အောင်လ အန်ဆန်း နဲ့ ထိုးသတ်ခဲ့သည့် တိုင်အောင် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု ၊ ယဉ်ကျေးလွန်းတဲ့ အပြောအဆိုတွေကြောင့် မြန်မာ ပရိသတ်တွေ ရဲ့ အားပေးမှုကို ရယူနိုင်ခဲ့တဲ့ ဘရန်ဒန် ဗီရာဟာ မကြာခင်မှာပဲ သူ့ရဲ့ ဟဲဗီးဝိတ် ချန်ပီယံဆု ကို ကာကွယ်ပွဲ ထိုးသတ်လာရဖွယ် ရှိနေပါတယ်။

အောင်လ အန်ဆန်း နဲ့ ပွဲအပြီး ၀ီးချဲ နဲ့ ထွက်ခွာခဲ့ရပြီးနောက် ၊ ဗီရာဟာ သူ့ ပရိသတ်တွေဆီ ကြိုးစားမှုက ဒီတစ်ကြိမ်မှာတော့ အရာ မထင်ခဲ့ဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့သလို ၊ အောင်လ အန်ဆန်းဟာ လဲ တကယ်ကို စစ်မှန်တဲ့ ဖိုက်တာတစ်ယောက် ဖြစ်တဲ့အကြောင်း ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။

သူ့ရဲ့ အဲဒီလို ပြောဆိုလိုက်ချိန်မှာတော့ မြန်မာပြည်က MMA ပရိသတ်တွေဟာ ဗီရာ ရဲ့ မူရင်းပို့စ် ထဲအထိ ၀င်ရောက်ကာ ၊ အားပေးစကားတွေ ပြောဆိုခဲ့ကြသလို ၊ စိတ်ဓါတ်နဲ့ အားကစား ခံယူချက်အပေါ်ကိုလဲ သဘောကျတဲ့ အကြောင်း Comment တွေ ၀င်ရောက် ပြောဆိုသွားခဲ့ကြပါတယ်။

ဒီတစ်ကြိမ် ဗီရာ ရဲ့ ဟဲဗီးဝိတ် ချန်ပီယံဆု ကို စိန်ခေါ်လာခဲ့သူ ကတော့ အင်ဒို – ကနေဒီယန် နွယ်ဖွား ၊ UFC ဖိုက်တာဟောင်း အာဂျန် ဆင့်ချ် ဘူလာ ဖြစ်ပါတယ်။ သူဟာ နပန်း ကစားသမား အဖြစ်ကနေ MMA ဘက်ကို ကူးပြောင်းလာခဲ့သူ ဖြစ်ပြီး နယ်ပယ် 2 ခုစလုံးမှာလဲ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဓနသဟာယ နိုင်ငံများ အားကစား ပြိုင်ပွဲမှာ နပန်း ပွဲကနေ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သလို ၊ 2012 လန်ဒန် အိုလံပစ်မှာလဲ ကနေဒါ နိုင်ငံကနေ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ထားခဲ့သူပါ။

သူဟာ ဗီရာလိုပဲ UFC ရဲ့ ဟဲဗီးဝိတ်တန်း မှာ ကျင်လည်ခဲ့သူ ဖြစ်ပြီး ၊ 2017 ခုနှစ်က UFC နဲ့ စတင် စာချုပ် ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။ UFC ပြိုင်ပွဲမှာတော့ သူဟာ စုစုပေါင်း 5 ပွဲ အထိ ထိုးသတ်ခဲ့ကာ ၊ 4 ပွဲ နိုင် ၊ 1 ပွဲ ရလာဒ် ထွက်ပေါ်ခဲ့သည့်တိုင်အောင် ၊ စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာတော့ သက်တမ်းတိုးခဲ့ခြင်း မရှိတော့ပဲ One Championship နဲ့ လက်တွဲလာခဲ့ပါတယ်။

သူ့ရဲ့ One Championship ကစားသမားဘဝ ပထမဆုံး ပွဲစဉ်ကိုတော့ မကြာခင်ကမှ ကျင်းပခဲ့တဲ့ One Century ပြိုင်ပွဲမှာ အီတလီ သား မော်ရို စီရီရယ်လီ နဲ့ ထိုးသတ်ကာ ၊ ဒိုင် အဆုံးအဖြတ်နဲ့ အနိုင်ယူပြသွားခဲ့ပါတယ်။

အာဂျန် ဘူလာ ဟာ နပန်း နောက်ခံနဲ့ တက်ရောက်လာခဲ့သည့်တိုင်အောင် အဲဒီ ပွဲစဉ်မှာတော့ သူ့ရဲ့ ပညာကို ထုတ်သုံးခဲ့ခြင်း မရှိပဲ ၊ လက်သီးထိုးချက်တွေ နဲ့သာ အမှတ်ယူရင်း ၊ နောက်ဆုံးမှာ ဒိုင်လူကြီး 3 ယောက် စလုံးရဲ့ အဆုံးအဖြတ်ကို ရယူသွားခဲ့တာပါ။

ပွဲအပြီး သတင်းသမားတွေ နဲ့ ပြောဆိုခဲ့ရမှာတော့ “ ဒီပွဲမှာ ကျနော့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ မယူဆမိပေမယ့် ၊ လိုချင်တဲ့ ရလာဒ်တော့ ရယူနိုင်ခဲ့ပါတယ်။

ကျနော် One Championship ကို ပြောင်းလာခဲ့တာက ကမ္ဘာ့ချန်ပီယံ တစ်ယောက် ဖြစ်လာချင်လို့ပါ။ အဲဒီ အတွက်လဲ အရမ်း စိတ်လှုပ်ရှားမိပါတယ်။

ဒါပေမယ့် ဗီရာ ရဲ့ ဟဲဗီးဝိတ် ရွှေခါးပတ် ကို လိုချင်နေပါပြီ။ သူဟာ ဖိလစ်ပိုင် နိုင်ငံသားတွေ အတွက် စွမ်းဆောင်ပြခဲ့သလိုပဲ ၊ ကျနော်လဲ အိန္ဒိယ နိုင်ငံသားတွေ အတွက် ဟဲဗီးဝိတ် ချန်ပီယံဆုကို ရယူရင်း ကိုယ်စားပြုသွားချင်ပါတယ်။

ဒါကြောင့်မို့ ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ အိပ်မက် မက်ထားခဲ့တဲ့ ကျနော့်ရဲ့ ပစ်မှတ်တွေကို မကြာခင် အကောင်အထည် ဖော်သွားတော့မှာပါ။ ဗီရာ အတွက်လဲ အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ ဆုတောင်းပါတယ်။

ရည်ရွယ်ချက်ကတော့ သူနဲ့ ရင်ဆိုင်ပြီး ရွှေခါးပတ် ဆုကို လွှဲပြောင်း ရယူဖို့ အတွက်ပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

SPORTS MYANMAR

ZAwgyi

ဘရန္ဒန္ ဗီရာ ရဲ႕ ဟဲဗီး၀ိတ္ ခ်န္ပီယံဆုကုိ စိန္ေခၚေတာ့မယ့္ #အိႏၵိယ ႏြယ္ဖြား UFC ဖိုက္တာေဟာင္း အာဂ်န္ဆင့္ခ်္ဘူလာ
*********************************************

ေအာင္လ အန္ဆန္း နဲ႔ ထိုးသတ္ခဲ့သည့္ တိုင္ေအာင္ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈ ၊ ယဥ္ေက်းလြန္းတဲ့ အေျပာအဆုိေတြေၾကာင့္ ျမန္မာ ပရိသတ္ေတြ ရဲ႕ အားေပးမႈကို ရယူႏုိင္ခဲ့တဲ့ ဘရန္ဒန္ ဗီရာဟာ မၾကာခင္မွာပဲ သူ႔ရဲ႕ ဟဲဗီး၀ိတ္ ခ်န္ပီယံဆု ကို ကာကြယ္ပြဲ ထိုးသတ္လာရဖြယ္ ရွိေနပါတယ္။

ေအာင္လ အန္ဆန္း နဲ႔ ပြဲအျပီး ၀ီးခ်ဲ နဲ႔ ထြက္ခြာခဲ့ရျပီးေနာက္ ၊ ဗီရာဟာ သူ႔ ပရိသတ္ေတြဆီ ၾကိဳးစားမႈက ဒီတစ္ၾကိမ္မွာေတာ့ အရာ မထင္ခဲ့ဘူးလို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့သလုိ ၊ ေအာင္လ အန္ဆန္းဟာ လဲ တကယ္ကို စစ္မွန္တဲ့ ဖိုက္တာတစ္ေယာက္ ျဖစ္တဲ့အေၾကာင္း ခ်ီးက်ဴးဂုဏ္ျပဳသြားခဲ့ပါတယ္။

သူ႔ရဲ႕ အဲဒီလို ေျပာဆိုလိုက္ခ်ိန္မွာေတာ့ ျမန္မာျပည္က MMA ပရိသတ္ေတြဟာ ဗီရာ ရဲ႕ မူရင္းပို႔စ္ ထဲအထိ ၀င္ေရာက္ကာ ၊ အားေပးစကားေတြ ေျပာဆိုခဲ့ၾကသလုိ ၊ စိတ္ဓါတ္နဲ႔ အားကစား ခံယူခ်က္အေပၚကိုလဲ သေဘာက်တဲ့ အေၾကာင္း Comment ေတြ ၀င္ေရာက္ ေျပာဆုိသြားခဲ့ၾကပါတယ္။

ဒီတစ္ၾကိမ္ ဗီရာ ရဲ႕ ဟဲဗီး၀ိတ္ ခ်န္ပီယံဆု ကို စိန္ေခၚလာခဲ့သူ ကေတာ့ အင္ဒို – ကေနဒီယန္ ႏြယ္ဖြား ၊ UFC ဖိုက္တာေဟာင္း အာဂ်န္ ဆင့္ခ်္ ဘူလာ ျဖစ္ပါတယ္။ သူဟာ နပန္း ကစားသမား အျဖစ္ကေန MMA ဘက္ကို ကူးေျပာင္းလာခဲ့သူ ျဖစ္ျပီး နယ္ပယ္ 2 ခုစလံုးမွာလဲ ေအာင္ျမင္မႈေတြ ရယူႏုိင္ခ့ဲသူ ျဖစ္ပါတယ္။

ဓနသဟာယ ႏိုင္ငံမ်ား အားကစား ျပိဳင္ပြဲမွာ နပန္း ပြဲကေန ေရႊတံဆိပ္ဆု ရယူႏုိင္ခဲ့သလုိ ၊ 2012 လန္ဒန္ အိုလံပစ္မွာလဲ ကေနဒါ ႏိုင္ငံကေန ကိုယ္စားျပဳ ၀င္ေရာက္ ယွဥ္ျပိဳင္ထားခဲ့သူပါ။

သူဟာ ဗီရာလိုပဲ UFC ရဲ႕ ဟဲဗီး၀ိတ္တန္း မွာ က်င္လည္ခဲ့သူ ျဖစ္ျပီး ၊ 2017 ခုႏွစ္က UFC နဲ႔ စတင္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူ ျဖစ္ပါတယ္။ UFC ျပိဳင္ပြဲမွာေတာ့ သူဟာ စုစုေပါင္း 5 ပြဲ အထိ ထိုးသတ္ခဲ့ကာ ၊ 4 ပြဲ ႏိုင္ ၊ 1 ပြဲ ရလာဒ္ ထြက္ေပၚခဲ့သည့္တိုင္ေအာင္ ၊ စာခ်ဳပ္ သက္တမ္း ကုန္ဆံုးခ်ိန္မွာေတာ့ သက္တမ္းတိုးခဲ့ျခင္း မရွိေတာ့ပဲ One Championship နဲ႔ လက္တြဲလာခဲ့ပါတယ္။

သူ႔ရဲ႕ One Championship ကစားသမားဘ၀ ပထမဆံုး ပြဲစဥ္ကိုေတာ့ မၾကာခင္ကမွ က်င္းပခဲ့တဲ့ One Century ျပိဳင္ပြဲမွာ အီတလီ သား ေမာ္ရုိ စီရီရယ္လီ နဲ႔ ထိုးသတ္ကာ ၊ ဒုိင္ အဆံုးအျဖတ္နဲ႔ အနုိင္ယူျပသြားခဲ့ပါတယ္။

အာဂ်န္ ဘူလာ ဟာ နပန္း ေနာက္ခံနဲ႔ တက္ေရာက္လာခဲ့သည့္တိုင္ေအာင္ အဲဒီ ပြဲစဥ္မွာေတာ့ သူ႔ရဲ႕ ပညာကို ထုတ္သံုးခဲ့ျခင္း မရွိပဲ ၊ လက္သီးထိုးခ်က္ေတြ နဲ႔သာ အမွတ္ယူရင္း ၊ ေနာက္ဆံုးမွာ ဒုိင္လူၾကီး 3 ေယာက္ စလံုးရဲ႕ အဆံုးအျဖတ္ကို ရယူသြားခဲ့တာပါ။

ပြဲအျပီး သတင္းသမားေတြ နဲ႔ ေျပာဆုိခဲ့ရမွာေတာ့ “ ဒီပြဲမွာ က်ေနာ့္ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ျပသႏုိင္ခဲ့တယ္လို႔ မယူဆမိေပမယ့္ ၊ လိုခ်င္တဲ့ ရလာဒ္ေတာ့ ရယူႏိုင္ခဲ့ပါတယ္။

က်ေနာ္ One Championship ကို ေျပာင္းလာခဲ့တာက ကမၻာ့ခ်န္ပီယံ တစ္ေယာက္ ျဖစ္လာခ်င္လို႔ပါ။ အဲဒီ အတြက္လဲ အရမ္း စိတ္လႈပ္ရွားမိပါတယ္။

ဒါေပမယ့္ ဗီရာ ရဲ႕ ဟဲဗီး၀ိတ္ ေရႊခါးပတ္ ကို လိုခ်င္ေနပါျပီ။ သူဟာ ဖိလစ္ပိုင္ ႏုိင္ငံသားေတြ အတြက္ စြမ္းေဆာင္ျပခဲ့သလိုပဲ ၊ က်ေနာ္လဲ အိႏၵိယ ႏိုင္ငံသားေတြ အတြက္ ဟဲဗီး၀ိတ္ ခ်န္ပီယံဆုကို ရယူရင္း ကိုယ္စားျပဳသြားခ်င္ပါတယ္။

ဒါေၾကာင့္မို႔ ကမၻာ့ခ်န္ပီယံ ျဖစ္ဖို႔ အိပ္မက္ မက္ထားခဲ့တဲ့ က်ေနာ့္ရဲ႕ ပစ္မွတ္ေတြကို မၾကာခင္ အေကာင္အထည္ ေဖာ္သြားေတာ့မွာပါ။ ဗီရာ အတြက္လဲ အျမန္ဆံုး ျပန္လည္ သက္သာလာေစဖို႔ ဆုေတာင္းပါတယ္။

ရည္ရြယ္ခ်က္ကေတာ့ သူနဲ႔ ရင္ဆုိင္ျပီး ေရႊခါးပတ္ ဆုကို လႊဲေျပာင္း ရယူဖို႔ အတြက္ပါ” လုိ႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

SPORTS MYANMAR