စာကို စားနေကျ နေရာမှာ မစား သလို ၊ မြို့ကို လည်ပတ်ကြည့်တဲ့ အချိန်ကျရင်လဲ သွားနေကြ လမ်းကြောင်းကနေ မဟုတ်ပဲ ၊ လမ်းကြောင်းသစ် တစ်ခု စတင်လိုက်စမ်းပါ။ တစ်ကွေ့ကွေ့ရောက်ရင် အပြင်မှာ ပိုစတာ အကြီးကြီး နဲ့ ရေးသားထားတဲ့ CHAGALL ဆိုတဲ့ ပြတိုက်ကြီးကို မင်းတွေ့ပါလိမ့်မယ်။

ဒီနာမည်ကို အရင်က ကြားဖူးပေမယ့် ၊ အဲဒီ ပြတိုက်ထဲက အနုပညာတွေ အကြောင်းတော့ မင်း ဘာမှ သိမှာ မဟုတ်ပါဘူး။ ဒီစာရဲ့ အရေးအကြီးဆုံး အပိုင်းက အခုမှ လာတော့မှာပါ။ မင်းအနေနဲ့ အဲဒီ ပြတိုက်ကြီးထဲကို တစ်နေ့နေ့မှာ မဖြစ်မနေကို ဝင်သွားရမှာ ဖြစ်သလို ၊ ဘ၀ ရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေလဲ ချမှတ်နိုင်ခွင့် ရရှိခဲမှာပါ။

တကယ်လို့သာ ပြတိုက်ထဲ မသွားဘူး ဆိုရင်တော့ မင်းဟာ ဘေားလုံးသမား တစ်ယောက် ၊ Superman လို့ ခေါ်တဲ့ အသံတွေကြားထဲမှာ သာယာရင်း ၊ နောက်ထပ် တိုးတက်သွားမယ့် လမ်းကြောင်းတွေကို ပိတ်မိသွားတော့မှာ သေချာပါတယ်။

ဝင်သွားပြီ ဆိုရင်တော့ အထဲမှာ CHAGALL ဆွဲထားတဲ့ ရာပေါင်းချီတဲ့ ပန်းချီကားတွေ မြင်ရမှာ ဖြစ်သလို ၊ အများစုကတော့ မင်း နားမလည်နိုင်တာတွေချည်းပဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုတည်းသော ပန်းချီကား တစ်ချပ်ကတော့ မင်းရဲ့ ဦးနှောက်ကို အလင်းရောင်တွေ ဖျပ်ခနဲ့ ဖြစ်အောင် စွမ်းဆောင်ပြလိမ့်မယ် ထင်ပါတယ်။

အဲဒီ ပန်းချီကား နာမည်က The Walk တဲ့…………….

အထဲက ပုံလေးက အထူးအဆန်းကြီး မဟုတ်ပါဘူး ၊ အမျိုးသား နဲ့ အမျိုးသမီး ပန်းခြံထဲမှာ ပျော်ပွဲစားထွက်နေကြတယ် ၊ အမျိုးသမီးကို လေထဲမှာ မြှေက်ထားပြီး ၊ အမျိုးသားက စွဲစွဲမြဲမြဲကိုင်ထားတဲ့ ပုံလေးပါ။ အမျိုးသားက သူမရဲ့ လက်ကို မြဲမြံအောင် ဆုပ်ကိုင်ထားပြီး ၊ အမျိုးသမီးကတော့ နတ်သမီးလေးလို ပျံဝဲပြနေတာလေ။ ကြည့်လိုက်ရင်း အဲဒီ ပန်းချီကားဟာ ကိုယ့် ကို အခြား ကမ္ဘာတစ်ခုထံ ခေါ်ဆောင်သွားသလိုပါပဲ။

ကိုယ့်ကိုကိုယ် ဖြူစင်တဲ့ ကလေးငယ် တစ်ယောက်လို ခံစားလာမိသလို ၊ ပျော်ရွှင်မှုတွေကလဲ ချက်ခြင်း မွေးဖွားလာခဲ့တာလေ။
• နောက်ထပ် တင်စားရရင် သော်မတ် အန်ကိုနို ဟာ ကစားသမားတွေ ရှုပ်ယှက် ခတ်နေတဲ့ အုပ်ထဲကို ထွက်ပြီး ၊ ဘောလုံးကို ကိုက် 30 လောက်အထိ ပုတ်ထုတ်ပြသလိုမျိုး
• မီးဖိုချောင်တဲ့ အဖွားက ဘူဖွန်လေးကို လှမ်းခေါ်လိုက်တဲ့ အသံမျိုး
• ခပ်မှိုင်းမှိုင်း အခန်းလေးထဲမှာ ကင်မရွန်းပွဲစဉ် ကြည့်နေရင်း ၊ အနိုင်ရပါစေ ဆိုပြီး ကြိတ် ဆုတောင်းနေသလိုမျိုးပေါ့……..
အခုတော့ အသက်တွေ ကြီးလာလို့ ၊ ဒီလို ခံစားချက်တွေက လွယ်လွယ် နဲ့ မေ့သွားနိုင်တယ်လေ။ ဒါကြောင့်မို့ နောက်တစ်နေ့ ရောက်သွားပြီ ဆိုတာ နဲ့ ဒီပြတိုက်ထဲကို ပြန်လာပြီး ၊ အဲဒီ ပန်းချီကားလေးကို ပြန်ကြည့်။ အရင်က ခံစားဖူးတဲ့ ခံစားချက်တွေးကို ပြန်လည် ပုံဖော်လိုက်စမ်းပါ။ ဒါတွေက မင်းလျှောက်လှမ်းမယ့် အနာဂတ် လမ်းတွေ အရမ်းကို အရေးပါနေပါတယ်။

စိတ်ဓါတ်ကျနေတဲ့ မင်းအတွက် အနုပညာ က အကောင်းဆုံးကုသဖို့ ဆေးဝါ တစ်လက် ဖြစ်လာနိုင်သလို ၊ မင်းရဲ့ အမြင်တွေကိုလဲ အများကြီး လမ်းဖွင့်ပေးနိုင်ပါတယ်။ ပန်းချီကားထဲက အမျိုးသမီး ရဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို မြင်ရလေလေ ၊ မင်းရဲ့ စိတ် အတွင်းပိုင်းမှာ ရှိတဲ့ ပီတိတွေက တစ်ဖြေးဖြေး နဲ့ အန်ထွက်လာသလို ဖြစ်မှာပါ။

ဒါဟာ မင်းဘ၀ ရဲ့ ရှင်းပြလို့ မရတဲ့ အခိုက်အတန့် ဖြစ်သလို ၊ နောက်ထပ် သာယာဖြောင့်ဖြူးတဲ့ လမ်းကြောင်း တစ်ခုထွက်ပေါ်လာဖို့အတွက် ၊အတိတ်က ခံယူချက်တွေ နဲ့ ပြန်လည် ဆက်သွယ်ပေးလိုက်သလို ပါပဲ။

SM

Zawgyi

ဘူဖြန္ေရးတဲ့ ဘူဖြန႔္ထံ ေပးစာ……..(အပိုင္း 2)

1990 ကမၻာ့ဖလား က အီတလီ မွာ က်င္းပခဲ့တာပါ။ ပထမဆုံး ပြဲဟာ အာဂ်င္တီးနား နဲ႔ ကင္မရြန္းတို႔ ပြဲစဥ္ ျဖစ္ၿပီး ဆန္စီရို မွာ ကစားခဲ့ပါတယ္။

က်ေနာ္ဟာ အိမ္က အခန္းငယ္ေလးထဲမွာ အဲဒီပြဲကို ကို တစ္ေယာက္ထဲ ၾကည့္ေနခဲ့တာ ျဖစ္ၿပီး ၊ ပုံမွန္ ေဘာလုံးပြဲၾကည့္ေနၾကလို သူငယ္ခ်င္းေတြလဲ မပါခဲ့ပါဘူး။ အဲဒီအခ်ိန္မွာ အဘြားကလဲ မီးဖိုခန္းထဲမွာ ဘာေတြ သေဘာက်ေနရင္း ရယ္ေနမွန္း မသိပါဘူး။ အျပင္မွာ ေနကလဲ ပူေနေတာ့ ၊ ျပတင္းေပါက္ေတြ အားလုံး ပိတ္ထားတာမို႔ ၊ အခန႔္မွာ တီဗြီက မီးေရာင္ကလြဲရင္ ခပ္မွိုင္းမွိုင္း ျဖစ္ေနတာ မွတ္မိေနဆဲပါ……

အဲဒီတုန္းက ကင္မရြန္း ဆိုတာ ဘယ္ေနရာမွာ ရွိတဲ့ နိုင္ငံလဲ ဆိုတာေတာင္ မသိခဲ့သလို ၊ ကမၻာေပၚမွာဒီလို နိုင္ငံ ရွိေသးတာပါလား ဆိုၿပီးေတာင္ ေရရြတ္မိခဲ့ပါေသးတယ္။ က်ေနာ္တို႔ အမ်ားစု သိထားၾကတာက အာဂ်င္တီးနား နဲ႔ မာရာဒိုနာပဲေလ။ ဒါေပမယ့္ ကင္မရြန္းမွာလဲ ကစားသမားေကာင္းေတြ ပါလာတယ္ဗ်ာ။ ေႏြရာသီ ေနပူ ေခါင္ေခါင္ႀကီးမွာေတာင္ သူတို႔ရဲ့ ဂိုးသမားကေတာ့ လက္စီးဂ်ာစီကို အျပည့္အစုံ ဝတ္ဆင္ထားလို႔ဗ်။

သူ႔ရဲ့ ေရြ႕လ်ားပုံေတြ ၊ မားမားမတ္မတ္ နဲ႔ ကာကြယ္ ျပပုံေတြက အရမ္းကို အားက်ဖို႔ ေကာင္းပါတယ္။ အသင္းရဲ့ ခံစစ္ကို ညႊန္ၾကားေနလိုက္တာမ်ား ၊ ရွင္းျပစရာ စကားလုံးေတာင္ မရွာေတြ႕ခဲ့ပါဘူး။ က်ေနာ့္ မ်က္စိထဲမွာေတာ့ ေတြ႕ဖူးသမၽွ လူေတြအားလုံးထဲမွာ အားအက်မိဆုံး ေဘာလုံးသမား တစ္ဦပဲဗ်ာ…….

အစီစဥ္ တင္ဆက္သူက သူ႔ရဲ့ နာမည္ကို ေၾကျငာလိုက္တာက ေသာမတ္ အန္ကိုနို တဲ့…..

အဲဒီေနာက္ သူ႔ရဲ့ စြမ္းေဆာင္ရည္ေတြက ေမွာ္ဆန္လြန္းသြားခဲ့ပါၿပီ။

အာဂ်င္တီးနားဟာ ေထာင့္ကန္ေဘာ ရလို႔ ကန္လိုက္တဲ့ အခ်ိန္မွာ ၊ သူက လူအုပ္ထဲကို ထိုးထြက္သြားၿပီး ၊ ေဘာလုံးကို ကိုက္ 30 အကြာအေဝးေလာက္အထိ ပုတ္ထုတ္လိုက္တဲ့ အခိုက္အတန႔္က က်ေနာ့္ ရဲ့ ဘဝကို ကိုင္လွုပ္ပစ္လိုက္တာပါ။ က်ေနာ္ ဟာ သာမန္ ဂိုးသမား တစ္ေယာက္ မျဖစ္ခ်င္ေတာ့ပါဘူး။ သူ႔လို ဂိုးသမားမ်ိဳးကို ျဖစ္ခ်င္တာပါ။

သူ႔လို မာအျပည့္ နဲ႔ ၊ သတၱိရွိရွိ နဲ႔ ကစားျပတဲ့ ဂိုးသမားမ်ိဳး ျဖစ္ခ်င္တာပါ။ အဲဒီပြဲၾကည့္ၿပီး မၾကာခင္မွာပဲ က်ေနာ္ဟာ ဘူဖြန္ အစစ္ကို ရွာေဖြေတြ႕ရွိသြားခဲ့ပါၿပီ။

ကင္မရြန္းက ဂိုးသြင္းလိုက္ေတာ့ ၊ သူတို႔ အတြက္ အားေပးရင္းနဲ႔ ပိုၿပီးေတာ့ စိတ္လွုပ္ရွားေနမိပါတယ္။ တံေတြးေတြ ၿမိဳခ်လိုက္ ၊ ဒုတိယ ပိုင္းမွာ တီဗြီေဘးမွာ ဟိုသြား ၊ ဒီသြားလုပ္ရင္းနဲ႔ ဂနာကို မၿငိမ္ေတာ့ပါဘူး။ အဲဒီအခ်ိန္ ကင္မရြန္းဟာ ဒုတိယေျမာက္ လူထုတ္ခံလိုက္ရျပန္ေတာ့ ဆက္ေတာင္ မၾကည့္ခ်င္ေတာ့ဘူးေလ။

ေနာက္ဆုံးေတာ့ ကင္မရြန္း ေဘာလုံးသမားေတြ နဲ႔ အတူ ေအာင္ပြဲ ခံလိုက္ပါတယ္။ လမ္းထဲကို တစ္ခါတည္း ေျပးထြက္သြားၿပီး ေအာ္ဟစ္ ေအာင္ပြဲခံေနခ်ိန္မွာေတာ့ အျခား အိမ္နီးနားခ်င္းက ကေလး ႏွစ္ေယာက္ကလဲ အတူတူ လာၿပီး ေအာင္ပြဲခံၾကပါတယ္။ အားလုံး တစ္ညီတစ္ညြတ္ထဲ က်ဴးရင့္ေနခဲ့တဲ့ စကားလုံးက “ ကင္မရြန္းဟာ ဘယ္လို စြမ္းေဆာင္ျပသြားတယ္ ဆိုတာ ျမင္လိုက္ရတယ္ မို႔လား” တဲ့…

အဲဒီေန႔မွာပဲ မင္းရဲ့ ႏွလုံးသားထဲမွာ မီးေတာက္တစ္ခု စတင္ ေတာက္လာပါလိမ့္မယ္။ ကင္မရြန္း ဆိုတဲ့ ေနရာတစ္ခုဟာ တကယ္ရွိခဲ့သလို ၊ ေသာမတ္ အန္ကိုနို တည္ရွိတဲ့ ေနရာ တစ္ခုပဲေလ။ မင္းလဲ ဘူဖြန္ ဆိုတာ အီတလီမွာ ရွိတယ္ ဆိုတာ ျပသနိုင္ေအာင္ ႀကိဳးစားရမွာပါ။

ဒါဆိုရင္ မင္း ေဘာလုံးသမား ျဖစ္လာတာဟာ ေငြေၾကး ဂုဏ္ျဒပ္ေတြ ၊ ေက်ာ္ၾကားမွုေတြေၾကာင့္ မဟုတ္ဘူး ဆိုတာ ျပန္ၿပီး သတိရေလာက္ပါၿပီ။ မင္းသာ မင္းရဲ့ ဝိညဏ္ကို ဂ႐ုမစိုက္ဘူး ၊ ေဘာလုံး ျပင္ပ က အေၾကာင္းအရာေတြထဲက Inspiration ေတြကို မရယူဘူး ဆိုရင္ ၊ မၾကာခင္မွာပဲ လမ္းေၾကာင္း လြဲေခ်ာ္သြားပါလိမ့္မယ္။

ငါ့ အေနနဲ႔ အႀကံအညဏ္ေလး တစ္ခုေပးရမယ္ ဆိုရင္ မင္း ငယ္ရြယ္တဲ့ အခ်ိန္မ်ိဳးမွာ ကမၻာႀကီးကို စူးစမ္းမွု အျပည့္နဲ႔ ျမင္ၾကည့္လိုက္စမ္းပါ။ ဒါက မင္းဘဝကို မင္း ကယ္တင္ရာ ျဖစ္သြားနိုင္သလို ၊ မင္းရဲ့ မိသားစုအတြက္ ၊ ေခါင္းခဲစရာ အေၾကာင္းအရာေတြ အတြက္ ေျဖရွင္းခ်က္ေတြေတာင္ ရရွိသြားနိုင္ပါတယ္။

ဂိုးသမား တစ္ေယာက္ ျဖစ္လာဖို႔ ဆိုတာ ရဲရင့္ဖို႔ လိုအပ္တာ မွန္ေပမယ့္ ၊ အဲဒီ ရဲရင့္မွု ဆိုတာ မာနႀကီးတာမ်ိဳး မဟုတ္ဘူး ဘူဖြန္ေလးေရ……..

စိတ္ဓါတ္ေတြ အရမ္းက်လြန္းတဲ့ အခ်ိန္မွာ ၊ ထူးထူးဆန္းဆန္းေတြလဲ ျဖစ္လာနိုင္သလို ၊ အလွတရားေတြလဲ ေပၚလာနိုင္ေသးတယ္ကြ။ တစ္မနက္မွာေတာ့ မင္းဟာ ပုံမွန္ လုပ္ရိုးလုပ္စဥ္ကေန ခြဲထြက္ၿပီး ၊ မတူညီတဲ့ လမ္းေၾကာင္းတစ္ခုကို စတင္ၾကည့္ဖို႔ ေရြးခ်ယ္လိုက္တယ္ေလ။

မနက္စာကို စားေနက် ေနရာမွာ မစား သလို ၊ ၿမိဳ႕ကို လည္ပတ္ၾကည့္တဲ့ အခ်ိန္က်ရင္လဲ သြားေနၾက လမ္းေၾကာင္းကေန မဟုတ္ပဲ ၊ လမ္းေၾကာင္းသစ္ တစ္ခု စတင္လိုက္စမ္းပါ။ တစ္ေကြ႕ေကြ႕ေရာက္ရင္ အျပင္မွာ ပိုစတာ အႀကီးႀကီး နဲ႔ ေရးသားထားတဲ့ CHAGALL ဆိုတဲ့ ျပတိုက္ႀကီးကို မင္းေတြ႕ပါလိမ့္မယ္။

ဒီနာမည္ကို အရင္က ၾကားဖူးေပမယ့္ ၊ အဲဒီ ျပတိုက္ထဲက အႏုပညာေတြ အေၾကာင္းေတာ့ မင္း ဘာမွ သိမွာ မဟုတ္ပါဘူး။ ဒီစာရဲ့ အေရးအႀကီးဆုံး အပိုင္းက အခုမွ လာေတာ့မွာပါ။ မင္းအေနနဲ႔ အဲဒီ ျပတိုက္ႀကီးထဲကို တစ္ေန႔ေန႔မွာ မျဖစ္မေနကို ဝင္သြားရမွာ ျဖစ္သလို ၊ ဘ၀ ရဲ့ အေရးအႀကီးဆုံး ဆုံးျဖတ္ခ်က္ေတြလဲ ခ်မွတ္နိုင္ခြင့္ ရရွိခဲမွာပါ။

တကယ္လို႔သာ ျပတိုက္ထဲ မသြားဘူး ဆိုရင္ေတာ့ မင္းဟာ ေဘားလုံးသမား တစ္ေယာက္ ၊ Superman လို႔ ေခၚတဲ့ အသံေတြၾကားထဲမွာ သာယာရင္း ၊ ေနာက္ထပ္ တိုးတက္သြားမယ့္ လမ္းေၾကာင္းေတြကို ပိတ္မိသြားေတာ့မွာ ေသခ်ာပါတယ္။

ဝင္သြားၿပီ ဆိုရင္ေတာ့ အထဲမွာ CHAGALL ဆြဲထားတဲ့ ရာေပါင္းခ်ီတဲ့ ပန္းခ်ီကားေတြ ျမင္ရမွာ ျဖစ္သလို ၊ အမ်ားစုကေတာ့ မင္း နားမလည္နိုင္တာေတြခ်ည္းပဲ ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခုတည္းေသာ ပန္းခ်ီကား တစ္ခ်ပ္ကေတာ့ မင္းရဲ့ ဦးေႏွာက္ကို အလင္းေရာင္ေတြ ဖ်ပ္ခနဲ႔ ျဖစ္ေအာင္ စြမ္းေဆာင္ျပလိမ့္မယ္ ထင္ပါတယ္။

အဲဒီ ပန္းခ်ီကား နာမည္က The Walk တဲ့…………….

အထဲက ပုံေလးက အထူးအဆန္းႀကီး မဟုတ္ပါဘူး ၊ အမ်ိဳးသား နဲ႔ အမ်ိဳးသမီး ပန္းၿခံထဲမွာ ေပ်ာ္ပြဲစားထြက္ေနၾကတယ္ ၊ အမ်ိဳးသမီးကို ေလထဲမွာ ေျမႇက္ထားၿပီး ၊ အမ်ိဳးသားက စြဲစြဲျမဲျမဲကိုင္ထားတဲ့ ပုံေလးပါ။ အမ်ိဳးသားက သူမရဲ့ လက္ကို ျမဲၿမံေအာင္ ဆုပ္ကိုင္ထားၿပီး ၊ အမ်ိဳးသမီးကေတာ့ နတ္သမီးေလးလို ပ်ံဝဲျပေနတာေလ။ ၾကည့္လိုက္ရင္း အဲဒီ ပန္းခ်ီကားဟာ ကိုယ့္ ကို အျခား ကမၻာတစ္ခုထံ ေခၚေဆာင္သြားသလိုပါပဲ။

ကိုယ့္ကိုကိုယ္ ျဖဴစင္တဲ့ ကေလးငယ္ တစ္ေယာက္လို ခံစားလာမိသလို ၊ ေပ်ာ္ရႊင္မွုေတြကလဲ ခ်က္ျခင္း ေမြးဖြားလာခဲ့တာေလ။
• ေနာက္ထပ္ တင္စားရရင္ ေသာ္မတ္ အန္ကိုနို ဟာ ကစားသမားေတြ ရွုပ္ယွက္ ခတ္ေနတဲ့ အုပ္ထဲကို ထြက္ၿပီး ၊ ေဘာလုံးကို ကိုက္ 30 ေလာက္အထိ ပုတ္ထုတ္ျပသလိုမ်ိဳး
• မီးဖိုေခ်ာင္တဲ့ အဖြားက ဘူဖြန္ေလးကို လွမ္းေခၚလိုက္တဲ့ အသံမ်ိဳး
• ခပ္မွိုင္းမွိုင္း အခန္းေလးထဲမွာ ကင္မရြန္းပြဲစဥ္ ၾကည့္ေနရင္း ၊ အနိုင္ရပါေစ ဆိုၿပီး ႀကိတ္ ဆုေတာင္းေနသလိုမ်ိဳးေပါ့……..
အခုေတာ့ အသက္ေတြ ႀကီးလာလို႔ ၊ ဒီလို ခံစားခ်က္ေတြက လြယ္လြယ္ နဲ႔ ေမ့သြားနိုင္တယ္ေလ။ ဒါေၾကာင့္မို႔ ေနာက္တစ္ေန႔ ေရာက္သြားၿပီ ဆိုတာ နဲ႔ ဒီျပတိုက္ထဲကို ျပန္လာၿပီး ၊ အဲဒီ ပန္းခ်ီကားေလးကို ျပန္ၾကည့္။ အရင္က ခံစားဖူးတဲ့ ခံစားခ်က္ေတြးကို ျပန္လည္ ပုံေဖာ္လိုက္စမ္းပါ။ ဒါေတြက မင္းေလၽွာက္လွမ္းမယ့္ အနာဂတ္ လမ္းေတြ အရမ္းကို အေရးပါေနပါတယ္။

စိတ္ဓါတ္က်ေနတဲ့ မင္းအတြက္ အႏုပညာ က အေကာင္းဆုံးကုသဖို႔ ေဆးဝါ တစ္လက္ ျဖစ္လာနိုင္သလို ၊ မင္းရဲ့ အျမင္ေတြကိုလဲ အမ်ားႀကီး လမ္းဖြင့္ေပးနိုင္ပါတယ္။ ပန္းခ်ီကားထဲက အမ်ိဳးသမီး ရဲ့ ေပ်ာ္ရႊင္ၾကည္ႏူးမွုေတြကို ျမင္ရေလေလ ၊ မင္းရဲ့ စိတ္ အတြင္းပိုင္းမွာ ရွိတဲ့ ပီတိေတြက တစ္ေျဖးေျဖး နဲ႔ အန္ထြက္လာသလို ျဖစ္မွာပါ။

ဒါဟာ မင္းဘ၀ ရဲ့ ရွင္းျပလို႔ မရတဲ့ အခိုက္အတန႔္ ျဖစ္သလို ၊ ေနာက္ထပ္ သာယာေျဖာင့္ျဖဴးတဲ့ လမ္းေၾကာင္း တစ္ခုထြက္ေပၚလာဖို႔အတြက္ ၊အတိတ္က ခံယူခ်က္ေတြ နဲ႔ ျပန္လည္ ဆက္သြယ္ေပးလိုက္သလို ပါပဲ။

SM