Unikcode

နောက်ပိုင်းနှစ်တွေအတွင်း လီဗာပူး အသင်းရဲ့ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့်တွေထဲမှာ ခံစစ်ညာအစွန် ကစားသမားလေး အာနိုးလည်းပါဝင်နေတာဖြစ်ပါတယ်။သူဟာ ခံစစ်ကစား သမားတဦးဖြစ်ပေမယ့်လည်း တိုက်စစ်လိုက်ပါပုံကောင်းမွန်ပြီး ဂိုးဖန်တီးမှုတွေကို ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံး ရာသီဟာ အာနိုး အတွက်တော့ မမေ့နိုင်စရာ အမှတ်တရတွေအများကြီးရှိခဲ့တဲ့ ရာသီတခူလည်းဖြစ်ပါတယ်။သူဟာ အဆိုပါရာသီ အတွင်းမှာ လီဗာပူးအသင်းနဲ့ အတူချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံးပွဲစဉ်အထိ အပြိုင်ကစားပေးနိုင်တာဖြစ်ပါတယ်။

လီဗာပူး အသင်းရဲ့ အဆိုပါ ဥရောပ အောင်မြင်မှုအတွင်း အရေးပါဆုံးပွဲကတော့ အန်ဖီးလ်မှာ ဘာစီလိုနာကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါအတယ်။အဲ့ဒီပွဲမှာ အာနိုးရဲ့ပါးနပ်တဲ့ ထောင့်ကန်ဘော အလျင်အမြန်ကန်တင်ပေးမှုကနေ တဆင့် အိုရီဂီက ဖိုင်နယ်တက်ရောက်စေနိုင်မယ့်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၁နှစ်အရွယ်သာရှိသေးတဲ့ အာနိုးဟာ အဆိုပါ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နေရာအလိုက်အကောင်းဆုံးပးအသင်း၊ PFA တရာသီအတွင်းဟအကောင်းဆုံး အသင်းတွေမှာလည်း ပါဝင်ခွင့် ရခဲ့သည်အထိကို အမြင့်ပျံထားနိုင် ခဲ့တာဖြစ်ပါတယ်။အဆိုပါ အောင်မြင်မှုတွေကြားထဲကို နောက်ထပ် စံချိန်မှတ်တမ်းတခုက အခုချိန်မှာ ထိပ်တိုးလာခဲ့တာဖြစ်ပါတယ်။

အာနိုးဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ( ပြိုင်ပွဲစုံမှာ ၁၆ကြိမ် ) အထိ ပြုလုပ်ထားနိုင်ခဲ့ လို့ တရာသီအတွင်း မှာ ဂိုးဖန်တီးမှု အများဆုံးပြုလုပ်နိုင်တဲ့ခံစစ် ကစားသမား ဆိုတဲ့ ဂင်းနစ် မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။၂၀၂၀ ပြည့်နှစ်အတွက် ဂရင်းမှတ်တမ်းစာအုပ်ကို ထုတ်ပြန်ကြေငြာချိန်မှာ အာနိုး လည်းပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူး ဖန်တွေအတွက် ပိုပြီး စိတ်ကျေနပ်စရာကောင်းတာကတော့ ာနိုးရဲ့ စံချိန်ဟာ ခါးသီးမြို့ခံပြိုင်ဘက်အဲဗာတန် ကစားသမားဟောင်း၂ဦးက တင်ရှိထားခဲ့တဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ လို့ဖြစ်ပါတယ်။ပရီးမီးယားလိဂ်တရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး ခံစစ်ကစားသမားတွေအဖြစ်တော့ ဟင့်ချ်ကလပ်ဖ် (၁၉၉၄-၉၅ ) နဲ့ လေတန်ဘိန်း ( ၂၀၁၀-၁၁ ) ဘောလုံးရာသီတွေမှာ၁၁ ဂိုးစီနဲ့စံချိန် တင်ထားခဲ့တာဖြစ်ပါတယ်။

ဂင်းနစ် စံချိန်ရှင်ဖြစ်လာအပြီးမှာ အာနိုးက – ” ဂုဏ်ယူစရာတခုဖြစ်ပါတယ်။ကျွန်တော်ဟာ အမြဲတမ်းရှေ့ကို တိုက်စစ်လိုက်ပါ ချင်ခဲ့တာဖြစ်ပြီး အသင်းကို ကူညီ ပေးနိုင်ဖို့ သွင်းဂိုးတွေကို တတ်နိုင်သလောက်အများဆုံး ဖန်တီးပေးချင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းကို ရရှိခဲ့တာဟာ ဂိုးရအောင်သွင်းပေးထားခဲ့ကြတဲ့ အသင်းဖော်တွေ အပေါ် အများကြီးမူတည်တယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ဘောလုံးဆိုတာ အသင်းလိုက်ကစားပွဲဖြစ်ပြီး သူတို့ တွေ မရှိပဲ နဲ့ ဒီလို စံချိန်က ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော့်နဲ့ မိသားစုဝင်တွေအတွက်တော့ မယုံနိုင်လောက်အောင် ဂုဏ်ယူမိတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။နောက်ပိုင်း နှစ်အနည်းအထိလည်း ဒီစံချိန်က တည်တန့် နေမယ် လို့ တော့ ကျွန်တော် မျှော်လင့်ထားမိပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းရဲ့ နောက်ထပ်ခံစစ်အစွန်ကစား တဦးဖြစ်တဲ့ ရော်ဘတ်ဆန်ကလည်း အာနိုးနဲ့ အပြိုင်ခြေစွမ်းပြနေပြီး ယမန်နှစ် ပရီးမီးယားလိဂ်မှာ ဖန်တီးမှု ၁၁ ကြိမ်၊ ချန်ပီယံလိဂ်မှာ ၂ကြိမ်ဖန်တီးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာနိုးကတော့သူ့ရဲ့ စံချိန်အတွက် ခံစစ်ကစားဖော် တွေဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ဗန်ဒိုက်တို့ကို ကျေးဇူးတင်ချီးကျူးပြောဆိုသွားခဲ့ပါတယ်။အာနိုးက ဆက်လက်ပြီး –

” သူ(ရော်ဘတ်ဆန်)နဲ့ ကျွန်တော်ဟာ ရာသီကုန်ခါနီးအထိကို အတော်လေးကောင်းတဲ့ ပုံစံမျိုးပြသနိုင်ခဲ့ကြတာဖြစ်ပါတယ်။နှစ်ယောက်လုံးက ဂိုးတွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ကြပါတယ်။အနိုင်ရဖိို့ လိုတဲ့ ပွဲတွေမှာ အသင်းကို အထောက်အကူဖြစ်စေခဲ့လို့ တကယ်ကိုကောင်းပါတယ်။ဗန်ဒိုက်ကတော့ ကမ္ဘာ့အဆင့်ကစား သမားတဦးဖြစ်ပြီး ကျွန်တော်တွဲကစားခဲ့ဖူးသူတွေထဲမှာလည်း အကောင်းဆုံးပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာဆိုရင် ဗန်ဒိုက်လို ကစားသမားမျိုးကို နောက်ကနေ အကာအကွယ်ပေးနေခဲ့့လို့သာ ကျွန်တော်တို့ အကျိုးကျေးဇူးတွေ အတော်များခဲ့တာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယား လိဂ်မှာ ၈ပွဲကစား ၈ပွဲအနိုင်နဲ့ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။သူတို့ဟာ လာမယ့်ပွဲစဉ်မှာယူနိုက်တက် အသင်းကို အိုးထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SPORTS  MYANMAR

Zawgyi

ဂင္းနစ္စံခ်ိန္တခုကို တင္လိုက္ႏိုင္ခဲ႔တဲ႔ လီဗာပူး ျကယ္ပြင့္ေလး #အာႏိုး
=====================================

ေနာက္ပိုင္းႏွစ္ေတြအတြင္း လီဗာပူး အသင္းရဲ႕ အထြန္းေတာက္ဆံုး လူငယ္ျကယ္ပြင့္ေတြထဲမွာ ခံစစ္ညာအစြန္ ကစားသမားေလး အာႏိုးလည္းပါဝင္ေနတာျဖစ္ပါတယ္။သူဟာ ခံစစ္ကစား သမားတဦးျဖစ္ေပမယ့္လည္း တိုက္စစ္လိုက္ပါပံုေကာင္းမြန္ျပီး ဂိုးဖန္တီးမွဳေတြကို ျပဳလုပ္ေပးထားႏိုင္ခဲ႔တာျဖစ္ပါတယ္။

ျပီးခဲ႔တဲ႔ ၂၀၁၈-၁၉ ေဘာလံုး ရာသီဟာ အာႏိုး အတြက္ေတာ့ မေမ့ႏိုင္စရာ အမွတ္တရေတြအမ်ားျကီးရွိခဲ႔တဲ႔ ရာသီတခူလည္းျဖစ္ပါတယ္။သူဟာ အဆိုပါရာသီ အတြင္းမွာ လီဗာပူးအသင္းနဲ႔ အတူခ်န္ပီယံ လိဂ္ျပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ႔ျပီး ပရီးမီးယားလိဂ္မွာလည္း ေနာက္ဆံုးပြဲစဥ္အထိ အျပိဳင္ကစားေပးႏိုင္တာျဖစ္ပါတယ္။

