အီတလီ ထိပ်သီ ဂျူဗင်တပ် အသင်း ဟာ ပြီး ခဲ့တဲ့ ရက်ပိုင်း တုန်းက အသင်းရဲ့ လက်ရှိ နည်းပြ ဖြစ်သူ အယ်လီဂရီ ဟာ 2019 – 20 ရာသီ အတွင်း မှာ အသင်း ရဲ့ နည်းပြ အဖြစ် ဆက်လက် ရှိနေ တော့မှာ မဟုတ် ကြောင်း ကြေငြာ ခဲ့ပါ သေးတယ် ။

အဲ့ဒီ နောက် မှာတော့ နောက် ရာသီ ဂျူဗင်တပ် အသင်း ရဲ့ နည်းပြ ဘယ်သူ ဖြစ်လာ လိမ့် မလဲ ၊ ဘယ်သူ က ဂျူဗင်တပ် အသင်း ကို ချန်ပီယံ လိဂ် ဆွတ်ခူး ရေး လမ်းကြောင်း အပေါ် ဆွဲတင် ပေးနိုင် မလဲ ဆိုတဲ့ သတင်း တွေ အဆက်မပြတ် ထွက်ပေါ် လာခဲ့ ပါ သေးတယ် ။

အခုတော့ နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်း အရ ဂျူဗင်တပ် အသင်း ဟာ လက်ရှိ ပရီးမီးယား လိဂ် ကလပ် လီဗာပူး အသင်း ကို ဦးဆောင် နေတဲ့ နည်းပြ ယာဂင် ကလော့ပ် ကို ခေါ်ယူ နိုင်ဖို့ ပစ်မှတ် ထားနေ ခဲ့ ပေမဲ့ ဘာမှ ထူးခြား မှု မရှိ ပဲ ငြင်းဆန် ခံခဲ့ ရတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

အဆိုပါ သတင်း ကိုတော့ အီတလီ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ တန်ခရီဒီ ပယ်မေရီ က သယ်ဆောင် လာခဲ့ တာပဲ ဖြစ် ပါတယ် ။ ပယ်လ်မေရီ ဟာ လူမှု ကွန်ယက် ဖြစ်တဲ့ တွစ်တာ ပေါ်မှာ …

” Boom! ကလော့ပ် ကိုတော့ ဂျူဗင်တပ် အသင်း ဖက်က ချိတ်ဆက် နေပြီး အခု ထိတော့ ဘယ်လို ထူးခြား မှုမှ မရှိ သေး ပါဘူး ” လို့ ဖော်ပြ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ယာဂင် ကလော့ပ် ဟာ လက်ရှိ အချိန် လီဗာပူး အသင်း နဲ့ အတူ 2022 အထိ စာချုပ် သက်တမ်း ရှိနေ သူပဲ ဖြစ် ပါတယ် ။ ထို့အတူ လက်ရှိ အချိန် မှာတော့ သူဟာ ပရီးမီးယား လိဂ် ကလပ် ကို ချန်ပီယံ လိဂ် ဖိုင်နယ် အဆင့် ဆီ နှစ် ရာသီ ဆက် ရောက်ရှိ စေခဲ့ သူပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် အထူး ပစ်မှတ် ထားနေ ခဲ့တဲ့ ဂျူဗင်တပ် အသင်း ဟာ ကလော့ပ် လို နည်းပြ မျိုးကို ခေါ်ယူ လိုနေ တာပဲ ဖြစ် ပါတယ် ။ အခြား ထွက်ပေါ် နေတဲ့ သတင်း တစ်ရပ် ကတော့ ဂျူဗီ ဟာ လက်ရှိ ရီးယဲ မက်ဒရစ် နည်းပြ ဖြစ်သူ ဇီဒန်း အပေါ်လည်း မျှော်လင့်ချက် ထားရှိ နေဆဲ ဖြစ်ကြောင်း ရေးသား ခဲ့ပါ သေးတယ် ။

ဂျူဗင်တပ် အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ စီ ရော်နယ်ဒို ကတော့ သူ့ရဲ့ နည်းပြ ဟောင်းတွေ ဖြစ်ကြ တဲ့ ကွန်တီ နဲ့ ဟိုဆေး မော်ရင်ဟို တို့ကို နည်းပြ သစ် အဖြစ် ထောက်ခံ နေတယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

အခြား သတင်းတွေ အရ တော့ ဂျူဗင်တပ် အသင်း ဟာ တော့တင်ဟမ် ဟော့ စပါး အသင်းကို ဒီ ရာသီ ချန်ပီယံ လိဂ် ဖိုင်နယ် အဆင့် ဆီ ပို့ဆောင် ပေးထား နိုင် ခဲ့တဲ့ နည်းပြ ပိုချက်တီနို ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ပါ သတင်း ထွက်ပေါ် ခဲ့ပါ သေးတယ် ။

အကယ်လို့ ဂျူဗင်တပ် အသင်း ကသာ ပိုချက်တီနို ကို ခေါ်ယူ နိုင်မယ် ဆိုရင် တော့ တော့တင်ဟမ် ဟာ အဆိုပါ နေရာ အတွက် အယ်လီဂရီ ကို ပြန်လည် ခေါ်ယူ ဖို့ ပစ်မှတ် ထားနေ ခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာတော့ အယ်လီဂရီ ကို ခေါ်ယူ ဖို့ ဘိုင်ယန် မြူးနစ် နဲ့ ရိုးမား အသင်း တွေ ကလည်း ရေပန်း စားနေ ကြ ပါတယ် ။

#Sports_Myanmar