ဘာစီလိုနာ အသင်း ဟာ လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့ မှာ အရေးကြီးတဲ့ လာလီဂါ ပွဲစဉ် အဖြစ် ရီးရဲ မက်ဒရစ် အသင်း ကို အိမ်ကွင်း နူးကမ့် မှာ လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။ ဒီပွဲ ဟာ အဆင့် ၁ နေရာ အတွက် အားပြိုင် နေတဲ့ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ အတွက် အထူး အရေးပါ တဲ့ ပွဲ ဖြစ်သလို အသင်း ၂ သင်း အကြားက ကြီးမားတဲ့ ပြိုင်ဆိုင်မှု က လည်း ဂန္ထဝင် ပွဲ ( El Clasico ) လို့ ပင် အမည်ပေးရတဲ့ အထိ ကျော်ကြား စေခဲ့ ပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ အသင်း အခြေစိုက် ရာ ကတ်တလန် ဒေသ အတွင်း မှာ ဖြစ်ပွား နေတဲ့ ဆူပူ ဆန္ဒ ပြမှု တွေ ကြောင့် ပွဲ ရဲ့ လုံခြုံရေး ကို ထိခိုက် လာနိုင်ချေ ရှိတာ ကြောင့် အဆိုပါ ပွဲ ကို ဘာစီလိုနာ ရဲ့ နူးကမ့် အစား ရီးရဲ မက်ဒရစ် ရဲ့ ဘာနေဗျုး ကွင်းမှာ ပြောင်းလဲ ကစားဖို့ စီစဉ် နေတယ် လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

လာလီဂါ ဘောလုံး အဖွဲ့ချုပ် ဟာ El Clasico ပွဲစဉ် ကို ဘာနေဗျုး မှာ ပြောင်းလဲ ကစား ဖို့ အတွက် သက်ဆိုင်ရာ အသင်း တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေး ဖို့ လုပ်ဆောင် နေတယ် လို့ ကြေညာချက် ထုတ်ပြန် ထားခဲ့ ပါတယ် ။

ရီးရဲ အသင်း နည်းပြ ဇီဒန်း နဲ့ ကစား သမားတွေ ဟာ ဘာကာ နဲ့ ပွဲ စဉ် မတိုင်ခင် ၁ ရက် ကြိုတင် လာရောက် ပြီး ဘာစီလိုနာ မြို့မှာ တစ်ညအိပ် အနားယူ ဖို့ စီစဉ် ထားတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် လုံခြုံ ရေး အတွက် အကာ အကွယ်ပေး နိုင်ဖို့ မလုံလောက်နိုင်တဲ့ အနေ အထား မှာ ရှိနေတာ ကြောင့် အခုလို ကွင်းပြောင်း ကစား ဖို့ စီစဉ် နေကြ ရတာဖြစ် တယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ယခု အပတ် မှာ ကစား မယ့် အီဘာ နဲ့ လာလီဂါ အဝေးကွင်း ပွဲစဉ် ကို လည်း လေယာဉ် နဲ့ သွားရောက်ဖို့ အဆင် မပြေ တာကြောင့် ၆ နာရီ ကြာအောင် ကားစီး ကာ ခရီး နှင် ရတော့ မယ်လို့ သိရ ပါတယ် ။

ကတ်တလန် ဒေသ အတွင်း မှာ နိုင်ငံ ရေး နဲ့ ဆက်နွယ်တဲ့ တင်းမာမှု တွေ အလွန် ပြင်းထန် နေပြိး ကတ်တလန် နိုင်ငံရေး ခေါင်းဆောင် အချို့ ကို ရဲ အဖွဲ့ က ဖမ်းဆီး အကျဉ်းချ ထားခဲ့ ပါတယ် ။ ဒီ လုပ်ရပ် ကို ဘာစီလိုနာ နဲ့ အက်စ်ပန်ညို အသင်း တို့က ဦးဆောင်ကာ ပြင်းပြင်း ထန်ထန် ကန့်ကွက် ခဲ့ပြီး ဆန္ဒ ပြမှု တွေ လည်း နေ့စဉ် ဆက်တိုက် ဖြစ်ပွား နေခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ အိမ်ကွင်း နူးကမ့် မှာ ရီးရဲ မက်ဒရစ် အပေါ် အသာစီး ရယူ ထားနိုင် ခဲ့ပြီး နောက်ဆုံး ကစား ခဲ့တဲ့ နှစ်တွေ မှာ ရလဒ် တွေ ကောင်းမွန် ခဲ့ ပါတယ် ။ လက်ရှိ မှာ ဘာစီလိုနာ ဟာ ရီးရဲမက်ဒရစ် ရဲ့ နောက် ဒုတိယ နေရာမှာ ၂ မှတ် အကွာ နဲ့ ဖိအားပေး နေခဲ့ကာ နူးကမ့် ပွဲစဉ် ဟာ အဆင့် ၁ နေရာကို ရယူ ဖို့ အကောင်းဆုံး အခွင့် အရေး အဖြစ် ရှိနေ ခဲ့ ပါတယ် ။

