ချယ်လ်ဆီး ၊ လီဗာပူး ၊ အက်သလက်တီကို တိုက်စစ်မှူးဟောင်း ဖာနန်ဒို တောရက်စ် ဟာ မကြာသေးခင် လပိုင်း ကမှ ဘောလုံးသမား ဘဝ က အနားယူ ခဲ့ပြီး ဖြစ်ပါတယ် ။ အက်သလက်တီကို မှာ လူငယ် ကစားသမား အနေနဲ့ ထွန်းတောက် လာကာ လီဗာပူး အသင်း မှာတော့ အကောင်းဆုံး ခြေစွမ်း ကို ရရှိ ခဲ့တဲ့ တောရက်စ် ဟာ ချယ်လ်ဆီး အသင်း မှာတော့ သူ့ အတွက် အမြင့်မားဆုံးသော အောင်မြင်မှု တွေ ရရှိ ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း မှာ ကစား ခဲ့တဲ့ ကာလ အတွင်း သူနဲ့ လက်တွဲ ကစားခဲ့ဖူးတဲ့ အသင်းဖော် တွေထဲက ကစားသမား ၅ ယောက် ပါဝင်တဲ့ စိတ်ကြိုက် အသင်း တသင်း ကို ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ တောရက်စ် က အခုလိုပဲ ရွေးချယ် ပေးခဲ့ပါတယ် ။

ဂိုးသမား

” ပီတာချက် ဟာ ကျွန်တော့ ရဲ့ ချယ်လ်ဆီး ကစားသမား ၅ ယောက် အသင်း ထဲမှာ ဂိုးသမား ဖြစ်ပါတယ် ။ သူဟာ ကျွန်တော် ရင်ဆိုင် ခဲ့ဖူးသမျှ ၊ လက်တွဲ ကစားခဲ့ဖူးသမျှ ဂိုးသမား တွေထဲက အကောင်းဆုံး တဦး ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း အတွက် တကယ်ကို အံ့သြစရာ ကောင်းတဲ့ ဂိုးသမား တဦး ဖြစ်ပါတယ် ။ သူနဲ့ ကျွန်တော့ အကြား မှာ အမှတ်တရ များစွာလည်း ရှိခဲ့ဖူးပါတယ် ။ ”

နောက်တန်း

” ခံစစ်မှာတော့ ဂျွန်တယ်ရီ က မရှိမဖြစ် ပါရမှာပေါ့ဗျာ ။ သူဟာ ကျွန်တော့ ကို ပြိုင်ဖက် အနေနဲ့ ရော ၊ လေ့ကျင့်ရေး အစီအစဉ် တွေမှာပါ ထိပ်တန်း တိုက်စစ်မှူး တယောက် ဖြစ်လာဖို့ အတွက် ကူညီ ပေးခဲ့သူပါ ။ တကယ့် ပွဲစဉ် တွေမှာ သူ့ရဲ့ အရည်အသွေးကောင်း တွေကို ခင်ဗျား တို့ မြင်တွေ့ ခဲ့ဖူးမှာပါ ။ ဘယ်လို တိုက်စစ်မှူး ပဲ ဖြစ်နေဖြစ်နေ ၊ JT နဲ့ ရင်ဆိုင် ရရင် အမြဲ ရုန်းကန် ရတတ်ပါတယ် ။ ”

” နောက်ပြီး ကျွန်တော် အက်ရှ်လေ ကို ရွေးချယ် ချင်ပါတယ် ။ သူဟာ ရှုထောင့် ပေါင်းစုံ ကနေ အမြဲ မြင့်မားတဲ့ ခြေစွမ်း အဆင့်အတန်း ကို ထုတ်ပြလေ့ ရှိပါတယ် ။ တိုက်စစ်ရော ၊ ခံစစ်မှာပါ သူ့ရဲ့ ခြေစွမ်းကောင်း ကို ခင်ဗျား တို့ မြင်တွေ့ ခဲ့ဖူးမှာပါ ။ ဒါ့အပြင် သူဟာ အံ့သြစရာ ကောင်းတဲ့ ကစားသမား ဘဝ ကို ပိုင်ဆိုင် ခဲ့ပါတယ် ။ ကျွန်တော့ ရဲ့ အသင်းမှာ သူဟာ တိုက်စစ် ရော ၊ ခံစစ်မှာပါ ကူညီ ပေးနိုင်မယ် လို့ ထင်လို့ သူ့ကို ရွေးချယ် ရခြင်း ဖြစ်ပါတယ် ။ ”

