Unicode

ဘိုင်ယန်မြူးနစ် အသင်း နဲ့ တူရကီ ကွင်းလယ်လူဟောင်း အယ်တင်တော့ပ် က သူ့ရဲ့ အသင်းဖော်ဟောင်း မီဆွတ် အိုဇေးလ် ဟာ အခု လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းမှာ နေရာမရ ဖြစ်နေပေမယ့် အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အားပေး ထောက်ခံ လိုက်ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ်တွေရဲ့အချစ်တော် မီဆွတ် အိုဇေးလ် ဟာ နည်းပြ အူနိုင်း အမ်မရီ လက်အောက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရပြီး ပွဲကြီးပွဲကောင်းတွေမှာ သာမက အသင်းငယ်လေးတွေနဲ့ ပွဲမှာပါ လူစာရင်းကနေ ချန်လှပ် ခံနေရပါတယ် ။

အိုဇေးလ် ဟာ အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ရဲ့အသင်းခေါင်းဆောင် ငါးဦး စာရင်းထဲမှာတော့ ပါဝင် နေပေမယ့် ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၂ ပွဲသာ ပါဝင် ကစားပေးထားရပါတယ် ။ အိုဇေးလ် ဟာ ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားတာပါ ။

ဒီကနေ့မှာပဲ အသက် ၃၁ နှစ် ပြည့်သွားခဲ့တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ငါးပွဲမှာ တစ်ပွဲသာ ကစားခွင့် ရထားပြီး လေးပွဲ အထိ ကစားခွင့် မရခဲ့ပါဘူး ။ ဂန်းနား ဂန္တဝင် ကစားသမားတွေ နဲ့ ပရိသတ်တွေကတော့ အိုဇေးလ် ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒ ရှိနေကြပါတယ် ။

၂၀၁၃ ခုနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာတဲ့ အိုဇေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ ။

ရှော်ကေး အသင်းမှာ အိုဇေးလ် နဲ့ တွဲဖက် ကစားခဲ့ဖူးတဲ့ အယ်တင်တော့ပ် က Goal နဲ့ အင်တာဗျူး ဟာ ” မီဆွတ် က အံ့အားသင့်စရာ ကစားသမား ဘဝ မှတ်တမ်းတွေကို ပိုင်ဆိုင်ထားတဲ့ လူတော် တစ်ယောက်ပါ ၊ တခြားသူတွေ အပေါ် လေးစားမှု အပြည့်နဲ့ အမြဲ ဆက်ဆံ တတ်သူပါ ။ ”

” အာဆင်နယ် အသင်းမှာ သူ့ရဲ့ လက်ရှိ အနေအထား က မကောင်းပေမယ့် ဒါက ဘဝမှာ ကြုံတွေ့ ရမယ့် အရာ တစ်ခုပါပဲ ။ သူ့ရဲ့ဝါသနာ အတွက် ၁၀ နှစ်ကျော်လောက် အပြင်းအထန် ကြိုးစားခဲ့တဲ့သူ ဖြစ်တာကြောင့် ကျနော်ကတော့ သူ အကောင်းဆုံး ပုံစံနဲ့ ပြန်လာ နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Calciomercato ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံး နေတဲ့ အိုဇေးလ် ကို ခေါ်ယူဖို့ မီလန် မြို့ခံပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ အေစီမီလန် နဲ့ အင်တာမီလန် အသင်းတို့က အပြိုင် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ် ။

SPORTS MYANMAR

Zawgyi

အိုေဇးလ္ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာနိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း အားေပး ေထာက္ခံလိုက္တဲ့ အယ္တင္ေတာ့ပ္
==================================

ဘိုင္ယန္ျမဴးနစ္ အသင္း နဲ႔ တူရကီ ကြင္းလယ္လူေဟာင္း အယ္တင္ေတာ့ပ္ က သူ႔ရဲ့ အသင္းေဖာ္ေဟာင္း မီဆြတ္ အိုေဇးလ္ ဟာ အခု လက္ရွိ အခ်ိန္မွာ အာဆင္နယ္ အသင္းမွာ ေနရာမရ ျဖစ္ေနေပမယ့္ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာနိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း အားေပး ေထာက္ခံ လိုက္ပါတယ္ ။

အာဆင္နယ္ အသင္း ပရိသတ္ေတြရဲ့အခ်စ္ေတာ္ မီဆြတ္ အိုေဇးလ္ ဟာ နည္းၿပ အူနိုင္း အမ္မရီ လက္ေအာက္မွာ ပုံမွန္ ပြဲထြက္ ကစားခြင့္ ရဖို႔ ႐ုန္းကန္ ေနရၿပီး ပြဲႀကီးပြဲေကာင္းေတြမွာ သာမက အသင္းငယ္ေလးေတြနဲ႔ ပြဲမွာပါ လူစာရင္းကေန ခ်န္လွပ္ ခံေနရပါတယ္ ။

အိုေဇးလ္ ဟာ အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ရဲ့အသင္းေခါင္းေဆာင္ ငါးဦး စာရင္းထဲမွာေတာ့ ပါဝင္ ေနေပမယ့္ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ၂ ပြဲသာ ပါဝင္ ကစားေပးထားရပါတယ္ ။ အိုေဇးလ္ ဟာ ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားတာပါ ။

ဒီကေန႔မွာပဲ အသက္ ၃၁ ႏွစ္ ျပည့္သြားခဲ့တဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္း ရဲ့ ေနာက္ဆုံး ငါးပြဲမွာ တစ္ပြဲသာ ကစားခြင့္ ရထားၿပီး ေလးပြဲ အထိ ကစားခြင့္ မရခဲ့ပါဘူး ။ ဂန္းနား ဂႏၲဝင္ ကစားသမားေတြ နဲ႔ ပရိသတ္ေတြကေတာ့ အိုေဇးလ္ ကို ပုံမွန္ ပြဲထြက္ခြင့္ ေပးနိုင္မယ့္ အသင္းတစ္သင္းကို ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵ ရွိေနၾကပါတယ္ ။

၂၀၁၃ ခုႏွစ္က ရီးရဲလ္ မက္ဒရစ္ အသင္းကေန ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၅၀ နဲ႔ ေရာက္ရွိ လာတဲ့ အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းက အာဆင္နယ္ အသင္းနဲ႔ သုံးႏွစ္ခြဲ စာခ်ဳပ္ သက္တမ္း တိုးထားၿပီး တစ္ပတ္ လစာ ေပါင္ ၃၅၀၀၀၀ အထိ ရရွိေနသူပါ ။

ေရွာ္ေကး အသင္းမွာ အိုေဇးလ္ နဲ႔ တြဲဖက္ ကစားခဲ့ဖူးတဲ့ အယ္တင္ေတာ့ပ္ က Goal နဲ႔ အင္တာဗ်ဴး ဟာ ” မီဆြတ္ က အံ့အားသင့္စရာ ကစားသမား ဘဝ မွတ္တမ္းေတြကို ပိုင္ဆိုင္ထားတဲ့ လူေတာ္ တစ္ေယာက္ပါ ၊ တျခားသူေတြ အေပၚ ေလးစားမွု အျပည့္နဲ႔ အျမဲ ဆက္ဆံ တတ္သူပါ ။ ”

” အာဆင္နယ္ အသင္းမွာ သူ႔ရဲ့ လက္ရွိ အေနအထား က မေကာင္းေပမယ့္ ဒါက ဘဝမွာ ၾကဳံေတြ႕ ရမယ့္ အရာ တစ္ခုပါပဲ ။ သူ႔ရဲ့ဝါသနာ အတြက္ ၁၀ ႏွစ္ေက်ာ္ေလာက္ အျပင္းအထန္ ႀကိဳးစားခဲ့တဲ့သူ ျဖစ္တာေၾကာင့္ က်ေနာ္ကေတာ့ သူ အေကာင္းဆုံး ပုံစံနဲ႔ ျပန္လာ နိုင္လိမ့္မယ္လို႔ ထင္ပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

Calciomercato ရဲ့ ေဖာ္ျပခ်က္ အရ အာဆင္နယ္ အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံး ေနတဲ့ အိုေဇးလ္ ကို ေခၚယူဖို႔ မီလန္ ၿမိဳ႕ခံၿပိဳင္ဘက္ ႏွစ္သင္း ျဖစ္တဲ့ ေအစီမီလန္ နဲ႔ အင္တာမီလန္ အသင္းတို႔က အၿပိဳင္ စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္ ။

SPORTS MYANMAR