Unicode

လက်ရှိမှာ ရီးရဲလ်အသင်း ကို ကိုင်တွယ်နေတဲ့ နည်းပြကြီး ဇီဒန်းရဲ့ သားဖြစ်သူဟာ လူကာဇီဒန်း ဟာ ဆီဂန်ဒါကလပ် ရေးဆင်း အသင်းမှာ အငှားထွက်ကစားနေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူ ဇီဒန်းက ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့တဲ့ကစားသမားမျိုးဖြစ်ပေမယ့် လူကာဇီဒန်းကတော့ ဂိုးသမား တဦးဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ လူကာဇီဒန်းဟာ ရီးရဲလ် အကယ်ဒမီထွက် ကြယ်ပွင့်တဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စီနီယာအသင်းကိုရောက်လာခဲ့တာဖြစ်ပါတယ်။သူဟာထိုနှစ်မှာရရှိခဲ့တဲ့ ချန်ပီယံလိဂ်အောင်ပွဲမှာပါဝင်အောင်ပွဲခံခွင့်ရခဲ့ပေမယ့် ပွဲထွက်ခွင့်အနည်းအကျဉ်းသာရထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဒီရာသီအစမှာပဲ ရေးဆင်း အသင်းကို အငှားထွက်ပြီး ပွဲထွက်ခွင့်ပုံမှန်ရရေး တိုက်ပွဲဝင်နေခဲ့တာဖြစ်ပါတယ်။သူဟာ အဲ့ဒီအသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမားတဦးအဖြစ်လည်းရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဖခင်ဖြစ်သူ ကိုင်တွယ် နေတဲ့ ရီးရဲလ်လို အထင်ကရ အသင်းကြီးတသင်းကနေ ထွက်ခွာလာခဲ့တာကို နောင်တမရဘူးလို့ လူကာဇီဒန်းက ဆိုသွားခဲ့တာဖြစ်ပါတယ်။မက်ဒရစ်မြေကို စွန့်ခွာပြီး အငှားထွက်နေတဲ့အပေါ် လူကာဇီဒန်းက –

” ကျွန်တော့်အတွက် အတော်လေးကိုကြီးမားတဲ့ အပြောင်းအလဲကြီး တခုဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ရီးရဲလ်အသင်းကနေ ထွက်ခွာလာခဲ့ရတာကို ကျွန်တော်နောင်တတော့မရပါဘူး။ကျွန်တော့်အတွက် အရေးပါတဲ့ ခြေလှမ်းတခုဖြစ်တယ်ဆိုတာကို လည်းနားလည်ပါတယ်။ကျွန်တော်ကိုယ်တိုင်က ဒါကို လုပ်ချင်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ပရော်ဖက်ရှင်နယ် အသင်းတသင်းမှာ ကစားခွင့်ရဖို့ ကို ကျွန်တော်လိုအပ်လို့ဖြစ်ပါတယ်။ဒီအသင်းမှာကျွန်တော်ပွဲတွေကစားခဲ့ရပြီး တန်ဖိုးကိုပြသခွင့်ရခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

ဘာနေဗျူးကိုစွန့်ခွာခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ဆိုထားပေမယ့် ပြန်သွားဖို့ ရှိနေတယ်ဆိုတဲ့ အမြင်တွေကိုလည်းသူက မပယ်ချထားသေးတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး လူကာဇီဒန်းက –

” လာမယ့်နှစ် အနည်းငယ်အတွင်း ဘာတွေဖြစ်သွားမယ်ဆိုတာအားလုံး မြင်ရပါလိမ့်မယ်။ကျွန်တော့်ကို ရီးရဲလ် အသင်းအကြောင်းလာမေးတာကိုနားလည်ပါတယ်။ဒါပေမယ့်လည်း ကျွန်တော်က အဲ့ဒီအသင်းမှာရှိနေတာမဟုတ်ပါဘူး။သူတို့ဟာ ကောင်းတဲ့ အခြေအနေ တရပ်မှာ ရှိနေတယ်လို့ တော့ကျွန်တော်ရှုမြင်မိပါတယ်။သူတို့ဟာချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေမကောင်းထားသေးဖူးဆိုပေမယ့် သူတို့အသင်းရဲ့ လူစာရင်းကိုကျွန်တော်ယုံကြည်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဖခင်ဖြစ်သူဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ လာလီဂါရာသီသစ် ပွဲစဉ်၈ ပွဲအပြီးမှာ ရမှတ် ၁၈မှတ်နဲ့အတူ လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ဒါပေမယ့် လူကာဇီဒန်းရဲ့ ရေးဆင်းအသင်းကတော့ သရေပွဲတွေများနေပြီး ရှုံးပွဲတွေပါကြံုတွေ့ထားလို့ ဆီဂန်ဒါရဲ့ အဆင့်၂၀နေရာအထိကျရောက်နေပါတယ်။

SPORTS MYANMAR

Zawgyi

ရီးရဲလ္အသင္းကို စြန္႔ခြာထားခဲ႔ေပမယ့္ဘာေျကာင့္ေနာင္တမရဘူးဆိုတာေျပာျပလိုက္တဲ႔ #လူကာဇီဒန္း

================================

လက္ရွိမွာ ရီးရဲလ္အသင္း ကို ကိုင္တြယ္ေနတဲ႔ နည္းျပျကီး ဇီဒန္းရဲ႕ သားျဖစ္သူဟာ လူကာဇီဒန္း ဟာ ဆီဂန္ဒါကလပ္ ေရးဆင္း အသင္းမွာ အငွားထြက္ကစားေနတာျဖစ္ပါတယ္။ဖခင္ျဖစ္သူ ဇီဒန္းက ျပိဳင္ဘက္ဂိုးေပါက္ကို ျခိမ္းေျခာက္ခဲ႔တဲ႔ကစားသမားမ်ိဳးျဖစ္ေပမယ့္ လူကာဇီဒန္းကေတာ့ ဂိုးသမား တဦးျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္သာရွိေသးတဲ႔ လူကာဇီဒန္းဟာ ရီးရဲလ္ အကယ္ဒမီထြက္ ျကယ္ပြင့္တဦးျဖစ္ျပီး ၂၀၁၈ ခုႏွစ္မွာ စီနီယာအသင္းကိုေရာက္လာခဲ႔တာျဖစ္ပါတယ္။သူဟာထိုႏွစ္မွာရရွိခဲ႔တဲ႔ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာပါဝင္ေအာင္ပြဲခံခြင့္ရခဲ႕ေပမယ္႔ ပဲြထြက္ခြင့္အနည္းအက်ဥ္းသာရထားခ႔ဲတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း ဒီရာသီအစမွာပဲ ေရးဆင္း အသင္းကို အငွားထြက္ျပီး ပြဲထြက္ခြင့္ပံုမွန္ရေရး တိုက္ပြဲဝင္ေနခဲ႔တာျဖစ္ပါတယ္။သူဟာ အဲ႔ဒီအသင္းရဲ႕ ပထမ ဦးစားေပး ဂိုးသမားတဦးအျဖစ္လည္းရွိေနတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း ဖခင္ျဖစ္သူ ကိုင္တြယ္ ေနတဲ႔ ရီးရဲလ္လို အထင္ကရ အသင္းျကီးတသင္းကေန ထြက္ခြာလာခဲ႔တာကို ေနာင္တမရဘူးလို႕ လူကာဇီဒန္းက ဆိုသြားခဲ႔တာျဖစ္ပါတယ္။မက္ဒရစ္ေျမကို စြန့္ခြာျပီး အငွားထြက္ေနတဲ႔အေပၚ လူကာဇီဒန္းက –

” က်ြန္ေတာ့္အတြက္ အေတာ္ေလးကိုျကီးမားတဲ႔ အေျပာင္းအလဲျကီး တခုျဖစ္ခဲ႔ပါတယ္။ဒါေပမယ့္ရီးရဲလ္အသင္းကေန ထြက္ခြာလာခဲ႔ရတာကို က်ြန္ေတာ္ေနာင္တေတာ့မရပါဘူး။က်ြန္ေတာ့္အတြက္ အေရးပါတဲ႔ ေျခလွမ္းတခုျဖစ္တယ္ဆိုတာကို လည္းနားလည္ပါတယ္။က်ြန္ေတာ္ကုိယ္တိုင္က ဒါကို လုပ္ခ်င္ခဲ႔တာျဖစ္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ ပေရာ္ဖက္ရွင္နယ္ အသင္းတသင္းမွာ ကစားခြင့္ရဖို႕ ကို က်ြန္ေတာ္လိုအပ္လို႕ျဖစ္ပါတယ္။ဒီအသင္းမွာက်ြန္ေတာ္ပြဲေတြကစားခဲ႔ရျပီး တန္ဖိုးကိုျပသခြင့္ရခဲ႔ပါတယ္” လို႕ေျပာခဲ႔ပါတယ္။

ဘာေနဗ်ဴးကိုစြန္႔ခြာခဲ႔တဲ႔အေပၚ ေနာင္တမရဘူးလို႕ ဆိုထားေပမယ့္ ျပန္သြားဖို႔ ရွိေနတယ္ဆိုတဲ႔ အျမင္ေတြကိုလည္းသူက မပယ္ခ်ထားေသးတာျဖစ္ပါတယ္။ဒီအေျကာင္းနဲ႔ပတ္သက္ျပီး လူကာဇီဒန္းက –

” လာမယ့္ႏွစ္ အနည္းငယ္အတြင္း ဘာေတြျဖစ္သြားမယ္ဆိုတာအားလံုး ျမင္ရပါလိမ့္မယ္။က်ြန္ေတာ့္ကို ရီးရဲလ္ အသင္းအေျကာင္းလာေမးတာကိုနားလည္ပါတယ္။ဒါေပမယ့္လည္း က်ြန္ေတာ္က အဲ႔ဒီအသင္းမွာရွိေနတာမဟုတ္ပါဘူး။သူတို႔ဟာ ေကာင္းတဲ႔ အေျခအေန တရပ္မွာ ရွိေနတယ္လို႕ ေတာ့က်ြန္ေတာ္ရွဳျမင္မိပါတယ္။သူတို႔ဟာခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ရလဒ္ေတြမေကာင္းထားေသးဖူးဆိုေပမယ့္ သူတို႕အသင္းရဲ႕ လူစာရင္းကိုက်ြန္ေတာ္ယံုျကည္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

ဖခင္ျဖစ္သူဇီဒန္းရဲ႕ ရီးရဲလ္အသင္းဟာ လာလီဂါရာသီသစ္ ပြဲစဥ္၈ ပြဲအျပီးမွာ ရမွတ္ ၁၈မွတ္နဲ႔အတူ လာလီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။ဒါေပမယ့္ လူကာဇီဒန္းရဲ႕ ေရးဆင္းအသင္းကေတာ့ သေရပြဲေတြမ်ားေနျပီး ရွံုးပြဲေတြပါျကံုေတြ႔ထားလို႔ ဆီဂန္ဒါရဲ႕ အဆင့္၂၀ေနရာအထိက်ေရာက္ေနပါတယ္။

SPORTS MYANMAR