ကွင်းလယ်

” ကွင်းလယ် မှာတော့ ကျွန်တော် ဖရန့် ကို ရွေးချယ် ချင်ပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ ဖရန့် လမ်းပတ် ၊ လီဗာပူး အသင်း မှာ စတီဗင် ဂျရတ် တို့နဲ့ အတူ တွဲကစား ခဲ့ရတာ အတော် ကံကောင်းတယ် လို့ ထင်ပါတယ် ။ ပရီးမီးယားလိဂ် သမိုင်း တလျှောက် မှာ သူတို့ ၂ယောက်လုံး ဟာ အကောင်းဆုံး ကွင်းလယ်လူ တွေ ဖြစ်ကြပါတယ် ။ ဖရန့် ချယ်လ်ဆီး ဂန္တဝင် တဦးပါ ။ ခင်ဗျား အနေနဲ့ ကွင်းလယ် ကနေ ဂိုးသွင်း ပေးမယ့်သူ ကို အလို ရှိရင် ဖရန့် ကို မဖြစ်မနေ ရွေးချယ် ရမှာပါ ။ ”

တိုက်စစ်

” မှန်ပါတယ် ။ အထောင် တိုက်စစ်မှာ ကျွန်တော် ဒီဒီယာ ( ဒရော့ဘာ ) ကို ရွေးချယ် ထားပါတယ် ။ သူ့ကို ကျွန်တော့ အကြိုက်ဆုံး အသင်း ကနေ ဖယ်ထုတ်လို့ မဖြစ်ပါဘူး ။ သူဟာလည်း ချယ်လ်ဆီး ဂန္တဝင် တဦးပါ ။ ၂၀၁၂ ချန်ပီယံလိဂ် ဖိုင်နယ် မှာ ချေပဂိုး နဲ့ ပင်နယ်တီ အဆုံးအဖြတ် ကို သွင်းပေးခဲ့သူ မို့ သူ့ကို မဖြစ်မနေ ရွေးချယ် ရမှာပါ ။ ”

SPORTS MYANMAR

Zawgyi

ခ်ယ္လ္ဆီး အသင္းေဖာ္ေဟာင္း ေတြထဲက အၾကိဳက္ဆံုး ကစားသမား ၅ ေယာက္ အသင္း ကို ေရြးခ်ယ္ ေပးခဲ့တဲ့ #ေတာရက္စ္

ခ်ယ္လ္ဆီး ၊ လီဗာပူး ၊ အက္သလက္တီကုိ တိုက္စစ္မွဴးေဟာင္း ဖာနန္ဒို ေတာရက္စ္ ဟာ မၾကာေသးခင္ လပိုင္း ကမွ ေဘာလံုးသမား ဘဝ က အနားယူ ခဲ့ျပီး ျဖစ္ပါတယ္ ။ အက္သလက္တီကို မွာ လူငယ္ ကစားသမား အေနနဲ႕ ထြန္းေတာက္ လာကာ လီဗာပူး အသင္း မွာေတာ့ အေကာင္းဆံုး ေျခစြမ္း ကို ရရွိ ခဲ့တဲ့ ေတာရက္စ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာေတာ့ သူ႕ အတြက္ အျမင့္မားဆံုးေသာ ေအာင္ျမင္မႈ ေတြ ရရွိ ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း မွာ ကစား ခဲ့တဲ့ ကာလ အတြင္း သူနဲ႕ လက္တြဲ ကစားခဲ့ဖူးတဲ့ အသင္းေဖာ္ ေတြထဲက ကစားသမား ၅ ေယာက္ ပါဝင္တဲ့ စိတ္ၾကိဳက္ အသင္း တသင္း ကို ခ်ယ္လ္ဆီး တီဗြီ နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ေတာရက္စ္ က အခုလိုပဲ ေရြးခ်ယ္ ေပးခဲ့ပါတယ္ ။

ဂိုးသမား

” ပီတာခ်က္ ဟာ ကြ်န္ေတာ့ ရဲ႕ ခ်ယ္လ္ဆီး ကစားသမား ၅ ေယာက္ အသင္း ထဲမွာ ဂိုးသမား ျဖစ္ပါတယ္ ။ သူဟာ ကြ်န္ေတာ္ ရင္ဆိုင္ ခဲ့ဖူးသမွ် ၊ လက္တြဲ ကစားခဲ့ဖူးသမွ် ဂိုးသမား ေတြထဲက အေကာင္းဆံုး တဦး ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း အတြက္ တကယ္ကို အံ့ၾသစရာ ေကာင္းတဲ့ ဂိုးသမား တဦး ျဖစ္ပါတယ္ ။ သူနဲ႕ ကြ်န္ေတာ့ အၾကား မွာ အမွတ္တရ မ်ားစြာလည္း ရွိခဲ့ဖူးပါတယ္ ။ ”

ေနာက္တန္း

” ခံစစ္မွာေတာ့ ဂြ်န္တယ္ရီ က မရွိမျဖစ္ ပါရမွာေပါ့ဗ်ာ ။ သူဟာ ကြ်န္ေတာ့ ကို ျပိဳင္ဖက္ အေနနဲ႕ ေရာ ၊ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာပါ ထိပ္တန္း တိုက္စစ္မွဴး တေယာက္ ျဖစ္လာဖို႕ အတြက္ ကူညီ ေပးခဲ့သူပါ ။ တကယ့္ ပြဲစဥ္ ေတြမွာ သူ႕ရဲ႕ အရည္အေသြးေကာင္း ေတြကို ခင္ဗ်ား တို႕ ျမင္ေတြ႕ ခဲ့ဖူးမွာပါ ။ ဘယ္လို တိုက္စစ္မွဴး ပဲ ျဖစ္ေနျဖစ္ေန ၊ JT နဲ႕ ရင္ဆိုင္ ရရင္ အျမဲ ရုန္းကန္ ရတတ္ပါတယ္ ။ ”

” ေနာက္ျပီး ကြ်န္ေတာ္ အက္ရွ္ေလ ကို ေရြးခ်ယ္ ခ်င္ပါတယ္ ။ သူဟာ ရႈေထာင့္ ေပါင္းစံု ကေန အျမဲ ျမင့္မားတဲ့ ေျခစြမ္း အဆင့္အတန္း ကို ထုတ္ျပေလ့ ရွိပါတယ္ ။ တိုက္စစ္ေရာ ၊ ခံစစ္မွာပါ သူ႕ရဲ႕ ေျခစြမ္းေကာင္း ကို ခင္ဗ်ား တို႕ ျမင္ေတြ႕ ခဲ့ဖူးမွာပါ ။ ဒါ့အျပင္ သူဟာ အံ့ၾသစရာ ေကာင္းတဲ့ ကစားသမား ဘဝ ကို ပိုင္ဆိုင္ ခဲ့ပါတယ္ ။ ကြ်န္ေတာ့ ရဲ႕ အသင္းမွာ သူဟာ တိုက္စစ္ ေရာ ၊ ခံစစ္မွာပါ ကူညီ ေပးႏိုင္မယ္ လို႕ ထင္လို႕ သူ႕ကို ေရြးခ်ယ္ ရျခင္း ျဖစ္ပါတယ္ ။ ”

ကြင္းလယ္

” ကြင္းလယ္ မွာေတာ့ ကြ်န္ေတာ္ ဖရန္႕ ကို ေရြးခ်ယ္ ခ်င္ပါတယ္ ။ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ဖရန္႕ လမ္းပတ္ ၊ လီဗာပူး အသင္း မွာ စတီဗင္ ဂ်ရတ္ တို႕နဲ႕ အတူ တြဲကစား ခဲ့ရတာ အေတာ္ ကံေကာင္းတယ္ လို႕ ထင္ပါတယ္ ။ ပရီးမီးယားလိဂ္ သမိုင္း တေလွ်ာက္ မွာ သူတို႕ ၂ေယာက္လံုး ဟာ အေကာင္းဆံုး ကြင္းလယ္လူ ေတြ ျဖစ္ၾကပါတယ္ ။ ဖရန္႕ ခ်ယ္လ္ဆီး ဂႏၲဝင္ တဦးပါ ။ ခင္ဗ်ား အေနနဲ႕ ကြင္းလယ္ ကေန ဂိုးသြင္း ေပးမယ့္သူ ကို အလို ရွိရင္ ဖရန္႕ ကို မျဖစ္မေန ေရြးခ်ယ္ ရမွာပါ ။ ”

တိုက္စစ္

” မွန္ပါတယ္ ။ အေထာင္ တိုက္စစ္မွာ ကြ်န္ေတာ္ ဒီဒီယာ ( ဒေရာ့ဘာ ) ကို ေရြးခ်ယ္ ထားပါတယ္ ။ သူ႕ကို ကြ်န္ေတာ့ အၾကိဳက္ဆံုး အသင္း ကေန ဖယ္ထုတ္လို႕ မျဖစ္ပါဘူး ။ သူဟာလည္း ခ်ယ္လ္ဆီး ဂႏၲဝင္ တဦးပါ ။ ၂၀၁၂ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ ေခ်ပဂိုး နဲ႕ ပင္နယ္တီ အဆံုးအျဖတ္ ကို သြင္းေပးခဲ့သူ မို႕ သူ႕ကို မျဖစ္မေန ေရြးခ်ယ္ ရမွာပါ ။ ”

SPORTS MYANMAR