Unicode
၂၀၁၉ ခုနှစ် အောက်တိုဘာ လအတွင်းကို ရောက်ရှိလာပြီဖြစ်လို့ ၂၀၂၀ ပြည့်နှစ်ကိုရောက်ဖို့ သိပ်ပြီး မလိုအပ်တော့တာလည်းဖြစ်ပါတယ်။၂၀၁၀ ပြည့်နှစ်ကနေ အခုချိန်ထိ ဆယ်စုနှစ်ကာလတခုအတွင်းမှာ အကြီးမားဆုံးအပြောင်းအလဲတွေကြုံတွေ့ထားခဲ့ရတဲ့ အသင်းတွေထဲမှာ ယူနိုက်တက် အသင်းကထိပ်ဆုံးကနေရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ရဲ့လက်ထက် နှောင်းပိုင်းအချိန်တွေဖြစ်တဲ့ ၂၀၁၀ ပြည့်လွန်တနှစ်၂ နှစ်လောက်အထိ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဥရောပရဲ့ လူရိုသေရှင်ရိုသေအသင်းတသင်းအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၃ ခုနှစ်မှာနည်းပြကြီး ဆာအဲလက်စ် အနားယူသွားခဲ့ပြီးနောက်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကိုတောင် ပုံမှန်ပါဝင်နိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။အခုလို အနိမ့်အမြင့်အတက်ကျကြမ်းခဲ့တဲ့ဆယ်စုနှစ်အတွင်း ယူနိုက်တက်အသင်းရဲ့ နေရာအလိုက်အကောင်းဆုံး ၁၁ဦးစာရင်းကို Goal က အခုလိုပဲ ဖော်ပြသွားခဲ့ပါတယ်။
ဂိုး – ဒီဂီယာ
ယူနိုက်တက်အသင်းကိုရောက်လာအပြီးမှာ ပြည်တွင်းဖလားအားလုံးကိုသိမ်းပိုက်ထားနိုင်ခဲ့ဖူးပြီဖြစ်တဲ့ဂိုးသမားတဦးဖြစ်ပါတယ်။အိုးထရက်ဖို့ဒ်မှာရှိနေခဲ့တဲ့ အတောအတွင်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတဦးအဖြစ်လည်း သိတ်မှတ်ခံထားရသူဖြစ်ပါတယ်။နောက်ပိုင်းနှစ်အနည်းငယ်အတွင်းလက်စွမ်းကျနေပေမယ့် ယူနိုက်တက် အသင်းပုံစံကောင်းပြန်ရဖို့ ဒီစပိန်သားရဲ့အတွေ့အကြံုကောင်းတွေက အသုံးဝင်မှာသေချာပါတယ်။
ခံစစ်ညာအစွန် – ဗလင်စီယာ
ရော်နယ်ဒိုထွက်သွားအပြီးမှာ ညာတောင်ပံကစားသမားတဦးဖြစ်တဲ့ ဗလင်စီယာကို ဝီဂန်အသင်းကနေခေါ်ယူထားခဲ့တာဖြစ်ပါတယ်။သူဟာ နောက်ပိုင်းမှာတော့ ခံစစ်ညာအစွန်နေရာမှာပြောင်းလဲကစားနေခဲ့တာဖြစ်ပါတယ်။၂၀၁၇ခုနှစ်ယူရိုပါလိဂ်အကောင်းဆုံးကစားအသင်းမှာပါဝင်ခဲ့တဲ့ ဒီအီကွေဒေါသားယာအခုချိန်မှာတော့မွေးရပ်မြေကိုပြန်သွားခဲ့ပြီဖြစ်ပါတယ်။
ဗဟိုခံစစ်- ဖာဒီနန်
ဖာဒီနန် မရှိတော့တဲ့ နောက်ပိုင်းမှာ ဗဟိုခံစစ် နေရာအတွက် တည်ငြိမ်တဲ့ကစားသမားထွက်မလာသေးတာဖြစ်ပါတယ်။အီဗန်က အနည်းငယ်ခေတ်ကောင်းခဲ့ပေမယ့် စမောလင်း၊ဖီးလ်ဂျံုးတို့ကတော့ ဖာဒီနန်ရဲ့ ဝိသေသလက္ခဏာကောင်းတွေကိုဘာတခုမှလိုက်မမီခဲ့တာဖြစ်ပါတယ်။
ဗဟို ခံစစ် – ဗီဒစ်
ယူနိုက်တက် အသင်းမှာရှိနေစဉ်အတော်အတွင်းမှာပရီးမီးယားလိဂ် ၅ကြိမ်၊ချန်ပီယံ လိဂ် ၁ကြိမ်အပါအဝင် အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အသင်းခေါင်းဆောင်ဟောင်းတဦးဖြစ်ပါတယ်။ယူနိုက်တက် အသင်းကိုရောက်လာအပြီးကတည်းက ဖာဒီနန်နဲ့့အတွဲညီခဲ့သူဖြစ်ပြီး ဖလားတွေ တလုံးပြီးတလုံးရယူနိုင်ခဲ့သူဖြစ်ပါတယ်။
ခံစစ် ဘယ်အစွန် – အီဗရာ
ဗီဒစ်လိုပဲယူနိုက်တက် အသင်းမှာရှိနေစဉ်အတော်အတွင်းမှာပရီးမီးယားလိဂ် ၅ကြိမ်၊ချန်ပီယံ လိဂ် ၁ကြိမ်အပါအဝင် အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ကစားသ မားတဦးဖြစ်ပါတယ်။ ဂျူဗီအသင်းကို ပြောင်းသွားအပြီးမှာ ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့်လည်း ယူနိုက်တက်မှာရှိနေသေးရင်တောင်တခုခုလုပ်ပေးနိုင်သေးတယ်ဆိုတာကိုသိနိုင်တာဖြစ်ပါတယ်။သူ့ရဲ့နေရာအတွက်အစားထိုးခေါ်ထားတဲ့ လုခ်ရှောကတော့ အခုထိအီဗရာနဲ့နီးနီးစပ်စပ် ခြေစွမ်းမျိုးတောင်မပြနိုင်သေးတာဖြစ်ပါတယ်။
ကွင်းလယ်ဗဟို- ကာရစ်
၂၀၁၇ ခုနှစ်မှာ ကစားသမားဘဝ ကနေ အနားယူသွားခဲ့တဲ့ ကာရစ်ဟာ ယူနိုက်တက် အသင်းနဲ့ အတူ ပြည်တွင်းကော ဥရောပဖလားအစုံအလင်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ပြိုင်ပွဲစုံ ၄၇၄ပွဲအထိကစားပေးခဲ့ပြီး ကွင်းလယ်ရဲ့အဓိက ကစားသမားတဦးအဖြစ် ကာလရှည်ရှိနေခဲ့သူလည်းဖြစ်ပါတယ်။သူဟာအခုချိန်မှာတော့ နည်းပြဆိုးလ်ရှားရဲ့ အဖွဲ့ဝင်တဦးအဖြစ် လုပ်ကိုင်နေပါတယ်။
ကွင်းလယ်ဗဟို – ဟာရဲယား
နည်းပြဗန်ဟားလက်ထက်မှာဘီဘာအိူကနေ ရောက်လာတဲ့ ဟာရဲယား ဟာ မော်ရင်ဟိုလက်ထက်အထိ ယုံကြည်ကိုးစားခြင်းခံခဲ့ရသူဖြစ်ပါတယ်။ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့်လည်းယူနိုက်တက်ဖန်တွေအသဲစွဲကစားသမားတဦးဖြစ်ပါတယ်။၂၀၁၇ ခုနှစ်မှာဆာမက်စ်ဘက်ဘီ အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့ပြီး ယူရိုပါလိဂ်အကောင်းဆုံးအသင်းမှာလည်းပါဝင်ခွင့်ရခဲ့ပါတယ်။
ကွင်းလယ်တိုက်စစ် – မာတာ
ချဲဆီးလ်အသင်းကနေရောက်လာအပြီးကတည်းက တည်ငြိမ်တဲ့ခြေစွမ်းကောင်းပြသနေခဲ့တဲ့ ကစားသမားတဦးဖြစ်ပါတယ်။အိုးထရက်ဖိုဒ့်မြေမှာ FAဖလား၊ ကရာဘောင်ဖလား၊ ယူရိုပါလိဂ်ဖလားတွေဆွတ်ခူးနိုင်ခဲ့တဲ့ မာတာဟာ နည်းပြဆိုးလ်ရှား လက်ထက်မှာလည်း အားကိုးနေရဆဲ ကစားသမားတဦးဖြစ်ပါတယ်။
တောင်ပံတိုက်စစ် – နာနီ
တခါတရံ မှာ ပေါ်တူဂီ အသင်းဖော် စီရော်နယ်ဒို နဲ့ တောင်ခိုင်းနှိုင်းခံရဖူးသူဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတော့ သူ့ရဲ့အကောင်းဆုံးနှစ်တွေထဲကတနှစ်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံမှာလည်းဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။ထိုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုဆန်ကာတင်စာရင်းမှာပါဝင်ခဲ့ပေမယ့် ကပ်လွဲခဲ့ပါတယ်။
တိုက်စစ် – ဗန်ပါစီ
အသက် ၂၉နှစ်အရွယ် ဒီဟော်လန်သားကို နည်းပြဆာအဲလက်စ်က ပေါင်၂၄ သန်းအထိပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။ဗီလာအသင်းကိုသူသွင်းယူခဲ့တဲ့ဟက်ထရစ် ဂိုးကြောင့် ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီး ထိုညမှာသွင်းခဲ့တဲ့ ဂိုးကလည်း တရာသီအတွင်းအကောင်းဆုံးဂိုးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။သူဟာယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲဲစုံ ၁၀၅ပွဲကစား၅၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
တိုက်စစ်- ဝိန်းရူနီ
စုစုပေါင်းသွင်းဂိုး ၂၅၃ ဂိုးနဲ့အတူ ယူနိုက် အသင်းရဲ့ ထာဝရ ဂိုးအများဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်နေသူဖြစ်ပါတယ်။ ယူနိုက်တက် ကစားသမားဘဝနှောင်းပိုင်းမှာ စွမ်းအင်တွေကျဆင်းလာသလိုဖြစ်ခဲ့ပေမယ့် ဂိုးတွေသွင်းယူပေးနေခဲ့ဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာယူရိုပါလိဂ်ချန်ပီယံဆုကြီကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
SPORTS MYANMAR
Zawgyi
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းယူနိုက်တက်အသင်းရဲ့နေရာအလိုက်အကောင်းဆုံးကစားသမား ၁၁ဦး
====================================
ဂိုး – ဒီဂီယာ
ဗဟိုခံစစ်- ဖာဒီနန်
ဗဟို ခံစစ် – ဗီဒစ်
ခံစစ် ဘယ်အစွန် – အီဗရာ
ကွင်းလယ်ဗဟို- ကာရစ်
ကွင်းလယ်ဗဟို – ဟာရဲယား
တောင်ပံတိုက်စစ် – နာနီ
တိုက်စစ် – ဗန်ပါစီ
တိုက်စစ်- ဝိန်းရူနီ