မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ မှာတော့ ရလဒ် တွေ ဆက်တိုက် ဆိုသလို ဆိုးရွား နေခဲ့ ပြီး ပရီးမီးယားလိဂ် ပွဲစဉ် 8 ပြီးဆုံး သွားတဲ့ အခါ မှာတော့ အမှတ်ပေး ဇယား အဆင့် 12 နေရာ အထိ တောင် ကျဆင်း သွားခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် တွေကို ပြန်လည် သုံးသပ်ကြည့် လိုက်တဲ့ အခါ မှာတော့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်ပိုင်း ဟာ အဓိက ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ မပါဝင် နိုင်ခဲ့တဲ့ အချိန် တွေမှာ အခွင့်အရေး ကောင်းတွေ ဖန်တီး နိုင်ဖို့ ဆက်တိုက် ရုန်းကန် နေခဲ့ ရတာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ဒါ့အပြင် ပေါ့ဂ်ဘာ ပါဝင် ကစား ပေးတဲ့ ပွဲစဉ် တွေ မှာလည်း ကစားသမား ဖက်က အခွင့်အရေး ကောင်းတွေ ကို ကြိုးစား ဖန်တီး ပေးနိုင် ခဲ့ ပေမယ့် တိုက်စစ်ပိုင်း ရဲ့ အဆုံးသတ် စွမ်းရည် ညံ့နေ ခဲ့မှှု တွေက ယူနိုက်တက် အတွက် ရလဒ် ဆိုးတွေ ကို ဖြစ်ပေါ် စေခဲ့ ပါတယ် ။

အဲ့ဒီလို ရလဒ် တွေ ဆိုးရွား လာတဲ့ အခါတိုင်း မှာ ပရိသတ် တွေနဲ့ သတင်း ဝေဖန် သုံးသပ်သူ အများစု က ပေါ့ဂ်ဘာ ဟာ ကွင်း အတွင်း အကောင်းဆုံး ကြိုးစား နေမှု မရှိကြောင်း ၊ ကွင်း အတွင်း ဘောလုံး ပျက် ခဲ့တဲ့ အကြိမ် အရည် အတွက် တွေကို ကိုယ်စီ ထောက်ပြရင်း ဝေဖန်မှု တွေ ပြုလုပ် ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာက အရည်အသွေး မကောင်းတဲ့ အသင်း ဟောင်းရဲ့ ကစားသမား တွေကို ထိုးနှက်ရင်း ပေါ့ဂ်ဘာ အပေါ် ကိုပဲ ဝေဖန် မှုတွေ အမြဲ ပြုလုပ်ရင်း ဖိအားတွေ ပေးနေ ခဲ့မှုက မိုက်မဲ ခြင်းသာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” အခု ခင်ဗျား တို့ ကြည့်လိုက် ကြပါ ၊ သူတို့ ပြောတဲ့ ဆင်ခြေ တွေက ‘ ပေါ့ဂ်ဘာ ကောင်းကောင်း မဆော့ဘူး ‘ ဆိုတာ ပါပဲ ။ အသင်း တစ်သင်း ကို အဲ့ဒီလို အနေအထား တစ်ခု ဆီ ရောက်ရှိ စေခြင်း က ရူးသွပ် ဖွယ်ရာ ပါပဲ ”

” ကျွန်တော် တစ်ကယ် ပဲ ဝမ်းနည်း မိ ပါတယ် ။ ခင်ဗျား အနေ နဲ့ ရပ်ရှ်ဖို့ အပေါ် ဖြစ်ဖြစ် ၊ မာရှယ် အပေါ် ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် ရောက်ရှိ လာတဲ့ ကစားသမား အသစ် တွေ အပေါ် ပဲ ဖြစ်ဖြစ် ဝေဖန် ထိုးနှက် ၊ အပြစ်တင် နေလို့ မရ ပါဘူး ”

” လက်ရှိ အသင်း မှာ ‘ ဒါဟာ ကျဆင်း နေပါပြီ ‘ လို့ ပြောလို့ ရအောင် ကြီးကျယ် တဲ့ သူက ဘယ်သူ ရှိနေ လို့လဲ ? ပေါ့ဂ်ဘာ က လွဲရင် ပေါ့ ။ ဒီလို ဝေဖန်မှု တွေက သူ့ အပေါ် မမျှတ သလို အသင်းသား တွေ အတွက် လည်း မမျှတ ပါဘူး ”

” ကျွန်တော် တစ်ကယ် ပဲ ဝမ်းနည်းစွာ ပြောကြား ပါရစေ ၊ လက်ရှိ အသင်း ရဲ့ လေးပုံ သုံးပုံသော ကစားသမား တွေက အသင်း မှာ ရှိဖို့ ထိုက်တန် သူတွေ မဟုတ်ကြ ပါဘူး ။ ဂယ်ရီ နဗီးလ် တို့နဲ့ တစ်ခြားစီ ပါပဲ ။ အခု အသင်း အဖွဲ့ ပုံစံ ဆိုတာ ထက် ဒီခေတ် မှာ တစ်ကိုယ်ကောင်း စိတ်တွေ များပြား နေကြ ပါပြီ ”

” သူတို့ တွေက ကိုယ့် အတွက် ပဲ ပိုကြည့် နေကြ ပါတယ် ။ ဒါဟာ ဆိုရှယ် မီဒီယာ အထက် မှာလည်း ပျံ့နှံံ့ နေ ပါတယ် ။ ငါ့ရဲ့ အကောင့် ၊ ငါ့ရဲ့ ဒါ ၊ ငါ့ရဲ့ ဟိုဟာ ဆိုပြီး ပေါ့ ။ အခုခေတ် က အသင်း ထက် ကစားသမား တွေက Follower တွေ ပိုများ နေပါပြီ ။ ဒါဟာ ကစားသမား တွေ အင်အား ကြီးထွား လာမှု ပါပဲ ။ ပြောင်းလဲ သွားခဲ့ ပါပြီ ” လို့ ဆာဟာ က မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar