မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ လူးဝစ် ဆာဟာက အသင်း ဟောင်းရဲ့ လက်ရှိ တိုက်စစ်မှူး ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ကံ အနည်းငယ် ကောင်းဖို့ လိုအပ် နေကြောင်း ၊ သူ့ကိုယ်သူ မြှင့်တင် နိုင်ဖို့ အတွက် ပြိုင်ဆိုင် မှု တွေကို လိုအပ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( ရပ်ရှ်ဖို့ ) ဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်စစ် ကစားသမား တစ်ယောက် ပါ ။ ဒါပေမယ့် သူ့ဟာ စံ နမူနာ ကောင်း တွေကို ရှာဖွေရေး ထက် ကံ အနည်းငယ် ပိုကောင်း နိုင်ဖို့ အတွက် ကြိုးစား နေ သလို ပဲလို့ ကျွန်တော် ထင် ပါတယ် ”

” လက်ရှိ အသင်း မှာ ရှိနေ ကြတဲ့ လူငယ် ကြယ်ပွင့် ကစား သမား လေး အချို့ က သူတို့ တွေ နေရာ ရရှိ နိုင်ရေး အတွက် ရပ်ရှ်ဖို့ ကို လက်ရှိ နေရာ ကနေ ဖယ်ထုတ် ဖို့ လိုအပ် တဲ့ ကစား သမား တစ်ဦး အဖြစ် မြင်နေ ကြ ပါတယ် ”

” ကျွန်တော့် တုန်းက ဆိုရင် အသင်း မှာ ဆိုးလ်ရှား ၊ တိဗတ်စ် ၊ ရော်နယ်ဒို ၊ နစ္စတယ် ရွိုင်း ၊ ရွန်းနီ နဲ့ ဂစ် တို့လို ကစားသမား တွေ ရှိနေ ခဲ့ကြ ပါတယ် ။ အဲ့ဒီ ကစားသမား တွေ အားလုံး က ကျွန်တော့် ကို အရံ ခုံတန်း အပေါ် တွန်းပို့ ပေး နိုင်စွမ်း ရှိခဲ့ ကြတဲ့ ကစားသမား ကောင်းတွေ ချည်း ပါပဲ ”

” ဒါ့ကြောင့် နေရာ တစ်ခု ရရှိ နိုင်ရေး အတွက် ကျွန်တော် အလုပ် ဘယ်လောက် လုပ်ဆောင် ရ မလဲ ဆိုတာ ကို တွေးထား ခဲ့တာ ထက် ဆယ်ဆ ပိုပြီး အာရုံစိုက် ရင်း အလုပ် ကြိုးစား လုပ်ဆောင် ခဲ့ရ ပါတယ် ”

” ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အားလုံး က တစ်ကယ့်ကို ထူးကဲ လှတဲ့ ကစားသမား ကောင်းတွေ ဖြစ်ခဲ့ ကြပြီး ကျွန်တော့်ထက် ပိုပြီး အကျိုး သက်ရောက်မှု ရှိအောင် လုပ်နိုင် ကြတယ်လေ ။ သူတို့ တွေက ဆု ဖလား တွေလည်း ရယူ ခဲ့ဖူး ကြ ပါတယ် ။ လက်ရှိ အသင်း မှာတော့ သူတို့ တွေက ခြေစွမ်း ကို ဆု ဖလား ရယူ ပြီး သက်သေ မပြ နိုင်ကြ သေး ပါဘူး ”

” အဲ့တာ တွေက သက်ရောက် မှု အရမ်း ကို ကြီးမား လှ ပါတယ် ။ ရပ်ရှ်ဖို့ ကို ကြည့်လိုက် ရင်တော့ သူဟာ လက်ရှိ အချိန် တွေမှာ အဲ့ဒီလို အနေအထား တွေအောက် ကျရောက် နေခြင်း မရှိဘူး လို့ ခံစား နေရ ပါတယ် ” လို့ လူးဝစ် ဆာဟာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်း ရဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်ကြတဲ့ အလက်ဆစ် ဆန်းချက် နဲ့ လူကာကူ တို့ကို ဆုံးရှုံး ခဲ့ရခြင်း က အသင်း ရဲ့ တိုက်စစ် ပိုင်းမှာ လစ်ဟာ မှုတွေ ဖြစ်ပေါ် စေတယ် လို့ ဆာဟာ ယုံကြည် နေ ပေမယ့် ဒါဟာ မှန်ကန် တဲ့ ဆုံးဖြတ် ချက် တစ်ခု ဖြစ်ခဲ့ ကြောင်း ဆာဟာ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အဲ့ဒီ ကစားသမား တွေကို ထွက်ခွာ ခွင့် ပေးခဲ့ ခြင်းကြောင့် သူတို့ တွေ မှန်ကန် ခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူတုုိ့ တွေ ကိုယ်တိုင် က အဲ့ဒီ မှာ ဆက်လက် ရှိနေ လို ကြတဲ့ အရိပ် အယောင် တွေကို မပြသ ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ အဲ့တာ ကို နားလည် သိရှိ ကြရ ပါ့မယ် ”

” အဲ့တာ တွေက စီးပွားရေး တစ်ခု နဲ့ပဲ မဆိုင် ခဲ့ ပါဘူး ၊ အသင်း အပေါ် စီမံ ခန့်ခွဲ မှု တစ်ခု လည်း ဖြစ်ခဲ့ ရ ပါတယ် ။ အကယ်လို့ သူတို့ တွေသာ အသင်း မှာ မရှိလို ကြရင် အသင်း ကို တည်ဆောက် နေတဲ့ အခါ မှာ သူတို့ တွေကို ရှိနေ စေခြင်း က မှန်ကန် တဲ့ စိတ်ဓါတ် ခံယူချက် တွေကို ဖြစ်ပေါ် စေမှာ မဟုတ် ပါဘူး ”

” ဒါဟာ တစ်ကယ့် ကို ခက်ခဲ လှတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်နေ ပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ လူကာကူ နဲ့ ဆန်ချက် တို့ဟာ တော်ရုံ ကစားသမား တွေ မဟုတ် ကြဘူး လေ ။ သူတို့ တွေက တစ်ကယ့် အသုံး တည့်တဲ့ ကစားသမား တွေ ပါပဲ ”

” ဒီအတွက် ကစားသမား တွေ သူတို့ ပျော်ရွှင် ဖို့ ချမှတ် ခဲ့တဲ့ ဆုံးဖြတ်ချက် ဟာလည်း မှန်ကန်တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒါပေမယ့် အခု အသင်း ရဲ့ အနေအထား အမှန် က သူတို့ တွေရဲ့ နေရာ ကို အင်အား ဖြည့်တင်း ခြင်း ပါပဲ ။ ဒီ ပြိုင်ပွဲ မှာ ခင်ဗျား တို့ဟာ လူ အင်အား ဖြည့်တင်း ကြရ ပါ့မယ် ”

” ကျွန်တော် တို့ တွေဟာ ဂိုးတွေ ကို သွင်းယူ လို ကြတဲ့ အတွက် လူ အင်အား ဖြည့်တင်းမှု တွေကို ပြုလုပ် ကြရ ပါ့မယ် ။ အဲ့ဒီ ကစားသမား တွေက 10 သို့မဟုတ် 15 ဂိုး လောက်တော့ သွင်းယူ နိုင်ကြ ပါတယ် ။ ဒါပေမယ့် အဲ့တာ က တစ်ကယ် ပဲ လုံလောက် ရဲ့လား ? ” လို့ ဆာဟာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ရပ္ရွ္ဖုိ့ ဘာေတြ လိုအပ္ေနလဲ ၊ လူကာကူနဲ့ ဆန္းခ်က္တုိ့ကို စြန့္လႊတ္ခဲ့ျခင္းက မွန္ကန္လား ဆုိတာ ေျပာၾကားလိုက္တဲ့ ယူနုိက္တက္ တုိက္စစ္မွဴးေဟာင္း #ဆာဟာ

==================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္မွဴး ေဟာင္း ျဖစ္သူ လူးဝစ္ ဆာဟာက အသင္း ေဟာင္းရဲ့ လက္ရွိ တုိက္စစ္မွဴး ျဖစ္သူ မားကပ္စ္ ရပ္ရွ္ဖုိ႔ ဟာ ကံ အနည္းငယ္ ေကာင္းဖုိ့ လိုအပ္ ေနေၾကာင္း ၊ သူ့ကုိယ္သူ ျမွင့္တင္ နုိင္ဖုိ႔ အတြက္ ျပိဳင္ဆုိင္ မွဳ ေတြကို လိုအပ္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” သူ ( ရပ္ရွ္ဖုိ႔ ) ဟာ ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ တုိက္စစ္ ကစားသမား တစ္ေယာက္ ပါ ။ ဒါေပမယ့္ သူ့ဟာ စံ နမူနာ ေကာင္း ေတြကို ရွာေဖြေရး ထက္ ကံ အနည္းငယ္ ပိုေကာင္း နုိင္ဖုိ့ အတြက္ ၾကိဳးစား ေန သလို ပဲလို့ က်ြန္ေတာ္ ထင္ ပါတယ္ ”

” လက္ရွိ အသင္း မွာ ရွိေန ၾကတဲ့ လူငယ္ ၾကယ္ပြင့္ ကစား သမား ေလး အခ်ိဳ့ က သူတုိ႔ ေတြ ေနရာ ရရွိ နုိင္ေရး အတြက္ ရပ္ရွ္ဖုိ႔ ကို လက္ရွိ ေနရာ ကေန ဖယ္ထုတ္ ဖုိ႔ လုိအပ္ တဲ့ ကစား သမား တစ္ဦး အျဖစ္ ျမင္ေန ၾက ပါတယ္ ”

” က်ြန္ေတာ့္ တုန္းက ဆုိရင္ အသင္း မွာ ဆုိးလ္ရွား ၊ တိဗတ္စ္ ၊ ေရာ္နယ္ဒို ၊ နစၥတယ္ ရြိဳင္း ၊ ရြန္းနီ နဲ့ ဂစ္ တုိ့လို ကစားသမား ေတြ ရွိေန ခဲ့ၾက ပါတယ္ ။ အဲ့ဒီ ကစားသမား ေတြ အားလံုး က က်ြန္ေတာ့္ ကုိ အရံ ခံုတန္း အေပၚ တြန္းပို့ ေပး နုိင္စြမ္း ရွိခဲ့ ၾကတဲ့ ကစားသမား ေကာင္းေတြ ခ်ည္း ပါပဲ ”

” ဒါ့ေၾကာင့္ ေနရာ တစ္ခု ရရွိ နုိင္ေရး အတြက္ က်ြန္ေတာ္ အလုပ္ ဘယ္ေလာက္ လုပ္ေဆာင္ ရ မလဲ ဆုိတာ ကို ေတြးထား ခဲ့တာ ထက္ ဆယ္ဆ ပိုျပီး အာရံုစိုက္ ရင္း အလုပ္ ၾကိဳးစား လုပ္ေဆာင္ ခဲ့ရ ပါတယ္ ”

” ဘာျဖစ္လို့လဲ ဆုိေတာ့ သူတုိ႔ အားလံုး က တစ္ကယ့္ကို ထူးကဲ လွတဲ့ ကစားသမား ေကာင္းေတြ ျဖစ္ခဲ့ ၾကျပီး က်ြန္ေတာ့္ထက္ ပိုျပီး အက်ိဳး သက္ေရာက္မွဳ ရွိေအာင္ လုပ္နုိင္ ၾကတယ္ေလ ။ သူတုိ႔ ေတြက ဆု ဖလား ေတြလည္း ရယူ ခဲ့ဖူး ၾက ပါတယ္ ။ လက္ရွိ အသင္း မွာေတာ့ သူတုိ႔ ေတြက ေျခစြမ္း ကို ဆု ဖလား ရယူ ျပီး သက္ေသ မျပ နုိင္ၾက ေသး ပါဘူး ”

