UFC ပြိုင်ပွဲရဲ့ ဖယ်သာဝိတ် နဲ့ လိုက်ဝတ် ချန်ပီယံဟောင်းကြီး ကော်နာ မက်ဂရီကော် ကတော့ သူ့ရဲ့ မွေးရပ်မြေ အိုင်ယာလန် နိုင်ငံက ဒဗ်ဗလင် မြို့က အိမ်ယာမဲ့ မိသားစုတွေ အတွက် နေစရာ အိမ်တွေ ဆောက်လုပ်ပေးလျှက် ရှိနေပါတယ်။

အသက် 30 အရွယ် ရှိပြီ ဖြစ်တဲ့ ဖိုက်တာကြီးဟာ ငယ်စဉ်က ဆင်းဆင်းရဲရဲ နဲ့ ကြီးပြင်းခဲ့ရသူ ဖြစ်ပြီး ၊ ကမ္ဘာကျော် ဖိုက်တာ တစ်ယောက် ဖြစ်မလာခင် လက်သမား လုပ်ကိုင်ရင်း ဘ၀ကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။

သို့သော် MMA လောကမှာ အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့အချမ်းသာဆုံး အားကစား သမားတွေထဲမှာ ပါဝင် လာနိုင်ခဲ့သလို ၊ ကိုယ်ပိုင် ၀ီစကီ ၊ App နဲ့ အ၀တ်အစားတွေကိုပါ ထုတ်လုပ်ကာ စီးပွားရေးတွေ ချဲ့ထွင်လာနိုင်ခဲ့ ပါတယ်။

လက်ရှိမှာတော့ အိမ်ယာမဲ့ မိသားစု 8 ခု အတွက် နေအိမ်တွေ တည်ဆောက်ပေးလျှက် ရှိနေတဲ့ အကြောင်းကို အင်စတာဂန် ကနေတဆင့် သူ့ရဲ့ ပရိသတ်တွေကို အသိပေး သွားခဲ့ ပါတယ်။

” ခဏလေး ဆိုပေမယ့် ၊ ဒီကနေ့မှာလဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရောက်ရှိ ခဲ့ပါသေးတယ် ။ ဒါဟာ ကျနော့်ရဲ့ ဆင်းရဲ နွမ်းပါးမှု လျော့ချရေး အစီအစဉ်ရဲ့ ပထမဆုံး ခြေလှမ်း တစ်ခုပါ။

လောလောဆယ် အိမ် 8 လုံး လောက်က ပြီးစီးလုနီးပါး ရှိနေပါပြီ။ အိမ်တစ်လုံး ချင်းစီဟာ မိသားစု နေထိုင်လို့ ရတဲ့ ပုံစံမျိုး ဒီဇိုင်း ဆွဲထားသလို ၊ အိပ်ခန်း 3 ခန်း စီလဲ ထည့်သွင်းထားပါတယ်။

အိမ်ဆောက်နေတဲ့ ကာလ အတွင်းမှာတော့ သူတို့အတွက် ဟိုတယ် အခန်းတွေ သီးသန့် ငှားထားပေး တာပေါ့။ ဒါမှ နေထိုင်ရေး ကိစ္စကို ဖြေရှင်းလို့ ရမှာလေ။

မုန်တိုင်းပြီးရင်တော့ လေပြေလေးတွေ တိုက်ခတ်လာပြီပေါ့ဗျာ…….

မကြာခင် ဒီအိမ်တွေမှာ လူတွေ လာနေကြမယ် ၊ အိမ်နီးနားချင်းတွေ ဖြစ်ပြီး ၊ ပတ်ဝန်းကျင်ကောင်းလေး တစ်ခု ဖန်တီးကြမယ် ။ ပြီးရင် သူတို့ရဲ့ ဘ၀ အမှတ်တရတွေကို တည်ဆောက်ကြတော့မှာလေ။

အဲဒီလို အတွေးလေးတွေ ၀င်လာမိတိုင်း ကျနော်ဖြင့် အရမ်းကို ပီတိ ဖြစ်မိတာပါပဲဗျာ…” လို့ ကော်နာ က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ။်

ကော်နာ ရဲ့ စိတ်ကူး နဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကို မြင့်မြတ်လွန်းပါတယ်ဗျာ……ဒီထက် မက အများကြီး အများကြီး လှူတန်း နိုင်ပါစေဗျာ………..