လီဗာပူး အသင္းရဲ႕ အဆိုပါ ဥေရာပ ေအာင္ျမင္မွဳအတြင္း အေရးပါဆံုးပြဲကေတာ့ အန္ဖီးလ္မွာ ဘာစီလိုနာကို ၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔တဲ႔ပြဲျဖစ္ပါအတယ္။အဲ႔ဒီပြဲမွာ အာႏိုးရဲ႔ပါးနပ္တဲ႔ ေထာင့္ကန္ေဘာ အလ်င္အျမန္ကန္တင္ေပးမွဳကေန တဆင့္ အိုရီဂီက ဖိုင္နယ္တက္ေရာက္ေစႏိုင္မယ့္ဂိုးကိုသြင္းယူေပးခဲ႔တာျဖစ္ပါတယ္။

အသက္ ၂၁ႏွစ္အရြယ္သာရွိေသးတဲ႔ အာႏိုးဟာ အဆိုပါ ရာသီ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲရဲ႕ ေနရာအလိုက္အေကာင္းဆံုးပးအသင္း၊ PFA တရာသီအတြင္းဟအေကာင္းဆံုး အသင္းေတြမွာလည္း ပါဝင္ခြင့္ ရခဲ႔သည္အထိကို အျမင့္ပ်ံထားႏိုင္ ခဲ႔တာျဖစ္ပါတယ္။အဆိုပါ ေအာင္ျမင္မွဳေတြျကားထဲကို ေနာက္ထပ္ စံခ်ိန္မွတ္တမ္းတခုက အခုခ်ိန္မွာ ထိပ္တိုးလာခဲ႔တာျဖစ္ပါတယ္။

အာႏိုးဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ဂိုးဖန္တီးမွဳ ၁၂ ျကိမ္ ( ျပိဳင္ပြဲစံုမွာ ၁၆ျကိမ္ ) အထိ ျပဳလုပ္ထားႏိုင္ခဲ႕ လို႕ တရာသီအတြင္း မွာ ဂိုးဖန္တီးမွဳ အမ်ားဆံုးျပဳလုပ္ႏိုင္တဲ႔ခံစစ္ ကစားသမား ဆိုတဲ႔ ဂင္းနစ္ မွတ္တမ္းကို ပိုင္ဆိုင္သြားခဲ႔တာျဖစ္ပါတယ္။၂၀၂၀ ျပည့္ႏွစ္အတြက္ ဂရင္းမွတ္တမ္းစာအုပ္ကို ထုတ္ျပန္ေျကျငာခ်ိန္မွာ အာႏိုး လည္းပါဝင္လာခဲ႔တာျဖစ္ပါတယ္။

ဒါ့အျပင္ လီဗာပူး ဖန္ေတြအတြက္ ပိုျပီး စိတ္ေက်နပ္စရာေကာင္းတာကေတာ့ ာႏိုးရဲ႔ စံခ်ိန္ဟာ ခါးသီးျမိဳ႕ခံျပိဳင္ဘက္အဲဗာတန္ ကစားသမားေဟာင္း၂ဦးက တင္ရွိထားခဲ႔တဲ႕ စံခ်ိန္ေဟာင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ႔ လို႔ျဖစ္ပါတယ္။ပရီးမီးယားလိဂ္တရာသီအတြင္း ဂိုးဖန္တီးမွဳ အမ်ားဆံုး ခံစစ္ကစားသမားေတြအျဖစ္ေတာ့ ဟင့္ခ်္ကလပ္ဖ္ (၁၉၉၄-၉၅ ) နဲ႔ ေလတန္ဘိန္း ( ၂၀၁၀-၁၁ ) ေဘာလံုးရာသီေတြမွာ၁၁ ဂိုးစီနဲ႔စံခ်ိန္ တင္ထားခဲ႔တာျဖစ္ပါတယ္။

ဂင္းနစ္ စံခ်ိန္ရွင္ျဖစ္လာအျပီးမွာ အာႏိုးက – ” ဂုဏ္ယူစရာတခုျဖစ္ပါတယ္။က်ြန္ေတာ္ဟာ အျမဲတမ္းေရွ႔ကို တိုက္စစ္လိုက္ပါ ခ်င္ခဲ႔တာျဖစ္ျပီး အသင္းကို ကူညီ ေပးႏိုင္ဖို႕ သြင္းဂိုးေတြကို တတ္ႏိုင္သေလာက္အမ်ားဆံုး ဖန္တီးေပးခ်င္ခဲ႔တာ ျဖစ္ပါတယ္။

ဒီမွတ္တမ္းကို ရရွိခဲ႔တာဟာ ဂိုးရေအာင္သြင္းေပးထားခဲ႔ျကတဲ႔ အသင္းေဖာ္ေတြ အေပၚ အမ်ားျကီးမူတည္တယ္ဆိုတာ အားလံုး အသိပဲျဖစ္ပါတယ္။ေဘာလံုးဆိုတာ အသင္းလိုက္ကစားပြဲျဖစ္ျပီး သူတို႔ ေတြ မရွိပဲ နဲ႔ ဒီလို စံခ်ိန္က ျဖစ္လာႏိုင္မွာ မဟုတ္ပါဘူး။

က်ြန္ေတာ့္နဲ႔ မိသားစုဝင္ေတြအတြက္ေတာ့ မယံုႏိုင္ေလာက္ေအာင္ ဂုဏ္ယူမိတဲ႔ အခိုက္အတန္႔ ျဖစ္ပါတယ္။ေနာက္ပိုင္း ႏွစ္အနည္းအထိလည္း ဒီစံခ်ိန္က တည္တန္႔ ေနမယ္ လို႔ ေတာ့ က်ြန္ေတာ္ ေမ်ွာ္လင့္ထားမိပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

လီဗာပူး အသင္းရဲ႕ ေနာက္ထပ္ခံစစ္အစြန္ကစား တဦးျဖစ္တဲ႔ ေရာ္ဘတ္ဆန္ကလည္း အာႏိုးနဲ႔ အျပိဳင္ေျခစြမ္းျပေနျပီး ယမန္ႏွစ္ ပရီးမီးယားလိဂ္မွာ ဖန္တီးမွဳ ၁၁ ျကိမ္၊ ခ်န္ပီယံလိဂ္မွာ ၂ျကိမ္ဖန္တီးထားႏိုင္ခဲ႔တာ ျဖစ္ပါတယ္။

အာႏိုးကေတာ့သူ႔ရဲ႕ စံခ်ိန္အတြက္ ခံစစ္ကစားေဖာ္ ေတြျဖစ္တဲ႔ ေရာ္ဘတ္ဆန္နဲ႔ ဗန္ဒိုက္တို႔ကို ေက်းဇူးတင္ခ်ီးက်ဴးေျပာဆိုသြားခဲ႔ပါတယ္။အာႏိုးက ဆက္လက္ျပီး –

” သူ(ေရာ္ဘတ္ဆန္)နဲ႔ က်ြန္ေတာ္ဟာ ရာသီကုန္ခါနီးအထိကို အေတာ္ေလးေကာင္းတဲ႔ ပံုစံမ်ိဳးျပသႏိုင္ခဲ႔ျကတာျဖစ္ပါတယ္။ႏွစ္ေယာက္လံုးက ဂိုးေတြကိုလည္း ဖန္တီးေပးႏိုင္ခဲ႔ျကပါတယ္။အႏိုင္ရဖိုိ႔ လိုတဲ႔ ပြဲေတြမွာ အသင္းကို အေထာက္အကူျဖစ္ေစခဲ႔လို႔ တကယ္ကိုေကာင္းပါတယ္။ဗန္ဒိုက္ကေတာ့ ကမၻာ့အဆင့္ကစား သမားတဦးျဖစ္ျပီး က်ြန္ေတာ္တြဲကစားခဲ႔ဖူးသူေတြထဲမွာလည္း အေကာင္းဆံုးပဲျဖစ္ပါတယ္။ျပီးခဲ႔တဲ႔ရာသီမွာဆိုရင္ ဗန္ဒိုက္လို ကစားသမားမ်ိဳးကို ေနာက္ကေန အကာအကြယ္ေပးေနခ႕ဲ႔လို႔သာ က်ြန္ေတာ္တို႔ အက်ိဳးေက်းဇူးေတြ အေတာ္မ်ားခဲ႔တာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယား လိဂ္မွာ ၈ပြဲကစား ၈ပြဲအႏိုင္နဲ႔ အမွတ္ေပးဇယားကို ျပတ္ျပတ္သားသားဦးေဆာင္ေနပါတယ္။သူတို႔ဟာ လာမယ့္ပြဲစဥ္မွာယူႏိုက္တက္ အသင္းကို အိုးထရက္ဖို႔ဒ္မွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။