Unicode

မာကပ်ရပ်ဖို့ဒ်ဟာ မနေ့ညက အင်္ဂလန် အသင်းရဲ့ ၆-၀ နိုင်ပွဲမှာ ဘူဂေးရီးယား အသင်းခေါင်းဆောင် အိုင်ဗီလင် ပိုပေါ့ရဲ့ လုပ်ရပ်ကို ချီးကျူး သွားခဲ့ပြီး ဆိုဖီယာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ပွဲဟာ ဘူဂေးရီးယား ပရိတ်သတ်တွေရဲ့ လူမျိုးရွေး ခွဲခြားတဲ့ သံပြိုင်အော်ဟစ်မှု တွေကြောင့် ရုပ်ဆိုး အကျည်းတန် ခဲ့ပါတယ်။

အင်္ဂလန် အသင်းဟာ ရပ်ဖို့ဒ် ၊ ဘာကလေ (၂ ဂိုး) ၊ ရာဟင်စတားလင်း (၂ ဂိုး) နဲ့ ဟယ်ရီကိန်း တို့ရဲ့ ဂိုးတွေနဲ့ အတူ အိမ်ရှင် အသင်းကို ၆ ဂိုးပြတ်နဲ့ နိုင်ခဲ့ကာ အုပ်စု အေရဲ့ ထိပ်ဆုံး နေရာကို ခြေကုပ် ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲဟာ ဘောလုံး လောက အတွက် ရှက်ဖွယ် ကောင်းလှတဲ့ လုပ်ရပ်တွေရဲ့ ဖုံးလွှမ်းခြင်းကို ခံခဲ့ ရပါတယ်။

အင်္ဂလန်ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ဘူဂေးရီးယား ပရိတ်သတ်တွေရဲ့ နာဇီပုံစံ အလေးပြုမှု ၊ လူမျိုးရေး ခွဲခြားတဲ့ သံပြိုင်အော်ဟစ်မှု တွေကြောင့် ကွင်းလယ်ဒိုင် အိုင်ဗန်ဘီဘက်ဟာ ပထမပိုင်း မှာတင် ပွဲကို ၂ ကြိ်မ်တိုင်တိုင် ရပ်နား ပစ်ခဲ့ပြီး ကွင်းရဲ့ announcer ဖြစ်သူ ကလည်း ဒီလို လုပ်ရပ်တွေသာ ဆက်လုပ် နေမယ် ဆိုရင် ပွဲကို အပြီးသတ် ရပ်နား ပစ်မှာ ဖြစ်တယ်လို့ ပရိတ်သတ်တွေကို သတိပေး ခဲ့ပါတယ်။

အင်္ဂလန် နောက်ခံလူ တိုင်ရွန်မင့် နဲ့ စတားလင်း တို့ နှစ်ဦးဟာ Vasil Levski Stadium မှာ အဓိက ပစ်မှတ်ထားခြင်း ခံရသူတွေ ဖြစ်ပြီး ဘူဂေးရီးယား အသင်းခေါင်းဆောင် ပိုပေါ့ဟာ ဒီလို လူမျိူးရေး ခွဲခြားမှု တွေကို ရပ်တန့်ရန် ပရိတ်သတ်တွေကို တောင်းဆိုမှု လုပ်ခဲ့ပါတယ်။ ပိုပေါ့ဟာ အဝတ်လဲခန်း ထဲကို ဦးဆောင် ၀င်သွား ရမယ့် အစား ပထမပိုင်း နားချိန် တော်တော်များများ မှာ သူ့ပရိတ်တွေကို လူမျိုးရေး ခွဲခြားမှုတွေ ရပ်တန့်ရန် လိုက်လံ တားမြစ် ခဲ့ပါတယ်။

ပွဲချိန် ရ မိနစ်မှာ လှပတဲ့ သွင်းဂိုးနဲ့ အင်္ဂလန် အတွက် အဖွင့်ဂိုး သွင်းပေး ခဲ့တဲ့ ရပ်ဖို့ဒ်က အင်္ဂလန် ပရိတ်သတ်တွေရဲ့ လိုက်ပါ အားပေးမှုကို ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့ အပြင် ပထမပိုင်း အပြီး ပိုပေါ့ရဲ့ လုပ်ရပ်ကိုလည်း လက်ခုပ်တီး သွားခဲ့ ပါတယ်။

ရပ်ဖို့ဒ် က “ကစားဖို့ လွယ်ကူတဲ့ အခြေအနေ မဟုတ် ခဲ့တဲ့ အပြင် ၂၀၁၉ ခုနှစ်မှာ ဒီလိုမျိုး အရာတွေ လုံးဝ မဖြစ်သင့် တော့ပါဘူး။ ဒီကြားထဲ ကနေ အနိုင် ၃ မှတ် ရယူ နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပေမယ့် ဒီလူမျိူးရေး ခွဲခြားမှု တွေဟာ အဆုံးသတ်ဖို့ လိုနေ ပါပြီ။ အရမ်း ကောင်းတဲ့ အင်္ဂလန် ပရိတ်သတ် တွေကို ကျေးဇူး အထူး တင်ပါတယ်။

သူတို့ဟာ ဒီညမှာ ကျွန်တော်တို့ နောက်မှာ အပြည့်အဝ ရှိနေခဲ့ပြီး ကျွန်တော်တို့ အားလုံး အရမ်းကို ကျေးဇူး တင်မိပါတယ်။ အိမ်ကို လုံလုံခြုံခြံု ပြန်နိုင်ပါစေ။ ဂရုုစိုက်ကြပါ။ ပြီးတော့ ဘူဂေးရီးယား အသင်းခေါင်းဆောင်ရဲ့ ပထမပိုင်း အပြီး လုပ်ရပ်ကိုလည်း ပြောဖို့ လိုပါတယ်။ တစ်ဦးတည်း မားမားမတ်မတ် ရပ်တည်ကာ မှန်ကန်တဲ့ အရာတွေ လုပ်ရဲတဲ့ သတ္တိ နဲ့ ဒီလိုမျိုး ပြုမူပုံဟာ သတိမပြုလို့ မရပါဘူး။ #NoToRacism” လို့ ပြောသွား ပါတယ်။

ဘူဂေးရီးယား ပရိတ်သတ်တွေ ပစ်မှတ် ထားခြင်း ခံရတဲ့ သူတွေ ထဲမှာ ပါ၀င်တဲ့ စတားလင်း ကလည်း “သူတို့ရဲ့ ကွင်းမှာ ဒီလို မိုက်မဲတဲ့ သူတွေကို ကိုယ်စားပြု ခဲ့ရတဲ့ ဘူဂေးရီးယား အသင်း အတွက် ၀မ်းနည်း မိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ၆-၀ နဲ့ ကျွန်တော်တို့ အိမ်ပြန် နိုင်ခဲ့ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ကိုယ့်အလုပ်ကို တာဝန်ကျေအောင် လုပ်နိုင် ခဲ့ပါတယ်။ ပရိတ်သတ်တွေ လုံလုံခြံုခြံု နဲ့ ပြန်နိုင် ပါစေ။ ခင်ဗျားတို့ အကောင်းဆုံး လုပ်ခဲ့ ပါတယ်။” လို့ ဆိုသွား ပါတယ်။

ပွဲပြီး ချိန်မှာတော့ ဂါရက်ဆောက်ဂိတ်ဟာ သူ့အင်္ဂလန် ကစားသမားတွေ အပေါ် လူမျိုးရေး ခွဲခြားခဲ့တဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။

ဆောက်ဂိတ်က “တာဝန်ရှိသူတွေဟာ အရာအားလုံးကို လျှင်မြန်စွာ မလုပ် ခဲ့ဘူးလို့ ကျွန်တော် ပြောရမှာပါ။ ကျွန်တော်တို့ ဒါတွေ ကြားတာနဲ့ အရာအားလုံးကို ချက်ချင်း သတင်းပို့ ခဲ့ပါတယ်။ ကျွန်တော်တို့ တာဝန်ရှိသူတွေ ဒိုင်လူကြီး တွေနဲ့ တောက်လျှောက် ဆက်သွယ် ခဲ့ပြီး အထူးသဖြင့် ပထမပိုင်း အတွင်း ကစားသမားတွေနဲ့လည်း ဆက်သွယ် ခဲ့ပါတယ်။

ဒါဟာ လက်မခံ နိုင်စရာ အခြေအနေပါ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ယူကာ ကြေငြာချက် ၂ ခု ထုတ်ပြန် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကိစ္စကို လူတိုင်း သိနားလည်ဖို့ အတွက်လည်း လုပ်ခဲ့ပါတယ်။ ပွဲကို ၂ ကြိ်မ် ရပ်နား ခဲ့ပါတယ်။ တစ်ချို့ လူတွေ အတွက် ဒါဟာ လုံလောက်မှု မရှိဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM

Zawgyi

ဘူေဂးရီးယား အသင္းေခါင္းေဆာင္ရဲ႕ လုပ္ရပ္ကုိ ခ်ီးက်ဴး သြားခဲ့တဲ့ မားကပ္ရပ္ဖို႕ဒ္

မာကပ္ရပ္ဖို႕ဒ္ဟာ မေန႕ညက အဂၤလန္ အသင္းရဲ႕ ၆-၀ ႏုိင္ပြဲမွာ ဘူေဂးရီးယား အသင္းေခါင္းေဆာင္ အုိင္ဗီလင္ ပိုေပါ့ရဲ႕ လုပ္ရပ္ကို ခ်ီးက်ဴး သြားခဲ့ျပီး ဆုိဖီယာမွာ ျပဳလုပ္ခဲ့တဲ့ အဆိုပါ ပြဲဟာ ဘူေဂးရီးယား ပရိတ္သတ္ေတြရဲ႕ လူမ်ိဳးေရြး ခြဲျခားတဲ့ သံျပိဳင္ေအာ္ဟစ္မွဳ ေတြေၾကာင့္ ရုပ္ဆုိး အက်ည္းတန္ ခဲ့ပါတယ္။

အဂၤလန္ အသင္းဟာ ရပ္ဖို႕ဒ္ ၊ ဘာကေလ (၂ ဂုိး) ၊ ရာဟင္စတားလင္း (၂ ဂိုး) နဲ႕ ဟယ္ရီကိန္း တုိ႕ရဲ႕ ဂုိးေတြနဲ႕ အတူ အိမ္ရွင္ အသင္းကို ၆ ဂိုးျပတ္နဲ႕ ႏုိင္ခဲ့ကာ အုပ္စု ေအရဲ႕ ထိပ္ဆံုး ေနရာကို ေျခကုပ္ ယူႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီႏုိင္ပြဲဟာ ေဘာလံုး ေလာက အတြက္ ရွက္ဖြယ္ ေကာင္းလွတဲ့ လုပ္ရပ္ေတြရဲ႕ ဖံုးလႊမ္းျခင္းကို ခံခဲ့ ရပါတယ္။

အဂၤလန္ရဲ႕ ယူရို ၂၀၂၀ ေျခစစ္ပြဲမွာ ဘူေဂးရီးယား ပရိတ္သတ္ေတြရဲ႕ နာဇီပံုစံ အေလးျပဳမွဳ ၊ လူမ်ိဳးေရး ခြဲျခားတဲ့ သံျပိဳင္ေအာ္ဟစ္မွဳ ေတြေၾကာင့္ ကြင္းလယ္ဒုိင္ အုိင္ဗန္ဘီဘက္ဟာ ပထမပိုင္း မွာတင္ ပြဲကို ၂ ၾကိ္မ္တုိင္တုိင္ ရပ္နား ပစ္ခဲ့ျပီး ကြင္းရဲ႕ announcer ျဖစ္သူ ကလည္း ဒီလုိ လုပ္ရပ္ေတြသာ ဆက္လုပ္ ေနမယ္ ဆုိရင္ ပြဲကို အျပီးသတ္ ရပ္နား ပစ္မွာ ျဖစ္တယ္လို႕ ပရိတ္သတ္ေတြကို သတိေပး ခဲ့ပါတယ္။

