Unicode

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ဖြစ်တဲ့ လိုင်လီ အသင်း ကို ၁ – ၂ နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀၀ ပြည့်မြောက် ခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ ဝီလီယံ ဟာ ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ ဖြတ်တင်ဘော ကို လှပတဲ့ volley ကန်ချက် နဲ့ အတူ ဂိုးသွင်းယူ နိုင်ခဲ့ကာ ချယ်လ်ဆီး အသင်း အတွက် အဖိုးတန် အနိုင် ၃ မှတ် ကို ယူဆောင် နိုင်ခဲ့ပါတယ် ။

ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဝီလီယံ က အခုလို ပွဲ ၃၀၀ ပြည့်မြောက် ခဲ့တဲ့ မှတ်တမ်း အတွင်း မှ သူ့ရဲ့ အကြိုက်ဆုံး ပွဲစဉ် ၂ပွဲ အကြောင်း ကို အခုလိုပဲ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ဝီလီယံ က ” အကြိုက်ဆုံး ပွဲစဉ် တပွဲ က ၂၀၁၃ – ၁၄ ဘောလုံး ရာသီ က ကျွန်တော် တို့ ပီအက်စ်ဂျီ ကို ကွာတားဖိုင်နယ် အဆင့် မှာ ၂ – ၀ နဲ့ အနိုင်ယူ ကျော်ဖြတ် နိုင်ခဲ့တဲ့ ပွဲစဉ်ပါ ။ ကျွန်တော် တို့ဟာ ပထမ အကျော့ မှာ ပီအက်စ်ဂျီ ကို အဝေးကွင်း မှာ ၃ – ၁ နဲ့ အရေး နိမ့်ခဲ့ပါတယ် ။ ဒုတိယ အကျော့ မှာတော့ ကျွန်တော် တို့ဟာ ပီအက်စ်ဂျီ ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ ၂ – ၀ နဲ့ အနိုင်ရပြီး အဝေးဂိုး နဲ့ အတူ နောက်တဆင့် ကို တက်ခဲ့ပါတယ် ။ ”

” ပွဲပြီးခါနီး မှာ ဒမ်ဘာဘား က ကျွန်တော် တို့ အသင်း အတွက် အဖိုးတန် သွင်းဂိုး တဂိုး သွင်းယူ ပေးခဲ့ပြီး အဲ့ဒီ အချိန် မှာ ဘောလုံးကွင်း တခုလုံး ပရိသတ် တွေ အကုန် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပါတယ် ။ အဲ့ဒီ ပွဲရဲ့ မိနစ်တိုင်း ကို ကျွန်တော် ကို မှတ်မိပါတယ် ။ ပထမပိုင်း အတွင်း မှာ အီဒင် ( ဟာဇတ် ) ဒဏ်ရာ ခဲ့လို့ အန်ဒရေ ( ရှာရယ်လ် ) နဲ့ လူစားလဲ ခဲ့ရပြီး အန်ဒရေ က ကျွန်တော် တို့ အတွက် အဖွင့် ဦးဆောင်ဂိုး ကို သွင်းယူ ပေးခဲ့ပါတယ် ။ ”

” အဲ့ဒီနောက် ကျွန်တော် တို့ ဖက်က ကန်ချက် တချို့ တိုင်ထိ ထွက်ခဲ့ ရပါသေးတယ် ။ အော်စကာ ၊ ရှာရယ်လ် တို့ရဲ့ ကန်ချက် တွေပေါ့ ။ အဲ့ဒီ ပွဲဟာ အရမ်း ကောင်းတဲ့ ပွဲတပွဲပါ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန််တော် တို့ အားလုံး ပွဲ အစအဆုံး တိုက်ပွဲဝင်ပြီး ကစား ခဲ့ကြလို့ ဖြစ်ပါတယ် ။ ကျွန်တော် တို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိခဲ့ကြပြီး အဲ့ဒီ ခံယူချက် ကြောင့်ပဲ ဒုတိယ ဦးဆောင်ဂိုး ကို ထပ်ရခဲ့တာ ဖြစ်ပါတယ် ။ ”

” နောက်တပွဲ ကတော့ ၂၀၁၅ ခုနှစ် မှာ အဲဗာတန် ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားခဲ့ ရတဲ့ ပွဲစဉ်ပါ ။ အဲ့ဒီ ပွဲရဲ့ နောက်ဆုံး မိနစ် မှာ တလုံးတည်းသော အနိုင်ဂိုး ကို ကျွန်တော် သွင်းယူ နိုင်ခဲ့ပါတယ် ။ ဒီပွဲလည်း ပွဲကောင်း တပွဲ ပါပဲ ။ ပွဲရဲ့ နောက်ဆုံး မိနစ် မှာ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ ခံစားချက် က တခြား ဘယ်အရာ တွေနဲ့မှ မတူပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဝီလီယံ က ချယ်လ်ဆီး လို အသင်း အတွက် ပွဲ ၃၀၀ ပြည့်တဲ့ ပြည်ပ ကစားသမား များများစားစား မရှိတာကြောင့် သူ့ အနေနဲ့ ဒီ မှတ်တမ်း အပေါ် ဂုဏ်ယူ ကျေနပ် ရမှာ ဖြစ်ကြောင်း ၊ ရှက်တာဒိုးနက်စ် မှာ ကတည်းက ချယ်လ်ဆီး အသင်း ရဲ့ နာမည် ကို ချစ်မြတ်နိုး ခဲ့မိကြောင်း ဆိုခဲ့ပါတယ် ။

ဝီလီယံ က ” ပွဲ ၃၀၀ ပြည့်တဲ့ ပြည်ပ ကစားသမား တွေ ဆိုလို ကျွန်တော် သိသလောက် က အက်ဇ်ပီ ၊ ဇိုလာ ၊ အီဒင် ၊ ဒီဒီယာ ၊ ပီတာ တို့လောက်ပဲ ရှိမယ် ထင်ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ဒီ မှတ်တမ်း အပေါ် ဂုဏ်ယူ ရမှာပါ ။ ဒီလို မှတ်တမ်းကောင်း တခု ကို ရရှိခဲ့တာဟာ ကျွန်တော့ အတွက်တော့ မယုံနိုင်စရာ ပါပဲ ။ ချယ်လ်ဆီး အသင်း ကို ကျွန်တော် လာရောက် ကစားဖို့ အမြဲတမ်း အိပ်မက် မက်ခဲ့ပါတယ် ။ ဒီ အသင်း အတွက် ကျွန်တော် အမြဲတမ်း ကစား ပေးချင်ပါတယ် ။ ”

” ရှက်တာ မှာ ကျွန်တော် ကစားစဉ် ကတည်းက ကျွန်တော့ ကို ချယ်လ်ဆီး က လာကမ်းလှမ်း ဆိုတာကို သိကတည်းက ဒီ ကလပ် အပေါ် ကျွန်တော် ချစ်မြတ်နိုး ခဲ့တာပါ ။ အဲ့ဒီ ကတည်းက ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် တွေကို စတင် အားပေး လာခဲ့ပါတယ် ။ ချယ်လ်ဆီး ဆိုတဲ့ နာမည် ကိုလည်း ကျွန်တော် ချစ်ပါတယ် ။ ဒါကြောင့်မို့ စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြောင်းလာလို့ ရတဲ့ အခွင့်အရေး ကို ကျွန်တော် အပြည့်အဝ ဆုပ်ကိုင် ခဲ့ခြင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ခ်ယ္လ္ဆီး အတြက္ ကစားေပးခဲ့တဲ့ ပြဲ ၃၀၀ အတြင္း အႏွစ္သက္ဆံုး ပြဲ ၂ပြဲ အေၾကာင္း ျပန္ေျပာင္း ေျပာျပ ခဲ့တဲ့ #ဝီလီယံ

