ဘောလုံး အစီအစဉ် တင်ဆက်သူတွေ အဖြစ် လုပ်ကိုင် နေကြတဲ့ လီဗာပူး ကစားသမားဟောင်း ဖီးလ်သော်မဆန် နဲ့ ဆောက်သမ်တန် ကစားသမားဟောင်း မက်လီ တစ်ဆီယာ တို့က လီဗာပူး နဲ့ မန်စီးတီး တို့ရဲ့ ဒီရာသီ အမှတ်ပေးဖလား တိုက်ပွဲဟာ ပြီးဆုံးဖို့ အဝေးကြီး လိုသေး တယ်လို့ ဆိုလိုက် ပါတယ်။
လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲ ကစား ပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်း ကို ရရှိ ထားခဲ့ပြီး ရမှတ် ၂၄ မှတ် နဲ့ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း ကတော့ ဒီရာသီ မှာ တော့တင်ဟမ်ကို သရေ ၊ နော့ဝှစ် နဲ့ ၀ုဖ် အသင်းတို့ကို အ့ံအားသင့်ဖွယ် ရှုံးနိမ့် သွားခဲ့ တာကြောင့် အမှတ်တွေ ဆုံးရှုံး ခဲ့ပြီး ထိပ်ဆုံးမှာ ဦးဆောင် နေတဲ့ လီဗာပူး နဲ့ ၈ မှတ် ကွာဟ နေပါတယ်။
လူတော်တော် များများ ကတော့ ယာဂန်ကလော့ရဲ့ အသင်း နှစ် ၃၀ အတွင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလား ဆွတ်ခူး နိုင်ဖို့ အခြေအနေ ကောင်းသွားပြီိလို့ ယူဆ နေကြ ပေမယ့် တစ်ဆီယာ နဲ့ သော်မဆန် တို့ကတော့ လက်ကျန် ရာသီမှာ အလှည့်အပြောင်း များစွာ တွေ့လာ ရအုံးမှာ ဖြစ်တယ်လို့ ပြန်လည် ထောက်ပြ ခဲ့ပါတယ်။
လီဗာပူး ကစားသမားဟောင်း ဖီးလ်သော်မဆန်က “အခြား အသင်း တော်တော်များများရဲ့ ပရိတ်သတ်တွေဟာ ပရီးမီးယားလိဂ် title race က ပြီးဆုံး သွားပြီလို့ ထင်နေ ကြတဲ့ပုံ ရှိပါတယ်။ လီဗာပူး ပရိတ်သတ်တွေသာ ဒါကို ပယ်ချ ထားတာပါ။ ရှစ်ပွဲသာ ကစား ရပါသေးတယ်။ အဝေးကြီး ခရီးဆက်ဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။ ဘာ့ကြောင့် ဘောလုံး ပရိတ်သတ် တော်တော်များများက ဒါကို ပြီးဆုံး သွားပြီလို့ ထင်နေ ကြသလဲ ဆိုတာ ကျွန်တော် နားမလည် နိုင်ပါဘူး။
ပွဲ ၃၀ တောင် ကစားဖို့ ကျန်နေချိန်မှာ Title race က ပြီးဆုံး သွားသလောက် ဖြစ်သွားပြီလို့ တွေးထားဟာ တကယ့်ကို ရယ်စရာ ပါပဲ။ လီဗာပူး ဘယ်လောက် ကောင်းကောင်း ကျွန်တော် ဂရုမစိုက်ပါဘူး။ ရိုးရိုးသားသား ပြောရရင် လီဗာပူးဟာ အခုချိန်မှာ အမြင့်ဆုံး ကစားပုံကို မရသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာစီးတီး ဘယ်လောက် ကောင်းတယ် ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ပါတယ်။ သူတို့ ခြေချော်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး အသင်း အနေနဲ့လည်း ဒဏ်ရာ ပြသနာတွေ မရှိဘဲ ဒီလို လွယ်လွယ်ကူကူ ဖြစ်သွား နိုင်ပါတယ်။
ဒဏ်ရာ ပြသနာတွေဟာ မန်စီးတီး ကို သက်ရောက်မှု ရှိစေ ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး အသင်းလည်း ဒဏ်ရာ ပြသနာတွေ ကြုံခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ကစားဟန်ကို အနှောင့်အယှက် ဖြစ်စေမှာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဘောလုံးရာသီကို သက်ရောက်မှု ရှိစေနိုင်တဲ့ ခြားနားတဲ့ ပြသနာတွေ အများကြီး ရှိပါတယ်။ လူတွေဟာ ဒါကို မထည့်တွက် ကြပါဘူး။” လို့ ဆိုသွားပါတယ်။
မက်လီတစ်ဆီယာ က “ကျွန်တော် ကလည်း ဒါကို ပြီးဆုံး သွားပြီလို့ မထင် မိပါဘူး။ ၈ ပွဲသာ ကစား ပြီးချိန်မှာ ဒီလို တွေးထားဟာ တကယ့်ကို ရယ်စရာ ပါပဲ။ လီဗာပူးဟာ title race မှာ အရမ်းကို ရေပန်းစားတဲ့ အသင်း ဖြစ်လာ ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ ရာသီက စီးတီးကို ရ မှတ် ဖြတ်ထား နိုင်ခဲ့တဲ့ အပြင် ရာသီကုန်ဖို့လည်း ယခုထက် အချိန် သိပ်မလိုပေမယ့် ကျော်တက်ခြင်း ခံခဲ့ရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လုံးဝ ဖယ်ထုတ်ပစ်လို့ မရပါဘူး။” လို့ ပြောလိုက်ပါတယ်။
လီဗာပူး ဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး လာမည့် တနင်္ဂနွေနေ့ မှာတော့ ဒီရာသီ ရလဒ်တွေ ဆိုးရွား နေတဲ့ မန်ချက်စတာ ယူနိုက်တက် ကို အိုးထရပ်ဖို့ဒ်မှာ ပွဲကြီး ပွဲကောင်း သွားကစား ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး အသင်း ကတော့ ခရစ်စတယ်ပဲလေ့စ် ကို အဝေးကွင်းမှာ သွားကန် ရမှာ ဖြစ်ပါတယ်။
SM
Zawgyi
ပရီးမီးယားလိဂ် title race နဲ့ ပက်သက်ပြီး ပရိတ်သတ် အများစုနဲ့ အမြင်ကွဲ နေတဲ့ ဖီးလ်သော်မဆန် နဲ့ တစ်ဆီယာ
SM