Marco silver

နိုင်ငံ တကာ ပွဲစဉ် တွေ ပြီးဆုံး သွားပြီ မို့ ပရီးမီးယား လိဂ် အပါ အဝင် ဥရောပ အမှတ်ပေး ပြိုင်ပွဲ တွေ ပြန်လည် စတင် တော့ မှာ ဖြစ် ပါတယ် ။ ပွဲစဉ် ၈ ပွဲ အထိ ကစား ပြီး ချိန် မှာတော့ အသင်း အချို့ ဟာ ထင်မှတ် မထား လောက်အောင် ရလဒ် တွေ ဆိုးရွား နေကြပြီး နည်းပြ တွေရဲ့ ထိုင်ခုံ တွေ ကလည်း လှုပ်ခတ် လျက် ရှိကြ ပါတယ် ။

ဘရန်ဒန် ရော်ဂျာ ရဲ့ လက်စတာ စီးတီး ဟာ ဒီနှစ် ရာသီ အဖွင့် မှာ ရလဒ်တွေ ကောင်း နေခဲ့ပြီး ထိပ်ဆုံး လေးသင်း စာရင်း ကို ပင် ခြိမ်းခြောက် လာခဲ့ ပါတယ် ။ ဒါပေမယ့် ယခင် တုန်းက အသင်းကြီး တွေ ကို ဒုက္ခ ပေးနေ တဲ့ ၀ုဗ် ကတော့ မန်စီးတီး ကို အနိုင် မကစားခင် မှာ ရလဒ်တွေ ဆက်တိုက် ကျဆင်း နေပြီး တန်းဆင်း ဇုန်နား မှာ ၀ဲနေ ခဲ့ရ ပါတယ် ။

လီဗာပူး ရဲ့ မြို့ခံ ပြိုင်ဘက် ဖြစ်ပြီး EPL ရဲ့ အလယ် အလတ် အဆင့် အသင်း တစ်သင်း ဖြစ်တဲ့ အဲဗာတန် ကတော့ ဒီနှစ် အဖွင့် မှာ တော်တော်လေး ဆိုးရွား နေကာ အန္တရာယ် ဇုံထဲ ကို ရောက်ရှိ လို့ နေခဲ့ ပါတယ် ။ အားလုံး ထက် ပိုပြီး အခြေအနေ ဆိုးနေ တာကတော့ မန်ချက်စတာ ယူနိုက်တက် ဖြစ်ကာ ၈ ပွဲ ကစား အပြီး မှာ အဆင့် ၁၂ အထိ ရောက်ရှိ လို့ နေခဲ့ ပါတယ် ။

လာမယ့် တနင်္ဂနွေ နေ့ မှာတော့ မန်ချက် စတာ ယူနိုက်တက် ဟာ လီဗာပူး နဲ့ ရင်ဆိုင် ကစား ရမှာ ဖြစ် ပါတယ် ။ ဒီရာသီ မှာ လီဗာပူး ဟာ အလွန်ကောင်း နေပြီး ၈ ပွဲ စလုံး ကို အနိုင် ရကာ အဆင့် ၁ မှာ ရပ်တည် နေပါတယ် ။ အသင်း ၂ သင်း အကြားက ခြေစွမ်း ပိုင်း ကွာခြားမှု ကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့် ဖို့ ရှိနေ သလို နည်းပြ ဆိုးရှား လည်း အထုတ် ခံ ရနိုင်တယ် ဆိုတဲ့ ထင်မြင်ချက် တွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

ဒါပေမယ့် ဘွတ်ကီ ဒိုင်တွေ မှာတော့ ဆိုးရှား ဟာ ထုတ်ပယ် ခံ ရဖို့ အတွက် ရေပန်း အစားဆုံး နည်းပြ မဟုတ် ခဲ့ ပါဘူး ။ ၀က်ဖိုဒ့် ၊ နယူးကာဆယ် ၊ အဲဗာတန် နည်းပြ တွေ နဲ့ အတူ ထုတ်ခံ ရဖို့ ရေပန်း အစားဆုံး ၅ ဦး ထဲ မှာ တော့ ဆိုးရှား ပါ၀င် ခဲ့ ပါတယ် ။ အထုတ် မခံရနိုင်တဲ့ သူတွေ စာရင်း မှာတော့ ဖရန့် လမ်းပတ် ၊ ယာဂင် ကလော့ နဲ့ ပက် ဂွာဒီယိုလာ တို့ က ဦးဆောင် နေခဲ့ ပါတယ် ။

အခု ဖော်ပြမယ့် စာရင်း ကတော့ ပရီးမီးယားလိဂ် ကနေ ထုတ်ပယ် ဖို့ အလေး အများဆုံး အပေး ခံထား ရတဲ့ နည်းပြ ဆယ်ဦး ရဲ့ စာရင်းပဲ ဖြစ် ပါတယ် ။

၁၀ ။ အက်ဒီ ဟောင်း ( ဘုန်းမောက် ) – ၄၀/၁
၉ ။ ရိုင်း ဟော့ဆန် ( ပဲလေ့စ် ) – ၃၃/၁
၈ ။ ခရစ်စ် ၀ိုင်းဒါး ( ရှက်ဖီး ယူနိုက်တက် ) – ၃၃/၁

၇ ။ ဒန်နီရယ် ဖာကီ ( နောဝှစ်ချ် ) – ၂၅/၁
၆ ။ ဟာဆန်ဟော့ ( ဆောက်သမ်တန် ) – ၁၆/၁
၅ ။ စတိဗ် ဘရုစ် ( နယူးကာဆယ် ) – ၁၄/၁
၄ ။ ဆန်းချက် ဖလော်ရက်စ် ( ၀က်ဖိုဒ့် ) – ၁၄/၁

၃ ။ ပိုချက်တီနို ( စပါး ) – ၅/၁
၂ ။ အိုလီ ဂန်နာ ဆိုးရှား ( မန်ချက်စတာ ယူနိုက်တက် ) – ၂/၁
၁ ။ မာကို ဆေးလ်ဗား ( အဲဗာတန် ) – ၁/၁

ဘယ် အသင်း ရဲ့ နည်းပြ အရင်ဆုံး အထုတ်ခံ ရမလဲ ဗျာ . . . . .

SPORTS MYANMAR

Zawgyi

EPL Sack Race . . . ပရီးမီးယားလိဂ္ မွာ ဘယ္နည္းျပေတြ က အထုတ္ခံရဖို႔ ေရပန္း အစားဆံုးလဲ ?

===========================================

ႏုိင္ငံ တကာ ပြဲစဥ္ ေတြ ၿပီးဆံုး သြားၿပီ မို႔ ပရီးမီးယား လိဂ္ အပါ အ၀င္ ဥေရာပ အမွတ္ေပး ၿပဳိင္ပြဲ ေတြ ျပန္လည္ စတင္ ေတာ့ မွာ ျဖစ္ ပါတယ္ ။ ပြဲစဥ္ ၈ ပြဲ အထိ ကစား ၿပီး ခ်ိန္ မွာေတာ့ အသင္း အခ်ဳိ႕ ဟာ ထင္မွတ္ မထား ေလာက္ေအာင္ ရလဒ္ ေတြ ဆုိးရြား ေနၾကၿပီး နည္းျပ ေတြရဲ႕ ထိုင္ခံု ေတြ ကလည္း လႈပ္ခတ္ လ်က္ ရွိၾက ပါတယ္ ။

ဘရန္ဒန္ ေရာ္ဂ်ာ ရဲ႕ လက္စတာ စီးတီး ဟာ ဒီႏွစ္ ရာသီ အဖြင့္ မွာ ရလဒ္ေတြ ေကာင္း ေနခဲ့ၿပီး ထိပ္ဆံုး ေလးသင္း စာရင္း ကို ပင္ ၿခိမ္းေျခာက္ လာခဲ့ ပါတယ္ ။ ဒါေပမယ့္ ယခင္ တုန္းက အသင္းႀကီး ေတြ ကို ဒုကၡ ေပးေန တဲ့ ၀ုဗ္ ကေတာ့ မန္စီးတီး ကို အႏုိင္ မကစားခင္ မွာ ရလဒ္ေတြ ဆက္တုိက္ က်ဆင္း ေနၿပီး တန္းဆင္း ဇုန္နား မွာ ၀ဲေန ခဲ့ရ ပါတယ္ ။

လီဗာပူး ရဲ႕ ၿမဳိ႕ခံ ၿပဳိင္ဘက္ ျဖစ္ၿပီး EPL ရဲ႕ အလယ္ အလတ္ အဆင့္ အသင္း တစ္သင္း ျဖစ္တဲ့ အဲဗာတန္ ကေတာ့ ဒီႏွစ္ အဖြင့္ မွာ ေတာ္ေတာ္ေလး ဆုိးရြား ေနကာ အႏၱရာယ္ ဇံုထဲ ကို ေရာက္ရွိ လို႔ ေနခဲ့ ပါတယ္ ။ အားလံုး ထက္ ပုိၿပီး အေျခအေန ဆုိးေန တာကေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ ျဖစ္ကာ ၈ ပြဲ ကစား အၿပီး မွာ အဆင့္ ၁၂ အထိ ေရာက္ရွိ လုိ႔ ေနခဲ့ ပါတယ္ ။

လာမယ့္ တနဂၤေႏြ ေန႔ မွာေတာ့ မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ လီဗာပူး နဲ႔ ရင္ဆုိင္ ကစား ရမွာ ျဖစ္ ပါတယ္ ။ ဒီရာသီ မွာ လီဗာပူး ဟာ အလြန္ေကာင္း ေနၿပီး ၈ ပြဲ စလံုး ကို အႏုိင္ ရကာ အဆင့္ ၁ မွာ ရပ္တည္ ေနပါတယ္ ။ အသင္း ၂ သင္း အၾကားက ေျခစြမ္း ပုိင္း ကြာျခားမႈ ေၾကာင့္ ယူႏုိက္တက္တို႔ အိမ္ကြင္းမွာ ဂုိးျပတ္ ရွဳံးနိမ့္ ဖုိ႔ ရွိေန သလို နည္းျပ ဆုိးရွား လည္း အထုတ္ ခံ ရႏိုင္တယ္ ဆုိတဲ့ ထင္ျမင္ခ်က္ ေတြ ေပၚထြက္ လာခဲ့ ပါတယ္ ။

ဒါေပမယ့္ ဘြတ္ကီ ဒိုင္ေတြ မွာေတာ့ ဆုိးရွား ဟာ ထုတ္ပယ္ ခံ ရဖို႔ အတြက္ ေရပန္း အစားဆံုး နည္းျပ မဟုတ္ ခဲ့ ပါဘူး ။ ၀က္ဖိုဒ့္ ၊ နယူးကာဆယ္ ၊ အဲဗာတန္ နည္းျပ ေတြ နဲ႔ အတူ ထုတ္ခံ ရဖုိ႔ ေရပန္း အစားဆံုး ၅ ဦး ထဲ မွာ ေတာ့ ဆုိးရွား ပါ၀င္ ခဲ့ ပါတယ္ ။ အထုတ္ မခံရႏိုင္တဲ့ သူေတြ စာရင္း မွာေတာ့ ဖရန္႔ လမ္းပတ္ ၊ ယာဂင္ ကေလာ့ နဲ႔ ပက္ ဂြာဒီယိုလာ တုိ႔ က ဦးေဆာင္ ေနခဲ့ ပါတယ္ ။

အခု ေဖာ္ျပမယ့္ စာရင္း ကေတာ့ ပရီးမီးယားလိဂ္ ကေန ထုတ္ပယ္ ဖို႔ အေလး အမ်ားဆံုး အေပး ခံထား ရတဲ့ နည္းျပ ဆယ္ဦး ရဲ႕ စာရင္းပဲ ျဖစ္ ပါတယ္ ။

၁၀ ။ အက္ဒီ ေဟာင္း ( ဘုန္းေမာက္ ) – ၄၀/၁
၉ ။ ရိုင္း ေဟာ့ဆန္ ( ပဲေလ့စ္ ) – ၃၃/၁
၈ ။ ခရစ္စ္ ၀ိုင္းဒါး ( ရွက္ဖီး ယူႏုိက္တက္ ) – ၃၃/၁

၇ ။ ဒန္နီရယ္ ဖာကီ ( ေနာ၀ွစ္ခ်္ ) – ၂၅/၁
၆ ။ ဟာဆန္ေဟာ့ ( ေဆာက္သမ္တန္ ) – ၁၆/၁
၅ ။ စတိဗ္ ဘရုစ္ ( နယူးကာဆယ္ ) – ၁၄/၁
၄ ။ ဆန္းခ်က္ ဖေလာ္ရက္စ္ ( ၀က္ဖိုဒ့္ ) – ၁၄/၁

၃ ။ ပိုခ်က္တီႏို ( စပါး ) – ၅/၁
၂ ။ အိုလီ ဂန္နာ ဆိုးရွား ( မန္ခ်က္စတာ ယူႏုိက္တက္ ) – ၂/၁
၁ ။ မာကို ေဆးလ္ဗား ( အဲဗာတန္ ) – ၁/၁

ဘယ္ အသင္း ရဲ႕ နည္းျပ အရင္ဆံုး အထုတ္ခံ ရမလဲ ဗ်ာ . . . . .

SPORTS MYANMAR