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ ဟာ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္ ျဖစ္တဲ့ လိုင္လီ အသင္း ကို ၁ – ၂ နဲ႕ အႏိုင္ ရခဲ့တဲ့ ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ျပိဳင္ပြဲစံု ပြဲေပါင္း ၃၀၀ ျပည့္ေျမာက္ ခဲ့ပါတယ္ ။ ထို ပြဲစဥ္ မွာ ဝီလီယံ ဟာ ဟတ္ဒ္ဆန္ အိုဒိြဳင္း ရဲ႕ ျဖတ္တင္ေဘာ ကို လွပတဲ့ volley ကန္ခ်က္ နဲ႕ အတူ ဂိုးသြင္းယူ ႏိုင္ခဲ့ကာ ခ်ယ္လ္ဆီး အသင္း အတြက္ အဖိုးတန္ အႏိုင္ ၃ မွတ္ ကို ယူေဆာင္ ႏိုင္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး တီဗြီ နဲ႕ ေတြ႕ဆံုခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဝီလီယံ က အခုလို ပြဲ ၃၀၀ ျပည့္ေျမာက္ ခဲ့တဲ့ မွတ္တမ္း အတြင္း မွ သူ႕ရဲ႕ အၾကိဳက္ဆံုး ပြဲစဥ္ ၂ပြဲ အေၾကာင္း ကို အခုလိုပဲ ဖြင့္ဟ ေျပာၾကား လာခဲ့ပါတယ္ ။

ဝီလီယံ က ” အၾကိဳက္ဆံုး ပြဲစဥ္ တပြဲ က ၂၀၁၃ – ၁၄ ေဘာလံုး ရာသီ က ကြ်န္ေတာ္ တို႕ ပီအက္စ္ဂ်ီ ကို ကြာတားဖိုင္နယ္ အဆင့္ မွာ ၂ – ၀ နဲ႕ အႏိုင္ယူ ေက်ာ္ျဖတ္ ႏိုင္ခဲ့တဲ့ ပြဲစဥ္ပါ ။ ကြ်န္ေတာ္ တို႕ဟာ ပထမ အေက်ာ့ မွာ ပီအက္စ္ဂ်ီ ကို အေဝးကြင္း မွာ ၃ – ၁ နဲ႕ အေရး နိမ့္ခဲ့ပါတယ္ ။ ဒုတိယ အေက်ာ့ မွာေတာ့ ကြ်န္ေတာ္ တို႕ဟာ ပီအက္စ္ဂ်ီ ကို စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ ၂ – ၀ နဲ႕ အႏိုင္ရျပီး အေဝးဂိုး နဲ႕ အတူ ေနာက္တဆင့္ ကို တက္ခဲ့ပါတယ္ ။ ”

 

” ပြဲျပီးခါနီး မွာ ဒမ္ဘာဘား က ကြ်န္ေတာ္ တို႕ အသင္း အတြက္ အဖိုးတန္ သြင္းဂိုး တဂိုး သြင္းယူ ေပးခဲ့ျပီး အဲ့ဒီ အခ်ိန္ မွာ ေဘာလံုးကြင္း တခုလံုး ပရိသတ္ ေတြ အကုန္ အုတ္ေအာ္ေသာင္းနင္း ျဖစ္ခဲ့ရပါတယ္ ။ အဲ့ဒီ ပြဲရဲ႕ မိနစ္တိုင္း ကို ကြ်န္ေတာ္ ကို မွတ္မိပါတယ္ ။ ပထမပိုင္း အတြင္း မွာ အီဒင္ ( ဟာဇတ္ ) ဒဏ္ရာ ခဲ့လို႕ အန္ဒေရ ( ရွာရယ္လ္ ) နဲ႕ လူစားလဲ ခဲ့ရျပီး အန္ဒေရ က ကြ်န္ေတာ္ တို႕ အတြက္ အဖြင့္ ဦးေဆာင္ဂိုး ကို သြင္းယူ ေပးခဲ့ပါတယ္ ။ ”

” အဲ့ဒီေနာက္ ကြ်န္ေတာ္ တို႕ ဖက္က ကန္ခ်က္ တခ်ိဳ႕ တိုင္ထိ ထြက္ခဲ့ ရပါေသးတယ္ ။ ေအာ္စကာ ၊ ရွာရယ္လ္ တို႕ရဲ႕ ကန္ခ်က္ ေတြေပါ့ ။ အဲ့ဒီ ပြဲဟာ အရမ္း ေကာင္းတဲ့ ပြဲတပြဲပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္္ေတာ္ တို႕ အားလံုး ပြဲ အစအဆံုး တိုက္ပြဲဝင္ျပီး ကစား ခဲ့ၾကလို႕ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္ ရွိခဲ့ၾကျပီး အဲ့ဒီ ခံယူခ်က္ ေၾကာင့္ပဲ ဒုတိယ ဦးေဆာင္ဂိုး ကို ထပ္ရခဲ့တာ ျဖစ္ပါတယ္ ။ ”

