Pulliscic

အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မှာ ဂျာမန် ကလပ် ဒေါ့မွန် အသင်း ကနေ ချယ်လ်ဆီး အသင်း ထံသို့ ပေါင် ၅၈ သန်း နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရခဲ့ပြီး ရာသီကုန် အထိ ဒေါ့မွန် အသင်း မှာ အငှား ဆက်ကစား ခဲ့ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာတော့ ချယ်လ်ဆီး အသင်း နဲ့ စတင် ပူးပေါင်း နေပြီ ဖြစ်တဲ့ ပူလီဆစ် ဟာ အစောပိုင်း မှာ ချယ်လ်ဆီး အသင်း အတွက် ပွဲထွက်ခွင့် တချို့ ရရှိ ခဲ့ပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ် ၅ပွဲ ဆက်တိုက် ပွဲထွက်ခွင့် တွေ ပျောက်ဆုံး ခဲ့ရပါတယ် ။ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ခြေစွမ်း ပြနေမှု ၊ အကယ်ဒမီ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဒဏ်ရာ က ပြန်ကောင်းလာမှု တွေကြောင့် ပူလီဆစ် အတွက် ပွဲထွက်ခွင့် ရဖို့ ပိုပြီး ရုန်းကန် နေရပါတယ် ။

နောက်ဆုံး ကစား ခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ပွဲပြီးခါနီး ၁၀ မိနစ်ခန့် လူစားဝင် ကစားခွင့် ရရှိ ခဲ့တဲ့ ပူလီဆစ် ဟာ သွင်းဂိုး တဂိုး ဖန်တီးပြီး ပွဲထွက်ခွင့် တွေ အတွက် အသင့် ရှိနေဆဲ ဆိုတာ ပြသ နိုင်ခဲ့ပါတယ် ။ အမေရိကန်သား တွေဟာ ဥရောပ ဘောလုံး လောက မှာ များများစားစား ထွန်းတောက်လေ့ မရှိတာကြောင့် ပိုပြီး ရုန်းကန် ရတတ်ပါတယ် ။

အခု လက်ရှိ ဥရောပ ဘောလုံး လောက မှာ အတောက်ပဆုံး အမေရိကန် ကစားသမား အဖြစ် ပူလီဆစ် က ထိိပ်ဆုံး က ရပ်တည် နေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ The Players’ Tribune ရဲ့ programme တခု မှာတော့ ပူလီဆစ် က အမေရိကန်သား တယောက် အနေနဲ့ ဥရောပ ဘောလုံးလောက အလယ် မှာ အောင်မြင်ဖို့ အတွက် ဘယ်လောက် အထိ ရုန်းကန် ခဲ့ရလဲ ၊ ဖိအား တွေ ခံစား နေရလဲ ဆိုတာ အခုလိုပဲ ပြောပြ လာခဲ့ပါတယ် ။

ပူလီဆစ် က ” ဒီလို ဥရောပ မှာ ကျော်ကြား လာတဲ့ အမေရိကန် ဘောလုံးသမား တယောက် အဖြစ် စတင် ရပ်တည် လာတဲ့ အချိန်တုန်းက ကိုယ့်ရဲ့ ခံစားချက် တွေက အံ့သြစရာပါပဲ ။ ခင်ဗျား ရဲ့ အကြောင်း ကို လူတွေ အကုန်လုံး ပါးစပ် ကနေ တဖွဖွ ပြောနေကြတယ် ၊ ဆိုရှယ် မီဒီယာ တွေမှာဆို ‘ ဒီ ချာတိတ်ပေါ့ ။ အသက် ၁၇ ၊ ၁၈ နှစ်ပဲ ရှိသေးတယ် ၊ ဂိုးတွေ သွင်းနိုင်တယ် ၊ စပါယ်ရှယ် ကစားသမား ၊ ဒီလောက် ငယ်ရွယ် တဲ့ အချိန် မှာတောင် အမေရိကန် လက်ရွေးစင် အတွက် ၊ ဒေါ့မွန် လို ထိပ်တန်း အသင်း တသင်း အတွက် ကစားပေး နေရတယ် ‘ ဆိုပြီး ပြောတတ်ကြပါတယ် ။ ”

” ဒီလို ချီးမွမ်းသံ တွေ ကြားတော့ အစောပိုင်း မှာ အရမ်း ပျော်ရွှင် ခဲ့တာပေါ့ဗျာ ။ အဲ့ဒီနောက် ဒီလို ချီးမွမ်းမှု တွေဟာ တဖြည်းဖြည်း နဲ့ ကိုယ့်ကို ဖိအားဒဏ် တွေ ပေးလာတဲ့ အသွင် ကို ရောက်ရှိ ခဲ့ရပါတယ် ။ ကိုယ့်ဖက်က ဘယ်လို အနေအထား မျိုးမှာပဲ ဖြစ်ဖြစ် ၊ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ဖို့ ကြိုးစား ခဲ့ရပါတယ် ။ အခု လက်ရှိ မျိုးဆက် က ကစားသမား တွေ အတွက် ပိုပြီး ခက်ခဲ ပါတယ် ။ အထူးသဖြင့် လူငယ် တွေပေါ့ ။ ”

” လူတွေက ကိုယ့် အကြောင်း ပြောကြမယ် ၊ အနောက် ကနေ ဖိအားတွေ ပေးကြမယ် ။ အထူးသဖြင့် ကျွန်တော့ လို အမေရိကန် ဘောလုံးသမား တွေဟာ အင်တာနေရှင်နယ် အဆင့်လောက် အထိ ကျော်ကြား တိုးပေါက် နိုင်တာမျိုး အတော်ကို ရှားပါး ခဲ့ကြပါတယ် ။ အကယ်၍ နာမည် တချက် စရပြီးတဲ့နောက် ကိုယ့်ဖက်က ဘာမှ ဆက်ပြီး မလုပ်ပြ နိုင်တော့ရင် အလွန် များပြားတဲ့ ဖိအားတွေက ကိုယ့်ပခုံး ပေါ်မှာ ပိုပိုပြီး ရောက်လာမှာပါ ။ ”

” ကျွန်တော ကတော့ ဒါတွေကို အတားအဆီး တွေလို့ပဲ မြင်ပါတယ် ။ ဥရောပ ဘောလုံး လောက မှာ အမေရိကန်သား တွေ အများစု ဟာ အောင်မြင်ဖို့ ရုန်းကန် ခဲ့ရတယ် လို့ ထင်ပါတယ် ။ တခြား ဥရောပ ထိပ်တန်း ဘောလုံးသမား တွေနဲ့ ယှဉ်ပြီး သက်သေပြဖို့ ဆိုတာ အမေရိကန်သား တွေ အတွက် အတော်လေး ခက်ခဲတဲ့ ကိစ္စ လို့ မြင်ပါတယ် ။ ဒါကြောင့်မို့ အမေရိကန် ဘောလုံးသမား အများစု က ဆိုးဆိုးရွားရွား ရုန်းကန် ခဲ့ရတာ ဖြစ်ပါတယ် ။ ”

” ဘယ်လို အသက်အရွယ် ၊ အနေအထား တွေမှာပဲ ဖြစ်ဖြစ် ၊ ကိုယ်က ကစားပေး နိုင်တယ် ဆို ကစားခွင့် ရရမှာပါ ။ ဒါကြောင့် ဒေါ့မွန် အသင်းဟာ ကျွန်တော့ အတွက် အရမ်း အံ့သြစရာ ကောင်းတဲ့ အသင်း ဖြစ်နေရတာပါ ။ မန်နေဂျာ က ကျွန်တော့ ကို အမြဲတမ်း ယုံကြည်တယ် ဆိုပေမယ့် ကိုယ့်ဖက် က အသင်း အပေါ် လိုတာထက် ပိုပြီး ပေးဆပ် ကစားနိုင်ဖို့ လိုပါတယ် ။ ”

” ကျွန်တော် ဟာ ဘယ်လို အသက်အရွယ် မှာပဲ ရှိနေပါစေ ၊ ကိုယ့်ကိုယ်ကို သက်သေ ပြနိုင်ရပါမယ် ။ ကျွန်တော် ဟာ ကို်ယ့်ကိုယ်ကို ပါရမီရှင် လူငယ် တယောက် လို့လည်း မခံယူ ထားပါဘူး ။ အခု အချိန် မှာ ကျွန်တော် ဟာ ကစားသမား ဘဝ ရဲ့ နောက်တဆင့် ကို ရောက်ရှိ နေပါပြီ ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် အမြဲ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အေမရိကန္သား တေယာက္ အေနနဲ႕ ဥေရာပ ေဘာလံုးေလာက အလယ္မွာ ေအာင္ျမင္ဖို႕ ဘယ္ေလာက္ထိ ဖိအားေတြ အေတာ္ ခံစားခဲ့ရတယ္ ဆိုတာ ဖြင့္ဟ လာတဲ့ #ပူလီဆစ္

အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ခရစ္စတီယန္ ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလ မွာ ဂ်ာမန္ ကလပ္ ေဒါ့မြန္ အသင္း ကေန ခ်ယ္လ္ဆီး အသင္း ထံသို႕ ေပါင္ ၅၈ သန္း နဲ႕ ေျပာင္းေရႊ႕လာဖို႕ သေဘာတူညီမႈ ရခဲ့ျပီး ရာသီကုန္ အထိ ေဒါ့မြန္ အသင္း မွာ အငွား ဆက္ကစား ခဲ့ပါတယ္ ။

ယခုႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ခ်ယ္လ္ဆီး အသင္း နဲ႕ စတင္ ပူးေပါင္း ေနျပီ ျဖစ္တဲ့ ပူလီဆစ္ ဟာ အေစာပိုင္း မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ပြဲထြက္ခြင့္ တခ်ိဳ႕ ရရွိ ခဲ့ေပမယ့္ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၅ပြဲ ဆက္တိုက္ ပြဲထြက္ခြင့္ ေတြ ေပ်ာက္ဆံုး ခဲ့ရပါတယ္ ။ ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ ေျခစြမ္း ျပေနမႈ ၊ အကယ္ဒမီ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဒဏ္ရာ က ျပန္ေကာင္းလာမႈ ေတြေၾကာင့္ ပူလီဆစ္ အတြက္ ပြဲထြက္ခြင့္ ရဖို႕ ပိုျပီး ရုန္းကန္ ေနရပါတယ္ ။

ေနာက္ဆံုး ကစား ခဲ့တဲ့ ေဆာက္သမ္တန္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာေတာ့ ပြဲျပီးခါနီး ၁၀ မိနစ္ခန္႕ လူစားဝင္ ကစားခြင့္ ရရွိ ခဲ့တဲ့ ပူလီဆစ္ ဟာ သြင္းဂိုး တဂိုး ဖန္တီးျပီး ပြဲထြက္ခြင့္ ေတြ အတြက္ အသင့္ ရွိေနဆဲ ဆိုတာ ျပသ ႏိုင္ခဲ့ပါတယ္ ။ အေမရိကန္သား ေတြဟာ ဥေရာပ ေဘာလံုး ေလာက မွာ မ်ားမ်ားစားစား ထြန္းေတာက္ေလ့ မရွိတာေၾကာင့္ ပိုျပီး ရုန္းကန္ ရတတ္ပါတယ္ ။

အခု လက္ရွိ ဥေရာပ ေဘာလံုး ေလာက မွာ အေတာက္ပဆံုး အေမရိကန္ ကစားသမား အျဖစ္ ပူလီဆစ္ က ထိိပ္ဆံုး က ရပ္တည္ ေနတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ The Players’ Tribune ရဲ႕ programme တခု မွာေတာ့ ပူလီဆစ္ က အေမရိကန္သား တေယာက္ အေနနဲ႕ ဥေရာပ ေဘာလံုးေလာက အလယ္ မွာ ေအာင္ျမင္ဖို႕ အတြက္ ဘယ္ေလာက္ အထိ ရုန္းကန္ ခဲ့ရလဲ ၊ ဖိအား ေတြ ခံစား ေနရလဲ ဆိုတာ အခုလိုပဲ ေျပာျပ လာခဲ့ပါတယ္ ။

ပူလီဆစ္ က ” ဒီလို ဥေရာပ မွာ ေက်ာ္ၾကား လာတဲ့ အေမရိကန္ ေဘာလံုးသမား တေယာက္ အျဖစ္ စတင္ ရပ္တည္ လာတဲ့ အခ်ိန္တုန္းက ကိုယ့္ရဲ႕ ခံစားခ်က္ ေတြက အံ့ၾသစရာပါပဲ ။ ခင္ဗ်ား ရဲ႕ အေၾကာင္း ကို လူေတြ အကုန္လံုး ပါးစပ္ ကေန တဖြဖြ ေျပာေနၾကတယ္ ၊ ဆိုရွယ္ မီဒီယာ ေတြမွာဆို ‘ ဒီ ခ်ာတိတ္ေပါ့ ။ အသက္ ၁၇ ၊ ၁၈ ႏွစ္ပဲ ရွိေသးတယ္ ၊ ဂိုးေတြ သြင္းႏိုင္တယ္ ၊ စပါယ္ရွယ္ ကစားသမား ၊ ဒီေလာက္ ငယ္ရြယ္ တဲ့ အခ်ိန္ မွာေတာင္ အေမရိကန္ လက္ေရြးစင္ အတြက္ ၊ ေဒါ့မြန္ လို ထိပ္တန္း အသင္း တသင္း အတြက္ ကစားေပး ေနရတယ္ ‘ ဆိုျပီး ေျပာတတ္ၾကပါတယ္ ။ ”

” ဒီလို ခ်ီးမြမ္းသံ ေတြ ၾကားေတာ့ အေစာပိုင္း မွာ အရမ္း ေပ်ာ္ရႊင္ ခဲ့တာေပါ့ဗ်ာ ။ အဲ့ဒီေနာက္ ဒီလို ခ်ီးမြမ္းမႈ ေတြဟာ တျဖည္းျဖည္း နဲ႕ ကိုယ့္ကို ဖိအားဒဏ္ ေတြ ေပးလာတဲ့ အသြင္ ကို ေရာက္ရွိ ခဲ့ရပါတယ္ ။ ကိုယ့္ဖက္က ဘယ္လို အေနအထား မ်ိဳးမွာပဲ ျဖစ္ျဖစ္ ၊ အေကာင္းဆံုး ေျခစြမ္း ျပသႏိုင္ဖို႕ ၾကိဳးစား ခဲ့ရပါတယ္ ။ အခု လက္ရွိ မ်ိဳးဆက္ က ကစားသမား ေတြ အတြက္ ပိုျပီး ခက္ခဲ ပါတယ္ ။ အထူးသျဖင့္ လူငယ္ ေတြေပါ့ ။ ”

” လူေတြက ကိုယ့္ အေၾကာင္း ေျပာၾကမယ္ ၊ အေနာက္ ကေန ဖိအားေတြ ေပးၾကမယ္ ။ အထူးသျဖင့္ ကြ်န္ေတာ့ လို အေမရိကန္ ေဘာလံုးသမား ေတြဟာ အင္တာေနရွင္နယ္ အဆင့္ေလာက္ အထိ ေက်ာ္ၾကား တုိးေပါက္ ႏိုင္တာမ်ိဳး အေတာ္ကို ရွားပါး ခဲ့ၾကပါတယ္ ။ အကယ္၍ နာမည္ တခ်က္ စရျပီးတဲ့ေနာက္ ကိုယ့္ဖက္က ဘာမွ ဆက္ျပီး မလုပ္ျပ ႏိုင္ေတာ့ရင္ အလြန္ မ်ားျပားတဲ့ ဖိအားေတြက ကိုယ့္ပခံုး ေပၚမွာ ပိုပိုျပီး ေရာက္လာမွာပါ ။ ”

” ကြ်န္ေတာ ကေတာ့ ဒါေတြကို အတားအဆီး ေတြလို႕ပဲ ျမင္ပါတယ္ ။ ဥေရာပ ေဘာလံုး ေလာက မွာ အေမရိကန္သား ေတြ အမ်ားစု ဟာ ေအာင္ျမင္ဖို႕ ရုန္းကန္ ခဲ့ရတယ္ လို႕ ထင္ပါတယ္ ။ တျခား ဥေရာပ ထိပ္တန္း ေဘာလံုးသမား ေတြနဲ႕ ယွဥ္ျပီး သက္ေသျပဖို႕ ဆိုတာ အေမရိကန္သား ေတြ အတြက္ အေတာ္ေလး ခက္ခဲတဲ့ ကိစၥ လို႕ ျမင္ပါတယ္ ။ ဒါေၾကာင့္မို႕ အေမရိကန္ ေဘာလံုးသမား အမ်ားစု က ဆိုးဆိုးရြားရြား ရုန္းကန္ ခဲ့ရတာ ျဖစ္ပါတယ္ ။ ”

” ဘယ္လို အသက္အရြယ္ ၊ အေနအထား ေတြမွာပဲ ျဖစ္ျဖစ္ ၊ ကိုယ္က ကစားေပး ႏိုင္တယ္ ဆို ကစားခြင့္ ရရမွာပါ ။ ဒါေၾကာင့္ ေဒါ့မြန္ အသင္းဟာ ကြ်န္ေတာ့ အတြက္ အရမ္း အံ့ၾသစရာ ေကာင္းတဲ့ အသင္း ျဖစ္ေနရတာပါ ။ မန္ေနဂ်ာ က ကြ်န္ေတာ့ ကို အျမဲတမ္း ယံုၾကည္တယ္ ဆိုေပမယ့္ ကိုယ့္ဖက္ က အသင္း အေပၚ လိုတာထက္ ပိုျပီး ေပးဆပ္ ကစားႏိုင္ဖို႕ လိုပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ ဘယ္လို အသက္အရြယ္ မွာပဲ ရွိေနပါေစ ၊ ကိုယ့္ကိုယ္ကို သက္ေသ ျပႏိုင္ရပါမယ္ ။ ကြ်န္ေတာ္ ဟာ ကို္ယ့္ကိုယ္ကို ပါရမီရွင္ လူငယ္ တေယာက္ လို႕လည္း မခံယူ ထားပါဘူး ။ အခု အခ်ိန္ မွာ ကြ်န္ေတာ္ ဟာ ကစားသမား ဘဝ ရဲ႕ ေနာက္တဆင့္ ကို ေရာက္ရွိ ေနပါျပီ ။ အဲ့ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ပိုတိုးတက္ လာေအာင္ အျမဲ ၾကိဳးစား သြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR