အောင်လ အန်ဆန်း ရဲ့ အောင်မြင်မှု ကို ဝန်းရံ အပြီးမှာပဲ နောက်ထပ် မြန်မာပရိသတ်တွေ ထပ်မံ ဝန်းရံကြမယ့် ကစားသမား တစ်ဦးရဲ့ ယှဉ်ပြိုင်မှုတွေဟာ မကြာခင်မှာ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ သူမကတော့ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဖြစ်ပြီး လက်ရှိ ရယူထားတဲ့ အီဂျစ် International Series ရဲ့ ချန်ပီယံဆု ကို ကာကွယ်ဖို့အတွက် အီဂျစ်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

International Series ပြိုင်ပွဲဟာ Category 3 အမျိုးအစား ပြိုင်ပွဲမျိုး ဖြစ်ပြီး ၊ ဆုကြေးက စုစုပေါင်းမှ (အမျိုးသားတစ်ဦးချင်း ၊ အမျိုးသမား နှစ်ယောက်တွဲ ၊ အမျိုးသမီးတစ်ဦးချင်း ၊ အမျိုးသမီး နှစ်ယောက်တွဲ ၊ အမျိုးသား + အမျိုးသမီး) ဒေါ်လာ 10000 ချီးမြှင့်မှာပါ။

ဒါကြောင့် ချီးမြှင့်မယ့် ဆုကြေး နည်းပါးတာကြောင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်ချင်တဲ့ ကစားသမား တွေသာ လာရောက် ယှဉ်ပြိုင်ကြပြီး ၊ သက်ထားသူဇာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲမှာ လက်ရှိ ကမ္ဘာ့အဆင့် 100 အတွင်း ရပ်တည်နေတဲ့ ကစားသမားက 4 ဦးသာ ပါဝင်နေခဲ့ပါတယ်။

သက်ထားသူဇာဟာ အီဂျစ် International Series 2018 ရဲ့ လက်ရှိ ချန်ပီယံ တစ်ဦးဖြစ်တာကြောင့် ၊ ဒီပြိုင်ပွဲမှာ သူမရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာ ဖြစ်သလို ၊ အခု ကျင်းပမယ့် အီဂျစ် International Series 2019 ပြိုင်ပွဲဝင်တွေ အားလုံးထဲမှာ (အမျိုးသမီး တစ်ဦးချင်း) ကမ္ဘာ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံး ကစားသမား အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ အပြင် ၊ ဘိုင် လဲ ရထားတာကြောင့် ရှုံးထွက် အဆင့်ကနေသာ ဝင်ရောက် ကစားရမှာပါ။

အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲအတွက် လက်ရှိ အချိန်ထိ စာရင်း ပေးသွင်းထားတဲ့ ကစားသမားပေါင်း က 49 ယောက် အထိရှိပြီး ၊ အမြင့်ဆုံး ကမ္ဘာ့အဆင့် သတ်မှတ်ချက် က သက်ထားသူဇာ ဖြစ်ကာ ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မရသေးတဲ့ ကစားသမား 6 ယောက် နဲ့ ကမ္ဘာ့အဆင့် 1000 ကျော်မှာ ရပ်တည်နေတဲ့ ကစားသမား 14 ယေက် အထိ ပါဝင်နေခဲ့ပါတယ်။

သက်ထားသူဇာ ကတော့ လက်ရှိ ချန်ပီယံလဲ ဖြစ် ၊ ဒီပြိုင်ပွဲကို ဝင်ရောက်လာတဲ့ ပြိုင်ပွဲတွေ အားလုံးထဲမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်လဲ အမြင့်ဆုံး ဖြစ်တာကြောင့် ၊ ဘိုင် ရတဲ့ 8 ယောက်ထဲမှာ ပါဝင်လျှက် ရှိနေပါတယ်။

အဲဒီ ကစားသမား 8 ယောက်ကတော့
1. သက်ထားသူဇာ (ကမ္ဘာ့အဆင့် 65)
2. ဂျော်ဒန်ဟတ် (ဝေးလ် – ကမ္ဘာ့အဆင့် 77)
3. အဒက်ဆိုကန် (နိုက်ဂျီးရီးယား – ကမ္ဘာ့အဆင့် 82)
4. မာစီးယပပ် (ပီရူး – ကမ္ဘာ့အဆင့် 94)
5. ကူဒါရာဘယ်လီ (သီရိလင်္ကာ – ကမ္ဘာ့အဆင့် 109)
6. ဒိုဟာ ဟန်နီ (အီဂျစ် – ကမ္ဘာ့အဆင့် 118)
7. ဟာဒီယာ ဟိုနီ (အီဂျစ် – ကမ္ဘာ့အဆင့် 119)
8. အမ်ရို (ဂျော်ဒန် – ကမ္ဘာ့အဆင့် 153)
တို့ ဖြစ်ပါတယ်။

အခု အီဂျစ် International Series 2019 ပြိုင်ပွဲကို မြို့တော် ကိုင်ရိုမှာ အောက်တိုဘာလ 17 ရက် ကနေ 20 ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီပြိုင်ပွဲမှာ သက်ထားသူဇာဟာ နှစ်ယောက်တွဲ ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိတော့ပဲ ၊ တစ်ဦးချင်း ပြိုင်ပွဲကိုပဲ အာရုံစိုက် ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

မကြာခင်ကပဲ ဒီထက် ပိုပြီး အဆင့်မြင့်တဲ့ မော်လဒိုက် International Challenge 2019 မှာတောင် တတိယ နေရာ ရအောင် စွမ်းဆောင်ပြထားခဲ့သလို ၊ အဲဒီ ပြိုင်ပွဲက အတွေ့အကြုံကောင်းတွေ ၊ ရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေက ကိုင်ရိုမှာ အောင်ပွဲခံနိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်မှာပါ။

မိုဆာလတ် တို့ တိုင်းပြည်မှာ မြန်မာ့အလံကို နောက်တစ်ကြိမ် လွှင့်ထူပြခဲ့ပါဦးဗျာ………

SPORTS MYANMAR

Zawgyi

#Breaking_News : လက္ရွိ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ အီဂ်စ္ ကို ထြက္ခြာသြားၿပီ ျဖစ္တဲ့ #သက္ထားသူဇာ

ေအာင္လ အန္ဆန္း ရဲ့ ေအာင္ျမင္မွု ကို ဝန္းရံ အၿပီးမွာပဲ ေနာက္ထပ္ ျမန္မာပရိသတ္ေတြ ထပ္မံ ဝန္းရံၾကမယ့္ ကစားသမား တစ္ဦးရဲ့ ယွဥ္ၿပိဳင္မွုေတြဟာ မၾကာခင္မွာ ျမင္ေတြ႕ၾကရဦးမွာ ျဖစ္ပါတယ္။ သူမကေတာ့ ၾကက္ေတာင္ အားကစားမယ္ သက္ထားသူဇာ ျဖစ္ၿပီး လက္ရွိ ရယူထားတဲ့ အီဂ်စ္ International Series ရဲ့ ခ်န္ပီယံဆု ကို ကာကြယ္ဖို႔အတြက္ အီဂ်စ္ကို ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္။

International Series ၿပိဳင္ပြဲဟာ Category 3 အမ်ိဳးအစား ၿပိဳင္ပြဲမ်ိဳး ျဖစ္ၿပီး ၊ ဆုေၾကးက စုစုေပါင္းမွ (အမ်ိဳးသားတစ္ဦးခ်င္း ၊ အမ်ိဳးသမား ႏွစ္ေယာက္တြဲ ၊ အမ်ိဳးသမီးတစ္ဦးခ်င္း ၊ အမ်ိဳးသမီး ႏွစ္ေယာက္တြဲ ၊ အမ်ိဳးသား + အမ်ိဳးသမီး) ေဒၚလာ 10000 ခ်ီးျမႇင့္မွာပါ။

ဒါေၾကာင့္ ခ်ီးျမႇင့္မယ့္ ဆုေၾကး နည္းပါးတာေၾကာင့္ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ ျမင့္တက္ခ်င္တဲ့ ကစားသမား ေတြသာ လာေရာက္ ယွဥ္ၿပိဳင္ၾကၿပီး ၊ သက္ထားသူဇာ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ အမ်ိဳးသမီး တစ္ဦးခ်င္း ၿပိဳင္ပြဲမွာ လက္ရွိ ကမၻာ့အဆင့္ 100 အတြင္း ရပ္တည္ေနတဲ့ ကစားသမားက 4 ဦးသာ ပါဝင္ေနခဲ့ပါတယ္။

သက္ထားသူဇာဟာ အီဂ်စ္ International Series 2018 ရဲ့ လက္ရွိ ခ်န္ပီယံ တစ္ဦးျဖစ္တာေၾကာင့္ ၊ ဒီၿပိဳင္ပြဲမွာ သူမရဲ့ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ရမွာ ျဖစ္သလို ၊ အခု က်င္းပမယ့္ အီဂ်စ္ International Series 2019 ၿပိဳင္ပြဲဝင္ေတြ အားလုံးထဲမွာ (အမ်ိဳးသမီး တစ္ဦးခ်င္း) ကမၻာ့အဆင့္ သတ္မွတ္ခ်က္ အျမင့္ဆုံး ကစားသမား အျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး ကစားသမား အျဖစ္ ရပ္တည္ေနတဲ့ အျပင္ ၊ ဘိုင္ လဲ ရထားတာေၾကာင့္ ရွုံးထြက္ အဆင့္ကေနသာ ဝင္ေရာက္ ကစားရမွာပါ။

အမ်ိဳးသမီး တစ္ဦးခ်င္း ၿပိဳင္ပြဲအတြက္ လက္ရွိ အခ်ိန္ထိ စာရင္း ေပးသြင္းထားတဲ့ ကစားသမားေပါင္း က 49 ေယာက္ အထိရွိၿပီး ၊ အျမင့္ဆုံး ကမၻာ့အဆင့္ သတ္မွတ္ခ်က္ က သက္ထားသူဇာ ျဖစ္ကာ ၊ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ မရေသးတဲ့ ကစားသမား 6 ေယာက္ နဲ႔ ကမၻာ့အဆင့္ 1000 ေက်ာ္မွာ ရပ္တည္ေနတဲ့ ကစားသမား 14 ေယက္ အထိ ပါဝင္ေနခဲ့ပါတယ္။

သက္ထားသူဇာ ကေတာ့ လက္ရွိ ခ်န္ပီယံလဲ ျဖစ္ ၊ ဒီၿပိဳင္ပြဲကို ဝင္ေရာက္လာတဲ့ ၿပိဳင္ပြဲေတြ အားလုံးထဲမွာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္လဲ အျမင့္ဆုံး ျဖစ္တာေၾကာင့္ ၊ ဘိုင္ ရတဲ့ 8 ေယာက္ထဲမွာ ပါဝင္လၽွက္ ရွိေနပါတယ္။

အဲဒီ ကစားသမား 8 ေယာက္ကေတာ့
1. သက္ထားသူဇာ (ကမၻာ့အဆင့္ 65)
2. ေဂ်ာ္ဒန္ဟတ္ (ေဝးလ္ – ကမၻာ့အဆင့္ 77)
3. အဒက္ဆိုကန္ (နိုက္ဂ်ီးရီးယား – ကမၻာ့အဆင့္ 82)
4. မာစီးယပပ္ (ပီ႐ူး – ကမၻာ့အဆင့္ 94)
5. ကူဒါရာဘယ္လီ (သီရိလကၤာ – ကမၻာ့အဆင့္ 109)
6. ဒိုဟာ ဟန္နီ (အီဂ်စ္ – ကမၻာ့အဆင့္ 118)
7. ဟာဒီယာ ဟိုနီ (အီဂ်စ္ – ကမၻာ့အဆင့္ 119)
8. အမ္ရို (ေဂ်ာ္ဒန္ – ကမၻာ့အဆင့္ 153)
တို႔ ျဖစ္ပါတယ္။

အခု အီဂ်စ္ International Series 2019 ၿပိဳင္ပြဲကို ၿမိဳ႕ေတာ္ ကိုင္ရိုမွာ ေအာက္တိုဘာလ 17 ရက္ ကေန 20 ရက္ေန႔ အထိ က်င္းပသြားမွာ ျဖစ္ပါတယ္။ ထူးျခားတာက ဒီၿပိဳင္ပြဲမွာ သက္ထားသူဇာဟာ ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲေတြကို ဝင္ေရာက္ ယွဥ္ၿပိဳင္ျခင္း မရွိေတာ့ပဲ ၊ တစ္ဦးခ်င္း ၿပိဳင္ပြဲကိုပဲ အာ႐ုံစိုက္ ယွဥ္ၿပိဳင္သြားေတာ့မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ကံေကာင္းပါေစလို႔ပဲ ဆုေတာင္းေပးလိုက္ပါတယ္။

မၾကာခင္ကပဲ ဒီထက္ ပိုၿပီး အဆင့္ျမင့္တဲ့ ေမာ္လဒိုက္ International Challenge 2019 မွာေတာင္ တတိယ ေနရာ ရေအာင္ စြမ္းေဆာင္ျပထားခဲ့သလို ၊ အဲဒီ ၿပိဳင္ပြဲက အေတြ႕အၾကဳံေကာင္းေတြ ၊ ရင္ဆိုင္ခဲ့ရတဲ့ ဖိအားေတြက ကိုင္ရိုမွာ ေအာင္ပြဲခံနိုင္ဖို႔ အမ်ားႀကီး အေထာက္အကူ ျဖစ္မွာပါ။

မိုဆာလတ္ တို႔ တိုင္းျပည္မွာ ျမန္မာ့အလံကို ေနာက္တစ္ႀကိမ္ လႊင့္ထူျပခဲ့ပါဦးဗ်ာ………

SPORTS MYANMAR