အိုင်ကေး ဂွန်ဒိုဂန် ဟာ အမှတ်ပေးဖလား ပြိုင်ဘက် လီဗာပူးကို သတိပေး စကား ပြောဆို သွားခဲ့ပြီး မန်ချက်စတာစီးတီး အသင်း အနေနဲ့ ပရီးမီးယားလိဂ် Title race မှာ ကြိုးကြာနီ တို့ကို အမှီလိုက် နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက် ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ အသင်းဟာ ဒီရာသီ မှာ စပါးနဲဲ့ သရေ ၊ နော့ဝှစ် နဲ့ ၀ုဖ် တို့ကို ရှုံးနိမ့် ခဲ့ပြီး ပြိုင်ဘက် လီဗာပူး အသင်း ကတော့ ရာသီ အစ ၈ ပွဲ ကစား အပြီးမှာ ၈ ပွဲစလုံး အနိုင် ရရှိအောင် စွမ်းဆောင် နိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား ရဲ့ ထိပ်မှာ ၈ မှတ် အသာနဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ်။

စီးတီး နဲ့ လီဗာပူး တို့ဟာ လာမည့် နို၀င်ဘာ ၁၀ ရက်နေ့ အန်ဖီးကွင်းမှာ ထိပ်တိုက် တွေ့ဆုံ ကြအုံးမှာ ဖြစ်ပြီး ဒီပွဲဟာ ပရီးမီးယားလိဂ် title race မှာ အထူး အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်သွား နိုင်ပါတယ်။ ဂွန်ဒိုဂန် ကတော့ သူနဲ့ သူ့အသင်းဖော်တွေဟာ ဒီရာသီ လီဗာပူး နဲ့ တွေ့ဆုံမယ့် လ်ိဂ်ပွဲစဉ် ၂ ကြိမ်စလုံးမှာ အနိုင် ရအောင် ကစား နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

အကယ်၍ နို၀င်ဘာ ၁၀ ရက်နေ့ အထိ အဆိုပါ ရမှတ် ကွာဟမှု အတိုင်း ဆက်ရှိ နေခဲ့မယ် ဆိုရင် လီဗာပူး အသင်း အန်ဖီးမှာ အနိုင် ရခဲ့ ပါက ၁၁ မှတ် ကွာဟ သွားမှာ ဖြစ်ပြီး မန်စီးတီး တို့ နိုင်ခဲ့ ပါက ရမှတ် ကွာဟမှု ၅ မှတ် အထိ လျော့သွားမှာ ဖြစ်ပါတယ်။

ဂွန်ဒိုဂန် က “ယခုလိုမျိုး အခြေအနေဟာ ကျွန်တော်တို့ အတွက် အသစ်အဆန်း မဟုတ်တော့ ပါဘူး။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီ ဇန်နဝါရီလ တုန်းကလည်း လီဗာပူး ရဲ့ နောက် ရ မှတ် အကွာမှာ ရှိနေ ခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ အမှတ် ကွာခြားမှု လို့လည်း ဆိုနိုင် ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ လီဗာပူး နဲ့ ဒီရာသီ လိဂ်ပြိုင်ပွဲ မှာ အဝေးကွင်း အိမ်ကွင်း ၂ ကြိမ် ကစား သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း တိုက်ရိုက် တွေ့ဆုံ နေတဲ့ ပွဲစဉ် နှစ်ပွဲ စလုံးမှာ ကျွန်တော်တို့ အနေနဲ့ ရမှတ် ကွာခြားချက်ကို ၂ မှတ် ထိ လျော့ချ သွားနိုင်စွမ်း ရှိပါတယ်။ အရာအားလုံးဟာ အသက်ဝင် နေဆဲ ဖြစ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး ဟာ လာမည့် တနင်္ဂနွေနေ့ မှာတော့ အင်္ဂလန် ရဲ့ မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကို အိုးထရပ်ဖို့ဒ်မှာ ပွဲကျပ် သွားကစား ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး အသင်း ကတော့ ခရစ်စတယ်ပဲလေ့စ် ကို အဝေးကွင်းမှာ သွားကန် ရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂွန်ဒိုဂန် က ပက်ဂွာဒီယိုလာ နဲ့ သူ့ရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ယာဂန်ကလော့ တို့ဟာ အရမ်းကို တူညီ လွန်းတဲ့ သူတွေလို့ ဆိုလိုက်ပြီး နှစ်ဦးစလုံးဟာ လေ့ကျင့်ရေး အစီအစဉ် အတွင်း ကစားသမား တွေဆီက ၁၀၀% တောင်းဆို ကြတယ်လို့ ပြောပြလိုက်ကာ ကလော့က အနည်းငယ် ပိုကြောက်စရာ ကောင်းတယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။

ဂွန်ဒိုဂန် က “မတူညီတဲ့ စတိုင်နဲ့ နည်းပြ နှစ်ဦး ရဲ့ အောက်မှာ ကစားခွင့် ရခဲ့ပြီး သူတို့ နှစ်ဦးဟာ လက်ရှိ အချိန်မှာ ထိပ်တိုက် တွေ့နေ ပါတယ်။ သူတို့ဟာ အရမ်းကို စိတ်ဓာတ် ပြင်းထန် ကြပြီး တောင်းဆိုမှု ကလည်း မယုံနိုင် စရာ ပါပဲ။ လေ့ကျင့်ရေး အစီအစဉ်မှာ ကိုယ့် အနေနဲ့ တစ်စက္ကန့်တောင် အာရုံ ပျက်လို့ မရပါဘူး။ မဟုတ်ရင်တော့ သူတို့ရဲ့ အပြောနဲ့ တွေ့ပါလိမ့်မယ်။ ကလော့ ကတော့ ကိုယ့်အတွက် အနည်းငယ် ပိုကြောက်စရာ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ လူကောင်အရမ်း ကြီးတဲ့ အပြင် အသံကျယ်ပြီး သူ့ရဲ့ သွားတွေ အများကြီး ပြပါလိမ့်မယ်။” လို့ ဆိုသွား ပါတယ်။

===

အမွတ္ေပးဖလား ျပိဳင္ဘက္ လီဗာပူးကုိ သတိေပးလိုက္တဲ့ မန္စီးတီး ကြင္းလယ္လူ ဂြန္ဒုိဂန္

အုိင္ေကး ဂြန္ဒုိဂန္ ဟာ အမွတ္ေပးဖလား ျပိဳင္ဘက္ လီဗာပူးကို သတိေပး စကား ေျပာဆုိ သြားခဲ့ျပီး မန္ခ်က္စတာစီးတီး အသင္း အေနနဲ႕ ပရီးမီးယားလိဂ္ Title race မွာ ၾကိဳးၾကာနီ တုိ႕ကို အမွီလုိက္ ႏုိင္စြမ္း ရွိတယ္လို႕ ဆုိလိုက္ ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံ အသင္းဟာ ဒီရာသီ မွာ စပါးနဲဲ႕ သေရ ၊ ေနာ့၀ွစ္ နဲ႕ ၀ုဖ္ တုိ႕ကို ရွံဳးနိမ့္ ခဲ့ျပီး ျပိဳင္ဘက္ လီဗာပူး အသင္း ကေတာ့ ရာသီ အစ ၈ ပြဲ ကစား အျပီးမွာ ၈ ပြဲစလံုး အႏုိင္ ရရွိေအာင္ စြမ္းေဆာင္ ႏုိင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား ရဲ႕ ထိပ္မွာ ၈ မွတ္ အသာနဲ႕ ဦးေဆာင္ ႏုိင္ခဲ့ ပါတယ္။

စီးတီး နဲ႕ လီဗာပူး တုိ႕ဟာ လာမည့္ ႏုိ၀င္ဘာ ၁၀ ရက္ေန႕ အန္ဖီးကြင္းမွာ ထိပ္တုိက္ ေတြ႕ဆံု ၾကအံုးမွာ ျဖစ္ျပီး ဒီပြဲဟာ ပရီးမီးယားလိဂ္ title race မွာ အထူး အေရးပါတဲ့ ပြဲတစ္ပြဲ ျဖစ္သြား ႏုိင္ပါတယ္။ ဂြန္ဒုိဂန္ ကေတာ့ သူနဲ႕ သူ႕အသင္းေဖာ္ေတြဟာ ဒီရာသီ လီဗာပူး နဲ႕ ေတြ႕ဆံုမယ့္ လ္ိဂ္ပြဲစဥ္ ၂ ၾကိမ္စလံုးမွာ အနုိင္ ရေအာင္ ကစား ႏုိင္လိမ့္မယ္လို႕ ယံုၾကည္ ေနပါတယ္။

အကယ္၍ ႏုိ၀င္ဘာ ၁၀ ရက္ေန႕ အထိ အဆုိပါ ရမွတ္ ကြာဟမွဳ အတုိင္း ဆက္ရွိ ေနခဲ့မယ္ ဆုိရင္ လီဗာပူး အသင္း အန္ဖီးမွာ အႏုိင္ ရခဲ့ ပါက ၁၁ မွတ္ ကြာဟ သြားမွာ ျဖစ္ျပီး မန္စီးတီး တုိ႕ ႏုိင္ခဲ့ ပါက ရမွတ္ ကြာဟမွဳ ၅ မွတ္ အထိ ေလ်ာ့သြားမွာ ျဖစ္ပါတယ္။

ဂြန္ဒုိဂန္ က “ယခုလိုမ်ိဳး အေျခအေနဟာ ကၽြန္ေတာ္တုိ႕ အတြက္ အသစ္အဆန္း မဟုတ္ေတာ့ ပါဘူး။ ကၽြန္ေတာ္တုိ႕ဟာ ျပီးခဲ့တဲ့ ရာသီ ဇန္န၀ါရီလ တုန္းကလည္း လီဗာပူး ရဲ႕ ေနာက္ ၇ မွတ္ အကြာမွာ ရွိေန ခဲ့ပါတယ္။ ဒါဟာ ၾကီးမားတဲ့ အမွတ္ ကြာျခားမွဳ လို႕လည္း ဆုိႏုိင္ ပါတယ္။

ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ လီဗာပူး နဲ႕ ဒီရာသီ လိဂ္ျပိဳင္ပြဲ မွာ အေ၀းကြင္း အိမ္ကြင္း ၂ ၾကိမ္ ကစား သြားရမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႕ အခ်င္းခ်င္း တုိက္ရုိက္ ေတြ႕ဆံု ေနတဲ့ ပြဲစဥ္ ႏွစ္ပြဲ စလံုးမွာ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ရမွတ္ ကြာျခားခ်က္ကို ၂ မွတ္ ထိ ေလ်ာ့ခ် သြားႏုိင္စြမ္း ရွိပါတယ္။ အရာအားလံုးဟာ အသက္၀င္ ေနဆဲ ျဖစ္ပါတယ္။” လို႕ ဆုိသြား ပါတယ္။

လီဗာပူး ဟာ လာမည့္ တနဂၤေႏြေန႕ မွာေတာ့ အဂၤလန္ ရဲ႕ မဟာျပိဳင္ဘက္ မန္ခ်က္စတာ ယူႏုိက္တက္ ကို အုိးထရပ္ဖို႕ဒ္မွာ ပြဲက်ပ္ သြားကစား ရမွာ ျဖစ္ျပီး မန္ခ်က္စတာစီးတီး အသင္း ကေတာ့ ခရစ္စတယ္ပဲေလ့စ္ ကို အေ၀းကြင္းမွာ သြားကန္ ရမွာ ျဖစ္ပါတယ္။

ဆက္လက္ျပီး ဂြန္ဒိုဂန္ က ပက္ဂြာဒီယိုလာ နဲ႕ သူ႕ရဲ႕ နည္းျပေဟာင္း ျဖစ္တဲ့ ယာဂန္ကေလာ့ တုိ႕ဟာ အရမ္းကို တူညီ လြန္းတဲ့ သူေတြလို႕ ဆုိလိုက္ျပီး ႏွစ္ဦးစလံုးဟာ ေလ့က်င့္ေရး အစီအစဥ္ အတြင္း ကစားသမား ေတြဆီက ၁၀၀% ေတာင္းဆုိ ၾကတယ္လို႕ ေျပာျပလိုက္ကာ ကေလာ့က အနည္းငယ္ ပိုေၾကာက္စရာ ေကာင္းတယ္လို႕ ဖြင့္ဟ ခဲ့ပါတယ္။

ဂြန္ဒုိဂန္ က “မတူညီတဲ့ စတုိင္နဲ႕ နည္းျပ ႏွစ္ဦး ရဲ႕ ေအာက္မွာ ကစားခြင့္ ရခဲ့ျပီး သူတုိ႔ ႏွစ္ဦးဟာ လက္ရွိ အခ်ိန္မွာ ထိပ္တုိက္ ေတြ႕ေန ပါတယ္။ သူတုိ႕ဟာ အရမ္းကို စိတ္ဓာတ္ ျပင္းထန္ ၾကျပီး ေတာင္းဆုိမွဳ ကလည္း မယံုႏုိင္ စရာ ပါပဲ။ ေလ့က်င့္ေရး အစီအစဥ္မွာ ကုိယ့္ အေနနဲ႕ တစ္စကၠန္႕ေတာင္ အာရံု ပ်က္လို႕ မရပါဘူး။ မဟုတ္ရင္ေတာ့ သူတုိ႕ရဲ႕ အေျပာနဲ႕ ေတြ႕ပါလိမ့္မယ္။ ကေလာ့ ကေတာ့ ကုိယ့္အတြက္ အနည္းငယ္ ပိုေၾကာက္စရာ ေကာင္းပါတယ္။ ဘာလို႕လဲ ဆုိေတာ့ သူဟာ လူေကာင္အရမ္း ၾကီးတဲ့ အျပင္ အသံက်ယ္ျပီး သူ႕ရဲ႕ သြားေတြ အမ်ားၾကီး ျပပါလိမ့္မယ္။” လို႕ ဆုိသြား ပါတယ္။