lampard

ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ မန်နေဂျာ လောက ထဲသို့ ဒါဘီ အသင်း နဲ့ အတူ ဝင်ရောက် လာခဲ့ကာ ဒါဘီ အသင်း ကို ချန်ပီယံရှစ် မှာ အဆင့် ၆ နေရာ ၌ ရပ်တည် စေခဲ့သလို ၊ ပရီးမီးယားလိဂ် သို့ တန်းတက်ခွင့် နောက်ဆုံး တခု ဖြစ်တဲ့ play-off ဗိုလ်လုပွဲ ကိုလည်း ပို့ဆောင် ပေးခဲ့ပေမယ့် ဗီလာ အသင်း ကိူ အရေးနိမ့် ခဲ့ရပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာတော့ လမ်းပတ် ရဲ့ အသင်းဟောင်း ချယ်လ်ဆီး အသင်း ဟာ ကစားသမား သစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အပြင် ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ခန့်အပ် ခဲ့တဲ့ မန်နေဂျာ မော်ရစ်ဇီယို ဆာရီ ဟာလည်း ဂျူဗင်တပ် အသင်း သို့ ပြောင်းရွှေ့ သွားခဲ့တာကြောင့် ၄င်း ရဲ့ နေရာ အတွက် အသင့်လျော်ဆုံး ရှှာဖွေမှု အဖြစ် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ တာဝန် ပေးခဲ့ပါတယ် ။

လမ်းပတ် ဟာ လူငယ် တွေကို အကြောင်း ကောင်းကောင်း သိသလို ၊ အခွင့်အရေး ပေးတတ်မှု ၊ အသုံးချ တတ်မှု တွေကြောင့် လောလောဆယ် အခြေအနေ အတွက် ချယ်လ်ဆီး အသင်း အဖို့ အကောင်းဆုံး မန်နေဂျာ ဖြစ်ပါတယ် ။ အခု အချိန် အထိ လမ်းပတ် ကြောင့် ချယ်လ်ဆီး အကယ်ဒမီ က လူငယ် ကစားသမား တွေ နေရာ ရလာကြသလို ၊ ခြေစွမ်းကောင်း တွေ အသီးသီး ပြသ ထားနိုင် ခဲ့ကြပါတယ် ။

ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ က ကစားသမား ဘဝ မှာလည်း ၄င်းနဲ့ အတူတူ ဘောလုံး ရာသီ တခုစာ လက်တွဲ ခဲ့ဖူးတဲ့ ဖရန့် လမ်းပတ် ကို အခုအခါ မှာ မန်နေဂျာ အနေနဲ့ ပြန်ပြီး ဆက်ဆံ ရတာ သူ့ အတွက်တော့ အနည်းငယ် ထူးဆန်းတယ် လို့ ခံစားရကြောင်း ဆိုခဲ့ပါတယ် ။

ဝီလီယံ က ” ဖရန့် ဟာ ကစားသမား ဘဝတုန်းက ထက်မြက်တဲ့ သူ တယောက်ပါ ။ သူ ကစားတဲ့ နေရာ မှာ ကမ္ဘာ့ အကောင်းဆုံး တွေထဲက တယောက် ပါပဲ ။ အရည်အသွေး ပြည့်မှီတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ် ။ ကစားသမား ဘဝ မှာ ကတည်းက အရမ်း ထူးချွန်ခဲ့ဖူးတဲ့သူ ဟာ မန်နေဂျာ ဖြစ်လာရင်လည်း ထိုနည်းတူ ဖြစ်မယ် ဆိုတာ ခင်ဗျား အနေနဲ့ ယေဘူယျ ခန့်မှန်း ကြမှာပါပဲ ၊ အခုတော့ သူဟာ ကျွန်တော် တို့ကို ကိုင်တွယ် နေပါပြီ ။ ”

” ဖရန့် ဟာ ကျွန်တော့ရဲ့ ဘော့စ် ဖြစ်နေတဲ့ အနေအထား က နည်းနည်းတော့ ထူးဆန်းစရာ ကောင်းပါတယ် ။ ဒါပေမယ့် သူနဲ့ တဖန် ပြန်ပြီး လက်တွဲ အလုပ်လုပ် ရလို့ ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ သူဟာ ကျွန်တော့ ကို ယုံကြည်မှု တွေ ပြန်ပေး စေပါတယ် ။ ကျွန်တော့ ကို စိတ်ချမ်းသာ စေချင်ပါတယ် ။ ဒါကြောင့် ကျွန်တော် အစောပိုင်း ပွဲစဉ် တချို့ မှာ ကြိုးစား ကစား ပေးခဲ့တာတွေ ရဲ့ တစိတ်တပိုင်း က ဖရန့် အတွက် ရည်ညွှန်း လုပ်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ် ။ ”

” ဖရန့် ကျွန်တော့ ကို အမြဲ ပြောတာ က ‘ ငါ မင်းကို ပျော်ရွှင် စေချင်တယ် ။ ‘ ဆိုတာပါ ။ ဒါကြောင့် ကျွန်တော် ဟာ အရင် က ကြိုးစား ပေးခဲ့ဖူးတဲ့ ပုံစံ အတိုင်း ဆက်လက် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ် ။ အခု လက်ရှိ ကစားပုံ စတိုင်လ် က ကျွန်တော့ ရဲ့ ခြေစွမ်း ကို အထောက်အကူ ပိုပေးတယ် လို့ ထင်မိပါတယ် ။ ဒါတွင် မဟုတ်သေးပါဘူး ။ သူ ကျွန်တော့ ကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးတာက ပိုပြီး အရေးကြီးတယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ကျွန်တော့ အနေနဲ့ ညာဖက် တောင်ပံ တိုက်စစ် မှာပဲ တပွဲလုံး ဆော့နေစရာ မလိုပါဘူး ။ တကွင်းလုံး ကစားလို့ ရတယ် ။ ပင်နယ်တီ ဧရိယာ ထဲ ထိုးဖောက်ခွင့် ပေးထားတယ် ၊ ဘယ်တောင်ပံ မှာလည်း ကစားခွင့် ရှိပါတယ် ။ ဒီလို ပုံစံမျိုး ကစားရတာ ကျွန်တော် အရမ်း သဘောကျ ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော့ ရဲ့ ကစားပုံ ဟာ တပွဲထက် တပွဲ ပိုပြီး ကောင်းလာခြင်း ဖြစ်ပါတယ် ။ ဆက်လက်ပြီး လည်း ပိုကောင်းအောင် ကစား နိုင်ဖို့ ကျွန်တော် ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

လမ္းပတ္ ကို ကစားသမား ဘဝ မွာ ရင္းႏွီးခဲ့ရတဲ့ ခံစားခ်က္ နဲ႕ မန္ေနဂ်ာ တေယာက္ အျဖစ္ ဆက္ဆံ ေနရတဲ့ ခံစားခ်က္ အၾကားက ကြာျခားခ်က္ ကို ေျပာျပခဲ့တဲ့ #ဝီလီယံ

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ ေဟာင္း ဖရန္႕ လမ္းပတ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ မန္ေနဂ်ာ ေလာက ထဲသို႕ ဒါဘီ အသင္း နဲ႕ အတူ ဝင္ေရာက္ လာခဲ့ကာ ဒါဘီ အသင္း ကို ခ်န္ပီယံရွစ္ မွာ အဆင့္ ၆ ေနရာ ၌ ရပ္တည္ ေစခဲ့သလို ၊ ပရီးမီးယားလိဂ္ သို႕ တန္းတက္ခြင့္ ေနာက္ဆံုး တခု ျဖစ္တဲ့ play-off ဗိုလ္လုပြဲ ကိုလည္း ပို႕ေဆာင္ ေပးခဲ့ေပမယ့္ ဗီလာ အသင္း ကိူ အေရးနိမ့္ ခဲ့ရပါတယ္ ။

ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ လမ္းပတ္ ရဲ႕ အသင္းေဟာင္း ခ်ယ္လ္ဆီး အသင္း ဟာ ကစားသမား သစ္ ေခၚယူခြင့္ အပိတ္ ခံထား ရတဲ့ အျပင္ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ ခန္႕အပ္ ခဲ့တဲ့ မန္ေနဂ်ာ ေမာ္ရစ္ဇီယို ဆာရီ ဟာလည္း ဂ်ဴဗင္တပ္ အသင္း သို႕ ေျပာင္းေရႊ႕ သြားခဲ့တာေၾကာင့္ ၄င္း ရဲ႕ ေနရာ အတြက္ အသင့္ေလ်ာ္ဆံုး ရွွာေဖြမႈ အျဖစ္ လမ္းပတ္ ကို ၃ႏွစ္ စာခ်ဳပ္ နဲ႕ တာဝန္ ေပးခဲ့ပါတယ္ ။

လမ္းပတ္ ဟာ လူငယ္ ေတြကို အေၾကာင္း ေကာင္းေကာင္း သိသလို ၊ အခြင့္အေရး ေပးတတ္မႈ ၊ အသံုးခ် တတ္မႈ ေတြေၾကာင့္ ေလာေလာဆယ္ အေျခအေန အတြက္ ခ်ယ္လ္ဆီး အသင္း အဖို႕ အေကာင္းဆံုး မန္ေနဂ်ာ ျဖစ္ပါတယ္ ။ အခု အခ်ိန္ အထိ လမ္းပတ္ ေၾကာင့္ ခ်ယ္လ္ဆီး အကယ္ဒမီ က လူငယ္ ကစားသမား ေတြ ေနရာ ရလာၾကသလို ၊ ေျခစြမ္းေကာင္း ေတြ အသီးသီး ျပသ ထားႏိုင္ ခဲ့ၾကပါတယ္ ။

ခ်ယ္လ္ဆီး တီဗြီ နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ခ်ယ္လ္ဆီး ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ က ကစားသမား ဘဝ မွာလည္း ၄င္းနဲ႕ အတူတူ ေဘာလံုး ရာသီ တခုစာ လက္တြဲ ခဲ့ဖူးတဲ့ ဖရန္႕ လမ္းပတ္ ကို အခုအခါ မွာ မန္ေနဂ်ာ အေနနဲ႕ ျပန္ျပီး ဆက္ဆံ ရတာ သူ႕ အတြက္ေတာ့ အနည္းငယ္ ထူးဆန္းတယ္ လို႕ ခံစားရေၾကာင္း ဆိုခဲ့ပါတယ္ ။

ဝီလီယံ က ” ဖရန္႕ ဟာ ကစားသမား ဘဝတုန္းက ထက္ျမက္တဲ့ သူ တေယာက္ပါ ။ သူ ကစားတဲ့ ေနရာ မွာ ကမၻာ့ အေကာင္းဆံုး ေတြထဲက တေယာက္ ပါပဲ ။ အရည္အေသြး ျပည့္မွီတဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္ ။ ကစားသမား ဘဝ မွာ ကတည္းက အရမ္း ထူးခြ်န္ခဲ့ဖူးတဲ့သူ ဟာ မန္ေနဂ်ာ ျဖစ္လာရင္လည္း ထိုနည္းတူ ျဖစ္မယ္ ဆိုတာ ခင္ဗ်ား အေနနဲ႕ ေယဘူယ် ခန္႕မွန္း ၾကမွာပါပဲ ၊ အခုေတာ့ သူဟာ ကြ်န္ေတာ္ တို႕ကို ကိုင္တြယ္ ေနပါျပီ ။ ”

” ဖရန္႕ ဟာ ကြ်န္ေတာ့ရဲ႕ ေဘာ့စ္ ျဖစ္ေနတဲ့ အေနအထား က နည္းနည္းေတာ့ ထူးဆန္းစရာ ေကာင္းပါတယ္ ။ ဒါေပမယ့္ သူနဲ႕ တဖန္ ျပန္ျပီး လက္တြဲ အလုပ္လုပ္ ရလို႕ ကြ်န္ေတာ္ အရမ္း ေပ်ာ္ရႊင္ မိပါတယ္ ။ သူဟာ ကြ်န္ေတာ့ ကို ယံုၾကည္မႈ ေတြ ျပန္ေပး ေစပါတယ္ ။ ကြ်န္ေတာ့ ကို စိတ္ခ်မ္းသာ ေစခ်င္ပါတယ္ ။ ဒါေၾကာင့္ ကြ်န္ေတာ္ အေစာပိုင္း ပြဲစဥ္ တခ်ိဳ႕ မွာ ၾကိဳးစား ကစား ေပးခဲ့တာေတြ ရဲ႕ တစိတ္တပိုင္း က ဖရန္႕ အတြက္ ရည္ညႊန္း လုပ္ေဆာင္ ေပးခဲ့တာ ျဖစ္ပါတယ္ ။ ”

” ဖရန္႕ ကြ်န္ေတာ့ ကို အျမဲ ေျပာတာ က ‘ ငါ မင္းကို ေပ်ာ္ရႊင္ ေစခ်င္တယ္ ။ ‘ ဆိုတာပါ ။ ဒါေၾကာင့္ ကြ်န္ေတာ္ ဟာ အရင္ က ၾကိဳးစား ေပးခဲ့ဖူးတဲ့ ပံုစံ အတိုင္း ဆက္လက္ လုပ္ေဆာင္ ခဲ့တာ ျဖစ္ပါတယ္ ။ အခု လက္ရွိ ကစားပံု စတိုင္လ္ က ကြ်န္ေတာ့ ရဲ႕ ေျခစြမ္း ကို အေထာက္အကူ ပိုေပးတယ္ လို႕ ထင္မိပါတယ္ ။ ဒါတြင္ မဟုတ္ေသးပါဘူး ။ သူ ကြ်န္ေတာ့ ကို လြတ္လြတ္လပ္လပ္ ကစားခြင့္ ေပးတာက ပုိျပီး အေရးၾကီးတယ္ လို႕ ကြ်န္ေတာ္ ယံုၾကည္ပါတယ္ ။ ”

” ကြ်န္ေတာ့ အေနနဲ႕ ညာဖက္ ေတာင္ပံ တိုက္စစ္ မွာပဲ တပြဲလံုး ေဆာ့ေနစရာ မလိုပါဘူး ။ တကြင္းလံုး ကစားလို႕ ရတယ္ ။ ပင္နယ္တီ ဧရိယာ ထဲ ထိုးေဖာက္ခြင့္ ေပးထားတယ္ ၊ ဘယ္ေတာင္ပံ မွာလည္း ကစားခြင့္ ရွိပါတယ္ ။ ဒီလို ပံုစံမ်ိဳး ကစားရတာ ကြ်န္ေတာ္ အရမ္း သေဘာက် ပါတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ့ ရဲ႕ ကစားပံု ဟာ တပြဲထက္ တပြဲ ပိုျပီး ေကာင္းလာျခင္း ျဖစ္ပါတယ္ ။ ဆက္လက္ျပီး လည္း ပုိေကာင္းေအာင္ ကစား ႏိုင္ဖို႕ ကြ်န္ေတာ္ ၾကိဳးစား သြားမွာပါ ။ ” လုိ႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR