ဘာစီလိုနာနဲ့ အာဂျင်တီးနား အသင်း တိုရဲ့ စူပါ စတား ဖြစ်သူ လီယွန်နယ် မက်ဆီ ဟာ ဒီနေ့ မှာပဲ ကစားသမား ဘဝရဲ့ 6 ကြိမ်မြောက် ဥရောပ ရွှေ ဖိနပ် ဆုကို ရယူ ဆွတ်ခူး သွားနိုင် ခဲ့ပြီး ဆုယူ ပြီးတဲ့ နောက် မှာတော့ သူ့ရဲ့ သွင်းဂိုး တွေနဲ့ ပတ်သက် လို့ အသင်းဖော် ကစားသမား နှစ်ဦး ကို အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

မက်ဆီ ဟာ 2010 ၊ 2012 နဲ့ 2013 ခုနှစ် တွေမှာ ဥရောပ ရွှေ ဖိနပ် ဆုကို ဆွတ်ခူး ထားနိုင် ခဲ့တဲ့ နောက် အခုတော့ ဒီဆု ကို သုံးကြိမ် ဆက်တိုက် ဆွတ်ခူး ရင်းနဲ့ 6 ကြိမ် အထိ စံချိန်တင် ဆွတ်ခူး နိုင် ခဲ့တဲ့ မှတ်တမ်း ကောင်းကို ဆက်လက် ပိုင်ဆိုင် နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

အခုတော့ မက်ဆီ က အသင်းဖော် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဆွာရက်ဇ် နဲ့ ဂျော်ဒီ အယ်လ်ဘာ တို့က သူ အခုလို ရွှေ ဖိနပ် ဆု ဆွတ်ခူး နိုင်ရေး မှာ အဓိက ကျတဲ့ အခန်း ကဏ္ဍ မှ ပါဝင် ခဲ့ကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒီမှာ ရှိနေ ကြတဲ့ လူးဝစ် ဆွာရက်ဇ် နဲ့ ဂျော်ဒီ အယ်လ်ဘာ တို့က ကျွန်တော် ဒီဆု ကို ရရှိ စေ ခဲ့တဲ့ အဓိက အကြောင်း အရင်း တွေ ပါပဲ ။ ကျွန်တော့် အသင်း အဖွဲ့ သာ မရှိရင် ကျွန်တော် ဒါကို တစ်ကြိမ် တစ်ခါ တောင် ရရှိ မှာ မဟုတ် ပါဘူး ။ ဒါဟာ အသင်း ရဲ့ အဝတ် လဲခန်း မှာ ရှိတဲ့ သူတို့ အားလုံး ပိုင်ဆိုင် ကြတဲ့ ဆု ဖလား တစ်ခု ပါပဲ ”

” ဒီ အတွက် ကျွန်တော့် ရဲ့ မိသားစု ၊ မန်နေဂျာ တွေနဲ့ အသင်း ဖော် တွေကို အကြီးကြီး ကျေးဇူး တင် ပါတယ် ။ သူတို့ တွေသာ မရှိ ကြရင် ကျွန်တော် ဒီ ဆုကို ရရှိ နိုင်မှာ မဟုတ် ပါဘူး ။ တစ်ကြိမ် တောင် ရရှိ နိုင်မှာ မဟုတ် ပါဘူး ” လို့ မက်ဆီ က ကျေးဇူး တင် စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း လာလီဂါ ပြိုင်ပွဲ မှာ 36 ဂိုး အထိ သွင်းယူ ပြီး 72 မှတ် အထိ ရယူ နိုင် ခဲ့တာ ကြောင့် ဒီ ဆုကို ရယူ နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။ အဲ့ဒီ မတိုခင် တုန်းက မက်ဆီဟာ 2017 ၊ 2018 ဘောလုံး ရာသီ တွေမှာ 34 ဂိုး နဲ့ 37 ဂိုး သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။

မက်ဆီ ရဲ့ ကစားသမား ဘဝ တစ်လျောက် ဂိုး အများဆုံး သွင်းယူ နိုင် ခဲ့တဲ့ ဘောလုံး ရာသီ ဟာ 2011 – 12 ဘောလုံး ရာသီ ဖြစ်ပြီး အဆိုပါ ရာသီ မှာတော့ မက်ဆီ ဟာ သွင်းဂိုး 50 အထိ သွင်းယူ ထားနိုင် ခဲ့သူ ပဲ ဖြစ် ပါတယ် ။

အဲ့ဒီနောက် မက်ဆီ ဟာ ချန်ပီယံ လိဂ် ဖလား ရယူ ဆွတ်ခူး နိုင်ရေး ဆိုတာ တစ်ကယ့် ကို စပါယ်ရှယ် အရာ တစ်ခု ဖြစ်တယ် လို့ ပြောကြား သွားခဲ့ ပေမယ့် သူတို့ အတွက် တော့ လာလီဂါ အမှတ်ပေး ဖလား ရယူ ဆွတ်ခူး နိုင်ရေးက ပိုပြီး အရေးကြီး တဲ့ အရာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ချန်ပီယံ လိဂ် ဆိုတာ တစ်ကယ့် ကို စပါယ်ရှယ် ပြိုင်ပွဲ တစ်ခု ပါပဲ ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ဒါကို နှစ်စဉ် နှစ်တိုင်း ရယူ ဆွတ်ခူး ချင် ကြတာ ပါ ။ ဒါပေမယ့် အမှတ်ပေး ဖလား ရယူ နိုင်ဖို့ ဆိုတာ ပိုပြီး အရေးကြီး တဲ့ အရာ ဖြစ်ကြောင်း ကျွန်တော် တို့ သိရှိ နားလည် ထားကြ ပါတယ် ”

” အဲ့တာ ကပဲ ကျွန်တော် တို့ကို ကိုပါဒယ်ရေး နဲ့ လာလီဂါ ပြိုင်ပွဲ တွေမှာ ပို ကောင်းအောင် ကြိုးစား လိုစိတ် ဖြစ်ပေါ် စေ ပါတယ် ။ ကျွန်တော် တို့ အခု ဘာစီလိုနာ အသင်း မှာ ကစား နေကြ တဲ့ အတွက် ကျွန်တော် တို့ရဲ့ ရည်မှန်းချက် က အရာရာ ကို ဆွတ်ခူး နိုင်ရေး ပါပဲ ” လို့ မက်ဆီ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

ဘယ္သူ့ေၾကာင့္ ဥေရာပ ေရႊဖိနပ္ဆုကို ဆြတ္ခူး နိုင္ခဲ့တာလဲ ဆိုတာ ဝန္ခံလိုက္တဲ့ #မက္ဆီ

=================

ဘာစီလိုနာနဲ့ အာဂ်င္တီးနား အသင္း တုိရဲ့ စူပါ စတား ျဖစ္သူ လီယြန္နယ္ မက္ဆီ ဟာ ဒီေန့ မွာပဲ ကစားသမား ဘဝရဲ့ 6 ၾကိမ္ေျမာက္ ဥေရာပ ေရႊ ဖိနပ္ ဆုကို ရယူ ဆြတ္ခူး သြားနုိင္ ခဲ့ျပီး ဆုယူ ျပီးတဲ့ ေနာက္ မွာေတာ့ သူ့ရဲ့ သြင္းဂိုး ေတြနဲ့ ပတ္သက္ လို႔ အသင္းေဖာ္ ကစားသမား ႏွစ္ဦး ကို အထူး ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

မက္ဆီ ဟာ 2010 ၊ 2012 နဲ့ 2013 ခုႏွစ္ ေတြမွာ ဥေရာပ ေရႊ ဖိနပ္ ဆုကို ဆြတ္ခူး ထားနိုင္ ခဲ့တဲ့ ေနာက္ အခုေတာ့ ဒီဆု ကို သံုးၾကိမ္ ဆက္တုိက္ ဆြတ္ခူး ရင္းနဲ့ 6 ၾကိမ္ အထိ စံခ်ိန္တင္ ဆြတ္ခူး နုိင္ ခဲ့တဲ့ မွတ္တမ္း ေကာင္းကို ဆက္လက္ ပိုင္ဆုိင္ နုိင္ခဲ့ တာပဲ ျဖစ္ ပါတယ္ ။

အခုေတာ့ မက္ဆီ က အသင္းေဖာ္ ကစားသမား ႏွစ္ဦး ျဖစ္တဲ့ ဆြာရက္ဇ္ နဲ့ ေဂ်ာ္ဒီ အယ္လ္ဘာ တုိ႔က သူ အခုလို ေရႊ ဖိနပ္ ဆု ဆြတ္ခူး နုိင္ေရး မွာ အဓိက က်တဲ့ အခန္း က႑ မွ ပါဝင္ ခဲ့ေၾကာင္း ဝန္ခံ စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဒီမွာ ရွိေန ၾကတဲ့ လူးဝစ္ ဆြာရက္ဇ္ နဲ့ ေဂ်ာ္ဒီ အယ္လ္ဘာ တုိ႔က က်ြန္ေတာ္ ဒီဆု ကို ရရွိ ေစ ခဲ့တဲ့ အဓိက အေၾကာင္း အရင္း ေတြ ပါပဲ ။ က်ြန္ေတာ့္ အသင္း အဖြဲ့ သာ မရိွရင္ က်ြန္ေတာ္ ဒါကို တစ္ၾကိမ္ တစ္ခါ ေတာင္ ရရွိ မွာ မဟုတ္ ပါဘူး ။ ဒါဟာ အသင္း ရဲ့ အဝတ္ လဲခန္း မွာ ရွိတဲ့ သူတုိ႔ အားလံုး ပိုင္ဆုိင္ ၾကတဲ့ ဆု ဖလား တစ္ခု ပါပဲ ”

” ဒီ အတြက္ က်ြန္ေတာ့္ ရဲ့ မိသားစု ၊ မန္ေနဂ်ာ ေတြနဲ့ အသင္း ေဖာ္ ေတြကို အၾကီးၾကီး ေက်းဇူး တင္ ပါတယ္ ။ သူတုိ႔ ေတြသာ မရွိ ၾကရင္ က်ြန္ေတာ္ ဒီ ဆုကို ရရွိ နုိင္မွာ မဟုတ္ ပါဘူး ။ တစ္ၾကိမ္ ေတာင္ ရရွိ နုိင္မွာ မဟုတ္ ပါဘူး ” လို့ မက္ဆီ က ေက်းဇူး တင္ စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မက္ဆီ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ အတြင္း လာလီဂါ ျပိဳင္ပြဲ မွာ 36 ဂိုး အထိ သြင္းယူ ျပီး 72 မွတ္ အထိ ရယူ နုိင္ ခဲ့တာ ေၾကာင့္ ဒီ ဆုကို ရယူ နုိင္ခဲ့ တာပဲ ျဖစ္ ပါတယ္ ။ အဲ့ဒီ မတုိခင္ တုန္းက မက္ဆီဟာ 2017 ၊ 2018 ေဘာလံုး ရာသီ ေတြမွာ 34 ဂိုး နဲ့ 37 ဂိုး သြင္းယူ ထားနုိင္ ခဲ့ ပါတယ္ ။

မက္ဆီ ရဲ့ ကစားသမား ဘဝ တစ္ေလ်ာက္ ဂိုး အမ်ားဆံုး သြင္းယူ နုိင္ ခဲ့တဲ့ ေဘာလံုး ရာသီ ဟာ 2011 – 12 ေဘာလံုး ရာသီ ျဖစ္ျပီး အဆိုပါ ရာသီ မွာေတာ့ မက္ဆီ ဟာ သြင္းဂိုး 50 အထိ သြင္းယူ ထားနုိင္ ခဲ့သူ ပဲ ျဖစ္ ပါတယ္ ။

အဲ့ဒီေနာက္ မက္ဆီ ဟာ ခ်န္ပီယံ လိဂ္ ဖလား ရယူ ဆြတ္ခူး နုိင္ေရး ဆုိတာ တစ္ကယ့္ ကို စပါယ္ရွယ္ အရာ တစ္ခု ျဖစ္တယ္ လို႔ ေျပာၾကား သြားခဲ့ ေပမယ့္ သူတုိ့ အတြက္ ေတာ့ လာလီဂါ အမွတ္ေပး ဖလား ရယူ ဆြတ္ခူး နုိင္ေရးက ပိုျပီး အေရးၾကီး တဲ့ အရာ ျဖစ္ေၾကာင္း ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ခ်န္ပီယံ လိဂ္ ဆုိတာ တစ္ကယ့္ ကို စပါယ္ရွယ္ ျပိဳင္ပြဲ တစ္ခု ပါပဲ ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ တုိ့ဟာ ဒါကို ႏွစ္စဥ္ ႏွစ္တုိင္း ရယူ ဆြတ္ခူး ခ်င္ ၾကတာ ပါ ။ ဒါေပမယ့္ အမွတ္ေပး ဖလား ရယူ နုိင္ဖုိ့ ဆုိတာ ပိုျပီး အေရးၾကီး တဲ့ အရာ ျဖစ္ေၾကာင္း က်ြန္ေတာ္ တုိ့ သိရွိ နားလည္ ထားၾက ပါတယ္ ”

” အဲ့တာ ကပဲ က်ြန္ေတာ္ တုိ႔ကို ကိုပါဒယ္ေရး နဲ့ လာလီဂါ ျပိဳင္ပြဲ ေတြမွာ ပို ေကာင္းေအာင္ ၾကိဳးစား လိုစိတ္ ျဖစ္ေပၚ ေစ ပါတယ္ ။ က်ြန္ေတာ္ တုိ့ အခု ဘာစီလိုနာ အသင္း မွာ ကစား ေနၾက တဲ့ အတြက္ က်ြန္ေတာ္ တုိ့ရဲ့ ရည္မွန္းခ်က္ က အရာရာ ကို ဆြတ္ခူး နုိင္ေရး ပါပဲ ” လို့ မက္ဆီ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar