Ozil

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ချဲလ်ဆီး အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဒေးဗစ်လူးဝဇ် က Arsenal Player နဲ့ အင်တာဗျူးမှာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား တုန်းက ကွင်းလယ်လူ အိုဇေးလ် ရဲ့ ချီးကျူးဖွယ်ရာ လုပ်ရပ် အကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။

ဘရာဇီး နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အိုဇေးလ် ရဲ့ ဂျာမနီ အသင်း နဲ့ ဒေးဗစ် လူးဝဇ် ရဲ့ ဘရာဇီး အသင်းတို့ ထိပ်တိုက် တွေ့ဆုံ ခဲ့ကြပါတယ်။ အဆိုပါပွဲမှာ အိမ်ရှင် ဘရာဇီး အသင်းဟာ ဂျာမနီ အသင်းကို ၇ ဂိုး တစ်ဂိုး ဆိုတဲ့ ရလဒ် နဲ့ အရှက်တကွဲ ရှုံးနိမ့် ခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ ဂျာမနီ အသင်းအတွက် ပွဲထွက် ကစားခဲ့တဲ့ အာဆင်နယ် ကွင်းလယ် ကြယ်ပွင့် မီဆွတ် အိုဇေးလ် ဟာ အသင်းဖော်တွေ နဲ့ အောင်ပွဲ သွားမခံဘဲ ကွင်းထဲမှာ ငိုကြွေးနေတဲ့ ဘရာဇီး အသင်းခေါင်းဆောင် ဒေးဗစ်လူးဝဇ် ကို သွားရောက် အားပေး နှစ်သိမ့် ခဲ့ပါတယ် ။

အဆိုပါ အကြောင်းကို ဒေးဗစ် လူးဝဇ် က Arsenal Player နဲ့ အင်တာဗျူးမှာ ” အဲ့ဒီ လိုမျိုး အခိုက်အတန့်တွေက ဘဝမှာ မလွှဲမရှောင်သာ ကြုံတွေ့ ရမှာပါပဲ ၊ သူ ( အိုဇေးလ် ) က ကျနော့် ဘယ်လောက် အထိ နာကျင် ခံစားရမလဲဆိုတာ သိပုံပါပဲ ။ ”

” ပွဲပြီး သွားတဲ့ အချိန်မှာ သူက ကျနော့်ဆီ လေးစားမှု အပြည့်နဲ့ လာရောက်ပြီး အားပေး နှစ်သိမ့်ပါတယ် ၊ လူသားချင်း စာနာစိတ်ကို ပြသခဲ့တဲ့ အိုဇေးလ် ရဲ့ အပြုအမူကောင်း တစ်ရပ် ပါ ၊ သူ့အပေါ် အရမ်း လေးစား မိသွားသလို လူတော်လူကောင်း တစ်ယောက် အဖြစ် အမှတ်ရနေခဲ့တာပါ ။ ”

” သူဟာ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူ ဖြစ်ကြောင်း ပြသခဲ့ပြီး အခြေအနေ အရပ်ရပ်ကို မတူညီတဲ့ အမြင်နဲ့ ရှုမြင် နိုင်စွမ်းလည်း ရှိပါတယ် ၊ ပုံမှန်အားဖြင့်ဆိုရင်တော့ ကိုယ့်အသင်း အနိုင်ရရင် အများစုက အောင်ပွဲခံဖို့လောက်ပဲ စိတ်ရောက်နေကြတာပါ ။ ”

” ဒါပေမယ့် သူကတော့ ဒီလို မဟုတ်ပါဘူး ၊ ကျနော့်ဆီ တကူးတက လာပြီး အားပေး နှစ်သိမ့် ခဲ့တာပါ ။ ” လို့ ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။ ဒေးဗစ်လူးဝဇ် ဟာ ဒီရာသီ အာဆင်နယ် အသင်း နောက်တန်းမှာ ပုံမှန် ပွဲထွက်ခွင့် ရနေပေမယ့် အိုဇေးလ် က အသင်းလူစာရင်းကနေ မကြာခဏ ဆိုသလို ချန်လှပ် ခံနေရပါတယ် ။

SPORTS MYANMAR

Zawgyi

၂၀၁၄ ခုႏွစ္ ကမၻာ့ဖလားတုန္းက အိုေဇးလ္ရဲ့ ခ်ီးက်ဴးဖြယ္ရာ အျပဳအမွု အေၾကာင္း ျပန္ေျပာင္း ေျပာၾကားလိုက္တဲ့ ေဒးဗစ္လူးဝဇ္
==================================

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕တုန္းက ခ်ဲလ္ဆီး အသင္း ကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာတဲ့ ေဒးဗစ္လူးဝဇ္ က Arsenal Player နဲ႔ အင္တာဗ်ဴးမွာ ၂၀၁၄ ခုႏွစ္ ကမၻာ့ဖလား တုန္းက ကြင္းလယ္လူ အိုေဇးလ္ ရဲ့ ခ်ီးက်ဴးဖြယ္ရာ လုပ္ရပ္ အေၾကာင္း ျပန္ေျပာင္း ေျပာၾကား သြားခဲ့ပါတယ္ ။

ဘရာဇီး နိုင္ငံက အိမ္ရွင္ အျဖစ္ လက္ခံ က်င္းပခဲ့တဲ့ ၂၀၁၄ ခုႏွစ္ ကမၻာ့ဖလား ဆီမီးဖိုင္နယ္မွာ အိုေဇးလ္ ရဲ့ ဂ်ာမနီ အသင္း နဲ႔ ေဒးဗစ္ လူးဝဇ္ ရဲ့ ဘရာဇီး အသင္းတို႔ ထိပ္တိုက္ ေတြ႕ဆုံ ခဲ့ၾကပါတယ္။ အဆိုပါပြဲမွာ အိမ္ရွင္ ဘရာဇီး အသင္းဟာ ဂ်ာမနီ အသင္းကို ၇ ဂိုး တစ္ဂိုး ဆိုတဲ့ ရလဒ္ နဲ႔ အရွက္တကြဲ ရွုံးနိမ့္ ခဲ့ပါတယ္ ။

 

ပြဲအၿပီးမွာေတာ့ ဂ်ာမနီ အသင္းအတြက္ ပြဲထြက္ ကစားခဲ့တဲ့ အာဆင္နယ္ ကြင္းလယ္ ၾကယ္ပြင့္ မီဆြတ္ အိုေဇးလ္ ဟာ အသင္းေဖာ္ေတြ နဲ႔ ေအာင္ပြဲ သြားမခံဘဲ ကြင္းထဲမွာ ငိုေႂကြးေနတဲ့ ဘရာဇီး အသင္းေခါင္းေဆာင္ ေဒးဗစ္လူးဝဇ္ ကို သြားေရာက္ အားေပး ႏွစ္သိမ့္ ခဲ့ပါတယ္ ။

အဆိုပါ အေၾကာင္းကို ေဒးဗစ္ လူးဝဇ္ က Arsenal Player နဲ႔ အင္တာဗ်ဴးမွာ ” အဲ့ဒီ လိုမ်ိဳး အခိုက္အတန႔္ေတြက ဘဝမွာ မလႊဲမေရွာင္သာ ၾကဳံေတြ႕ ရမွာပါပဲ ၊ သူ ( အိုေဇးလ္ ) က က်ေနာ့္ ဘယ္ေလာက္ အထိ နာက်င္ ခံစားရမလဲဆိုတာ သိပုံပါပဲ ။ ”

” ပြဲၿပီး သြားတဲ့ အခ်ိန္မွာ သူက က်ေနာ့္ဆီ ေလးစားမွု အျပည့္နဲ႔ လာေရာက္ၿပီး အားေပး ႏွစ္သိမ့္ပါတယ္ ၊ လူသားခ်င္း စာနာစိတ္ကို ျပသခဲ့တဲ့ အိုေဇးလ္ ရဲ့ အျပဳအမူေကာင္း တစ္ရပ္ ပါ ၊ သူ႔အေပၚ အရမ္း ေလးစား မိသြားသလို လူေတာ္လူေကာင္း တစ္ေယာက္ အျဖစ္ အမွတ္ရေနခဲ့တာပါ ။ ”

” သူဟာ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်တတ္သူ ျဖစ္ေၾကာင္း ျပသခဲ့ၿပီး အေျခအေန အရပ္ရပ္ကို မတူညီတဲ့ အျမင္နဲ႔ ရွုျမင္ နိုင္စြမ္းလည္း ရွိပါတယ္ ၊ ပုံမွန္အားျဖင့္ဆိုရင္ေတာ့ ကိုယ့္အသင္း အနိုင္ရရင္ အမ်ားစုက ေအာင္ပြဲခံဖို႔ေလာက္ပဲ စိတ္ေရာက္ေနၾကတာပါ ။ ”

” ဒါေပမယ့္ သူကေတာ့ ဒီလို မဟုတ္ပါဘူး ၊ က်ေနာ့္ဆီ တကူးတက လာၿပီး အားေပး ႏွစ္သိမ့္ ခဲ့တာပါ ။ ” လို႔ ျပန္ေျပာင္း ေျပာၾကား သြားခဲ့ပါတယ္ ။ ေဒးဗစ္လူးဝဇ္ ဟာ ဒီရာသီ အာဆင္နယ္ အသင္း ေနာက္တန္းမွာ ပုံမွန္ ပြဲထြက္ခြင့္ ရေနေပမယ့္ အိုေဇးလ္ က အသင္းလူစာရင္းကေန မၾကာခဏ ဆိုသလို ခ်န္လွပ္ ခံေနရပါတယ္ ။

SPORTS MYANMAR