Unicode

၂၀၁၀ ပြည့်နှစ်ကနေအခုထိ ဆယ်စုနှစ်အတွင်း မှာ အကောင်းဆုံး ကစားသမား အဖြစ် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို Goal ကရွေးချယ်သွားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအတွက် ဆုဖလားတွေ နှစ်စဉ်ရယူပေးထားနိုင်ခဲ့ပေမယ့် အဆိုပါကာလအတွင်းမှာ နိုင်ငံတကာ ဆုဖလားတွေ တလုံးတလေ တောင် မရထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း မော်ဒန်ဘောလုံး လောက မှာ သူနဲ့ အပြိုင်ဖြစ်နေတဲ့ ပေါ်တူဂီ အိုင်ကွန် ရော်နယ်ဒို ရဲ့ ပရိသတ်တွေက လက်မခံနိုင်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ အခုဆယ်စုနှစ်အတွင်း ဘလွန်းဒီအောဆု ၄ကြိမ် စီ ဆွတ်ခူးထားခဲ့ပြီး သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ လည်း အောင်မြင်မှုတွေရရှိထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံ အသင်းအတွက် ယူရို ချန်ပီယံ ဆု နဲ့ ဥရောပနိုင်ငံများဖလားတွေကို ရယူပေးထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုကိုကျော်ပြီး မက်ဆီကို The Greeatest of All Time ဘောလုံးသမိုင်းရဲ့ အကြီးမြတ်ဆုံး အဖြစ် သတ်မှတ်နေကြတဲ့ အပေါ်ကို ရော်နယ်ဒို ဖန်တွေက နားမလည်နိုင်ဖြစ်နေတာလည်းဖြစ်ပါတယ်။

သူတို့ ၂ဦးစလုံး ဟာ လက်ရှိအချိန်မှာ အသက် ၃၀ ကို ကျော်လွန်နေကြပြီဖြစ်ပြီး ကစားသမား ဘဝအကောင်းဆုံး အချ်န်တွေကို ကျော်ဖြတ်ထားခဲ့ကြပြီလည်းဖြစ်ပါတယ်။ဒါပေမယ့် အသက်အရွယ်နဲ့ မလိုက်တဲ့ ‘ ငါမအိုသေး ‘ ဆိုတဲ့ စွမ်းဆောင်ရည်မျိုးကိုဆက်ပြီးပြသနေခဲ့လို့ နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာကောင်းနေတာဖြစ်ပါတယ်။

တကယ်တမ်း မှာသူတို့ နှစ်ဦးအနက် ဘယ်သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ် ဆိုတာကိုပြောရတကယ်ခက်ပြီး တဦးချင်းသာမက အသင်းအတွက် စွမ်းဆောင်ပေးထားမှု တွေမှာ ဘယ်သူကမှ ဘယ်သူထက် သိသိသာသာ ကျော်လွန်နေခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဘောလုံး ပရိသတ်တွေ ကြားမှာ တော့ ရော်နယ်ဒိုက မက်ဆီကို ကျော်ပြီး ပေါ်ပျူလာ အဖြစ်ဆုံး ဘောလုံးသမားအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။နာမည်ကျော်လူမှုကွန်ယက်တွေဖြစ်တဲ့ တွစ်တာ၊ facebook နဲ့ အင်စတာဂရမ်တွေ မှာ ရော်နယ်ဒိုကပဲ ပရိသတ်အများဆုံး ဘောလုံးသမားအဖြစ် ပြတ်ပြတ်သားသားကိုဦးဆောင်နေတာဖြစ်ပါတယ်။

ဒါကြောင့် လည်း မီဒီယာ လုပ်ငန်းရှင်တွေနာမည်ကြီးစျေးကွက် စပွန်ဆာ တွေအတွက် တော့ ရော်နယ်ဒိုရဲ့ ပုံရိပ်က အသုံးအဝင်ဆုံး နည်းလမ်းအဖြစ်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် လည်း ဒီပေါ်တူဂီ စတားရဲ့ အင်တာဂရမ်ကနေ ပြီးခဲ့တဲ့နှစ်ဝင်ငွေဟာ ပေါင် ၃၈.၂သန်းအထိ ရှိခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ မက်ဆီရဲ့ အင်စတာဂရမ်ဝင်ငွေ ထက်၂ဆ အထိရှိနေတာလည်းဖြစ်ပါတယ်။မက်ဆီဟာ သူ့ရဲ့ postsတွေကနေ ပေါင် ၁၈.၇ သန်းသာရခဲ့ပြီး တတိယအများဆုံး အဖြစ်တော့ နာမည်ကြီး ကစားသမားဟောင်းတဦးဖြစ်တဲ့ ဘက်ခမ်းက ပေါင် ၈.၆သန်းနဲ့ ရပ်တည်နေပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၄ ရှိနေပြီဖြစ်ပေမယ့် မကြာသေးမီကမှ ကစားသမား ဘဝ သွင်းဂိုး ရ၀၀ ပြည့်သွင်းယူနိုင်ခဲ့ပြီး ကွင်းတွင်း စွမ်းဆောင်ရည်ကောင်းကို ပြသနေဆဲဖြစ်သလို ကွင်း
ပြင်ပမှာ လည်း ပရိသတ်တွေကို အတော်လေးလွှမ်းမိုးထားနိုင်နေသေးတယ်ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုလိုပဲ လူမှုကွန်ယက်တွေ မှာ ရေပန်းစားတဲ့ ကျော်ကြားသူတွေကတော့ ကန်ဒယ်ဂျန်နာနဲ့ ဆလီနာ ဂိုးမက်စ်တို့ဖြစ်ပါတယ်။ရော်နယ်ဒိုဟာပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ အင်စတာဂရမ်post ၃၄ခုတင်ခဲ့ပြီး တခုချင်းစီကနေ ပေါင် ရ၈၀,၀၀၀ ခန့်ရရှိခဲ့ လို့ စုစုပေါင်း ဝင်ငွေ ပေါင် ၃၈ သန်းကျော်ရခဲ့တာဖြစ်ပါတယ်။

 

ဒီအတောအတွင်းမှာမက်ဆီက အင်စတာဂရမ်မှာ post ပေါင်း ၃၆ ခုတင်ခဲ့ပေမယ့် တခုချင်းအတွက် ပေါင် ၅၁၈,၀၀၀ သာရခဲ့လို့ စုစုပေါင်း ၁၈.၇ သန်းသာရှိခဲ့တာဖြစ်ပါတယ်။ဘက်ခမ်းရဲ့ post တွေကတော့ တခုလျင် ပေါင် ၂၈၆,၀၀၀ သာရခဲ့တာဖြစ်ပါတယ်။

အင်စတာ ဂရမ်ကနေ ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတွေထဲမှာ နေမာလည်းပါဝင်နေပြီး post တခုချင်းအတွက် ပေါင် ၅၇၈, ၀၀၀ ( စုစုပေါင်း ပေါင် ၅.၈ သန်း ) ရရှိနေပါတယ်။ဝါရင့်တိုက်စစ်မှူးကြီး မိုဗစ်ကတော့ post တခုချင်းစီအတွက် ပေါင် ၁၆၀,၀၀၀ နဲ့စုစုပေါင်းပေါင် ၃.၂ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

SPORTS MYANMAR

Zawgyi

ေရာ္နယ္ဒိုက မက္ဆီထက္ ဘယ္ေနရာမွာ ၂ဆ သာေနလဲ !

=================================

၂၀၁၀ ျပည့္ႏွစ္ကေနအခုထိ ဆယ္စုႏွစ္အတြင္း မွာ အေကာင္းဆံုး ကစားသမား အျဖစ္ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီကို Goal ကေရြးခ်ယ္သြားခဲ႔ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအတြက္ ဆုဖလားေတြ ႏွစ္စဥ္ရယူေပးထားႏိုင္ခဲ႔ေပမယ့္ အဆိုပါကာလအတြင္းမွာ ႏိုင္ငံတကာ ဆုဖလားေတြ တလံုးတေလ ေတာင္ မရထားခဲ့တာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း ေမာ္ဒန္ေဘာလံုး ေလာက မွာ သူနဲ႔ အျပိဳင္ျဖစ္ေနတဲ႔ ေပၚတူဂီ အိုင္ကြန္ ေရာ္နယ္ဒို ရဲ႕ ပရိသတ္ေတြက လက္မခံႏိုင္ျဖစ္ခဲ႔ျကတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးဟာ အခုဆယ္စုႏွစ္အတြင္း ဘလြန္းဒီေအာဆု ၄ျကိမ္ စီ ဆြတ္ခူးထားခဲ႔ျပီး သက္ဆိုင္ရာ ကလပ္အသင္းေတြနဲ႔ လည္း ေအာင္ျမင္မွဳေတြရရွိထားခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ ႏိုင္ငံ အသင္းအတြက္ ယူရို ခ်န္ပီယံ ဆု နဲ႔ ဥေရာပႏိုင္ငံမ်ားဖလားေတြကို ရယူေပးထားႏိုင္ခဲ႔တဲ႔ ေရာ္နယ္ဒိုကိုေက်ာ္ျပီး မက္ဆီကို The Greeatest of All Time ေဘာလံုးသမိုင္းရဲ႕ အျကီးျမတ္ဆံုး အျဖစ္ သတ္မွတ္ေနျကတဲ႔ အေပၚကို ေရာ္နယ္ဒို ဖန္ေတြက နားမလည္ႏိုင္ျဖစ္ေနတာလည္းျဖစ္ပါတယ္။

သူတို႔ ၂ဦးစလံုး ဟာ လက္ရွိအခ်ိန္မွာ အသက္ ၃၀ ကို ေက်ာ္လြန္ေနျကျပီျဖစ္ျပီး ကစားသမား ဘဝအေကာင္းဆံုး အခ်္န္ေတြကို ေက်ာ္ျဖတ္ထားခဲ႔ျကျပီလည္းျဖစ္ပါတယ္။ဒါေပမယ့္ အသက္အရြယ္နဲ႕ မလိုက္တဲ႔ ‘ ငါမအိုေသး ‘ ဆိုတဲ႔ စြမ္းေဆာင္ရည္မ်ိဳးကိုဆက္ျပီးျပသေနခ႕ဲလို႔ ႏွစ္ေယာက္စလံုးရဲ႕ ပရိသတ္ေတြအတြက္ ေက်နပ္စရာေကာင္းေနတာျဖစ္ပါတယ္။

တကယ္တမ္း မွာသူတို႔ ႏွစ္ဦးအနက္ ဘယ္သူက ကမၻာ့အေကာင္းဆံုး ကစားသမားျဖစ္တယ္ ဆိုတာကိုေျပာရတကယ္ခက္ျပီး တဦးခ်င္းသာမက အသင္းအတြက္ စြမ္းေဆာင္ေပးထားမွဳ ေတြမွာ ဘယ္သူကမွ ဘယ္သူထက္ သိသိသာသာ ေက်ာ္လြန္ေနျခင္းမရွိတာျဖစ္ပါတယ္။

ဒါေပမယ့္ ကမၻာ့ေဘာလံုး ပရိသတ္ေတြ ျကားမွာ ေတာ့ ေရာ္နယ္ဒိုက မက္ဆီကို ေက်ာ္ျပီး ေပၚပ်ဴလာ အျဖစ္ဆံုး ေဘာလံုးသမားအျဖစ္ရပ္တည္ေနတာျဖစ္ပါတယ္။နာမည္ေက်ာ္လူမွဳကြန္ယက္ေတြျဖစ္တဲ႔ တြစ္တာ၊ facebook နဲ႔ အင္စတာဂရမ္ေတြ မွာ ေရာ္နယ္ဒိုကပဲ ပရိသတ္အမ်ားဆံုး ေဘာလံုးသမားအျဖစ္ ျပတ္ျပတ္သားသားကိုဦးေဆာင္ေနတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း မီဒီယာ လုပ္ငန္းရွင္ေတြနာမည္ျကီးေစ်းကြက္ စပြန္ဆာ ေတြအတြက္ ေတာ့ ေရာ္နယ္ဒိုရဲ႕ ပံုရိပ္က အသံုးအဝင္ဆံုး နည္းလမ္းအျဖစ္ရွိေနတာျဖစ္ပါတယ္။ဒါေျကာင့္ လည္း ဒီေပၚတူဂီ စတားရဲ႕ အင္တာဂရမ္ကေန ျပီးခဲ႔တဲ႔ႏွစ္ဝင္ေငြဟာ ေပါင္ ၃၈.၂သန္းအထိ ရွိခဲ႔ပါတယ္။

ဒါဟာ သူ႔ရဲ႕ မဟာျပိဳင္ဘက္ျဖစ္တဲ႔ မက္ဆီရဲ႕ အင္စတာဂရမ္ဝင္ေငြ ထက္၂ဆ အထိရွိေနတာလည္းျဖစ္ပါတယ္။မက္ဆီဟာ သူ႔ရဲ႕ postsေတြကေန ေပါင္ ၁၈.၇ သန္းသာရခဲ႔ျပီး တတိယအမ်ားဆံုး အျဖစ္ေတာ့ နာမည္ျကီး ကစားသမားေဟာင္းတဦးျဖစ္တဲ႔ ဘက္ခမ္းက ေပါင္ ၈.၆သန္းနဲ႔ ရပ္တည္ေနပါတယ္။

ေရာ္နယ္ဒိုဟာ အသက္ ၃၄ ရွိေနျပီျဖစ္ေပမယ့္ မျကာေသးမီကမွ ကစားသမား ဘဝ သြင္းဂိုး ၇၀၀ ျပည့္သြင္းယူႏိုင္ခဲ႔ျပီး ကြင္းတြင္း စြမ္းေဆာင္ရည္ေကာင္းကို ျပသေနဆဲျဖစ္သလို ကြင္း
ျပင္ပမွာ လည္း ပရိသတ္ေတြကို အေတာ္ေလးလႊမ္းမိုးထားႏိုင္ေနေသးတယ္ဆိုတာကို ျမင္ရမွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုလိုပဲ လူမွဳကြန္ယက္ေတြ မွာ ေရပန္းစားတဲ႔ ေက်ာ္ျကားသူေတြကေတာ့ ကန္ဒယ္ဂ်န္နာနဲ႔ ဆလီနာ ဂိုးမက္စ္တို႔ျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာျပီးခဲ႔တဲ႔ ၁၂ လအတြင္းမွာ အင္စတာဂရမ္post ၃၄ခုတင္ခဲ႔ျပီး တခုခ်င္းစီကေန ေပါင္ ၇၈၀,၀၀၀ ခန္႔ရရွိခဲ႔ လို႔ စုစုေပါင္း ဝင္ေငြ ေပါင္ ၃၈ သန္းေက်ာ္ရခဲ႔တာျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာမက္ဆီက အင္စတာဂရမ္မွာ post ေပါင္း ၃၆ ခုတင္ခဲ႔ေပမယ့္ တခုခ်င္းအတြက္ ေပါင္ ၅၁၈,၀၀၀ သာရခဲ႔လို႔ စုစုေပါင္း ၁၈.၇ သန္းသာရွိခဲ႔တာျဖစ္ပါတယ္။ဘက္ခမ္းရဲ႕ post ေတြကေတာ့ တခုလ်င္ ေပါင္ ၂၈၆,၀၀၀ သာရခဲ႔တာျဖစ္ပါတယ္။

အင္စတာ ဂရမ္ကေန ဝင္ေငြအေကာင္းဆံုး ေဘာလံုးသမားေတြထဲမွာ ေနမာလည္းပါဝင္ေနျပီး post တခုခ်င္းအတြက္ ေပါင္ ၅၇၈, ၀၀၀ ( စုစုေပါင္း ေပါင္ ၅.၈ သန္း ) ရရွိေနပါတယ္။ဝါရင့္တိုက္စစ္မွဴးျကီး မိုဗစ္ကေတာ့ post တခုခ်င္းစီအတြက္ ေပါင္ ၁၆၀,၀၀၀ နဲ႔စုစုေပါင္းေပါင္ ၃.၂ သန္းရရွိခဲ႔တယ္လို႔ သိရပါတယ္။

SPORTS MYANMAR