” အဲ့တာ ေတြက သက္ေရာက္ မွဳ အရမ္း ကို ၾကီးမား လွ ပါတယ္ ။ ရပ္ရွ္ဖုိ႔ ကို ၾကည့္လိုက္ ရင္ေတာ့ သူဟာ လက္ရွိ အခ်ိန္ ေတြမွာ အဲ့ဒီလို အေနအထား ေတြေအာက္ က်ေရာက္ ေနျခင္း မရွိဘူး လို႔ ခံစား ေနရ ပါတယ္ ” လို႔ လူးဝစ္ ဆာဟာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ အသင္း ရဲ့ တုိက္စစ္ ကစားသမား ေတြ ျဖစ္ၾကတဲ့ အလက္ဆစ္ ဆန္းခ်က္ နဲ့ လူကာကူ တုိ့ကို ဆံုးရွံဳး ခဲ့ရျခင္း က အသင္း ရဲ့ တုိက္စစ္ ပိုင္းမွာ လစ္ဟာ မွဳေတြ ျဖစ္ေပၚ ေစတယ္ လို႔ ဆာဟာ ယံုၾကည္ ေန ေပမယ့္ ဒါဟာ မွန္ကန္ တဲ့ ဆံုးျဖတ္ ခ်က္ တစ္ခု ျဖစ္ခဲ့ ေၾကာင္း ဆာဟာ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” အဲ့ဒီ ကစားသမား ေတြကို ထြက္ခြာ ခြင့္ ေပးခဲ့ ျခင္းေၾကာင့္ သူတုိ႔ ေတြ မွန္ကန္ ခဲ့ ၾကတယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ သူတုုိ႔ ေတြ ကိုယ္တုိင္ က အဲ့ဒီ မွာ ဆက္လက္ ရွိေန လို ၾကတဲ့ အရိပ္ အေယာင္ ေတြကို မျပသ ခဲ့ၾက ပါဘူး ။ က်ြန္ေတာ္ တုိ့ အဲ့တာ ကို နားလည္ သိရွိ ၾကရ ပါ့မယ္ ”

” အဲ့တာ ေတြက စီးပြားေရး တစ္ခု နဲ့ပဲ မဆုိင္ ခဲ့ ပါဘူး ၊ အသင္း အေပၚ စီမံ ခန့္ခြဲ မွဳ တစ္ခု လည္း ျဖစ္ခဲ့ ရ ပါတယ္ ။ အကယ္လို့ သူတုိ့ ေတြသာ အသင္း မွာ မရွိလို ၾကရင္ အသင္း ကို တည္ေဆာက္ ေနတဲ့ အခါ မွာ သူတုိ႔ ေတြကို ရွိေန ေစျခင္း က မွန္ကန္ တဲ့ စိတ္ဓါတ္ ခံယူခ်က္ ေတြကို ျဖစ္ေပၚ ေစမွာ မဟုတ္ ပါဘူး ”

” ဒါဟာ တစ္ကယ့္ ကို ခက္ခဲ လွတဲ့ ဆံုးျဖတ္ခ်က္ တစ္ခု ျဖစ္ေန ပါ လိမ့္မယ္ ။ ဘာျဖစ္လို့လဲ ဆိုေတာ့ လူကာကူ နဲ့ ဆန္ခ်က္ တုိ့ဟာ ေတာ္ရံု ကစားသမား ေတြ မဟုတ္ ၾကဘူး ေလ ။ သူတုိ႔ ေတြက တစ္ကယ့္ အသံုး တည့္တဲ့ ကစားသမား ေတြ ပါပဲ ”

” ဒီအတြက္ ကစားသမား ေတြ သူတုိ့ ေပ်ာ္ရႊင္ ဖုိ႔ ခ်မွတ္ ခဲ့တဲ့ ဆုံးျဖတ္ခ်က္ ဟာလည္း မွန္ကန္တယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ ဒါေပမယ့္ အခု အသင္း ရဲ့ အေနအထား အမွန္ က သူတုိ႔ ေတြရဲ့ ေနရာ ကို အင္အား ျဖည့္တင္း ျခင္း ပါပဲ ။ ဒီ ျပိဳင္ပြဲ မွာ ခင္ဗ်ား တုိ႔ဟာ လူ အင္အား ျဖည့္တင္း ၾကရ ပါ့မယ္ ”

” က်ြန္ေတာ္ တုိ့ ေတြဟာ ဂိုးေတြ ကို သြင္းယူ လို ၾကတဲ့ အတြက္ လူ အင္အား ျဖည့္တင္းမွဳ ေတြကို ျပဳလုပ္ ၾကရ ပါ့မယ္ ။ အဲ့ဒီ ကစားသမား ေတြက 10 သုိ႔မဟုတ္ 15 ဂိုး ေလာက္ေတာ့ သြင္းယူ နိုင္ၾက ပါတယ္ ။ ဒါေပမယ့္ အဲ့တာ က တစ္ကယ္ ပဲ လံုေလာက္ ရဲ့လား ? ” လို့ ဆာဟာ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar