ကစား သမား ကောင်းတွေ ကို အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူ ရာမှာ နာမည်ကြီး တဲ့ စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ လာမယ့် နွေရာသီ မှာ PSG နဲ့ စာချုပ် ကုန် ဆုံးမယ့် တိုက်စစ်မှုး ကာဗာနီ ကို အလွတ် ဖြင့် ခေါ်ယူ နိုင်ဖို့ ကြိုးပမ်း နေတယ် လို့ သတင်း ရရှိ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ပိုင်ရှင် မိသားစု ၀င် တစ်ဦး ဖြစ်တဲ့ ကီဗင် ဂလေဇာ ဟာ သူပိုင်ဆိုင် ထားတဲ့ အသင်း ရဲ့ အစုရှယ်ယာ ၁၃% ကို ရောင်းချ ဖို့ စိတ်ကူး နေတယ်လို့ သိရ ပါတယ် ။ ရှယ်ယာ အားလုံး ရဲ့ တန်ဖိုး ဟာ ပေါင် သန်း ၂၇၀ ရှိမယ် လို့ သိရ ပါတယ် ။

PSG အသင်း အကြီး အကဲ လီယန်ဒရို ဟာ အေစီမီလန် ရဲ့ လူငယ် ကြယ်ပွင့်လေး ပါကွီတာ ကို မျက်စိ ကျနေ ပြီး ခေါ်ယူ ဖို့ အတွက် အစီအစဉ် ရေးဆွဲ နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ နောက် ခံလူ ဆမ်မြူရယ် အမ်တီတီ ဟာ ဒဏ်ရာ ကနေ ပြန်လာ နိုင်ဖို့ နီးစပ် နေပြီ လို့ သိရ ပါတယ် ။

လီဗာပူး ဂိုးသမား အဲလစ်ဆွန် ဘက်ကာ နဲ့ နောက်ခံလူ မာတစ် တို့ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲ ကြို လေကျင့်မှု မှာ ပါ၀င် လာကြပြီ လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ရက်ဘူး ဆဲလ်ဘု အသင်း မှာ ကစား နေတဲ့ ၁၇ နှစ် အရွယ် ကစား သမားလေး ကာရင် အဒီယီမီ ကို ဇန်နဝါရီ မှာ ခေါ်ယူ ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း နည်းပြ ဆာရီ ကတော့ ဇန်နဝါရီ မှာ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီ ၊ စပါး ကွင်းလယ်လူ အဲရစ်ဆင် နဲ့ ချဲလ်ဆီး နောက်ခံလူ အီမာဆင် ပယ်မာရီ တို့ ကို ပစ်မှတ် ထားဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

erikson

လက်ရှိ ယူနိုက်တက် အသင်း မှာ ရှိနေတဲ့ ကစား သမား ရ၅% ဟာ အသင်း အတွက် စိတ်နှစ်ပြီး ကစား ပေးလို စိတ် မရှိ ကြဘူး လို့ လူးဝစ် ဆာဟာ က ထုတ်ဖော် ပြောဆို ဝေဖန်သွား ခဲ့ ပါတယ် ။

ယမန်နေ့ ညက ဖြစ်ပွား ခဲ့တဲ့ ပရိသတ်တွေရဲ့ အသား အရောင် ခွဲခြား လှောင်ပြောင်မှု ၊ နာဇီ ပုံစံ အလေးပြုမှု တွေ ဖြစ်ပွား အပြီး မှာတော့ ဘူဂေးရီးယား ဘောလုံး အဖွဲ့ချုပ် အကြီး အကဲ ဟာ ရာထူး ကနေ နှုတ်ထွက် သွားခဲ့ တယ်လို့ သိရ ပါတယ် ။

ရီးရဲ ကွင်းလယ်လူ မိုဒရစ် ကတော့ အသင်းဖော် ဂါရတ် ဘေးလ် ကို မက်ဒရစ် မှာ ဆက်လက် ရှိနေ စေလို တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ မီလန် အသင်း ဟာ တိုက်စစ်မှုး လူတာရို မာတီနက် ကို စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၁၁၀ အထိ ရှိနေ မယ့် စာချုပ်သစ် ကို ချုပ်ဆို စေဖို့ လုပ်ဆောင် နေကာ ဘာစီလိုနာ ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

ရီးရဲ ကနေ ဗယ်လာဒိုးလစ် ကို အငှား ထွက် ကစား ခဲ့တဲ့ ဂိုး သမား လူနင် ကတော့ ကီလာ နာဗက် အသင်း ကနေ ထွက်ခွာ သွားမယ် ဆိုတာ သာ ကြိုသိခဲ့ ပါက အငှား ထွက် ကစားမှာ မဟုတ်ဘူးလို့ ဆိုသွား ခဲ့ ပါတယ်

ဘာစီလိုနာ အသင်း ဟာ ကွင်းလယ်လူ ကော်တင်ဟို ကို နူးကမ့် ထံ ပြန်လာ စေဖို့ ဆန္ဒ မရှိဘဲ ဘိုင်ယန် မှာ အငှား ထွက် ကစားမှု ပြည့်မြောက် သွားပါက အပြီးသတ် ရောင်းချ နိုင်ဖို့ စီစဉ် သွားမယ်လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ လာမယ့် ဇန်နဝါရီ မှာ အင်အား ဖြည့်တင်းမှု အများအပြား ပြုလုပ် ဖွယ် ရှိပြီး လူငယ်တွေ ဖြစ်တဲ့ အိန်ဂျယ် ဂိုးမက် ၊ တာဟစ် ချောင် နဲ့ ဂျိမ်းစ် ဂါနာ တို့ ကို အငှား စေလွှတ် ဖွယ်လည်း ရှိ တယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် ကွင်းလယ်လူ မာတစ် ကို လည်း အင်တာ မီလန် ထံ ရောင်းချ ဖို့ ရှိတယ် လို့ သတင်း ရရှိ ပါတယ် ။

SPORTS MYANMAR