Arsenal

* အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူးလေး အန်ခီတီးယား ဟာ မနေ့ညက ဩစတြီးယား ယူ-၂၁ အသင်းကို ငါးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ဟက်ထရစ် သွင်းယူ ပေးခဲ့ပါတယ် ။ အန်ခီတီးယား ဟာ ပင်နယ်တီ ကန်ခွင့် တစ်ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။ အန်ခီးတီးယား ဟာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ၇ ပွဲကစားထားရာမှာ ၈ ဂိုးအထိ သွင်းယူ ပေးထားပါတယ် ။ အဆိုပါပွဲမှာ အာဆင်နယ် ကွင်းလယ် ကြယ်ပွင့် ဝီးလော့လည်း ပွဲထွက် ကစားခဲ့ပါတယ် ။

* ၂၀၁၉ ခုနှစ် ၊ Golden Boy ဆုအတွက် နောက်ဆုံး အယောက် ဆန်ကာတင် ၂၀ စာရင်းမှာ ပါဝင်ခဲ့တဲ့ ဂွမ်ဒူဇီ ဟာ မနေ့ညက ဆလိုဗက်ကီးယား ယူ-၂၁ အသင်းကို ငါးဂိုး သုံးဂိုးနဲ့ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ယူရို ယူ-၂၁ ခြေစစ်ပွဲမှာ ပြင်သစ် ယူ-၂၁ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင် ကစားပေးခဲ့ပါတယ် ။

* Transfer market က ထုတ်ပြန်တဲ့ တန်ကြေး အမြင့်ဆုံး အာဖရိက ကစားသမား ၁၁ ယောက် စာရင်းမှာ အာဆင်နယ် အသင်း နဲ့ အိုင်ဗရီကိုစ့် တောင်ပံ တိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေ ပါဝင် လာ ခဲ့ ပါ တယ် ။

* ဒေးဗစ် လူးဝဇ် က အာဆင်နယ် အသင်းသားတွေထဲမှာ အပျော်တတ်ဆုံး ကစားသမားဟာ တိုက်စစ်မှူး အူဘာမီယန်း ဖြစ်ကြောင်း နဲ့ အူဘာ ဟာ အမြဲလိုလို ပျော်ရွှင် ရယ်မော နေလေ့ ရှိကြောင်း ရဝမ်ဒါ မှာ ပြုလုပ်ခဲ့တဲ့ အာဆင်နယ် ပရိသတ်တွေ နဲ့ အမေး ၊ အဖြေ ကဏ္ဏမှာ ဖြေကြား ခဲ့ပါတယ် ။

* ဂန်းနား ဂန္တဝင် အသင်းခေါင်းဆောင် ကွင်းလယ်လူ ပက်ထရစ် ဗီအဲရာ က နောင်တစ်ချိန်မှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း နည်းပြ ဖြစ်ချင်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပြီး နည်းပြ ဖြစ်လာပါက သူ့ရဲ့ ဆရာ အာဆင်ဝင်းဂါး ကို ညစာ ဖိတ်ကျွေးမယ်လို့ ဆိုပါတယ် ။

* နယူးကာဆယ် အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က ပရီးမီးယားလိဂ် ပွဲစဉ် ( ၉ ) မှာ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ရှက်ဖီးယူနိုက်တက် အသင်းနဲ့ သရေကျ သွားလိမ့်မယ့်လို့ ခန့်မှန်း သုံးသပ် လိုက်ပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ ဟာ ယခု လက်ရှိ အသင်း လူစာရင်း အပေါ် အားရ ကျေနပ်မှု အပြည့် ရှိနေပြီး ဒဏ်ရာရ ကစားသမားတွေ မများပြားပါက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ထပ်မံ ခေါ်ယူ သွားမှာ မဟုတ်ကြောင်း Athletic က ဖော်ပြ လိုက်ပါတယ် ။

* နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကိုယ်စားပြု ကစားပေးခဲ့ကြတဲ့ အာဆင်နယ် အသင်း ကစားသမားများ
——————————————

ကိုလာစီနက် ( ဂရိ ၂-၁ ဘော့စနီးယား* ) ( ပွဲချိန်ပြည့်ကစား ) ( ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့)
ရှာကာ ( ဆွစ်ဇာလန်* ၂- ၀ အိုင်ယာလန် ) ( ပွဲချိန်ပြည့် ကစား )
စီဘယ်လောစ့် ( ဆွီဒင် ၁-၁ စပိန်* )( ပွဲချိန်ပြည့် ကစား )

SPORTS MYANMAR

Zawgyi

အဂၤလန္ ယူ-၂၁ အသင္းအတြက္ ဟက္ထရစ္ သြင္းယူေပးခဲ့တဲ့ အန္ခီတီးယား နဲ႔ အျခားအာဆင္နယ္ သတင္းတိုမ်ား
==================================

* အာဆင္နယ္ အသင္း လူငယ္ တိုက္စစ္မွူးေလး အန္ခီတီးယား ဟာ မေန႔ညက ဩစႀတီးယား ယူ-၂၁ အသင္းကို ငါးဂိုး တစ္ဂိုး နဲ႔ ဂိုးျပတ္ အနိုင္ရခဲ့တဲ့ ပြဲမွာ အဂၤလန္ ယူ-၂၁ အသင္းအတြက္ ဟက္ထရစ္ သြင္းယူ ေပးခဲ့ပါတယ္ ။ အန္ခီတီးယား ဟာ ပင္နယ္တီ ကန္ခြင့္ တစ္ႀကိမ္ ရရွိခဲ့ေပမယ့္ ဂိုးအျဖစ္ ေျပာင္းလဲ နိုင္ခဲ့ျခင္းေတာ့ မရွိပါဘူး ။ အန္ခီးတီးယား ဟာ အဂၤလန္ ယူ-၂၁ အသင္းအတြက္ ၇ ပြဲကစားထားရာမွာ ၈ ဂိုးအထိ သြင္းယူ ေပးထားပါတယ္ ။ အဆိုပါပြဲမွာ အာဆင္နယ္ ကြင္းလယ္ ၾကယ္ပြင့္ ဝီးေလာ့လည္း ပြဲထြက္ ကစားခဲ့ပါတယ္ ။

* ၂၀၁၉ ခုႏွစ္ ၊ Golden Boy ဆုအတြက္ ေနာက္ဆုံး အေယာက္ ဆန္ကာတင္ ၂၀ စာရင္းမွာ ပါဝင္ခဲ့တဲ့ ဂြမ္ဒူဇီ ဟာ မေန႔ညက ဆလိုဗက္ကီးယား ယူ-၂၁ အသင္းကို ငါးဂိုး သုံးဂိုးနဲ႔ ဂိုးျပတ္ အနိုင္ ရခဲ့တဲ့ ယူရို ယူ-၂၁ ေျခစစ္ပြဲမွာ ျပင္သစ္ ယူ-၂၁ အသင္းအတြက္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားေပးခဲ့ပါတယ္ ။

* Transfer market က ထုတ္ျပန္တဲ့ တန္ေၾကး အျမင့္ဆုံး အာဖရိက ကစားသမား ၁၁ ေယာက္ စာရင္းမွာ အာဆင္နယ္ အသင္း နဲ႔ အိုင္ဗရီကိုစ့္ ေတာင္ပံ တိုက္စစ္ ကစားသမား နီကိုလပ္စ္ ေပေပ ပါဝင္ လာ ခဲ့ ပါ တယ္ ။

* ေဒးဗစ္ လူးဝဇ္ က အာဆင္နယ္ အသင္းသားေတြထဲမွာ အေပ်ာ္တတ္ဆုံး ကစားသမားဟာ တိုက္စစ္မွူး အူဘာမီယန္း ျဖစ္ေၾကာင္း နဲ႔ အူဘာ ဟာ အျမဲလိုလို ေပ်ာ္ရႊင္ ရယ္ေမာ ေနေလ့ ရွိေၾကာင္း ရဝမ္ဒါ မွာ ျပဳလုပ္ခဲ့တဲ့ အာဆင္နယ္ ပရိသတ္ေတြ နဲ႔ အေမး ၊ အေၿဖ ကဏၰမွာ ေျဖၾကား ခဲ့ပါတယ္ ။

* ဂန္းနား ဂႏၲဝင္ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ပက္ထရစ္ ဗီအဲရာ က ေနာင္တစ္ခ်ိန္မွာ သူ႔ရဲ့ အသင္းေဟာင္း အာဆင္နယ္ အသင္း နည္းၿပ ျဖစ္ခ်င္ေၾကာင္း ဖြင့္ဟ ေျပာၾကား လိုက္ၿပီး နည္းၿပ ျဖစ္လာပါက သူ႔ရဲ့ ဆရာ အာဆင္ဝင္းဂါး ကို ညစာ ဖိတ္ေကၽြးမယ္လို႔ ဆိုပါတယ္ ။

* နယူးကာဆယ္ အသင္း တိုက္စစ္မွူးေဟာင္း မိုက္ကယ္ အိုဝင္ က ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၉ ) မွာ အာဆင္နယ္ အသင္းဟာ အေဝးကြင္းမွာ ရွက္ဖီးယူနိုက္တက္ အသင္းနဲ႔ သေရက် သြားလိမ့္မယ့္လို႔ ခန႔္မွန္း သုံးသပ္ လိုက္ပါတယ္ ။

* အာဆင္နယ္ အသင္း နည္းၿပ အမ္မရီ ဟာ ယခု လက္ရွိ အသင္း လူစာရင္း အေပၚ အားရ ေက်နပ္မွု အျပည့္ ရွိေနၿပီး ဒဏ္ရာရ ကစားသမားေတြ မမ်ားျပားပါက လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ကစားသမားသစ္ ထပ္မံ ေခၚယူ သြားမွာ မဟုတ္ေၾကာင္း Athletic က ေဖာ္ၿပ လိုက္ပါတယ္ ။

* နိုင္ငံ လက္ေရြးစင္ အသင္း အတြက္ ကိုယ္စားျပဳ ကစားေပးခဲ့ၾကတဲ့ အာဆင္နယ္ အသင္း ကစားသမားမ်ား
——————————————

ကိုလာစီနက္ ( ဂရိ ၂-၁ ေဘာ့စနီးယား* ) ( ပြဲခ်ိန္ျပည့္ကစား ) ( ဂိုးဖန္တီးမွုတစ္ႀကိမ္ျပဳလုပ္ေပးခဲ့)
ရွာကာ ( ဆြစ္ဇာလန္* ၂- ၀ အိုင္ယာလန္ ) ( ပြဲခ်ိန္ျပည့္ ကစား )
စီဘယ္ေလာစ့္ ( ဆြီဒင္ ၁-၁ စပိန္* )( ပြဲခ်ိန္ျပည့္ ကစား )

SPORTS MYANMAR