အဂၤလန္ ေနာက္ခံလူ တုိင္ရြန္မင့္ နဲ႕ စတားလင္း တုိ႕ ႏွစ္ဦးဟာ Vasil Levski Stadium မွာ အဓိက ပစ္မွတ္ထားျခင္း ခံရသူေတြ ျဖစ္ျပီး ဘူေဂးရီးယား အသင္းေခါင္းေဆာင္ ပိုေပါ့ဟာ ဒီလို လူမ်ိဴးေရး ခြဲျခားမွဳ ေတြကို ရပ္တန္႕ရန္ ပရိတ္သတ္ေတြကို ေတာင္းဆုိမွဳ လုပ္ခဲ့ပါတယ္။ ပိုေပါ့ဟာ အ၀တ္လဲခန္း ထဲကို ဦးေဆာင္ ၀င္သြား ရမယ့္ အစား ပထမပိုင္း နားခ်ိန္ ေတာ္ေတာ္မ်ားမ်ား မွာ သူ႕ပရိတ္ေတြကို လူမ်ိဳးေရး ခြဲျခားမွဳေတြ ရပ္တန္႕ရန္ လိုက္လံ တားျမစ္ ခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ လွပတဲ့ သြင္းဂုိးနဲ႕ အဂၤလန္ အတြက္ အဖြင့္ဂိုး သြင္းေပး ခဲ့တဲ့ ရပ္ဖို႕ဒ္က အဂၤလန္ ပရိတ္သတ္ေတြရဲ႕ လိုက္ပါ အားေပးမွဳကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္တဲ့ အျပင္ ပထမပိုင္း အျပီး ပိုေပါ့ရဲ႕ လုပ္ရပ္ကိုလည္း လက္ခုပ္တီး သြားခဲ့ ပါတယ္။

ရပ္ဖို႕ဒ္ က “ကစားဖို႕ လြယ္ကူတဲ့ အေျခအေန မဟုတ္ ခဲ့တဲ့ အျပင္ ၂၀၁၉ ခုႏွစ္မွာ ဒီလိုမ်ိဳး အရာေတြ လံုး၀ မျဖစ္သင့္ ေတာ့ပါဘူး။ ဒီၾကားထဲ ကေန အႏုိင္ ၃ မွတ္ ရယူ ႏုိင္ခဲ့တဲ့ အတြက္ ဂုဏ္ယူမိေပမယ့္ ဒီလူမိ်ဴးေရး ခြဲျခားမွဳ ေတြဟာ အဆံုးသတ္ဖို႕ လိုေန ပါျပီ။ အရမ္း ေကာင္းတဲ့ အဂၤလန္ ပရိတ္သတ္ ေတြကို ေက်းဇူး အထူး တင္ပါတယ္။

သူတုိ႕ဟာ ဒီညမွာ ကၽြန္ေတာ္တုိ႕ ေနာက္မွာ အျပည့္အ၀ ရွိေနခဲ့ျပီး ကၽြန္ေတာ္တို႕ အားလံုး အရမ္းကို ေက်းဇူး တင္မိပါတယ္။ အိမ္ကုိ လံုလံုျခံဳျခံဳ ျပန္ႏုိင္ပါေစ။ ဂရုုစုိက္ၾကပါ။ ျပီးေတာ့ ဘူေဂးရီးယား အသင္းေခါင္းေဆာင္ရဲ႕ ပထမပိုင္း အျပီး လုပ္ရပ္ကိုလည္း ေျပာဖို႕ လိုပါတယ္။ တစ္ဦးတည္း မားမားမတ္မတ္ ရပ္တည္ကာ မွန္ကန္တဲ့ အရာေတြ လုပ္ရဲတဲ့ သတၱိ နဲ႕ ဒီလိုမ်ိဳး ျပဳမူပံုဟာ သတိမျပဳလို႕ မရပါဘူး။ #NoToRacism” လို႕ ေျပာသြား ပါတယ္။

ဘူေဂးရီးယား ပရိတ္သတ္ေတြ ပစ္မွတ္ ထားျခင္း ခံရတဲ့ သူေတြ ထဲမွာ ပါ၀င္တဲ့ စတားလင္း ကလည္း “သူတုိ႕ရဲ႕ ကြင္းမွာ ဒီလုိ မုိက္မဲတဲ့ သူေတြကို ကုိယ္စားျပဳ ခဲ့ရတဲ့ ဘူေဂးရီးယား အသင္း အတြက္ ၀မ္းနည္း မိပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ၆-၀ နဲ႕ ကၽြန္ေတာ္တို႕ အိမ္ျပန္ ႏုိင္ခဲ့ပါတယ္။ အနည္းဆံုးေတာ့ ကၽြန္ေတာ္တုိ႕ ကုိယ့္အလုပ္ကို တာ၀န္ေက်ေအာင္ လုပ္ႏုိင္ ခဲ့ပါတယ္။ ပရိတ္သတ္ေတြ လံုလံုျခံဳျခံဳ နဲ႕ ျပန္ႏုိင္ ပါေစ။ ခင္ဗ်ားတုိ႕ အေကာင္းဆံုး လုပ္ခဲ့ ပါတယ္။” လို႕ ဆုိသြား ပါတယ္။

ပြဲျပီး ခ်ိန္မွာေတာ့ ဂါရက္ေဆာက္ဂိတ္ဟာ သူ႕အဂၤလန္ ကစားသမားေတြ အေပၚ လူမ်ိဳးေရး ခြဲျခားခဲ့တဲ့ လုပ္ရပ္အေပၚ ျပင္းျပင္းထန္ထန္ ေ၀ဖန္ ခဲ့ပါတယ္။

ေဆာက္ဂိတ္က “တာ၀န္ရွိသူေတြဟာ အရာအားလံုးကို လွ်င္ျမန္စြာ မလုပ္ ခဲ့ဘူးလုိ႕ ကၽြန္ေတာ္ ေျပာရမွာပါ။ ကၽြန္ေတာ္တို႕ ဒါေတြ ၾကားတာနဲ႕ အရာအားလံုးကို ခ်က္ခ်င္း သတင္းပို႕ ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ တာ၀န္ရွိသူေတြ ဒုိင္လူၾကီး ေတြနဲ႕ ေတာက္ေလွ်ာက္ ဆက္သြယ္ ခဲ့ျပီး အထူးသျဖင့္ ပထမပိုင္း အတြင္း ကစားသမားေတြနဲ႕လည္း ဆက္သြယ္ ခဲ့ပါတယ္။

ဒါဟာ လက္မခံ ႏုိင္စရာ အေျခအေနပါ။ ကၽြန္ေတာ္တို႕ ဒီပြဲကို အႏုိင္ယူကာ ေၾကျငာခ်က္ ၂ ခု ထုတ္ျပန္ ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ ဒီကိစၥကို လူတုိင္း သိနားလည္ဖို႕ အတြက္လည္း လုပ္ခဲ့ပါတယ္။ ပြဲကို ၂ ၾကိ္မ္ ရပ္နား ခဲ့ပါတယ္။ တစ္ခ်ိဳ႕ လူေတြ အတြက္ ဒါဟာ လံုေလာက္မွဳ မရွိဘူး ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ဒီကိစၥဟာ ကၽြန္ေတာ္တုိ႕ လူ႕အသိုင္းအ၀ုိင္း တစ္ခုလံုးနဲ႕ ဆုိင္တယ္လို႕ ထင္ပါတယ္။” လို႕ ဆုိသြား ပါတယ္။