Pogba
Unicode
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ရီးယဲ မက်ဒရစ် အသင်း ဆီကို ပြောင်းရွှေ့ ဖို့ သတင်းကြီး နေပေမယ့် နောက်ခံလူ လင်ဒီလော့ဖ် ကတော့ ပြင်သစ် လက်ရွေးစင် ကို အသင်း မှာပဲ ဆက်လက် ရှိနေ စေလို ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ပေါ့ဂ်ဘာကို အရ ခေါ်ယူ လိုခဲ့ ပေမယ့် ယူနိုက်တက် ဖက်မှ ကစားသမား ဖြစ်သူ ကို လက်လွှတ် မခံ ခဲ့တာကြောင့် ငြိမ်နေ ခဲ့ရ ပါတယ် ။ အခုတော့ ပြင်သစ် လက်ရွေးစင် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူ အသင်းဖော် လင်ဒီလော့ဖ် က ပေါ့ဂ်ဘာ အသင်း မှာပဲ ကျေနပ် ဝမ်းမြောက် မိကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” သူဟာ အသင်း နဲ့ စာချုပ် သက်တမ်း ကျန်ရှိ နေသူ ဖြစ်ပြီး ကျွန်တော် တို့ အတွက် အရေး ပါတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ကျွန်တော် ကတော့ သူ့ကို အသင်းဖော် အဖြစ် ဆက်လက် ရှိနေ ရတာ ကို ကျေနပ် ပျော်ရွှင် မိ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ကောင်းမွန် တဲ့ လူသား တစ်ဦး ဖြစ်ရုံတင် မက ပါဘူး ၊ ကောင်းမွန် တဲ့ ဘောလုံး သမား တစ်ဦး ပါ ဖြစ်နေ လို့ ပါပဲ ” လို့ လင်ဒီလော့ဖ် က အသင်းဖော် အကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ပေါ့ဂ်ဘာ နဲ့ လင်ဒီလော့ဖ် တို့ဟာ ယူနိုက်တက် အသင်း မှာ ကောင်းမွန် တဲ့ ဆက်ဆံရေး တွေကို ပိုင်ဆိုင် ထားကြ သူတွေ ဖြစ်ပြီး ရင်းနှီးမှု လည်း ရှိကြ ပါတယ် ။ ဆွီဒင် လက်ရွေးစင် ကတော့ သူနဲ့ အသင်းဖော် တို့ဟာ ဂိမ်းတွေ အတူ ဆော့ကြ သလို အပြင် ထွက်တဲ့ အခါ အတူ သွားလာ စားသောက် ကြလေ့ ရှိတဲ့ အကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော် တို့ အကြား မှာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဆက်ဆံရေး တစ်ခု ရှိနေ ပါတယ် ။ သူဟာ ကြင်နာ တက်သူ တစ်ဦး ဖြစ် သလို သူနဲ့ အတူ အပြင် ထွက်လည် ရတာ လည်း အတော် လေး ပျော်ဖို့ ကောင်းလှ ပါတယ် ။ ကျွန်တော် တို့ အဲ့ဒီ လို ပါပဲ ။ အပြင် မှာ တစ်ကယ် ပဲ နီးကပ်စွာ နေကြ တဲ့ တစ်ဦး အကြောင်း တစ်ဦး သိရှိ ကြပြီး ဒါဟာ အလုပ် လုပ်ရာ မှာ တစ်ကယ် ပဲ ပိုမို လွယ်ကူ စေ ပါတယ် ” လို့ လင်ဒီလော့ဖ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဲ့ဒီနောက် ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တုန်းက ဘာစီလိုနာ အသင်း နဲ့ သတင်း ထွက်ပေါ် နေခဲ့ ပေမယ့် လင်ဒီလော့ဖ် က သူ့ရဲ့ အနေအထား ၊ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ထပ်မံ တိုးမြှင့် ခဲ့တဲ့ အကြောင်း တွေကို ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” အဲ့တာ နဲ့ ပတ်သက် လို့ ရေးသား ဖော်ပြ ကြတာ အများကြီး ပါပဲ ။ ဒါပေမယ့် ကျွန်တော် ဟာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ရှိနေ တဲ့သူ တစ်ယောက် ပါ ။ ကျွန်တော့် အသင်း အပေါ် သစ္စာ ရှိရ ပါ့မယ် ။ ကျွန်တော် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို တစ်ကယ် ပဲ နှစ်သက် လှ ပါတယ် ”
” ကျွန်တော် ဟာ ယူနိုက်တက် အသင်း မှာ ဆက်လက် ရှိနေ လို သလား ဆိုတာ က ဘယ်တုန်း ကမှ ကျွန်တော့် အတွက် မေးခွန်း တစ်ခု မဖြစ် ခဲ့ဖူး ပါဘူး ။ ကျွန်တော် တို့ အခု ချီတက် နေတဲ့ လမ်းကြောင်း အပေါ် ကျွန်တော် ယုံကြည် မှု အများကြီး ရှိနေ ပါတယ် ။ ဒါ့ကြောင့် လည်း ကျွန်တော် အသင်း နဲ့ စာချုပ် သက်တမ်း တိုးမြှင့် ခဲ့တာ ပါ ”
” ကျွန်တော် ယူနိုက်တက် အတွက် ကိုယ်စားပြု ကစား ရတာ ၊ ဒီ ဂျာစီ ကို နေ့စဉ် ဝတ်ဆင် ရတာ ကို ချစ်မြတ်နိုး လှ ပါတယ် ။ ကျွန်တော် ဒီကို ရောက်ရှိ ကတည်းက ရည်မှန်းချက် ဟာ ဆု ဖလား တွေကို ဆွတ်ခူး ဖို့နဲ့ ပရိသတ် တွေ အတွက် ကောင်းစွာ ကစား ပေးဖို့ ပါပဲ ။ ဒါပေမယ့် ကျွန်တော် အခု ထက်ထိ ဘာမှ မရ ဖူူးသေး ပါဘူး ။ ဒါ့ကြောင့် ကွင်းထဲ ကို ဆု ဖလား ယူဆောင် လာရေး က ကျွန်တော့် ရဲ့ ကြီးမား လှတဲ့ အိပ်မက် အဖြစ် ဆက်လက် ရှိနေ ပါတယ် ” လို့ လင်ဒီလော့ဖ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
အသင်းပြောင်းဖို့ သတင်းကြီးခဲ့တဲ့ ပေါ့ဂ်ဘာ အကြောင်း ၊ ဘာကာနဲ့ သူ့ရဲ့ သတင်း ထွက်ပေါ် နေမှု အကြောင်းကို ပြောကြားလိုက်တဲ့ #လင်ဒီလော့ဖ်
===============
#Sports_Myanmar