လီဗာပူး အသင်းရဲ့ အမှုဆေင် ချုပ်တဦးဖြစ်တဲ့ ပီတာမိုးလ်က သူတို့အသင်းဟာ ကာလရှည်ဝေးကွာနေခဲ့ တဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကြီးကို ဒီရာသီမှာရယူသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။လီီဗာပူး အသင်းဟာ အင်္ဂလန် ရဲ့ အအောင်မြင်ဆုံးအသင်းတသင်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးကတည်းက အမှတ်ပေးချန်ပီယံဆုကြီးနဲ့ လွဲနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ စံချိန်တင်ရမှတ် ၉၇ မှတ် အထိရယူနိုင်ခဲ့ပေမယ့် လည်းချန်ပီယံဆုကြီးကို မန်စီးတီး အသင်းက တမှတ်အသာနဲ့ ကပ်ပြီးရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ အခြေအနေမျိုးထပ်မကြုံရဖို့ လီဗာပူးတို့ ဒီရာသီမှာ အတော်လေးကြိုးစားနေပါတယ်။

သူတို့ဟာ ပွဲစဉ်၈အပြီးမှာ ရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို ၈မှတ်အထိဖြတ်ထားနိုင်ပြီလည်းဖြစ်ပါတယ်။AP သတင်း ဌာနနဲ့ အင်တာဗျူးမှာ လီဗာပူး စီအီးအို ပီတာမိုးလ်က-” ပရိသတ်တွေ အလိုရှိနေတာက အခုလို ပုံစံမျိုးဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းက ၉၇မှတ်အထိရခဲ့ပြီး ချန်ပီယံဆုနဲ့အတော်လေးနီးစပ်ခဲ့သလို အခြားတနှစ်တုန်းကဆိုရင်လည်း ရခဲ့သင့်တာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အသင်းက ရှေ့ဆက်နေခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကြီးကအသင်းရဲ့ အောင်မြင်မှု ကို တိုင်းတာတဲ့ ယူနစ်တခုအဖြစ်ပရိသတ်နှစ်အတော်ကြာဆခဲ့ကြတာဖြစ်ပါတ်ယ်။ကျွန်တော်တို့အခုဆိုရင် ရည်မှန်းချက်တွေ မျှော်မှန်းချက်တွေရှိနေပြီးပရိသတ်တွေနဲ့ ကျွန်တော်တို့လိုအပ်တဲ့အရာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ ဟာ ကိုယ့်ကိိုယ်ကို တခြားဘယ်အသင်းနဲ့ မှ ခိုင်းနှိုင်းတာမျိုးမလုပ်ပါဘူး။အရင်ကဆိုရင် ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်နည်းပြနဲ့ ကမ္ဘာ့အဆင့် လူစာရင်းမျိုး လိုအပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင် ကျွန်တော်တို့မှာ ဒါတွေရှိနေပါပြီ။

အသင်းရဲ့ ဘဏ္ဍာ ရေးပိုင်းကိုလည်းလုံခြံုအောင်လုပ်ဆောင်နိုင်ခဲ့ပြီးပါပြီ။ရှေ့ဆက် အောင်မြင်မှုတွေအတွက်ဆက်လုပ်နေမှာလည်းဖြစ်ပါတယ်။သူများအသင်းတွေနဲ့ ခိုင်းနှိုင်းတာဟာကျွန်တော်တို့အသင်းအတွက်မေးခွန်းမဟုတ်ပါဘူး ” လို့ပြောသွားခဲ့ပါတယ်။လီဗာပူးအသင်းကို လွန်ခဲ့တဲ့ ၉နှစ်လောက်တုန်းက Fenway Sports Group နဲ့နောက်ပိုင်းမှာNew England Sports Venturesတို့ကစုစုပေါင်း ပေါင်သန်း၃၀၀ နဲ့ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ထိုအချိန်ကစတင်ပြီး အသင်းကို အောင်မြင်မှုတွေ ရရှှိအောင် နှစ်စဉ်ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ဒီီအကြောင်းနဲ့ ပတ်သက်ပြီး ကော်လီမိုးလ်က – ” ကျွန်တော်တို့ဟာ ကိုယ့်အသင်းရဲ့ စီးပွားရေးစံပြုလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။ကွင်းတွင်းကွင်းပြင်ရင်းနှီးမြှပ်နှံမှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာ စပွန်ဆာတွေနဲ့ ကြော်ငြာလုပ်ငန်းရှင်တွေက ပါဝင်ပတ်သက်ချင်နေခဲ့ကြာတာဖြစ်ပါတယ်။သူတို့က ဘောလုံး အခြေခံ အဆောက်အဦးတွေကို ဆက်ပြီးရင်းနှီးမြှပ်နှံပေးပြီး ကျွန်တော်တို့က အောင်မြင်မှုတွေဆက်ရနေပါတယ်။ဒါဟာ ခေတ်သစ်ဘောလုံးလောကမှာအောင်မြင်နေတဲ့အသင်းတွေရဲ့ businees-model လည်းဖြစ်က့တယ်။

ကျွန်တော်တို့ ဒီအသင်းကို စဝယ်တုန်းက ပေါင် ၁၂၅သန်းဆိုပြီး ခေါင်းကြီးသတင်းတွေမှာပါခဲ့ပါတယ်။ဒါပေမယ့် ဗန်ဒိုက်၊ အယ်လီဆင်၊ ကီတာ၊ဖာဘင်ဟိုတို့ကိုခေါ်ယူပြီးရင်းနှီးမြှပ်နှံပေးထားပါတယ်။လက်ရှိအသင်းမှာ သူကြိုကိတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်ဆိုပြီး ကလော့ပ်က ပြောတာကို ခင်ဗျားတို့ မြင်တွေ့မိလိမ့်မယ်ထင်ပါတယ်။ဒီလို လူစာရင်းကို ကာလရှည် စာချုပ် ချုပ်ဆိုထားတာက လည်းတကယ်ကို အရေးကြီးတာဖြစ်ပါတယ်။ကလော့ပ်ကလည်းဒီကစားသမားတွေကို အောင်မြင်မှုတွေအတွက်အားပေးလှံု့ဆော်ထားနိုင်ခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM