မန်စီးတီး အသင်းရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ ရာဟီးမ် စတာလင်း က စိတ် ဓါတ်ပိုင်း ဆိုင်ရာ တွေမှာ အထူး တိုးတက် ကောင်းမွန် လာခဲ့ ခြင်းက နည်းပြ ပက် ဂွာဒီယိုလာ လက်အောက် မှာ မန်စီးတီး တို့ အောင်မြင် ခဲ့ကြ ရတဲ့ အဓိက လျှို့ဝှက်ချက် ဖြစ်ခဲ့ တယ်လို့ ဆိုသွား လိုက် ပါတယ် ။

ဂွာဒီယိုလာ မန်စီးတီး မှာ လုပ်ဆောင် ပေး ခဲ့တဲ့ အဓိက ခြားနားချက် က ဘာလဲ လို့ Mirror က မေးလိုက်တဲ့ အခါမှာတော့ …

” အဲ့တာ က စိတ်ဓါတ် ပိုင်း အဓိက ပါပဲ ။ သူ အဲ့တာ ကို ပြောင်းလဲ လိုနေ ခဲ့ ပါတယ် ၊ စိတ်ဓါတ် ပိုင်း ဆိုင်ရာ အားနည်းချက် တွေကို ပေါ့ ။ ကျွန်တော် အဲ့တာ ကို အသေးစိတ် ကျအောင် တော့ မရှင်းပြ တက် ပါဘူး ။ ဒါပေမဲ့ ကျွန်တော် တို့ အမှန်အကန် အာရုံစိုက် တိုက်ပွဲ ဝင်နေ တက် ကြတယ် ၊ အသင့် ရှိနေ ကြတယ် ဆိုတာ ကိုတော့ လူတွေ ကို ပြသ နိုင်ခဲ့ ကြတယ် ”

” အဲ့တာ တွေ ထဲမှာ ကျွန်တော် တို့ နောက်ကျ တာတွေ ၊ မီတင် လုပ်ဖို့ နောက်ကျ တာမျိုး ၊ အသေးစိတ် လေးတွေ က အစ စိတ်ဓါတ် တွေ ပြင်ဆင် ကြရ ပါတယ် ။ ဘယ် နေရာ မှ ချွတ်ချော် ခံလို့ မရ ပါဘူး ။ ကျွန်တော် တို့ အသင့် ရှိနေ ကြတယ် ဆိုတာ ပြသ ကြ ရတယ် ။ မဟုတ်ရင် ဒဏ်တပ် ခံခဲ့ ရတယ် ”

” ဒါပေမဲ့ ဒီ အတွက် နည်းပြ ဖြစ်သူ ကို ဂုဏ်ထူး အမှတ် အပြည့် ပေးကြ ရ ပါ့မယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီ ရာသီ အတွင်း အသင်း နဲ့ အသင်း သား တွေရဲ့ အဆင့် အတန်း ဟာ သိသိ သာသာ မြင့်မား လာခဲ့ လို့ ပါပဲ ” လို့ စတာလင်း က ဖွင့်ဟ ခဲ့လိုက် ပါတယ် ။

မန်စီးတီး ဟာ ဒီ ဘောလုံး ရာသီ ရဲ့ နောက်ဆုံး နေ့မှာ ပြိုင်ဖက် လီဗာပူး အသင်း ကို တစ်မှတ် အသာ နဲ့ ကျော်ဖြတ် ပြီး အမှတ်ပေး ဖလား ကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။ ဒါဟာ မန်စီးတီး အတွက် နှစ် ရာသီ ဆက် ဆု ဖလား ဆွတ်ခူး နိုင်ခဲ့ ခြင်းပဲ ဖြစ်ခဲ့ ပါတယ် ။

” လီဗာပူး နဲ့ အခု အချိန် အထိ ကစား ခဲ့တဲ့ ပွဲစဉ် တွေမှာ ကျွန်တော် တို့ရဲ့ ကွင်းကြီး မှာ အမြဲလို ဆူငြံ နေခဲ့ ရ ပါတယ် ။ ပရိသတ် တွေ အားပေးသံ က ဟိန်းသံ လား လို့တောင် ထင်မှတ် ခံခဲ့ ရ ပါတယ် ”

” ကျွန်တော် တို့ ဆု ဖလား ကို နှစ် ရာသီ ဆက် ရယူ ဆွတ်ခူး နိုင်ခဲ့ ကြ ပါတယ် ။ အဲ့ဒီ စိတ်ဓါတ် တက်ကြွ မှုတွေ က အခု ဘယ်ကို ရောက်ရှိ သွားပြီ လဲ ? အဲ့ဒီ စိတ်ဓါတ် တက်ကြွ မှုတွေ က နောက် တစ်ကြိမ် သွားပြီး ဒါကို လုပ်ပြ နိုင်ဖို့ တွန်းအား ပေးနေ ခဲ့ ပါပြီ ။ ဒါဟာ တစ်ကယ့် ကို ရိုးရှင်း လှ ပါတယ် ”

” ကျွန်တော် တို့ တွေဟာ အင်္ဂလန် နဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး အသင်း ဖြစ်လို နေ ကြတာ ပါ ။ ကျွန်တော် တို့ဟာ အဲ့ဒီ အဆင့်အတန်း အနား ကို နှစ်စဉ် နှစ်တိုင်း ရောက်ရှိ အောင် လုပ်ဆောင် ပြနိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ တစ်နှစ် ကောင်းပြီး သုံးနှစ် လောက် ညံ့သွား ကြတဲ့ အသင်း မျိုး မဟုတ် ကြ ပါဘူး ”

” အမှတ်ပေ ဖလား ကို ကာကွယ် နိုင်ဖို့ ဆိုတာ တစ်ကယ့် ကို ချစ်စရာ ကောင်းတဲ့ အရာ တစ်ခု ပါ ။ အသင်း တစ်သင်း အမှတ်ပေး ဖလား ကို ကာကွယ် ပြီး ဘယ်လောက် အကြာ မှ ဒီလို ပြန်ဖြစ် လာခဲ့ သလဲ ဆိုတာ ကျွန်တော် တို့ သိရှိ ကြ ပါတယ် ။ အဲ့တာ ဟာ ကျွန်တော် တို့ အဖွဲ့ ရဲ့ စိတ်ဓါတ် ပိုင်း အဓိက ကျခဲ့ ပါတယ် ” လို့ စတာလင်း က ထုတ်ဖော် ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ဒါဟာ ဘောလုံး အသင်း တွေကို နောက်ဆုံး ကိုင်တွယ် ခဲ့တဲ့ 11 ရာသီ အတွင်း မှာ ဂွာဒီယိုလာ အတွက် တော့ အမှတ်ပေး ဖလား ကို 8 ကြိမ် အထိ ဆွတ်ခူး နိုင်ခဲ့ ခြင်းပဲ ဖြစ်ခဲ့ ပါတယ် ။ အဆိုပါ 11 ရာသီ အတွင်း ဂွာဒီယိုလာ ဟာ ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် နဲ့ မန်စီးတီး အသင်း တွေကို ကိုင်တွယ် နည်းပြ ခဲ့ ပါတယ် ။

#Sports_Myanmar