ဒါပေမယ့် ဒေသ အတွင်း က အခြေအနေ တွေကြောင့် အိမ်ရှင် အဖြစ် ကို ပြောင်းလဲ ပေးခဲ့ ရပါက ဘာစီလိုနာ အနေဖြင့် ခရီးဝေး ကိုသွားလာ ရမှာ ဖြစ်တဲ့ အပြင် ရီးရဲ မက်ဒရစ် ကို အနိုင် ရယူ ဖို့ မှာ လည်း နူးကမ့် လောက် အလား အလာ ကောင်းမွန် နိုင် တော့ မှာ မဟုတ်တော့ ပါဘူး ။

SPORTS MYANMAR

Zawgyi

အရွဳပ္အေထြးေတြေၾကာင့္ ရီးရဲ နဲ႔ ပြဲ ကို အိမ္ရွင္ အျဖစ္ ကေန ေျပာင္းလဲေပးရဖြယ္ ရွိတဲ့ ဘာစီလုိနာ

================================

ဘာစီလိုနာ အသင္း ဟာ လာမယ့္ ေအာက္တိုဘာ ၂၆ ရက္ေန႔ မွာ အေရးႀကီးတဲ့ လာလီဂါ ပြဲစဥ္ အျဖစ္ ရီးရဲ မက္ဒရစ္ အသင္း ကို အိမ္ကြင္း ႏူးကမ့္ မွာ လက္ခံ ကစား ရမွာ ျဖစ္ ပါတယ္ ။ ဒီပြဲ ဟာ အဆင့္ ၁ ေနရာ အတြက္ အားၿပဳိင္ ေနတဲ့ ဘာစီလုိနာ နဲ႔ ရီးရဲ မက္ဒရစ္ တို႔ အတြက္ အထူး အေရးပါ တဲ့ ပြဲ ျဖစ္သလို အသင္း ၂ သင္း အၾကားက ႀကီးမားတဲ့ ၿပဳိင္ဆုိင္မႈ က လည္း ဂႏၳ၀င္ ပြဲ ( El Clasico ) လို႔ ပင္ အမည္ေပးရတဲ့ အထိ ေက်ာ္ၾကား ေစခဲ့ ပါတယ္ ။

ဒါေပမယ့္ ဘာစီလုိနာ အသင္း အေျခစိုက္ ရာ ကတ္တလန္ ေဒသ အတြင္း မွာ ျဖစ္ပြား ေနတဲ့ ဆူပူ ဆႏၵ ျပမႈ ေတြ ေၾကာင့္ ပြဲ ရဲ႕ လံုၿခဳံေရး ကို ထိခိုက္ လာႏုိင္ေခ် ရွိတာ ေၾကာင့္ အဆိုပါ ပြဲ ကုိ ဘာစီလိုနာ ရဲ႕ ႏူးကမ့္ အစား ရီးရဲ မက္ဒရစ္ ရဲ႕ ဘာေနဗ်ဳး ကြင္းမွာ ေျပာင္းလဲ ကစားဖို႔ စီစဥ္ ေနတယ္ လို႔ သတင္း ေပၚထြက္ လာခဲ့ ပါတယ္ ။

လာလီဂါ ေဘာလံုး အဖြဲ႕ခ်ဳပ္ ဟာ El Clasico ပြဲစဥ္ ကို ဘာေနဗ်ဳး မွာ ေျပာင္းလဲ ကစား ဖုိ႔ အတြက္ သက္ဆုိင္ရာ အသင္း တာ၀န္ ရွိသူေတြ နဲ႔ ေတြ႕ဆံု ေဆြးေႏြး ဖို႔ လုပ္ေဆာင္ ေနတယ္ လို႔ ေၾကညာခ်က္ ထုတ္ျပန္ ထားခဲ့ ပါတယ္ ။

ရီးရဲ အသင္း နည္းျပ ဇီဒန္း နဲ႔ ကစား သမားေတြ ဟာ ဘာကာ နဲ႔ ပြဲ စဥ္ မတိုင္ခင္ ၁ ရက္ ႀကဳိတင္ လာေရာက္ ၿပီး ဘာစီလုိနာ ၿမဳိ႕မွာ တစ္ညအိပ္ အနားယူ ဖို႔ စီစဥ္ ထားတယ္ လို႔ သိရ ပါတယ္ ။ ဒါေပမယ့္ လံုၿခဳံ ေရး အတြက္ အကာ အကြယ္ေပး ႏုိင္ဖို႔ မလံုေလာက္ႏုိင္တဲ့ အေန အထား မွာ ရွိေနတာ ေၾကာင့္ အခုလို ကြင္းေျပာင္း ကစား ဖုိ႔ စီစဥ္ ေနၾက ရတာျဖစ္ တယ္ လုိ႔ သိရ ပါတယ္ ။

ဘာစီလုိနာ အသင္း ဟာ ယခု အပတ္ မွာ ကစား မယ့္ အီဘာ နဲ႔ လာလီဂါ အေ၀းကြင္း ပြဲစဥ္ ကို လည္း ေလယာဥ္ နဲ႔ သြားေရာက္ဖို႔ အဆင္ မေျပ တာေၾကာင့္ ၆ နာရီ ၾကာေအာင္ ကားစီး ကာ ခရီး ႏွင္ ရေတာ့ မယ္လို႔ သိရ ပါတယ္ ။

ကတ္တလန္ ေဒသ အတြင္း မွာ ႏုိင္ငံ ေရး နဲ႔ ဆက္ႏြယ္တဲ့ တင္းမာမႈ ေတြ အလြန္ ျပင္းထန္ ေနၿပိး ကတ္တလန္ ႏုိင္ငံေရး ေခါင္းေဆာင္ အခ်ဳိ႕ ကို ရဲ အဖြဲ႕ က ဖမ္းဆီး အက်ဥ္းခ် ထားခဲ့ ပါတယ္ ။ ဒီ လုပ္ရပ္ ကို ဘာစီလုိနာ နဲ႔ အက္စ္ပန္ညဳိ အသင္း တို႔က ဦးေဆာင္ကာ ျပင္းျပင္း ထန္ထန္ ကန္႔ကြက္ ခဲ့ၿပီး ဆႏၵ ျပမႈ ေတြ လည္း ေန႔စဥ္ ဆက္တုိက္ ျဖစ္ပြား ေနခဲ့ ပါတယ္ ။

ဘာစီလိုနာ အသင္း ဟာ အိမ္ကြင္း ႏူးကမ့္ မွာ ရီးရဲ မက္ဒရစ္ အေပၚ အသာစီး ရယူ ထားႏုိင္ ခဲ့ၿပီး ေနာက္ဆံုး ကစား ခဲ့တဲ့ ႏွစ္ေတြ မွာ ရလဒ္ ေတြ ေကာင္းမြန္ ခဲ့ ပါတယ္ ။ လက္ရွိ မွာ ဘာစီလုိနာ ဟာ ရီးရဲမက္ဒရစ္ ရဲ႕ ေနာက္ ဒုတိယ ေနရာမွာ ၂ မွတ္ အကြာ နဲ႔ ဖိအားေပး ေနခဲ့ကာ ႏူးကမ့္ ပြဲစဥ္ ဟာ အဆင့္ ၁ ေနရာကို ရယူ ဖို႔ အေကာင္းဆံုး အခြင့္ အေရး အျဖစ္ ရွိေန ခဲ့ ပါတယ္ ။

ဒါေပမယ့္ ေဒသ အတြင္း က အေျခအေန ေတြေၾကာင့္ အိမ္ရွင္ အျဖစ္ ကို ေျပာင္းလဲ ေပးခဲ့ ရပါက ဘာစီလိုနာ အေနျဖင့္ ခရီးေ၀း ကိုသြားလာ ရမွာ ျဖစ္တဲ့ အျပင္ ရီးရဲ မက္ဒရစ္ ကို အႏုိင္ ရယူ ဖုိ႔ မွာ လည္း ႏူးကမ့္ ေလာက္ အလား အလာ ေကာင္းမြန္ ႏိုင္ ေတာ့ မွာ မဟုတ္ေတာ့ ပါဘူး ။

SPORTS MYANMAR