” ေနာက္တပြဲ ကေတာ့ ၂၀၁၅ ခုႏွစ္ မွာ အဲဗာတန္ ကို စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစားခဲ့ ရတဲ့ ပြဲစဥ္ပါ ။ အဲ့ဒီ ပြဲရဲ႕ ေနာက္ဆံုး မိနစ္ မွာ တလံုးတည္းေသာ အႏိုင္ဂိုး ကို ကြ်န္ေတာ္ သြင္းယူ ႏိုင္ခဲ့ပါတယ္ ။ ဒီပြဲလည္း ပြဲေကာင္း တပြဲ ပါပဲ ။ ပြဲရဲ႕ ေနာက္ဆံုး မိနစ္ မွာ ဂိုးသြင္းျပီး အႏိုင္ရခဲ့တဲ့ ခံစားခ်က္ က တျခား ဘယ္အရာ ေတြနဲ႕မွ မတူပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

 

ဆက္လက္ျပီး ဝီလီယံ က ခ်ယ္လ္ဆီး လို အသင္း အတြက္ ပြဲ ၃၀၀ ျပည့္တဲ့ ျပည္ပ ကစားသမား မ်ားမ်ားစားစား မရွိတာေၾကာင့္ သူ႕ အေနနဲ႕ ဒီ မွတ္တမ္း အေပၚ ဂုဏ္ယူ ေက်နပ္ ရမွာ ျဖစ္ေၾကာင္း ၊ ရွက္တာဒိုးနက္စ္ မွာ ကတည္းက ခ်ယ္လ္ဆီး အသင္း ရဲ႕ နာမည္ ကို ခ်စ္ျမတ္ႏိုး ခဲ့မိေၾကာင္း ဆိုခဲ့ပါတယ္ ။

ဝီလီယံ က ” ပြဲ ၃၀၀ ျပည့္တဲ့ ျပည္ပ ကစားသမား ေတြ ဆိုလို ကြ်န္ေတာ္ သိသေလာက္ က အက္ဇ္ပီ ၊ ဇိုလာ ၊ အီဒင္ ၊ ဒီဒီယာ ၊ ပီတာ တို႕ေလာက္ပဲ ရွိမယ္ ထင္ပါတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ ဒီ မွတ္တမ္း အေပၚ ဂုဏ္ယူ ရမွာပါ ။ ဒီလို မွတ္တမ္းေကာင္း တခု ကို ရရွိခဲ့တာဟာ ကြ်န္ေတာ့ အတြက္ေတာ့ မယံုႏိုင္စရာ ပါပဲ ။ ခ်ယ္လ္ဆီး အသင္း ကို ကြ်န္ေတာ္ လာေရာက္ ကစားဖို႕ အျမဲတမ္း အိပ္မက္ မက္ခဲ့ပါတယ္ ။ ဒီ အသင္း အတြက္ ကြ်န္ေတာ္ အျမဲတမ္း ကစား ေပးခ်င္ပါတယ္ ။ ”

” ရွက္တာ မွာ ကြ်န္ေတာ္ ကစားစဥ္ ကတည္းက ကြ်န္ေတာ့ ကို ခ်ယ္လ္ဆီး က လာကမ္းလွမ္း ဆိုတာကို သိကတည္းက ဒီ ကလပ္ အေပၚ ကြ်န္ေတာ္ ခ်စ္ျမတ္ႏိုး ခဲ့တာပါ ။ အဲ့ဒီ ကတည္းက ခ်ယ္လ္ဆီး အသင္း ရဲ႕ ပြဲစဥ္ ေတြကို စတင္ အားေပး လာခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး ဆိုတဲ့ နာမည္ ကိုလည္း ကြ်န္ေတာ္ ခ်စ္ပါတယ္ ။ ဒါေၾကာင့္မို႕ စတမ္းဖို႕ဒ္ ဘရစ္ခ်္ ကို ေျပာင္းလာလို႕ ရတဲ့ အခြင့္အေရး ကို ကြ်န္ေတာ္ အျပည့္အဝ ဆုပ္ကိုင္ ခဲ့ျခင္း ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR